အတုမရွိဗုဒၶျမတ္စြာဘုရား

အတုမရွိဗုဒၶျမတ္စြာဘုရား

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Sunday, 3 July 2016

အဆုတ္က်န္းမာေရးအတြက္လိုက္နာသင့္ေသာနည္းလမ္းမ်ား




<<< Zawgyi Version >>>

အသက္ရွင္ေနထုိင္ႏိုင္ဖို႔အတြက္ အသက္႐ွဴျခင္းဆုိင္ရာ လုပ္ငန္းစဥ္ကို စကၠန္႔နဲ႔အမွ် လုပ္ေဆာင္ေပးေနတဲ့ အဆုတ္ဟာ ခႏၶာကိုယ္အတြက္ အေရးႀကီးတဲ့ အဂၤါအစိတ္အပိုင္းတစ္ခု ျဖစ္ပါတယ္။ အဆုတ္ကို ခႏၶာကိုယ္အတြင္းမွာ နံ႐ိုးမ်ားနဲ႔ ကာကြယ္ေပးထားတာေၾကာင့္ အလြယ္တကူထိခိုက္မႈ မခံရႏုိင္ေပမယ့္ ေန႔စဥ္ေနထုိင္ စားေသာက္မႈပံုစံ မမွန္ကန္ျခင္းေၾကာင့္ အဆုတ္ကိုအႏၲရာယ္ က်ေရာက္ေစႏုိင္ပါတယ္။

အေမရိကန္ႏုိင္ငံမွာ ႏွလံုးေရာဂါ၊ ကင္ဆာေရာဂါ၊ ေလျဖတ္ေရာဂါေၾကာင့္ ေသဆံုးႏႈန္းျမင့္မားၿပီး စတုတၳေျမာက္ ေသဆံုးႏႈန္းမ်ားေသာေရာဂါမွာ နာတာရွည္အဆုတ္ေရာင္ေရာဂါ (COPD) ျဖစ္ပါတယ္။

ဒါေၾကာင့္ အသက္ရွည္ က်န္းမာေနထုိင္ႏိုင္ဖို႔အတြက္ အဆုတ္က်န္းမာေရးကို အထူးဂ႐ုစိုက္ေစာင့္ေရွာက္ဖို႔ လိုအပ္ပါတယ္။ ေဖာ္ျပပါ နည္းလမ္းေလးေတြက သင့္အဆုတ္က်န္းမာေရးအတြက္ အေထာက္အကူ ျဖစ္ေစပါလိမ့္မယ္။

(1)    ေဆးလိပ္ေသာက္ျခင္းမွ ေရွာင္က်ဥ္ပါ

ေဆးလိပ္ေသာက္ျခင္းေၾကာင့္ အဆုတ္ကင္ဆာ၊ နာတာရွည္အဆုတ္ေရာင္ ေရာဂါျဖစ္ႏုိင္ေျခ အခြင့္အလမ္းမ်ား ေစပါတယ္။ ထုိ႔အတူ ေဆးလိပ္ေငြ႕ကို ႐ွဴ႐ႈိက္မိသူေတြဟာလည္း ေဆးလိပ္ေသာက္သူ ကဲ့သို႔ ေရာဂါခံစားရႏုိင္ေခ် ရာခိုင္ႏႈန္းအျပည့္ ျဖစ္ပါတယ္။ ဒါေၾကာင့္ ေဆးလိပ္ကို အစပ်ိဳးမေသာက္မိေစဖို႔ ဆင္ျခင္သင့္တဲ့အျပင္ ေဆးလိပ္ေသာက္ေနသူေတြ အေနနဲ႔လည္း ေဆးလိပ္ျဖတ္ဖို႔ ၀န္မေလးသင့္ပါဘူး။

(2)    ညစ္ညမ္းေလထုကို ေရွာင္ရွားပါ

ညစ္ညမ္းတဲ့ေလကို ႐ွဴ႐ႈိက္မိျခင္းေၾကာင့္ နာတာရွည္အဆုတ္ေရာင္ေရာဂါ၊ ပန္းနာရင္က်ပ္ေရာဂါကို ခံစားရႏုိင္ၿပီး ေသဆံုးႏုိင္ေခ် ျမင့္မားေစႏုိင္ပါတယ္။ ကားအင္ဂ်င္မွထြက္တဲ့ အခိုးအေငြ႕မ်ား၊ စက္႐ံု၊ အလုပ္႐ံု မီးခိုးေခါင္းတိုင္မွထြက္တဲ့ မီးခိုးေငြ႕မ်ား၊ အမႈိက္မီး႐ႈိ႕ရာမွ ထြက္လာေသာ မီးခိုးေငြ႕မ်ား၊ အင္းဆက္ပိုးမႊားမ်ားကို ေသေစႏုိင္တဲ့ ျဖန္းေဆး၊ ျခင္းေဆးေငြ႕ စတာေတြဟာ ေလထုကိုညစ္ညမ္းေစၿပီး အဆုတ္ကို တုိက္႐ိုက္ထိခိုက္ေစႏုိင္တဲ့ အတြက္ေၾကာင့္ အထူးဂ႐ုျပဳကာကြယ္ဖုိ႔ လိုအပ္ပါတယ္။

