၂၀၁၁ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို တက်ရောက်ကုသခဲ့တဲ့ အဆိပ်သင့်လူနာတွေကို လေ့လာကြည့်တဲ့အခါမှာ ဆေးဝါးအဆိပ်သင့်တဲ့ လူနာတွေက အများဆုံးဖြစ်ပြီး ဒုတိယကတော့ ဓာတု အဆိပ်သင့်မှု လူနာတွေဖြစ်ပါတယ်။
ဆေးဝါးအဆိပ်သင့် လူနာတွေဟာ ၂၀၁၅ ခုနှစ်မှာ ၄၉ ရာခိုင်နှုန်းရှိပေမယ့် အရင် နှစ်တွေကထက် ဖြစ်ပွားနှုန်းတော့ ကျဆင်းနေတယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ သုတေသနပြုချက်အရ သိရပါတယ်။
ဆေးဝါးအဆိပ်သင့်မှု ထွေထဲမှာ ဟစ်တမင်း ဆန့်ကျင်အုပ်စုနဲ့ မတည့်သူတွေ အများဆုံးဖြစ်
ပြီး ဒုတိယ မတည့်တဲ့ဆေးဝါးကတော့ အကိုက်အခဲပျောက်ဆေးအုပ်စုဖြစ်တဲ့ ပါရာစီတမော အဆိပ်သင့်မှုက အများဆုံးဖြစ်ပါတယ်။
ဒုတိယ အဆိပ်သင့်မှုအများဆုံးဖြစ်တဲ့ ဓာတုအဆိပ်သင့်မှုဟာ ၂၀၁၅ ခုနှစ်မှာ ၄၃ ရာခိုင်နှုန်းရှိပြီး အရင် နှစ်တွေကထက် ဖြစ်ပွားသူတွေတိုးလာနေတယ်လို့ စစ်တမ်းထဲမှာဖော်ပြထားပါတယ်။
ဓာတု အဆိပ်သင့်တဲ့သူတွေထဲမှာတော့ ပိုးသတ်ဆေး အဆိပ်သင့်မှုက အများဆုံးဖြစ်ပြီး
ကြွက်သက်ဆေးအဆိပ်သင့်မှုကတော့ ဒုတိယ အများဆုံးဖြစ်ပါတယ်။
အိမ်တွင်းသုံး ဓာတုပစ္စည်းတွေဖြစ်တဲ့ အစွန်းချွတ်ဆေး၊ လက်သည်းဖျက်ဆေး၊ ဆပ်ပြာ
ရည်တွေကြောင့် ဖြစ်တဲ့ အဆိပ်သင့်မှုကတော့ တတိယ အများဆုံးဖြစ်ပါတယ်။
Credit: dvb news
Saturday, 14 January 2017
Home »
» အဆိပ်သင့်လူနာများတွင်ဆေးဝါးအဆိပ်သင့်သူအများဆုံးဖြစ်
အဆိပ်သင့်လူနာများတွင်ဆေးဝါးအဆိပ်သင့်သူအများဆုံးဖြစ်
Related Posts:
သင်မသိသေးတဲ့အာလူးအကြောင်း အသက်ကြီးငယ်မရွေး စားသုံးဖို့သင့်ေ… Read More
ဆီးကပြောပြပေးသောသင့်ကျန်းမာရေးအကြောင်း ကျောက်ကပ်ဆိုသည်မှာ ခန္ဓာကိုယ်အတွက်… Read More
အဆိုတော် ဂျနီဖာလိုပက်ဇ် ရဲ့ အလှတရားလျှို့ဝှက်ချက်များ အသက် ၄၆နှစ်လို့ ဆိုလိုက်လျှင် မည်သ)… Read More
ကျန်းမာနေသော အမျိုးသားတို့၏ လက္ခဏာ (၅)ရပ် (၁) လက်သည်း ပန်းရောင်ရှိခြင်း ကျန်းမ&#… Read More
မုံရွာကြက်ငှက်တုပ်ကွေး အားပြင်း H9N2 ပိုးဟု ထုတ်ပြန် ဧပြီလအတွင်း စစ်ကိုင်းတိုင်း၊ မုံရƟ… Read More
0 comments:
Post a Comment