အတုမရှိဗုဒ္ဓမြတ်စွာဘုရား

အတုမရှိဗုဒ္ဓမြတ်စွာဘုရား

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Saturday, 23 April 2016

စောစောအိပ်တဲ့လူတွေကပိုကျန်းမာ

တစ်နာရီစောပြီး အိပ်ရာဝင်တဲ့လူတွေဟာ ဝိတ်ကျဖို့အတွက် ထူးထူးခြားခြား 

ဘာမှလုပ်ဆောင်ရခြင်းမရှိဘဲ တစ်နှစ်ကြာတဲ့အခါမှာ လေး၊ ငါးပေါင်လျော့ကျ

တတ်ပါတယ်။

စောစောအိပ်ရာဝင်တဲ့လူတွေဟာ ပိုကျန်းမာတဲ့လူတွေ ဖြစ်တယ်လို့ စစ်တမ်း

တစ်ခုက ဖော်ပြပါတယ်။ စောစောအိပ်ရာဝင်တဲ့လူတွေဟာ အစားအသောက်စား

ရာမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကို ပိုစားလေ့ရှိတယ်လို့

Jawbone UP ကပြုလုပ်ခဲ့တဲ့ အဆိုပါစစ်တမ်းက ဖော်ပြတာ ဖြစ်ပါတယ်။

Jawbone UP ဟာ ကျန်းမာရေးနဲ့ပတ်သက်ပြီး ခြေရာခံစောင့်ကြည့်ပေးတဲ့ 

အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ယခုစစ်တမ်းက ကမ္ဘာတစ်ဝန်းက လူပေါင်း 

ရှစ်သောင်းငါးထောင်ကို သုတေသနပြုလေ့လာထားတာ ဖြစ်ပါတယ်။ 

ညတိုင်း ၁၁ နာရီထက်စောပြီး အိပ်ရာဝင်တဲ့လူတွေဟာ ကယ်လိုရီပိုနည်းပြီး 

ကျန်းမာတဲ့အစားအသောက်တွေကို စားကြတယ်လို့ ဆိုပါတယ်။ ၁၁ နာရီနဲ့ 

၃ နာရီကြားအိပ်ရာဝင်သူတွေကတော့ အယ်ကိုဟော၊ကဖိန်းဓာတ်များတဲ့

အစားအသောက်၊ သကြားများတဲ့အစားအသောက်၊ အဆီများတဲ့အစား

အသောက်တွေနဲ့ စတဲ့ ကျန်းမာရေးနဲ့မညီညွတ်တာတွေကို ပိုမိုစားလေ့ရှိပါတယ်။

အိပ်တာနဲ့ဝိတ်ကျတာဟာလည်း ဆက်စပ်မှုရှိပြီး တစ်နာရီစောပြီး အိပ်ရာ

ဝင်တဲ့လူတွေဟာ ဝိတ်ကျဖို့အတွက် ထူးထူးခြားခြား ဘာမှလုပ်ဆောင်ရခြင်း

မရှိဘဲ တစ်နှစ်ကြာတဲ့အခါမှာ လေး၊ငါးပေါင်လျော့ကျတတ်တယ်လို့ 

Jawbone က အချက်အလက်ဆိုင်ရာပညာရှင် ဒေါက်တာခါးစတင်က 

ပြောကြားထားပါတယ်။


Credit - Lwin Pyin








အောင်မြင့်မြတ်(Myanmar Youths)

Wednesday, 20 April 2016

အမျိုးသမီးတိုင်းသိထားရမဲ့အသားအရေထိန်းသိမ်းနည်းများ

အမျိုးသမီးတွေရဲ့ အသားရေဟာ နှစ်တွေကြာတာနဲ့အမျှ ပြောင်းလဲမှုတွေ ရင်ဆိုင်ရပါတယ်။ မိတ်ကပ်နဲ့ အလှကုန် ပစ္စည်းတွေ လွန်ကဲစွာ အသုံးပြုခြင်းဖြင့် အသားရေခြောက်သွေ့ခြင်း၊ ကျုံ့ဆန့်နိုင်မှု သတ္တိကုန်ဆုံးခြင်း၊ အရောင် မွဲခြောက်ခြင်းနဲ့ တခြားပြသနာများစွာ ကြုံရပါတယ်။ ဒါပေမယ့် အဲ့ဒီပြသနာတွေအတွက် အကူအညီက လက်တစ်ကမ်းမှာ ရှိနေပါတယ်။