(3)    အိမ္တြင္းေလထုကို သန္႔စင္ပါ

ျပင္ပမွာသာ ေလထုညစ္ညမ္းတတ္ျခင္း မဟုတ္ဘဲ အိမ္တြင္းအသံုးအေဆာင္ေတြျဖစ္တဲ့ မီးလင္းဖို၊ ထင္းမီးဖို၊ အင္းဆက္ပိုးမႊားမ်ား ခိုေအာင္ေနထိုင္ရာ ပစၥည္းမ်ား၊ ေလသန္႔စင္ေဆး၊ အခ်ိဳ႕ေသာ ဖေယာင္းတိုင္ေတြဟာလည္း အိမ္တြင္းေလကို ညစ္ညမ္းေစၿပီး အဆုတ္ေရာဂါကို ခံစားရေစႏုိင္ပါတယ္။ ဒါေၾကာင့္ ေန႔စဥ္အိမ္တြင္း သန္႔ရွင္းေရးျပဳလုပ္ေပးသင့္ၿပီး ေလ၀င္ေလထြက္ေကာင္းမြန္ေစ ရန္၊ ေနေရာင္ျခည္ေကာင္းမြန္စြာ ရရွိေစရန္ ျပတင္းေပါက္မ်ား ဖြင့္ထားကာ ပိုးမႊားမ်ားနဲ႔ အနံ႔အသက္မ်ားကို ကင္းစင္ေစသင့္ပါတယ္။ ဒါ့အျပင္ air cleaner ကိုအသံုးျပဳၿပီးလည္း အိမ္တြင္းေလထုကို သန္႔စင္ေပးသင့္ပါတယ္။

(4) အိမ္ခန္းအလွဆင္ပစၥည္းေတြကို ေသခ်ာေရြး၀ယ္ပါ

အိမ္သုတ္ေဆးေရြးခ်ယ္ရာမွာ အဆီအေျခခံသုတ္ေဆးအစား ေရအေျခခံသုတ္ေဆးကို ေရြးခ်ယ္သင့္ၿပီး အိမ္သန္႔ရွင္းပစၥည္းေတြမွာ အဆုတ္က်န္းမာေရးကို ထိခိုက္ေစႏုိင္တဲ့ (VOCs) အေငြ႔ျပန္လြယ္ေသာ ေအာ္ဂဲနစ္ျဒပ္ေပါင္း၊ (ammoria) အမိုးနီးယားဓာတ္ေငြ႕၊ (bleach) အေရာင္ခၽြတ္ေဆးစတဲ့ ဓာတုပစၥည္းေတြ ပါ၀င္ႏုိင္တာေၾကာင့္ အၫႊန္းေသခ်ာဖတ္ၿပီးမွ ၀ယ္ယူသင့္ပါတယ္။ ဒါေၾကာင့္ အဆုတ္ က်န္းမာေရးအတြက္ အိမ္အျပင္မွာသာမက အိမ္တြင္းမွာပါ ဂ႐ုျပဳသင့္ၿပီး က်န္းမာေရးနဲ႔ညီညြတ္ေစတဲ့ ပစၥည္းမ်ားကို ေရြးခ်ယ္အသံုးျပဳျခင္း၊ ေလ၀င္ေလထြက္ေကာင္းတဲ့ ေနရာမွာ အလုပ္လုပ္ျခင္း၊ နွာေခါင္းစည္း အသံုးျပဳၿပီး အမႈန္အမႊားမ်ား ၀င္ေရာက္ေစျခင္းမွ ကာကြယ္ျခင္းျဖင့္ အဆုတ္က်န္းမာေရး ေကာင္းေအာင္ ျပဳမူေနထုိင္ သင့္ပါတယ္။

(5)    ေရဒြန္ျဒပ္စင္ကို စစ္ေဆးပါ

ေျမႀကီးအတြင္းမွ ယူေရနီယမ္သတၱဳျဒပ္စပ္ ၿပိဳကြဲျခင္းေၾကာင့္ ထြက္လာတဲ့ ေရဒီယိုသတၱိႂကြဓာတ္ေငြ႕ျဖစ္ၿပီး အေဆာက္အအံုရဲ႕ အေျခခံအုတ္ျမစ္၊ နံရံအက္ကြဲေၾကာင္းမ်ားမွ အိမ္တြင္းသို႔ စိမ့္၀င္လာတတ္ပါတယ္။ ေဆးလိပ္ မေသာက္တတ္သူဆိုရင္ေတာင္ ယင္းေရဒြန္ရဲ႕ဆုိးက်ိဳးေၾကာင့္ အဆုတ္ကင္ဆာ ခံစားရႏုိင္ပါတယ္။ ဒါေၾကာင့္ အိမ္ထဲက ေရဒြန္ပမာဏကို စစ္ေဆးေပးသင့္ၿပီး ေရဒြန္ပမာဏ 2 နဲ႔ 4 p Ci/L ၾကားရွိပါက ေရဒြန္ပမာဏကို ေလ်ာ့ခ်ဖို႔ အေလးအနက္ထား စဥ္းစားသင့္ပါတယ္။

(6)    ျပင္ပေလထုကို ဂ႐ုျပဳပါ

အဆုတ္ေရာဂါ အခံရွိသူေတြအေနနဲ႔ ညစ္ညမ္းတဲ့ေလထုဒဏ္ကို ခံႏုိင္ရည္ မရွိတတ္ၾကပါဘူး။ ဒါေၾကာင့္ အဆုတ္ေရာဂါ ခံစားေနရသူသာမက အဆုတ္ေရာဂါမရွိသူေတြ အေနနဲ႔ပါ ညစ္ညမ္းေလထုဒဏ္မွ ေရွာင္က်ဥ္ႏုိင္ဖို႔ အျပင္ထြက္တဲ့အခ်ိန္တိုင္း ႀကိဳတင္ကာကြယ္မႈမ်ား ျပဳလုပ္သင့္ပါတယ္။

