<<< Zawgyi Version >>>
အစည်းအဝေးထဲမှာ အကြာ ကြီးထိုင်နေရချိန်၊ တစ်နေရာရာကို အချိန်မီ အပြေးသွားဖို့ လိုလာချိန်တွေမှာ ဆီးသွားချင်စိတ်ဖြစ်လာတဲ့အခါ အောင့်ထားတတ်တယ် ဆိုရင်တော့ အဲဒီအမူအကျင့်ကို ပြောင်းလဲပစ်ဖို့ လိုအပ်လာပါပြီ။ အထူးသဖြင့် အမျိုးသမီးတွေဆိုရင် ဆီးသွားချင်ပေမယ့်လည်း နေရာထိုင်ခင်းအဆင်မပြေတာတို့၊ အိမ်သာ ရုတ်တရက် ရှာမရတဲ့အနေအထားတွေမှာ ဆီးအောင့်ထားလေ့ရှိကြပါတယ်။ အချိန်အတော်ကြာအောင် ဆီးအောင့်ထားတာမျိုးတွေက ဆိုးကျိုးတွေ ရှိနိုင်တာကြောင့် သိထားရအောင်လို့ ဖော်ပြပေးလိုက်ပါတယ်။
ကျောက်ကပ်ကျောက်တည်စေခြင်း - အချိန်အကြာကြီး ဆီးအောင့်ထားရာကနေ ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်း ကျောက်တည်တာတွေ ဖြစ်စေနိုင်ပါတယ်။ ကျောက် အရွယ်အစားသေးရင်တော့ နာကျင်မှုမရှိဘဲ အလိုအလျောက် အပြင်ကို စွန့်ထုတ်နိုင်ပေမယ့် အရွယ်အစားကြီးလာခဲ့ရင်တော့ ဆီးလမ်းကြောင်း ပိတ်စေပြီး အပြင်းအထန် နာကျင်စေမှာဖြစ်ပါတယ်။
ဆီးအိမ်ကြွက်သားများ အားယုတ်စေခြင်း - အကြာကြီး ဆီးထိန်းထားရတာကြောင့် ဆီးစွန့်ထုတ်မှုစနစ်ကို ဒုက္ခပေးနိုင်ပြီး ဆီးအိမ်ထဲက ဆီးတွေ အကုန် မစွန့်ထုတ်နိုင်တာမျိုးတွေပါ ကြုံရတတ်ပါတယ်။ နောက်ပြီး ဆီးအိမ်နံရံတွေကိုလည်း ရောင်ရမ်းတာမျိုးတွေ ဖြစ်တတ်ပါတယ်။
ဆီးလမ်းကြောင်းပိုးဝင်ခြင်း - အကြာကြီး ဆီးအောင့်ထားရာကနေ ဆီးလမ်းကြောင်း ပိုးဝင်တာမျိုးတွေလည်း ဖြစ်လေ့ရှိပါတယ်။ ဆီးအိမ်ထဲမှာ ဆီးတွေအကြာကြီး ထိန်းထားရာကနေ ဗက်တီးရီးယား ပေါက်ပွားမှုပမာဏမြင့်လာစေပြီး ဆီးလမ်းကြောင်း၊ ဆီးအိမ်နဲ့ ကျောက်ကပ်ပိုးဝင်တာမျိုး ဖြစ် နိုင်ပါတယ်။
ပုံမှန်အားဖြင့် တစ်နေ့ကို ဆီးရှစ်ကြိမ်ကနေ ဆယ်ကြိမ်အထိ သွားလေ့ရှိပြီး လူတစ်ယောက် နဲ့တစ်ယောက် မတူညီတတ်ပါဘူး။ ကျန်းမာရေးဆိုးကျိုး မရှိရလေအောင် ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ဆီးအကြာကြီး မအောင့်ထားသင့်ကြောင်း ဖော်ပြပေးလိုက်ပါတယ်။
အောင်မြင့်မြတ်(Myanmar Youths)
Thursday, 26 January 2017
Home »
» အကြာကြီးဆီးအောင့်ထားတယ်ဆိုရင်
အကြာကြီးဆီးအောင့်ထားတယ်ဆိုရင်
Related Posts:
မေးစေ့နှစ်ထပ်ဖြစ်နေတယ်ဆိုရင် မေးစေ့နှစ်ထပ်ဖြစ်တာဟာ ပိန် ပိန်ပါƟ… Read More
ပူပြင်းလှတဲ့နွေရာသီမှာ ခန္ဓာကိုယ်ရေဓာတ်မခန်းစေဖို့ ၁။ ရေများများ သောက်ပေးပါ။ လူတွေရဲ့(… Read More
အမျိုးသမီးတိုင်း နေ့စဉ်အသုံးပြုသင့်တဲ့ skincare (၄) မျိုး အသားအရေကို ထိန်းသိမ်းတယ်ဆိုတာ မိတ်… Read More
တီဘီဆေးအသစ်များဆေးယဉ်ပါးနိုင်သည့်အန္တရာယ်ရှိနေ မတ် ၂၄ ရက်က ချန်နိုင်းမြို့ရှိ ဘူတာ… Read More
သုတ်ရည်မှထူးဆန်းသည့်အချက်များသုတ်ရည်သည် အမျိုးသားလိင်တံဥမှလြာ&#… Read More
0 comments:
Post a Comment