· ဆယ်ကျော်သက်အရွယ်မှ မဟုတ်တာလို့သာ သဘောမထားပါနဲ့။ အဲ့ဒီ တင်းတိတ်၊ ဝက်ခြံတွေပြသနာတွေ အပြီးပိုင် ရှင်းပစ်နိုင်ပါတယ်။ အရွယ်ရောက်ပြီး ဝက်ခြံတို့က အလွန်ပျံ့နှံ့ပြီး မိမိယူဆထားတာထက် အဖြစ်ပိုများ ပါတယ်။ ညှစ်ထုတ်လို့ အခန့်မသင့်ဖြစ်ရင် အရေပြားအထူးကုဆရာဆီ သွားတာ အကောင်းဆုံးပါ။ 

ဒါပေမယ့် ဝက်ခြံ ဖြစ်လာရင် ခြောက်သွေ့စေမယ့် ဆေးစွက်ထားတဲ့ ဂျယ်လ်နဲ့ ဖျက်ဆီးလိုက်ပါ။ ဒါမှမဟုတ် အခြေအနေ အရမ်းဆိုးနေပါက ဝက်ခြံပေါ်သွားတိုက်ဆေးနဲ့ တစ်ည တို့လိမ်းထားပေးလိုက်ပြီး ခြောက်မခြောက် မနက် အခြေအနေ ကြည့်ပါ။

· ညမအိပ်ခင် တံတောင်ဆစ်နဲ့ ခြေဖနှောင့်မှာ ရေနံဂျယ်လီ အသုံးပြုပေးပါ။ ခြေဖနှောင့် နူးညံ့ပျော့ပျောင်းစေပြီး တံတောင်ဆစ်က အမည်းကွက်တွေ ပျောက်ကာ ဝင်းလက်စေပါလိမ့်မယ်။

· ဓာတုပစ္စည်း ပါဝင်တဲ့ မျက်နှာသစ်ဆေးတွေ သုံးမယ့်အစား သကြားနဲ့ ပျားရည်ဖြင့် ကိုယ့်ဘာသာ လုပ်ထားတဲ့ ဟာလေး အသုံးပြုပါ။ ပျားရည် လက်ဖက်ရည်ဇွန်း (၁) ဇွန်းယူပြီး သကြား ထမင်းစားဇွန်း (၂) ဇွန်းနဲ့ ရောစပ်ပါ။ ဒါကို သဘာဝ မျက်နှာချွတ်ဆေးအဖြစ် တစ်ပတ်တစ်ကြိမ် အသုံးပြုပါ။

· တစ်ရက်(၂)ကြိမ် မျက်နှာသစ်တဲ့ အကျင့်လုပ်ပေးပါ။ အကြိမ်ကြိမ်သစ်ပေးတာ အသားရေစိုပြေမှုနဲ့ အဆီတွေ ဖယ်ရှားကာ ခြောက်သွေ့စေပြီး အလွှာလိုက်ကွာမှုတွေ ဖြစ်တတ်ပါတယ်။

· အသားရေ သန့်ရှင်းစေဖို့ ကလေးသုံး လိုးရှင်း နေ့စဉ် အသုံးပြုပါ။ မျက်နှာအတွက် ညင်ညင်သာသာရှိပြီး မျက်နှာကို နူးညံ့ပျော့ပျောင်းစေပါ လိမ့်မယ်။ 



အောင်မြင့်မြတ်(Myanmar Youths)

အဆီပြန်တဲ့မျက်နှာအသားအရေကိုဘယ်လိုထိန်းသိမ်းမလဲ



ခရမ်းချဉ်သီးမှာ vitamin A, vitamin C, vitamin E, vitamin K, folic acid, calcium, potassium နဲ့ lycopene ဆိုတာတွေ ပါဝင်တယ်။

အင်တီအောက်စီးဒင့် အာနိသင်ရှိပြီး နှလုံးနဲ့ ကင်ဆာရောဂါကို ကာကွယ်ပေးတယ်။ lycopene က အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို တားဆီးနိုင်တယ်။

ခရမ်းချဉ်သီးတိုင်း အနီရောင်မဟုတ်ပါ။ အဝါရောင်နဲ့ လိမ္မော်ရောင်တွေလည်း ရှိတယ်။ အမျိုးအစားခွဲလိုက်တော့ Cherry tomatoes, plum tomatoes, pear tomatoes နဲ့ beefsteak tomatoes ဆိုပြီး ရှိတယ်။