(7)    လုပ္ငန္းခြင္တြင္ မိမိကိုယ္ကိုကာကြယ္ပါ

မိမိတာ၀န္ထမ္းေဆာင္ရတဲ့ လုပ္ငန္းခြင္ေပၚမူတည္ၿပီး အဆုတ္က်န္းမာေရးအတြက္ ဂ႐ုစိုက္သင့္ပါတယ္။ အထူးသျဖင့္ ေဆာက္လုပ္ေရး၀န္ထမ္းမ်ားႏွင့္ ဆံေကသာအလွဖန္တီးရွင္ေတြ အေနနဲ႔ အသက္႐ွဴလမ္းေၾကာင္းမွ တဆင့္ အဆုတ္သုိ႔ တုိက္႐ိုက္ေရာက္ရွိေစႏုိင္မယ့္ ဓာတုပစၥည္းမ်ားအႏၲရာယ္မွ ကင္းေ၀းေစရန္ အကာအကြယ္ ယူသင့္ပါတယ္။ ဒါ့အျပင္ ဖုန္မႈန္႔ေတြ၊ အမႈန္အမႊားေတြ၊ သုတ္ေဆး၊ မႈတ္ေဆး၊ ကားအင္ဂ်င္မွ ထုတ္လႊတ္တဲ့ အခိုးအေငြ႕မ်ား၊ ဆုိးေဆးမ်ားတဲ့အစားအစာ၊ ဓာတုပစၥည္းနဲ႔ ျပဳလုပ္ထားတဲ့ တာရွည္ခံအစားအစာေတြဟာ အဆုတ္ေရာဂါျဖစ္ေစႏုိင္တဲ့ အဓိကအေၾကာင္းအရင္းမ်ား ျဖစ္တာေၾကာင့္ ႀကိဳတင္ကာကြယ္မႈမ်ား ျပဳလုပ္သင့္ၿပီး အစားအစာမ်ားကိုလည္း ဆင္ျခင္စားသံုးသင့္ပါတယ္။

(8)    အစားအစာမွန္ကန္စြာ ေရြးခ်ယ္စားသံုးပါ

အဆုတ္က်န္းမာေရးအတြက္ အင္တီေအာက္ဆီးဒင့္ ႀကြယ္၀တဲ့ အစားအစာေတြကို ေရြးခ်ယ္စားသင့္ပါတယ္။ ပန္းေဂၚဖီစိမ္း၊ ပန္းေဂၚဖီ၊ ေဂၚဖီထုပ္၊ တ႐ုတ္မုန္ညင္း၊ ကိုက္လန္ စတဲ့ စိမ္းစိမ္းစိုစို အရြက္ဖားဖား ဟင္းသီးဟင္းရြက္ေတြမွာ အင္တီေအာက္ဆီးဒင့္မ်ားစြာ ပါ၀င္တဲ့အတြက္ အဆုတ္က်န္းမာေရးအတြက္ ေကာင္းေစၿပီး အဆုတ္ကင္ဆာျဖစ္ျခင္းမွ ကာကြယ္ေပးႏုိင္ပါတယ္။

(9)    ေလ့က်င့္ခန္းလုပ္ပါ

ေလ့က်င့္ခန္းကို စြမ္းစြမ္းတမံ လုပ္ေဆာင္ျခင္းေၾကာင့္ အဆုတ္စြမ္းေဆာင္ရည္ တုိးတက္ေစကာ ႏွလံုးနဲ႔ ႂကြက္သား စိုင္မ်ားဆီသို႔ ေအာက္ဆီဂ်င္ေရာက္ရွိမႈ ပိုမိုလြယ္ကူေစပါတယ္။

(10) ကူးစက္ေရာဂါအႏၲရာယ္မွ ကာကြယ္ပါ

နာတာရွည္အဆုတ္ေရာင္ေရာဂါ ခံစားေနရသူေတြမွာ အသက္႐ွဴလမ္းေၾကာင္း ကူးစက္ေရာဂါ ျဖစ္ပြားလြယ္ေစပါတယ္။ ဒါေၾကာင့္ တုပ္ေကြးရာသီမွာ တုပ္ေကြးေရာဂါ ကာကြယ္ေဆးထုိးသင့္ၿပီး၊ အသက္ 65 ႏွစ္ေက်ာ္ သူမ်ားအေနနဲ႔ အဆုတ္ေရာင္နာျဖစ္ေစတဲ့ ေရာဂါပိုး ကာကြယ္ေဆးထုိးသင့္ပါတယ္။ ဒါ့အျပင္ လက္ကိုဆပ္ျပာနဲ႔ စင္ၾကယ္စြာေဆးေၾကာျခင္း၊ တုပ္ေကြးရာသီမွာ လူစုလူေ၀းမ်ားတဲ့ေနရာေတြကို သြားလာမႈမျပဳျခင္း၊ ျပည့္ျပည့္၀၀အနားယူျခင္း၊ က်န္းမာေရးနဲ႔ညီညြတ္စြာ စားသံုးျခင္း၊ စိတ္တည္ၿငိမ္ေအးခ်မ္းမႈ ရယူျခင္းစတဲ့ အခ်က္မ်ားကိုလိုက္နာကာ ကူးစက္ေရာဂါပိုး ၀င္ေရာက္ျခင္းမရွိေအာင္ ကာကြယ္သင့္ပါတယ္။

(11) ေရာဂါလကၡဏာမ်ားကို သတိျပဳပါ

တစ္လေက်ာ္ၾကာ ေခ်ာင္းဆုိးေနရင္ ဒါမွမဟုတ္ အသက္႐ွဴရခက္ခဲတဲ့ ေရာဂါလကၡဏာမ်ားခံစားရပါက ဆရာ၀န္ ျပသင့္ေနပါၿပီ။ ၎နည္းတူ သလိပ္သံႏွင့္ ခက္ခက္ခဲခဲ အသက္႐ွဴေနရျခင္း၊ ေခ်ာင္းဆိုးေသြးပါျခင္း၊ ခၽြဲသလိပ္သံပါတဲ့ ေခ်ာင္းဆုိးျခင္း၊ ရင္ဘတ္ေအာင့္ျခင္းတုိ႔ကို တစ္လထက္ ပိုခံစားေနရပါက အဆုတ္က်န္းမာေရး ထိခိုက္ေနၿပီျဖစ္တာေၾကာင့္ က်န္းမာေရးစစ္ေဆးမႈမ်ား ျပဳလုပ္သင့္ပါတယ္။

