
အမျိုးသမီးတွေနဲ့ယှဉ်ရင် အမျိုးသားတွေဟာ ကင်ဆာရောဂါကြောင့် သေဆုံးရတာပိုများပါတယ်။ ယူကေရဲ့ ကင်ဆာသုတေသနစင်တာက ထုတ်ပြလိုက်တဲ့အချက်အလက်အရ ကင်ဆာဖြစ်ပွားမှုနှုန်းဟာ နှစ်စဉ် အမျိုးသားဦးရေ ၁၇၉,၀၀၀ ဦး ရှိပြီး အမျိုးသမီးဦးရေက ၁၇၃,၀၀၀ ဦး ရှိတယ်လို့ သိရပါတယ်။
မတူညီတဲ့ ကင်ဆာရောဂါ ၁၅ မျိုး ဖြစ်ပွားသူနေပေါင်း ၂၃၀၀ ကို လေ့လာရာမှာ အမျိုးသားတွေဟာ ကင်ဆာကြောင့်သေဆုံးရတာပိုများနေရခြင်းကို သိရှိခဲ့ရပါတယ်။
အမျိုးသားတွေဟာ ကင်ဆာလက္ခဏာတွေ သုံးလနဲ့အထက် စတင်ပေါ်ပေါက်နေပေမယ့် ဆရာဝန်ထံ သွားရောက်ပြသဖို့ နှောင့်နှေးရခြင်းက ကင်ဆာကြောင့် အသက်ဆုံးရှုံးရခြင်းကို တွေ့ရှိခဲ့ကြရပါတယ်။ လေ့လာမှုမှာပါဝင်တဲ့ ဆီးကျိတ်ကင်ဆာခံစားနေရသူ အမျိုးသား ၄၄ ရာခိုင်နှုန်းက ဆရာဝန်ထံပြသ နှောင့်နှေးခဲ့တယ်လို့ ဝန်ခံကြပါတယ်။ ဒါ့ပြင် အမျိုးသားတွေဟာ အမျိုးသမီးတွေလောက် ကင်ဆာလက္ခဏာတွေကို သတိမပြုမိကြဘူးလို့လည်း လေ့လာမှုရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246






0 comments:
Post a Comment