အာဟာရဓာတ်ရှုထောင့်က ကြည့်ရင် အနေတော် ခရမ်းချဉ်သီး (၁၀၀ ဂရမ်) တစ်လုံးမှာ ၂၂-ကယ်လိုရီ၊ ပရိုတင်း ၁-ဂရမ်၊ အမျှင်ဓာတ် ၁.၅ ဂရမ် အသီးသီး ပါဝင်တယ်။ ဗီတာမင်စီ ၂၀ မီလီဂရမ်လောက် ပါတယ်။ ဗီတာမင်အေ 600 IU ပါဝင်တယ်။ သာမန်လူတစ်ယောက် နေ့စဉ်လိုအပ်တဲ့ ပမာဏက 5000 IU ဖြစ်ပါတယ်။ ဒါ့ကြောင့် ယေဘုယျတွက်ကြည့်ရင် လူသားတွေ နေ့စဉ်လိုအပ်တဲ့ ဗီတာမင်အေရဲ့ ၁၀ ပုံ တစ်ပုံလောက်သာ ရှိတယ်။

toxic vitamin A ပမာဏသိဖို့ ဝိတ်နဲ့ ပြန်တွက်ပြီး နှိုင်းယှဉ်ရတယ်။ တထိုင်တည်း 25000 IU/kg ထက်များရင် acute toxicity လက္ခဏာတွေ ခံစားရတယ်။ နေ့စဉ်ရက်ဆက် 4000 IU/kg လောက်စားမိရင် ကြာလာတဲ့အခါ chronic toxicity လက္ခဏာတွေ ခံစားရမယ်။

တစ်ခါတည်း တစ်ထိုင်တည်း ခရမ်းချဉ်သီး အလုံးတစ်ရာ စားတောင်မှ အဆိပ်အတောက် ဖြစ်စေမယ် မဟုတ်သေးဘူး။ ဒါ့ကြောင့် ခရမ်းချဉ်သီးစားရုံနဲ့ အဆီပြန်တာ လျှော့မယ် မဟုတ်ပါ။

အဆီပြန်တာ လျှော့နည်းအောင်

- အဆီအဆိမ့်၊ အချို လျှော့စားပါ။
- အဆီများတဲ့အသား၊ နီတဲ့အသား ရှောင်ပါ။
-  ထောပတ်၊ ဒိန်ချဉ်၊ ပင်လယ်စာ မစားသင့်ဘူး။
- ဆေးလိပ်၊အရက်၊ဘီယာ ရှောင်ပါ။
- ကြက်ဥ ၊နွားနို့ ၊ကော်ဖီ၊ လက်ဖက်ရည်၊ အချိုရည် ရှောင်ပါ။
- ရေများများသောက်ပါ။ လေ့ကျင့်ခန်း ပုံမှန် လုပ်ပါ။
- စိမ်းတဲ့အသီးအရွက်၊ နီတဲ့ ဝါတဲ့ သစ်သီးဝလံများများစားပါ။
- ထောပတ်၊ သံပုရာ၊ လိမ္မော်ရည်၊ ဂရိတ်ဖရု တည့်ပါတယ်။
- အိုမီဂါသရီးနဲ့ အိုမီဂါ စစ် ပါတဲ့ သောက်ဆေးမျိုးသောက်သင့်တယ်။
- လိမ်းဆေးထဲမှာ အဆီပါတာ၊ အပူပါတာက ပိုဆိုးစေမယ်။
- အောက်ခံလိမ်းဆေး ၊နေရောင်ကာလိမ်းဆေးမျိုး မသုံးသင့်ဘူး။
- တချို့က ရေချိုးတဲ့အခါ ဆော်ဒါ ထည့်ချိုးရင် အကျိုးရှိတယ် ဆိုတယ်။
- လေ့လာမှုတွေအရ ရှားစောင်းလက်ပတ်က အဆီပိုတွေ လျှော့နည်းစေတယ်။

Credit : ဒေါက်တာ အေးမင်းထူး



အောင်မြင့်မြတ်(Myanmar Youths)

နွေရာသီနဲ့အပူဒါဏ်ကိုကာကွယ်နိုင်စေဖို့



(၂၁) ရာစုဟာ လူသမိုင်းရဲ့ အပူပြင်းဆုံးကာလတွေလို့ ဆိုရင် မမှားပါဘူး။ ပူပြင်းတဲ့နွေရာသီ ရောက်တဲ့အခါ အပူနဲ့ ပက်သက်တဲ့ ရာသီပေါ်ရောဂါတွေ ဖြစ်လေ့ရှိပါတယ်။ အပူထုတ်လုပ်မှုများခြင်း (သို့) အပူဆုံးရှုံးမှု မလုံလောက်ခြင်းကြောင့် ခန္ဓာကိုယ်အပူချိန်ကို ပြောင်းလဲစေတယ်။ 

တကယ်တော့ ပြင်ပအပူချိန် ဘယ်လောက်ပြောင်းပြောင်း ခန္ဓာကိုယ်အပူချိန် ပြောင်းလဲလေ့ မရှိဘူး။ ပုံမှန်အားဖြင့် ခန္ဓာကိုယ်အပူချိန်ဟာ 98.6° F (37° C) ရှိပါတယ်။ core temperature ခေါ်တဲ့ ဝမ်းတွင်းအပူချိန်က 100.4° F (38° C) လောက်ထိ ရှိတယ်။ 