(12) မိမိကိုယ္ကိုေစာင့္ေရွာက္ပါ

ပန္းနာရင္က်ပ္ေရာဂါ ဒါမွမဟုတ္ နာတာရွည္အဆုတ္ေရာင္ေရာဂါ ခံစားေနရပါက မိမိေရာဂါနဲ႔ပတ္သက္တဲ့ လိုအပ္တဲ့ ပစၥည္းမ်ားကို ေဆာင္ထားသင့္ပါတယ္။ ေခ်ာင္းဆုိးျခင္း၊ အသက္႐ွဴက်ပ္ျခင္း၊ ပန္းနာရင္က်ပ္ေရာဂါ ထျခင္း အတြက္ corticosteroids သို႔ albuterol ႐ွဴေဆးကို ဆရာ၀န္ညႊန္ၾကားသည့္အတိုင္း ရွဴေပးျခင္းျဖင့္ ေရာဂါသက္သာေစႏုိင္ပါတယ္။ မိိမိေရာဂါကို ပိုမိုဆိုး၀ါးေစသည့္ အခ်က္မ်ားကိုလဲ သတိျပဳမွတ္သားၿပီး ေရွာင္က်ဥ္သင့္ပါတယ္။ ေရာဂါလကၡဏာမ်ား ပိုမိုမဆိုးႏုိင္ေစဖို႔ အသက္႐ွဴလမ္းေၾကာင္း ကူးစက္ပိုး၀င္ေရာက္ျခင္း မရွိေစရန္ ကာကြယ္မႈမ်ားလည္း ျပဳလုပ္သင့္ပါတယ္။





<<< Unicode Version >>>

အဆုတ်ကျန်းမာရေးအတွက် လိုက်နာသင့်သောနည်းလမ်းများ

အသက်ရှင်နေထိုင်နိုင်ဖို့အတွက် အသက်ရှူခြင်းဆိုင်ရာ လုပ်ငန်းစဉ်ကို စက္ကန့်နဲ့အမျှ လုပ်ဆောင်ပေးနေတဲ့ အဆုတ်ဟာ ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ အဆုတ်ကို ခန္ဓာကိုယ်အတွင်းမှာ နံရိုးများနဲ့ ကာကွယ်ပေးထားတာကြောင့် အလွယ်တကူထိခိုက်မှု မခံရနိုင်ပေမယ့် နေ့စဉ်နေထိုင် စားသောက်မှုပုံစံ မမှန်ကန်ခြင်းကြောင့် အဆုတ်ကိုအန္တရာယ် ကျရောက်စေနိုင်ပါတယ်။

အမေရိကန်နိုင်ငံမှာ နှလုံးရောဂါ၊ ကင်ဆာရောဂါ၊ လေဖြတ်ရောဂါကြောင့် သေဆုံးနှုန်းမြင့်မားပြီး စတုတ္ထမြောက် သေဆုံးနှုန်းများသောရောဂါမှာ နာတာရှည်အဆုတ်ရောင်ရောဂါ (COPD) ဖြစ်ပါတယ်။

ဒါကြောင့် အသက်ရှည် ကျန်းမာနေထိုင်နိုင်ဖို့အတွက် အဆုတ်ကျန်းမာရေးကို အထူးဂရုစိုက်စောင့်ရှောက်ဖို့ လိုအပ်ပါတယ်။ ဖော်ပြပါ နည်းလမ်းလေးတွေက သင့်အဆုတ်ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေပါလိမ့်မယ်။

(1)    ဆေးလိပ်သောက်ခြင်းမှ ရှောင်ကျဉ်ပါ

ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်ကင်ဆာ၊ နာတာရှည်အဆုတ်ရောင် ရောဂါဖြစ်နိုင်ခြေ အခွင့်အလမ်းများ စေပါတယ်။ ထို့အတူ ဆေးလိပ်ငွေ့ကို ရှူရှိုက်မိသူတွေဟာလည်း ဆေးလိပ်သောက်သူ ကဲ့သို့ ရောဂါခံစားရနိုင်ချေ ရာခိုင်နှုန်းအပြည့် ဖြစ်ပါတယ်။ ဒါကြောင့် ဆေးလိပ်ကို အစပျိုးမသောက်မိစေဖို့ ဆင်ခြင်သင့်တဲ့အပြင် ဆေးလိပ်သောက်နေသူတွေ အနေနဲ့လည်း ဆေးလိပ်ဖြတ်ဖို့ ၀န်မလေးသင့်ပါဘူး။

(2)    ညစ်ညမ်းလေထုကို ရှောင်ရှားပါ

ညစ်ညမ်းတဲ့လေကို ရှူရှိုက်မိခြင်းကြောင့် နာတာရှည်အဆုတ်ရောင်ရောဂါ၊ ပန်းနာရင်ကျပ်ရောဂါကို ခံစားရနိုင်ပြီး သေဆုံးနိုင်ချေ မြင့်မားစေနိုင်ပါတယ်။ ကားအင်ဂျင်မှထွက်တဲ့ အခိုးအငွေ့များ၊ စက်ရုံ၊ အလုပ်ရုံ မီးခိုးခေါင်းတိုင်မှထွက်တဲ့ မီးခိုးငွေ့များ၊ အမှိုက်မီးရှို့ရာမှ ထွက်လာသော မီးခိုးငွေ့များ၊ အင်းဆက်ပိုးမွှားများကို သေစေနိုင်တဲ့ ဖြန်းဆေး၊ ခြင်းဆေးငွေ့ စတာတွေဟာ လေထုကိုညစ်ညမ်းစေပြီး အဆုတ်ကို တိုက်ရိုက်ထိခိုက်စေနိုင်တဲ့ အတွက်ကြောင့် အထူးဂရုပြုကာကွယ်ဖို့ လိုအပ်ပါတယ်။

