ဖက်တီးအက်စစ်များ ပါဝင်သော ငါးကြီးဆီသည် ၀က်ရူးပြန် ရောဂါကို ကုသရန် ဆေးဝါးသစ်တစ်ရပ် ဖြစ်လာနိုင်ကြောင်း လေ့ လာမှုတစ်ရပ်က ဖော်ပြသည်။
ငါးကြီးဆီသည် လေသင်တုန်းဖြတ်ခြင်းကို လျော့ပါးစေနိုင် ကြောင်း ကြွက်များဖြင့် လေ့လာရာတွင် တွေ့ရှိခဲ့ပြီးနောက် ဂျပန် သုတေသီများက အထက်ပါကဲ့သို့ ပြောကြားခြင်းဖြစ်သည်။
ဝက်ရူးပြန်ရောဂါကြောင့် လေသင်တုန်းဖြတ်ခြင်း (သို့မဟုတ်) တက်ခြင်း မကြာခဏဖြစ်ပေါ်နိုင်သည်။ ယင်းရောဂါသည် အာရုံကြောဆိုင်ရာ မူမမှန်မှုတစ်ခုဖြစ်သည့် ၀က်ရူးပြန်ရောဂါသည်များ လေသင်တုန်းဖြတ်ခြင်းကို ကာကွယ်ရေး ဆေးဝါးများရှိပြီး ယင်းဆေးဝါးများက ရောဂါသည် ၁၀ ဦးတွင် ခုနစ်ဦးကို ထိရောက်စွာကာကွယ်ပေးနိုင်သည်။
ကျားဟော်မုန်းက ၀က်ရူးပြန်ရောဂါသည်များအတွက် လေ သင်တုန်းဖြတ်နိုင်သည့် အန္တရာယ်ကို မြင့်တက်စေနိုင်သည်။
ယခင်က လေ့လာမှုများတွင် ငါးကြီးဆီ၌ပါဝင်သော အိုမီဂါ -၃ ဖက်တီးအက်စစ်များက ၀က်ရူးပြန်ရောဂါသည်များ လေသင် တုန်းဖြတ်ခြင်းအန္တရာယ်ကို လျှော့ချနိုင်ကြောင်း ဖော်ပြသည်။
ကျန်းမာရေးနှင့်ညီသော အဆီများပါဝင်သည့် ပဲများစားသုံး သော ကြွက်များသည် လေသင်တုန်းဖြတ်နိုင်သည့် အန္တရာယ်နည်းပါးပြီး လေသင်တုန်းဖြတ်ခြင်း ခံစားရချိန်လည်း ပိုတိုတောင်း ကြောင်း သုတေသီများက ပြောသည်။
ဦးနှောက်ထဲတွင် ဖိုဟော်မုန်းထုတ်လုပ်မှုနှင့် လေသင်တုန်းဖြတ်ခြင်းကြား ဆက်စပ်မှုရှိသည်။
ဆော်လမွန်ငါး၊ မက္ကရယ်ငါး၊ ဆာဒင်းငါးတို့ကဲ့သို့ ငါးများတွင် ကျန်းမာရေးနှင့်ညီသော အဆီများပါဝင်ပြီး ကျန်းမာရေးပညာရှင် များက ကျန်းမာရေးအတွက် စားသုံးရန် အမြဲလမ်းညွှန်လေ့ရှိသော ငါးများဖြစ်သည်။
ယင်းအပြင် သံလွင်ဆီ၊ ငါးကြီးဆီတို့တွင်လည်း ကျန်းမာရေး အတွက် ကောင်းသော အဆီဓာတ်များပါဝင်သည်။
—Ref: MNT
Tuesday, 22 August 2017
Home »
» ငါးကြီးဆီစားသုံးခြင်းဖြင့်လေသင်တုန်းဖြတ်ခြင်းကိုကာကွယ်နိုင်
ငါးကြီးဆီစားသုံးခြင်းဖြင့်လေသင်တုန်းဖြတ်ခြင်းကိုကာကွယ်နိုင်
Related Posts:
လူတွေမှာပါးချိုင့်ပါရတဲ့အကြောင်းရင်း ပါးချိုင့်လေးတွေနဲ့ ချစ်စရာကောင်း… Read More
သင်သိရဲ့လား(၂) ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါ… Read More
မျက်လုံးအောက်ကအရေးအကြောင်းတွေပျောက်စေမဲ့လေ့ကျင့်ခန်း မျက်အိတ်တွဲတာ၊ မျက်လုံးအောက်မှာ အƜ… Read More
ကိုယ်နေဟန်ထားမှန်ကန်စေဖို့ <<< Zawgyi Version >>> ကိုယ်နေဟန်ထား မှန်ကန်ခြင်းေ… Read More
သင်သိရဲ့လား? ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါ… Read More
0 comments:
Post a Comment