အရေပြားရဲ့ အရေးကြီးလုပ်ဆောင်မှုတွေထဲမှာ ရောဂါပိုးမွှားတွေ ကာကွယ်ဖို့နဲ့ အပူထိန်းဖို့က အဓိကဖြစ်တယ်။ နေလောင်ဒဏ်က ကာကွယ်ဖို့ အရေပြားရဲ့ melanin ဓာတ်က အရေးပါတယ်။ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ဖို့ နေလောင်တာနဲ့ melaninက ထွက်လာတယ်။ နေပူထဲသွားပါများရင် အသားညိုလာတာ melanin ဓာတ်ကြောင့်ပါ။ 

အရေပြားပါးတဲ့သူ၊အသားဖြူတဲ့သူတွေမှာ ဒီဓာတ်နည်းတယ်။ အလားတူခန္ဓာကိုယ်ကို အေးမြအောင်လုပ်ဖို့ အရေပြားရဲ့ ချွေးဂလင်းတွေက အရေးကြီးတယ်။ အပူချိန်တက်လာတာနဲ့တပြိုင်နက် ခန္ဓာကိုယ်ကို ချွေးထွက်ပြီး အေးမြအောင် လုပ်ပေးတယ်။  ချွေးထွက်များရင် ရေနဲ့အတူ ဆားဓာတ်တွေလည်း ပါသွားတယ်။ ဒီနေရာမှာ ဆားဓာတ်ဆိုတာ ဆိုဒီယမ်တမျိုးတည်းကို ပြောတာ မဟုတ်ဘူး။ ပိုတက်စီယမ်၊ ကလိုရိုက်စတဲ့ ဓာတ်တွေလည်း အကျုံးဝင်တယ်။ 

လူတယောက်ဟာ နေ့စဉ်နေ့တိုင်း ခန္ဓာကိုယ်က ရေ ၂ လီတာခွဲနီးပါး(2500ml) ဆုံးရှုံးနေပါတယ်။ ဒီထဲမှာ ဆီးကတဆင့် ဆုံးရှုံးတဲ့ ရေပမာဏ 1500 ml လောက်ရှိတယ်။ ဝမ်းကနေရေ 150 ml၊ ချွေးထွက်ရာကနေရေ 350 ml နဲ့ အသက်ရှုရှိုက်ရာက ရေဓာတ် 400 ml လောက် ဆုံးရှုံးနေပါတယ်။ ဆုံးရှုံတာနဲ့ ကာမိစေဖို့ ဖြည့်တင်းရတယ်။

ရေဘယ်လောက် သောက်မလဲ။ 

နွေရာသီအပူလွန်ကဲတဲ့ဒေသတွေမှာ ပုံမှန်ထက် ရေ (၁) လီတာလောက် ပိုသောက်ရဦးမယ်။ ဒါ့ကြောင့် နွေရာသီမှာ တစ်ရက်ကို ရေသုံးဗူးခွဲလောက် ဝင်အောင် ဖြည့်တင်းသင့်တယ်။ 

ချွေးထွက်များတာနဲ့ တပြိုင်နက် ဓာတ်ဆားရည် သောက်သင့်တယ်။ ဓာတ်ဆား တစ်ထုပ်နဲ့တစ်ထုပ် ထည့်ရမယ့် ပမာဏ မတူဘူး။ BPI ဓာတ်ဆားထုပ်ဆိုရင် ရေ (၁)လီတာနဲ့ ဖျော်ပြီး (၂၄)နာရီအတွင်း ကုန်အောင် သောက်ရတယ်။ 

သီးစုံဓာတ်ဆားကတော့ အားကစားသမားတွေ အတွက် ပိုသင့်တော်တယ်။ သီးစုံဓာတ်ဆားဖျော်တဲ့အခါ ရေဖန်ခွက် တခွက်စာ (200ml)နဲ့ ရောပြီးဖျော် သောက်ပါ။ ပူပြင်းတဲ့ရာသီကြောင့် ဆားဓာတ် ခမ်းခြောက်သူတွေဟာ BPI ဓာတ်ဆားကိုသာ ဖျော်သောက်ပေးသင့်တယ်။ နောက်ပြီး ပူပြင်းတဲ့ဒေသတွေမှာ ရေအေးထက် ရိုးရိုးရေကိုသာ သောက်ပေးသင့်တယ်။

ခန္ဓာကိုယ် အပူတက်လာရင် ဘာလုပ်မလဲ

အပူချိန် ၁၀၃ ဒီဂရီ ထက်များရင် ရေခဲဝတ်ကို ညှစ်ပြီး နဖူး၊ချိုင်း၊ ပေါင်ခြံ စတဲ့နေရာတွေကို တင်ပေးထားပါ။ တစ်နာရီအတွင်း ခန္ဓာကိုယ်အပူချိန်ကို အနည်းဆုံး ၁၀၂ ဒီဂရီရောက်အောင် အမြန်ချပေးရပါမယ်။ အပူ တက်နေချိန်မှာ ဆေးပေးတာထက် ပြင်ပအကူအညီနဲ့ အပူချပေးတာမျိုး လုပ်သင့်တယ်။ 