(3)    အိမ်တွင်းလေထုကို သန့်စင်ပါ

ပြင်ပမှာသာ လေထုညစ်ညမ်းတတ်ခြင်း မဟုတ်ဘဲ အိမ်တွင်းအသုံးအဆောင်တွေဖြစ်တဲ့ မီးလင်းဖို၊ ထင်းမီးဖို၊ အင်းဆက်ပိုးမွှားများ ခိုအောင်နေထိုင်ရာ ပစ္စည်းများ၊ လေသန့်စင်ဆေး၊ အချို့သော ဖယောင်းတိုင်တွေဟာလည်း အိမ်တွင်းလေကို ညစ်ညမ်းစေပြီး အဆုတ်ရောဂါကို ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်အိမ်တွင်း သန့်ရှင်းရေးပြုလုပ်ပေးသင့်ပြီး လေဝင်လေထွက်ကောင်းမွန်စေ ရန်၊ နေရောင်ခြည်ကောင်းမွန်စွာ ရရှိစေရန် ပြတင်းပေါက်များ ဖွင့်ထားကာ ပိုးမွှားများနဲ့ အနံ့အသက်များကို ကင်းစင်စေသင့်ပါတယ်။ ဒါ့အပြင် air cleaner ကိုအသုံးပြုပြီးလည်း အိမ်တွင်းလေထုကို သန့်စင်ပေးသင့်ပါတယ်။

(4) အိမ်ခန်းအလှဆင်ပစ္စည်းတွေကို သေချာရွေးဝယ်ပါ

အိမ်သုတ်ဆေးရွေးချယ်ရာမှာ အဆီအခြေခံသုတ်ဆေးအစား ရေအခြေခံသုတ်ဆေးကို ရွေးချယ်သင့်ပြီး အိမ်သန့်ရှင်းပစ္စည်းတွေမှာ အဆုတ်ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ (VOCs) အငွေ့ပြန်လွယ်သော အော်ဂဲနစ်ဒြပ်ပေါင်း၊ (ammoria) အမိုးနီးယားဓာတ်ငွေ့၊ (bleach) အရောင်ချွတ်ဆေးစတဲ့ ဓာတုပစ္စည်းတွေ ပါ၀င်နိုင်တာကြောင့် အညွှန်းသေချာဖတ်ပြီးမှ ၀ယ်ယူသင့်ပါတယ်။ ဒါကြောင့် အဆုတ် ကျန်းမာရေးအတွက် အိမ်အပြင်မှာသာမက အိမ်တွင်းမှာပါ ဂရုပြုသင့်ပြီး ကျန်းမာရေးနဲ့ညီညွတ်စေတဲ့ ပစ္စည်းများကို ရွေးချယ်အသုံးပြုခြင်း၊ လေဝင်လေထွက်ကောင်းတဲ့ နေရာမှာ အလုပ်လုပ်ခြင်း၊ နှာခေါင်းစည်း အသုံးပြုပြီး အမှုန်အမွှားများ ၀င်ရောက်စေခြင်းမှ ကာကွယ်ခြင်းဖြင့် အဆုတ်ကျန်းမာရေး ကောင်းအောင် ပြုမူနေထိုင် သင့်ပါတယ်။

(5)    ရေဒွန်ဒြပ်စင်ကို စစ်ဆေးပါ

မြေကြီးအတွင်းမှ ယူရေနီယမ်သတ္တုဒြပ်စပ် ပြိုကွဲခြင်းကြောင့် ထွက်လာတဲ့ ရေဒီယိုသတ္တိကြွဓာတ်ငွေ့ဖြစ်ပြီး အဆောက်အအုံရဲ့ အခြေခံအုတ်မြစ်၊ နံရံအက်ကွဲကြောင်းများမှ အိမ်တွင်းသို့ စိမ့်ဝင်လာတတ်ပါတယ်။ ဆေးလိပ် မသောက်တတ်သူဆိုရင်တောင် ယင်းရေဒွန်ရဲ့ဆိုးကျိုးကြောင့် အဆုတ်ကင်ဆာ ခံစားရနိုင်ပါတယ်။ ဒါကြောင့် အိမ်ထဲက ရေဒွန်ပမာဏကို စစ်ဆေးပေးသင့်ပြီး ရေဒွန်ပမာဏ 2 နဲ့ 4 p Ci/L ကြားရှိပါက ရေဒွန်ပမာဏကို လျော့ချဖို့ အလေးအနက်ထား စဉ်းစားသင့်ပါတယ်။

(6)    ပြင်ပလေထုကို ဂရုပြုပါ

အဆုတ်ရောဂါ အခံရှိသူတွေအနေနဲ့ ညစ်ညမ်းတဲ့လေထုဒဏ်ကို ခံနိုင်ရည် မရှိတတ်ကြပါဘူး။ ဒါကြောင့် အဆုတ်ရောဂါ ခံစားနေရသူသာမက အဆုတ်ရောဂါမရှိသူတွေ အနေနဲ့ပါ ညစ်ညမ်းလေထုဒဏ်မှ ရှောင်ကျဉ်နိုင်ဖို့ အပြင်ထွက်တဲ့အချိန်တိုင်း ကြိုတင်ကာကွယ်မှုများ ပြုလုပ်သင့်ပါတယ်။

