လူအများစုတွင် သွားတိုက်နည်းစနစ် မမှန်ကန်သည့် အတွက် ခံတွင်းနှင့် ပက်သက်သော ရောဂါ များ ဖြစ်ပွားနေ ကြခြင်း ဖြစ်ကြောင်း သွားဆရာဝန်ဒေါက်တာ မိုလာကပြောသည်။
“သွားတိုက်နည်း ပုံမှန်အနေနဲ့ သာတိုက်ရင် သွားရောဂါအတွက် ဆေးခန်းသွားစရာတောင် မလိုတော့ဘူး”ဟု ဒေါက်တာ မိုလာကပြောသည်။
သွားအား ကန့်လန့်ဖြတ်မတိုက်ရန်၊ သွားတိုက်သည့်အကြိမ်ရေ လိုအပ်သည်ထက်မပိုရန်၊ ဆား၊ မီးသွေး စသည့် ကြွေအလွှာကို ပျက်စီးစေသည့် အရာများနှင့် မတိုက်ရန်၊ အိပ်ရာမဝင်ခင် သတိထား၍ သွားတိုက် ရန် လူထုအကြား ပညာပေး၊ သတိပေးနေသော်လည်း လိုက်နာမှုနည်းပါးကြောင်း အဆိုပါ ဆရာဝန် က ပြောသည် ။
တချို့ လူများသည် သွားဖြူစေရန် သွားခဏခဏတိုက်ခြင်း၊ အချိန်အကြာကြီးတိုက်ခြင်း၊ ဖိ၍ တိုက်ကြလေ့ ရှိပြီး ထိုအရာများသည် သွားမဖြူစေဘဲ ကြွေလွှာများပျက်စီးကာ တဖြည်းဖြည်း ဝါလာလေ့ရှိကြောင်း သိရသည်။
“သွားကန့်လန့်ဖြတ် တိုက်တဲ့အခါ သွားဖုံးနဲ့ သွားနားမှာ သွားပိုးစားတာမဟုတ်ဘဲ အချိုင့်တွေဖြစ်ပြီး အဲဒီချိုင့်တွေ တဖြည်းဖြည်းနက်လာတဲ့ အခါ သွားအတွင်း အသားနုတွေပျက်စီးပြီး သွားမကောင်းတော့ဘူး” ဟု ဒေါက်တာမိုလာ ကပြောသည်။
အချိုဓာတ်သည် သွားအတွက် အကျိုးရှိသည်ဟု ဆိုပြီး အချဉ်များ ငုံထားခြင်းသည် အချဉ်ဓာတ်ပေါက်ပြီး သွားဆွေးနိုင်သည့်အတွက် သတိထားသင့်ကြောင်း သိရသည်။
သွားတိုက်သည့် အခါ ပါးစပ်ပိတ်ပြီး တိုက်ပါက အပေါ်အောက် အညစ်အကြေးများ ပါးစပ်အတွင်း ဝင်ရောက်နိုင်ကြောင်း သိရသည်။ သွားကြားအတွင်းသာမက သွားဖုံးအကြားရှိ အညစ်အကြေးများ မပါရှိစေရန် သွားပွတ်တံအား တစောင်းထား၍ တိုက်သင့်ကြောင်း သိရသည်။
Mg Mandalay
https://www.facebook.com/mg.mandalay
Saturday, 28 January 2017
Home »
» သွားတိုက်နည်းစနစ်မမှန်ကန်သောကြောင့်သွားရောဂါများဖြစ်
သွားတိုက်နည်းစနစ်မမှန်ကန်သောကြောင့်သွားရောဂါများဖြစ်
Related Posts:
ဆံကေသာအမျိုးအစားအလိုက်ထိမ်းသိမ်းနည်း အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ… Read More
ရင်သားတွဲကျခြင်းကိုကာကွယ်နိုင်သောနည်းလမ်းများ ပြည့်ဖြိုးတင်းရင်းတဲ့ ရင်သားအလှကိ… Read More
ပါးစပ်ဖြင့်နမ်းခြင်းနှင့်ကျန်းမာရေးအန္တရာယ် HIV ပိုးကူးစက်မှု အန္တရာယ်မရှိပါ။ • HIV ပို… Read More
မျက်မှန်မလိုပဲ အမြင်အာရုံပိုမိုတိုးတတ်ကောင်းမွန်စေမည့်နည်းလမ်း လူအမြောက်အများဘဝမှာ အမြင်အာရုံချု… Read More
ထိကရုန်းအားအသုံးပြုပုံ(၅)မျိုး ၁ - အရွက်ကို ကြိတ်ပေးပြီးဆီးခုံမှာ အ&#… Read More
0 comments:
Post a Comment