အရင်ဆုံး အေးတဲ့နေရာ ခေါ်သွားပါ။ ပြီးရင် လူနာရဲ့ အဝတ်အစားတွေကို ချွတ်ပြီး အအေးပေးပါ။ သတိလစ်နေရင် မျက်နှာကို ဘယ်ဘက်စောင်းပါ။ ဦးနှောက် သွေးလျှောက်အောင် ခြေရင်းပိုင်းကို မြှင့်ထားပါ။ လေးနာရီအတွင်း ရေအနည်းဆုံး (၂ လီတာ) ဝင်အောင် ဖြည့်ပေးသင့်တယ်။

ရေဓာတ်ဆုံးရှုံးမှုကို ပါးစပ်က မဖြည့်နိုင်ရင် ဒရစ်လိုင်းတင်ဖို့ လိုအပ်ပါတယ်။ အခြေအနေကို (၂၄)နာရီ အတွင်း စောင့်ကြည့်ရပါမယ်။ လိုအပ်တဲ့ ရေဓာတ်၊ ဆားဓာတ်ကို နောက်ထပ် (၂၄) နာရီထိ ထပ်ဖြည့်ုရပါမယ်။ ပြင်းပြင်းထန်ထန် လှုပ်ရှားခြင်း၊ အားကစားလုပ်ခြင်းမှ အနည်းဆုံး (၃)ရက်လောက် ရှောင်ထားသင့်ပါတယ်။ 

ဘယ်လိုကာကွယ်မလဲ

လေအေးပေးစက် တပ်ထားတဲ့ အခန်းမှာနေပါ။ ပြင်းပြင်းထန်ထန် လေ့ကျင့်ခြင်းမှ ရှောင်ကြဉ်ပါ။ အရောင်ရင့်တဲ့ အဝတ်အစားတွေထက် ဖျော့တဲ့အရောင်မျိုး ရွေးဝတ်ပါ။ ပေါ့ပါ့းချောင်ချိတဲ့ ချည်ထည်အဝတ်မျိုး ဝတ်ပါ။ အပြင်ထွက်ရင် အဆောင်းအကာ တမျိုးမျိုး ယူသွားပါ။ 

(၃)နှစ်အောက် ကလေးတွေကိုက ကားထဲမှာ အလုံပိတ် မထားခဲ့ပါနဲ့။ နေ့ခင်း အလုံပိတိထားတဲ့ ကားထဲမှာ ၁၅ မိနစ်လောက်နေရုံနဲ့ အပူချိန်ဟာ ကားတွင်းအပူချိန်ဟာ ၂၇ ဒီဂရီကနေ ၄၉ ဒီဂရီအထိ တက်လာနိုင်လို့ ဖြစ်ပါတယ်။ 

နှလုံးရောဂါ၊ အတက်ရောဂါရှ်သူများ အပြင်မထွက်သင့်ဘူး။ သက်ကြီးရွယ်အို၊ ကလေးသူငယ်တွေကို အထူး ဂရုစိုက်သင့်တယ်။

Credit : ဒေါက်တာ အေးမင်းထူး
ရတနာပုံသတင်းစာ



အောင်မြင့်မြတ်(Myanmar Youths)

Tuesday, 19 April 2016

လေးရက်အတွင်းကိုယ်ရည်စစ်စေမဲ့နည်းလမ်း



ကိုယ်အလေးချိန် ချလိုသူတွေနဲ့ ပေါ့ပါးလန်းဆန်းမှုမရှိ ဖြစ်နေသူတွေအတွက် ဒီနည်းလမ်းလေးကို စမ်းကြည့်နိုင်ပါတယ်။ Detox Water လို့ ခေါ်တဲ့ ရေတစ်မျိုးပါ။ ကိုယ်တိုင်လည်း လွယ်လင့်တကူ ပြုလုပ်နိုင်ပြီး ထိရောက်ရောက် ကောင်းကျိုးခံစား ရနိုင်မှာပါ။ Detox Water ဟာ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ရှင်းလင်းပေးနိုင်ပြီး စိတ်နဲ့ကိုယ်ကို ကြည်လင် လန်းဆန်းစေနိုင်ပါတယ်။