(7)    လုပ်ငန်းခွင်တွင် မိမိကိုယ်ကိုကာကွယ်ပါ

မိမိတာဝန်ထမ်းဆောင်ရတဲ့ လုပ်ငန်းခွင်ပေါ်မူတည်ပြီး အဆုတ်ကျန်းမာရေးအတွက် ဂရုစိုက်သင့်ပါတယ်။ အထူးသဖြင့် ဆောက်လုပ်ရေးဝန်ထမ်းများနှင့် ဆံကေသာအလှဖန်တီးရှင်တွေ အနေနဲ့ အသက်ရှူလမ်းကြောင်းမှ တဆင့် အဆုတ်သို့ တိုက်ရိုက်ရောက်ရှိစေနိုင်မယ့် ဓာတုပစ္စည်းများအန္တရာယ်မှ ကင်းဝေးစေရန် အကာအကွယ် ယူသင့်ပါတယ်။ ဒါ့အပြင် ဖုန်မှုန့်တွေ၊ အမှုန်အမွှားတွေ၊ သုတ်ဆေး၊ မှုတ်ဆေး၊ ကားအင်ဂျင်မှ ထုတ်လွှတ်တဲ့ အခိုးအငွေ့များ၊ ဆိုးဆေးများတဲ့အစားအစာ၊ ဓာတုပစ္စည်းနဲ့ ပြုလုပ်ထားတဲ့ တာရှည်ခံအစားအစာတွေဟာ အဆုတ်ရောဂါဖြစ်စေနိုင်တဲ့ အဓိကအကြောင်းအရင်းများ ဖြစ်တာကြောင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်သင့်ပြီး အစားအစာများကိုလည်း ဆင်ခြင်စားသုံးသင့်ပါတယ်။

(8)    အစားအစာမှန်ကန်စွာ ရွေးချယ်စားသုံးပါ

အဆုတ်ကျန်းမာရေးအတွက် အင်တီအောက်ဆီးဒင့် ကြွယ်ဝတဲ့ အစားအစာတွေကို ရွေးချယ်စားသင့်ပါတယ်။ ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ တရုတ်မုန်ညင်း၊ ကိုက်လန် စတဲ့ စိမ်းစိမ်းစိုစို အရွက်ဖားဖား ဟင်းသီးဟင်းရွက်တွေမှာ အင်တီအောက်ဆီးဒင့်များစွာ ပါ၀င်တဲ့အတွက် အဆုတ်ကျန်းမာရေးအတွက် ကောင်းစေပြီး အဆုတ်ကင်ဆာဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

(9)    လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်းကို စွမ်းစွမ်းတမံ လုပ်ဆောင်ခြင်းကြောင့် အဆုတ်စွမ်းဆောင်ရည် တိုးတက်စေကာ နှလုံးနဲ့ ကြွက်သား စိုင်များဆီသို့ အောက်ဆီဂျင်ရောက်ရှိမှု ပိုမိုလွယ်ကူစေပါတယ်။

(10) ကူးစက်ရောဂါအန္တရာယ်မှ ကာကွယ်ပါ

နာတာရှည်အဆုတ်ရောင်ရောဂါ ခံစားနေရသူတွေမှာ အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါ ဖြစ်ပွားလွယ်စေပါတယ်။ ဒါကြောင့် တုပ်ကွေးရာသီမှာ တုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးသင့်ပြီး၊ အသက် 65 နှစ်ကျော် သူများအနေနဲ့ အဆုတ်ရောင်နာဖြစ်စေတဲ့ ရောဂါပိုး ကာကွယ်ဆေးထိုးသင့်ပါတယ်။ ဒါ့အပြင် လက်ကိုဆပ်ပြာနဲ့ စင်ကြယ်စွာဆေးကြောခြင်း၊ တုပ်ကွေးရာသီမှာ လူစုလူဝေးများတဲ့နေရာတွေကို သွားလာမှုမပြုခြင်း၊ ပြည့်ပြည့်ဝဝအနားယူခြင်း၊ ကျန်းမာရေးနဲ့ညီညွတ်စွာ စားသုံးခြင်း၊ စိတ်တည်ငြိမ်အေးချမ်းမှု ရယူခြင်းစတဲ့ အချက်များကိုလိုက်နာကာ ကူးစက်ရောဂါပိုး ၀င်ရောက်ခြင်းမရှိအောင် ကာကွယ်သင့်ပါတယ်။

(11) ရောဂါလက္ခဏာများကို သတိပြုပါ

တစ်လကျော်ကြာ ချောင်းဆိုးနေရင် ဒါမှမဟုတ် အသက်ရှူရခက်ခဲတဲ့ ရောဂါလက္ခဏာများခံစားရပါက ဆရာဝန် ပြသင့်နေပါပြီ။ ၎င်းနည်းတူ သလိပ်သံနှင့် ခက်ခက်ခဲခဲ အသက်ရှူနေရခြင်း၊ ချောင်းဆိုးသွေးပါခြင်း၊ ချွဲသလိပ်သံပါတဲ့ ချောင်းဆိုးခြင်း၊ ရင်ဘတ်အောင့်ခြင်းတို့ကို တစ်လထက် ပိုခံစားနေရပါက အဆုတ်ကျန်းမာရေး ထိခိုက်နေပြီဖြစ်တာကြောင့် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်သင့်ပါတယ်။

