အတုမရွိဗုဒၶျမတ္စြာဘုရား

အတုမရွိဗုဒၶျမတ္စြာဘုရား

Thursday 17 August 2017

ငယ္ရြယ္စဥ္ ကိုယ္လက္လႈပ္ရွားမႈ ျပဳလုပ္သူမ်ား ဦးေႏွာက္စြမ္းရည္ ေကာင္းႏိုင္






[Zawgyi Version]


ငယ္ရြယ္စဥ္ကပင္ ကိုယ္လက္လႈပ္ရွားျခင္းျဖင့္ အသက္အ ရြယ္ရလာပါက ဦးေႏွာက္စြမ္းရည္မ်ား ထိခိုက္ေလွ်ာ့က်မႈကို ကာ ကြယ္ႏိုင္ေၾကာင္း ေလ့လာမႈအသစ္တစ္ရပ္က ေဖာ္ျပသည္။

ပညာေရး၊ ကိုယ္လက္လႈပ္ရွားမႈႏွင့္ ေနထိုင္မႈပံုစံမ်ားသည္ ဦးေႏွာက္စြမ္းရည္ ထိခိုက္မႈႏွင့္ ဆက္စပ္ေနသည္။

စဥ္းစားေတြးေတာမႈဆိုင္ရာ စြမ္းရည္အားေကာင္းသူမ်ားသည္ ဇရာႀကိဳေရာဂါႏွင့္ ေလျဖတ္ျခင္းကဲ့သို႔ ေရာဂါမ်ားေၾကာင့္ ျဖစ္ေပၚ လာႏိုင္ေသာ အာ႐ံုေၾကာဆိုင္ရာ အဆင့္ေလ်ာ့က်မႈအႏၲရာယ္ နည္း ပါးေၾကာင္း ေလ့လာမႈမ်ားစြာက ေဖာ္ျပသည္။


ကေနဒါႏိုင္ငံ တိုရြန္တိုတကၠသိုလ္ သုေတသီမ်ားက ဓာတ္ခြဲ ခန္းအတြင္း ႂကြက္မ်ားျဖင့္ေလ့လာရာတြင္ ငယ္ရြယ္စဥ္ကပင္ ေလ့ က်င့္ခန္းလုပ္ျခင္းသည္ အရြယ္ႀကီးလာခ်ိန္၌ ဦးေႏွာက္စြမ္းရည္ ထိခိုက္က်ဆင္းမႈကို ကာကြယ္ႏိုင္ေၾကာင္း ေတြ႕ရွိခဲ့သည္။

ကုိယ္လက္လႈပ္ရွားျခင္းေၾကာင့္ သင္ယူႏုိင္စြမ္းအေပၚ ေရရွည္ အက်ိဳးသက္ေရာက္ေစႏိုင္ေၾကာင္း သုေတသီမ်ားကေျပာသည္။

ငယ္ရြယ္စဥ္ေလ့က်င့္ခန္းလုပ္ေသာ ႂကြက္မ်ား၏ ဦးေႏွာက္ ဆဲလ္မ်ားသည္ အရြယ္ႀကီးလာခ်ိန္အထိ က်န္းမာေရးေကာင္း ေၾကာင္း သုေတသီမ်ား ေလ့လာေတြ႕ရွိသည္။

 လူသားမ်ားတြင္လည္း ငယ္ရြယ္စဥ္ကပင္ ကိုယ္လက္လႈပ္ရွား ျခင္းေၾကာင့္ အသက္အရြယ္ႏွင့္္ ဆက္စပ္ေသာ ဦးေႏွာက္စြမ္းရည္ ေလ်ာ့က်မႈ ကာကြယ္ႏိုင္ေျခရွိသည္ဟု သုေတသီမ်ားက ေျပာ ၾကားသည္။

ကိုယ္လက္လႈပ္ရွားျခင္းေၾကာင့္ အာ႐ံုေၾကာဆိုင္ရာ ထိခိုက္မႈ မ်ားကို ကာကြယ္ၿပီး မွတ္ဉာဏ္ေလ်ာ့က်မႈကို တားဆီးႏိုင္သည္။