လိုအပ်တာကတော့ သခွားသီး၊ ပူဒီနာ (ပူစီနံ)၊ သံပရိုသီးနဲ့ ဂျင်းတို့ပဲ ဖြစ်ပါတယ်။ သခွားသီးအသေးတစ်လုံး၊ သံပရိုသီးတစ်လုံးတို့ကို ပါးပါးလှီးပါ။ ပူဒီနာ ၁၂ ရွက်ကို လက် နဲ့အနည်းငယ်ချေပါ။ ခြစ်ထားတဲ့ ဂျင်း လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာတို့ကို လိုအပ်ပါတယ်။ အားလုံးပြင်ဆင် ပြီးရင်တော့ ရေ ၂ လီတာနဲ့ ပေါင်းစပ်ပေးရမှာပါ။

ရလာတဲ့ detox water ကို ဖန်ပုလင်းထဲမှာ ထည့်ပြီး သောက်ပေးရုံပါပဲ။ ရေ အစားထိုး သောက်ပေးရမှာ ဖြစ်ပြီး ရေဓာတ်ကို ပိုမို ဖြည့်တင်းပေးနိုင်တဲ့အပြင် လူကို ပေါ့ပါးလန်းဆန်းစေနိုင်မှာ ဖြစ်ပါတယ်။ 

အဆီတွေကို ဖယ်ရှား ရှင်းလင်းပေးနိုင်ဖို့အတွက် ကိုယ်တိုင်ပြုလုပ်ထားတဲ့ detox water ကို ပုံမှန်အတိုင်း သောက်ပေးရင် လေးရက်အတွင်း သိသာလာပါလိမ့်မယ်။



အောင်မြင့်မြတ်(Myanmar Youths)

ရာသီမလာခြင်းနဲ့စိတ်ပိုင်းဆိုင်ရာပြဿနာများနဲ့လူမှုပတ်ဝန်းကျင်



ရာသီမလာခြင်းဟာ အစားအသောက်ပျက်ရောဂါ (Anorrexia Nervoae) နဲ့ တခြားအစားအအိပ် မမှန်တဲ့ ရောဂါတွေနဲ့ ဆက်စပ်နေတတ်ပါသေးတယ်။ အသက်ငယ်စဉ်ကတည်းက ရာသီမှန်ရာက ရာသီပျောက်သွားရခြင်းဟာ အားကစား အလွန်အကျွံ လုပ်ခြင်း၊ ကိုယ်အလေးကျခြင်းတို့နဲ့ ပတ်သက် ဆက်စပ်နေရတာဆိုရင် နောက်ပိုင်းကာလတွေမှာလည်း ရာသီမှန်ဖို့ ခဲယဉ်းတတ်ပါတယ်။

အိမ်ထောင်ကျရင်လည်း ကလေးရဖို့ ခက်ခဲတတ်ပါသေးတယ်။ သွေးမဆင်းဘဲ အကြာကြီးရပ်နေခဲ့တဲ့ အမျိုးသမီးတွေမှာ အီစထရိုဂျင်ဟော်မုန်း ချို့တဲ့ခြင်းနဲ့ ကြုံတွေ့ရ တတ်တာမို့ ငယ်ငယ်ရွယ်ရွယ်နဲ့ သွေးဆုံးတဲ့ (menopause) အဖြစ်နဲ့ ရင်ဆိုင်ရတတ်ပါတယ်။ 

ဒါ့အပြင် အီစထရိုဂျင်ဟော်မုန်း လျော့နည်းမှုကြောင့် အရိုးပါးတာ၊ ကယ်လ်ဆီယမ် ဆုံးရှုံးတာတွေက အသက် ငယ်ရွယ်စဉ် ၂၅-၃၀ နှစ်လောက်မှာကို စတင်ခံစားရတာမို့ အရိုးကျိုးလွယ်၊ အက် လွယ်လာပါတော့တယ်။

သွေးမပေါ်စေတဲ့ အကြောင်းအရင်းကို သေချာမသိဘဲ ဟော်မုန်းဆေးတွေ၊ သွေးဆေးတွေ ကြားဖူးနားဝ နဲ့ သောက်တာ၊ သုံးတာ မပြုလုပ်သင့်ပါဘူး။ ကုသမှုကလည်း အကြောင်းရင်းပေါ် မူတည်တာမို့ တစ်ယောက်နဲ့ တစ်ယောက်လည်း မတူနိုင်ပါဘူး။ 

အီစထရိုဂျင်ဟော်မုန်း ပမာဏနည်းတဲ့ လူနာကို OG တွေက အဲဒီဟော်မုန်းပေးပြီး ကုသမှာ
ဖြစ်ပါတယ်။ အိမ်ထောင်မပြုဘူး၊ အိမ်ထောင်ပြုလည်း ကလေးယူဖို့ အစီအစဉ်လည်း မရှိဘူး။ သွေးမဆင်းတဲ့ အကြောင်းရင်းကလည်း အသက်အန္တရာယ် မရှိတာသေချာတယ်ဆိုရင် ဘာကုသမှုမှတောင် ယူစရာမလိုပါဘူး။ အားပေးစကားပြောခြင်း၊ လိုအပ်ရင် Follow-up မှန်မှန်သွားပြခြင်း ပြုလုပ်ရုံပါပဲ။