(12) မိမိကိုယ်ကိုစောင့်ရှောက်ပါ

ပန်းနာရင်ကျပ်ရောဂါ ဒါမှမဟုတ် နာတာရှည်အဆုတ်ရောင်ရောဂါ ခံစားနေရပါက မိမိရောဂါနဲ့ပတ်သက်တဲ့ လိုအပ်တဲ့ ပစ္စည်းများကို ဆောင်ထားသင့်ပါတယ်။ ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်း၊ ပန်းနာရင်ကျပ်ရောဂါ ထခြင်း အတွက် corticosteroids သို့ albuterol ရှူဆေးကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း ရှူပေးခြင်းဖြင့် ရောဂါသက်သာစေနိုင်ပါတယ်။ မိိမိရောဂါကို ပိုမိုဆိုးဝါးစေသည့် အချက်များကိုလဲ သတိပြုမှတ်သားပြီး ရှောင်ကျဉ်သင့်ပါတယ်။ ရောဂါလက္ခဏာများ ပိုမိုမဆိုးနိုင်စေဖို့ အသက်ရှူလမ်းကြောင်း ကူးစက်ပိုးဝင်ရောက်ခြင်း မရှိစေရန် ကာကွယ်မှုများလည်း ပြုလုပ်သင့်ပါတယ်။


Credit : drmyamar.com



ကြ်န္ေတာ္သိ၊ကြ်န္ေတာ္တတ္၍ ေရးသားျခင္းမဟုတ္ပါခင္ဗ်ာ။ ကြ်န္ေတာ္ေလ့လာမိသမွ်ကို စာဖတ္သူမ်ားျပန္လည္ေလ့လာမိေစရန္ ျပန္လည္မွ်ေဝျခင္းသာျဖစ္ပါသည္။ ကြ်န္ေတာ့္ပို႕စ္တစ္ခုခ်င္းစီအတြက္ မူရင္းေရးသားသူမ်ားကို အထူးေက်းဇူးဥပကာရတင္ရွိပါတယ္ခင္ဗ်ာ။ ေအာင္ျမင့္ျမတ္(Myanmar Youths) Ph-09256480246

ကေလးငယ္မ်ားကိုႏြားနို႕တိုက္မည္ဆိုလွ်င္




<<< Zawgyi Version >>>


ႏြားႏို႔ဟာ အျခားေသာ က်န္းမာေရး ျပႆနာကိုပါ သယ္လာတာေၾကာင့္ ကေလးေတြကို တိုက္ဖို႔သင့္၊ မသင့္ ဆိုတာကို စဥ္းစားလာၾကပါတယ္။

၁။ ဓာတ္ မတည့္မႈ ျဖစ္ေစျခင္း

ႏြားႏို႔မွာ ပ႐ိုတင္း၊ ႏို႔သၾကား၊ သတၱဳဓာတ္၊ အဆီဓာတ္နဲ႔ တျခားပစၥည္းေတြကိုလည္း ပါဝင္ပါတယ္။ ႏြားႏို႔မွာ ပါဝင္တ့ဲ အဲဒီအစိတ္အပိုင္းေတြ ဝင္ေရာက္လာတ့ဲအခ်ိန္မွာ ခႏၶာကိုယ္ကေန Immunoglobulin E လို႔ေခၚတ့ဲ ပစၥည္းေတြ ထြက္လာကာ ဓာတ္ျပဳ မႈေတြ ျဖစ္ပြားတတ္ပါတယ္။ အဲဒါေတြကို
ႏို႔ႏွင့္ ဓာတ္မတည့္ျခင္းလို႔ သတ္မွတ္ၾကပါတယ္။

၂။ ႏို႔သၾကားကို မေခ်ဖ်က္ႏိုင္သည့္ ျပႆနာမ်ား

အသက္ ၅ ႏွစ္ေအာက္ ကေလးငယ္ေတြ၊ အထူးသျဖင့္ ၾကာရွည္ဝမ္းေလွ်ာတာ၊ ဖ်ားနာတာေတြကို ခံစားလိုက္ရတ့ဲ အခ်ိန္မွာ Lactase Enzyme ဟာ ခ်ိဳ႕တ့ဲသြားၿပီး ေနာက္ဆက္တြဲအေနနဲ႔ ႏို႔သၾကားကို မေခ်ဖ်က္ႏိုင္တ့ဲ ျပႆနာေတြကို ျဖစ္ေပၚေစတတ္ပါတယ္။

၃။ ေသြးအားနည္းေစျခင္း

ႏြားႏို႔ဟာ ကေလးေတြကို အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ပဲ ေသြးအားနည္းေရာဂါကို ခံစားရေစပါတယ္။ ႏြားႏို႕မွာ ပါဝင္တ့ဲ အခ်ိဳ႕ပ႐ိုတင္းေတြဟာ အစာေျခ အဂၤါအဖြဲ႕အစည္းရဲ႕ Lining ေတြကို ပ်က္စီးေစၿပီး ေသြးယိုစိမ့္မႈေတြကို ျဖစ္ေစတတ္ပါတယ္။

၄။ ဆီးခ်ိဳေရာဂါ

ႏို႔ထြက္ အစားအေသာက္ေတြထဲမွာ ပါဝင္တ့ဲ အခ်ိဳ႕ပ႐ုိတင္းေတြဟာ ခႏၶာကိုယ္ရဲ႕ အလိုအေလ်ာက္ တံုျပန္ႏိုင္စြမ္းအားကို ပိုေကာင္းလာေစၿပီး တခ်ိဳ႕အဂၤါေတြကို ပ်က္စီးေစပါတယ္။ အဲဒီလို သက္ေရာက္မႈေတြဟာ ပန္ကရိယမွာရွိတ့ဲ အင္ဆူလင္ ထုတ္ေပးတ့ဲ ဆဲလ္ေတြကို ဖ်က္စီးေပးၿပီး အင္ဆူလင္ေတြကို ေလ်ာ့နည္းသြားေစကာ ကေလးဘဝမွာ ဆီးခ်ိဳေရာဂါကို အစပ်ိဳးေစပါတယ္။