ကိုယ္လက္လႈပ္ရွားမႈမရွိျခင္း၊ က်န္းမာေရးႏွင့္အညီ ေနထုိင္ စားေသာက္မႈ မရွိျခင္းတို႔ေၾကာင့္ အသက္အရြယ္ႀကီးလာပါက မွတ္ ဉာဏ္ဆံုး႐ႈံးမႈ (သို႔မဟုတ္) ဦးေႏွာက္စြမ္းရည္မ်ား ထိခုိုက္ကာ ဇရာႀကိဳေရာဂါႏွင့္ ပါကင္ဆန္ေရာဂါတို႔ကဲ့သို႔ ေရာဂါမ်ား ျဖစ္ပြား ႏိုင္သည္။

—Ref: MNT

[ Unicode Version ]



ငယ်ရွယ်စဉ်ကပင် ကိုယ်လက်လှုပ်ရှားခြင်းဖြင့် အသက်အ ရွယ်ရလာပါက ဦးနှောက်စွမ်းရည်များ ထိခိုက်လျှော့ကျမှုကို ကာ ကွယ်နိုင်ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။



ပညာရေး၊ ကိုယ်လက်လှုပ်ရှားမှုနှင့် နေထိုင်မှုပုံစံများသည် ဦးနှောက်စွမ်းရည် ထိခိုက်မှုနှင့် ဆက်စပ်နေသည်။

စဉ်းစားတွေးတောမှုဆိုင်ရာ စွမ်းရည်အားကောင်းသူများသည် ဇရာကြိုရောဂါနှင့် လေဖြတ်ခြင်းကဲ့သို့ ရောဂါများကြောင့် ဖြစ်ပေါ် လာနိုင်သော အာရုံကြောဆိုင်ရာ အဆင့်လျော့ကျမှုအန္တရာယ် နည်း ပါးကြောင်း လေ့လာမှုများစွာက ဖော်ပြသည်။


ကနေဒါနိုင်ငံ တိုရွန်တိုတက္ကသိုလ် သုတေသီများက ဓာတ်ခွဲ ခန်းအတွင်း ကြွက်များဖြင့်လေ့လာရာတွင် ငယ်ရွယ်စဉ်ကပင် လေ့ ကျင့်ခန်းလုပ်ခြင်းသည် အရွယ်ကြီးလာချိန်၌ ဦးနှောက်စွမ်းရည် ထိခိုက်ကျဆင်းမှုကို ကာကွယ်နိုင်ကြောင်း တွေ့ရှိခဲ့သည်။

ကိုယ်လက်လှုပ်ရှားခြင်းကြောင့် သင်ယူနိုင်စွမ်းအပေါ် ရေရှည် အကျိုးသက်ရောက်စေနိုင်ကြောင်း သုတေသီများကပြောသည်။

ငယ်ရွယ်စဉ်လေ့ကျင့်ခန်းလုပ်သော ကြွက်များ၏ ဦးနှောက် ဆဲလ်များသည် အရွယ်ကြီးလာချိန်အထိ ကျန်းမာရေးကောင်း ကြောင်း သုတေသီများ လေ့လာတွေ့ရှိသည်။

လူသားများတွင်လည်း ငယ်ရွယ်စဉ်ကပင် ကိုယ်လက်လှုပ်ရှား ခြင်းကြောင့် အသက်အရွယ်နှင့်် ဆက်စပ်သော ဦးနှောက်စွမ်းရည် လျော့ကျမှု ကာကွယ်နိုင်ခြေရှိသည်ဟု သုတေသီများက ပြော ကြားသည်။

ကိုယ်လက်လှုပ်ရှားခြင်းကြောင့် အာရုံကြောဆိုင်ရာ ထိခိုက်မှု များကို ကာကွယ်ပြီး မှတ်ဉာဏ်လျော့ကျမှုကို တားဆီးနိုင်သည်။

ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း၊ ကျန်းမာရေးနှင့်အညီ နေထိုင် စားသောက်မှု မရှိခြင်းတို့ကြောင့် အသက်အရွယ်ကြီးလာပါက မှတ် ဉာဏ်ဆုံးရှုံးမှု (သို့မဟုတ်) ဦးနှောက်စွမ်းရည်များ ထိခိုက်ကာ ဇရာကြိုရောဂါနှင့် ပါကင်ဆန်ရောဂါတို့ကဲ့သို့ ရောဂါများ ဖြစ်ပွား နိုင်သည်။

—Ref: MNT


0 comments:

Post a Comment