အီစထရိုဂျင် နည်းတာနဲ့အတူ အရိုးပါးရောဂါပါ ရှိနေရင် ကုသမှုကို တစ်လက်စတည်း ခံယူရမှာပါ။ ပြင်းထန်တဲ့ အားကစားလုပ်ခြင်းကို လျှော့ပါ၊ ကိုယ်အလေးချိန် ကျလွန်းတာကို ပုံမှန်ရောက်အောင် လုပ်၊ ကောင်းစွာ အနားယူပေမယ့် ရာသီသွေးမှန်မှန် လာဖို့ကတော့ မသေချာလှပါဘူး။

ဆေးဝါးကြောင့် ရာသီထိမ်တာဆိုရင် အဲဒီဆေးတွေ ဖြတ်တောက်ပြီး အခြားဆေးဝါးပြောင်းလဲကုဖို့ ဆရာဝန်များထံမှ အကြံဥာဏ်ယူရပါမယ်။ ဦးနှောက်ပိုင်းဆိုင်ရာ ဟိုက်ပိုသာလမတ်စ် ချို့ယွင်းချက်ကြောင့်ဆိုရင် သက်ဆိုင်ရာဆရာဝန်များ ညွှန်ကြားချက်အတိုင်း ဆေးကုသမှုခံယူရမှာပါ။ 

လက်ဝင်တဲ့ ကုသမှု၊ ဟော်မုန်းပမာဏတွေ အမြဲမပြတ် စစ်ဆေးနေရမှု၊ မှန်မှန်ပြန်လည်ပြသမှုတွေကို မပျက်မကွက် ခံယူသင့်ပါတယ်။ ကုသမှုအောင်မြင်မယ်၊ မအောင်မြင်ဘူးဆိုတာက ရောဂါရှင်ရဲ့ စိတ်ရှည်မှု၊ ဖြစ်စေတဲ့ အကြောင်းရင်းရဲ့ ကုသရ၊ မရအပေါ် မူတည်ပါတယ်။

Credit : Healthcare.com.mm
Ref : ဒေါက်တာမြချယ်ရီ (Ziwaka magazine)



အောင်မြင့်မြတ်(Myanmar Youths)

Sunday, 17 April 2016

သာမာန်ဝက်ခြံနဲ့ဆေးဝင်ခြံဘာကွာသလဲ



ဝက်ခြံပေါက်တဲ့ နေရာမှာလည်း ကွာခြားပါတယ်။ သာမန်ဝက်ခြံကတော့ အားလုံး သိကြတဲ့အတိုင်း မျက်နှာမှာပဲ ပေါက်တာပါ။ ဒါပေမယ့် ဆေးတွေကြောင့် ပေါက်လာတဲ့ ဆေးဝက်ခြံဆိုတဲ့ အဖုလေးတွေကတော့ မျက်နှာမှာလည်း ပေါက်တတ်တဲ့အပြင် ရင်ဘတ်နဲ့ ကျောအပေါ်ပိုင်းတွေမှာ ပိုပြီးတွေ့ရတတ်ပါတယ်။ 

ပေါက်လိုက်ရင်လည်း နည်းနည်းပါးပါးမဟုတ်ဘဲ အပြင်လိုက် အခဲလိုက်ပါ။ သာမန်ဝက်ခြံကတော့ တစ်လုံးစ၊ နှစ်လုံးစလည်း ပေါက်နိုင်သလို အုံလိုက်ကျင်းလိုက်လည်း ပေါက်နိုင်ပါတယ်။ ဒါ့အပြင် ပြည်ဝတ် တည်ပြီး မှည့်နေတဲ့ ဝက်ခြံဖုကြီးတွေရှိသလို ဝက်ခြံအမာရွတ်တွေ၊ အညိုမဲအရာတွေလည်း ရှိနေတတ်ပါတယ်။ 

ဆိုလိုတာက ဝက်ခြံဖုတွေဟာ အသွင် အမျိုးမျိုး ရောကောသောရောတွေပါ။ ဒါပေမယ့် ဆေးဝက်ခြံကျတော့ အဖုလေးတွေအားလုံးဟာ များသောအားဖြင့် အရွယ်တူတူညီညီပါ။ ရောင်ရမ်းတဲ့အသွင်မျိုး ရှိတာ ရှားပါတယ်။ တချို့တလေကတော့ ပြည်ဖုလေးတွေ ဝတ်နေတာမျိုး ရှိတတ်ပါတယ်။ နောက်ပြီး သာမန်ဝက်ခြံလို ပျောက်ကင်းသွားပြီးတဲ့အခါ အမာရွတ်ကျန်ခဲ့တာမျိုး ရှားပါတယ်။ ကံကောင်းတာပေါ့။ 

တကယ်တမ်းအနီးကပ် သေချာကြည့်ရင် တွေ့နေကျ ဝက်ခြံဖုတွေ ရဲ့ထိပ်မှာ ကော်မီဒုံး (comedone) ဆိုတဲ့ ဝက်ခြံခေါင်း၊ ဝက်ခြံဆံရှိပါတယ်။ ဒါပေမယ့် ဆေးဝက်ခြံဖုလေးတွေမှာတော့ အဆံမရှိပါဘူး။ ဒီတော့ ဆေးဝက်ခြံဖုတွေကို ညှစ်ကြည့်ရင် အဆံမထွက်ပါဘူး။

ဝက်ခြံနဲ့တူတဲ့ အဖုလေးတွေဟာ စောစောကပြောခဲ့သလို စတီးရွိုက်စားဆေး၊ ထိုးဆေးတွေကြောင့် အဓိကဖြစ်တာများပါတယ်။ ဒါပေမယ့် စတီးရွိုက်လိမ်းဆေးတွေကလည်း ဒုက္ခပေးနိုင်တာပါပဲ။ စတီးရွိုက်တွေဆိုတာလဲ တချို့ရောဂါတွေကို ဆေးကုသရာမှာ အစားထိုးစရာမရှိတော့ သုံးကိုသုံးနေကြရဆဲပါ။ 

ဒီတော့ ဘေးထွက်ဆိုးကျိုးအနေနဲ့ ဝက်ခြံလိုအဖုလေးတွေကို မကြာခဏ ကြုံနေကြရတာပါ။ ထူးဆန်းတာက စတီးရွိုက်ဆေးတွေကို သုံးစွဲတဲ့သူတိုင်း ပေါက်ချင်မှပေါက်တာပါ။ ဝက်ခြံအခံရှိသူတွေကတော့ ချက်ချင်းလိုလိုကို အများကြီးပေါက်လာတာပါ။ 

ဒီလို အသုံးများတဲ့ စတီးရွိုက်ဆေးတွေအပြင် တီဘီဆေးတွေ၊ စိတ်ကျန်းမာရေး ဆေးတွေကြောင့်လည်း ဝက်ခြံလိုအဖုတွေ ပေါက်တတ်ပါသေးတယ်။ ထုံးစံအတိုင်း အရပ်ကတော့ ဆေးတွေကြောင့် အပူကန်တဲ့ အပူဖုလေးတွေ လို့ပဲ ခေါ်လေ့ရှိပါတယ်။ အိုင်အိုဒိုက် (Iodides)၊ ဗရိုမိုက် (Bromides)၊ လစ်သီယမ် (Lithium) ပါဝင်တဲ့ ဆေးတွေဆိုရင် ဒီလိုအပူဖုတွေပေါက်တာ များပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ အရပ်ထဲသုံးနေကြတဲ့ အပူငြိမ်းဆေး၊ သွေးသန့်ဆေး၊ သွေးပုပ်ချဆေးစတဲ့ တိုင်းရင်းဆေး တချို့ကို သုံးစွဲပြီးတဲ့နောက်လည်း ဒီလိုအပူဖုတွေ ပေါက်တာမျိုး မကြာခဏ ကြုံလေ့ရှိပါတယ်။ အဲဒီဆေးတွေထဲမှာ ဘယ်လိုဆေးတွေ၊ ဓာတုပစ္စည်းတွေ ပါဝင်တယ် ဆိုတာတော့ မသိရပါဘူး။

တကယ်လိုအပ်လို့ ဆေးသောက်ပြီး ဝက်ခြံလိုအပူဖုတွေ ပေါက်တာအကြောင်း မဟုတ်ပါဘူး။ ဆေးဖြတ်ပြီးရင် တဖြည်းဖြည်းနဲ့ ပျောက်သွားမှာပါ။ ဘယ်လိုဖြတ်ဖြတ် ဆရာဝန်ညွှန်တဲ့ ဆေးသောက်လို့၊ လိမ်းလို့ တစ်ခုခု ထူးခြားရင် အဲဒီဆရာဝန်ဆီပဲ ပြန်သွားပြပေါ့။ 

ဆေးဆိုတာ ဘေးထွက်ဆိုးကျိုး အနည်းနဲ့အများ ရှိတာချည်းပါ။ တကယ်တော့ ဝက်ခြံလား၊ အပူဖုလားဆိုတာ ခွဲခြားပြီးမှ သင့်တော်သလို ကုသရမှာပါ။

ဒေါက်တာကျော်ကျော် (အရေပြားအထူးကုဆရာဝန်ကြီး)
Ziwaka magazine
Credit : Healthcare.com.mm



အောင်မြင့်မြတ်(Myanmar Youths)