၅။ အဆီမ်ားလာျခင္း

ႏြားႏို႔မွာ Essential Fatty Acid ေတြကေတာ့ ခပ္နည္းနည္းေလာက္သာ ပါဝင္ပါတယ္။ တျခား အစားအေသာက္ေတြမွာ ပါဝင္တ့ဲ ျပည့္ဝဆီေတြလိုပဲ ႏြားႏို႔မွာ ပါဝင္တ့ဲ ျပည့္ဝဆီေတြဟာ ႏွလံုးေရာဂါ၊ ေသြးေၾကာနဲ႔ ပတ္သက္တ့ဲ ေရာဂါ၊ အဝလြန္တာေတြကို ျဖစ္ေစတတ္ပါတယ္။

Credit : ႏွင္းႏုလြင္ (ေဆးဝါး)၊ Arogyam magazine
Healthcare.com.mm သင့္က်န္းမာေရး ေစာင့္ေရွာက္ေပး

<<< Unicode Version >>>

ကလေးငယ်များကို နွားနို့တိုက်မည်ဆိုလျှင်

နွားနို့ဟာ အခြားသော ကျန်းမာရေး ပြဿနာကိုပါ သယ်လာတာကြောင့် ကလေးတွေကို တိုက်ဖို့သင့်၊ မသင့် ဆိုတာကို စဉ်းစားလာကြပါတယ်။

၁။ ဓာတ် မတည့်မှု ဖြစ်စေခြင်း

နွားနို့မှာ ပရိုတင်း၊ နို့သကြား၊ သတ္တုဓာတ်၊ အဆီဓာတ်နဲ့ တခြားပစ္စည်းတွေကိုလည်း ပါဝင်ပါတယ်။ နွားနို့မှာ ပါဝင်တဲ့ အဲဒီအစိတ်အပိုင်းတွေ ဝင်ရောက်လာတဲ့အချိန်မှာ ခန္ဓာကိုယ်ကနေ Immunoglobulin E လို့ခေါ်တဲ့ ပစ္စည်းတွေ ထွက်လာကာ ဓာတ်ပြု မှုတွေ ဖြစ်ပွားတတ်ပါတယ်။ အဲဒါတွေကို
နို့နှင့် ဓာတ်မတည့်ခြင်းလို့ သတ်မှတ်ကြပါတယ်။

၂။ နို့သကြားကို မချေဖျက်နိုင်သည့် ပြဿနာများ

အသက် ၅ နှစ်အောက် ကလေးငယ်တွေ၊ အထူးသဖြင့် ကြာရှည်ဝမ်းလျှောတာ၊ ဖျားနာတာတွေကို ခံစားလိုက်ရတဲ့ အချိန်မှာ Lactase Enzyme ဟာ ချို့တဲ့သွားပြီး နောက်ဆက်တွဲအနေနဲ့ နို့သကြားကို မချေဖျက်နိုင်တဲ့ ပြဿနာတွေကို ဖြစ်ပေါ်စေတတ်ပါတယ်။

၃။ သွေးအားနည်းစေခြင်း

နွားနို့ဟာ ကလေးတွေကို အကြောင်းအမျိုးမျိုးကြောင့်ပဲ သွေးအားနည်းရောဂါကို ခံစားရစေပါတယ်။ နွားနို့မှာ ပါဝင်တဲ့ အချို့ပရိုတင်းတွေဟာ အစာခြေ အင်္ဂါအဖွဲ့အစည်းရဲ့ Lining တွေကို ပျက်စီးစေပြီး သွေးယိုစိမ့်မှုတွေကို ဖြစ်စေတတ်ပါတယ်။

၄။ ဆီးချိုရောဂါ

နို့ထွက် အစားအသောက်တွေထဲမှာ ပါဝင်တဲ့ အချို့ပရိုတင်းတွေဟာ ခန္ဓာကိုယ်ရဲ့ အလိုအလျောက် တုံပြန်နိုင်စွမ်းအားကို ပိုကောင်းလာစေပြီး တချို့အင်္ဂါတွေကို ပျက်စီးစေပါတယ်။ အဲဒီလို သက်ရောက်မှုတွေဟာ ပန်ကရိယမှာရှိတဲ့ အင်ဆူလင် ထုတ်ပေးတဲ့ ဆဲလ်တွေကို ဖျက်စီးပေးပြီး အင်ဆူလင်တွေကို လျော့နည်းသွားစေကာ ကလေးဘဝမှာ ဆီးချိုရောဂါကို အစပျိုးစေပါတယ်။

၅။ အဆီများလာခြင်း

နွားနို့မှာ Essential Fatty Acid တွေကတော့ ခပ်နည်းနည်းလောက်သာ ပါဝင်ပါတယ်။ တခြား အစားအသောက်တွေမှာ ပါဝင်တဲ့ ပြည့်ဝဆီတွေလိုပဲ နွားနို့မှာ ပါဝင်တဲ့ ပြည့်ဝဆီတွေဟာ နှလုံးရောဂါ၊ သွေးကြောနဲ့ ပတ်သက်တဲ့ ရောဂါ၊ အဝလွန်တာတွေကို ဖြစ်စေတတ်ပါတယ်။

Credit : နှင်းနုလွင် (ဆေးဝါး)၊ Arogyam magazine
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး



ကြ်န္ေတာ္သိ၊ကြ်န္ေတာ္တတ္၍ ေရးသားျခင္းမဟုတ္ပါခင္ဗ်ာ။ ကြ်န္ေတာ္ေလ့လာမိသမွ်ကို စာဖတ္သူမ်ားျပန္လည္ေလ့လာမိေစရန္ ျပန္လည္မွ်ေဝျခင္းသာျဖစ္ပါသည္။ ကြ်န္ေတာ့္ပို႕စ္တစ္ခုခ်င္းစီအတြက္ မူရင္းေရးသားသူမ်ားကို အထူးေက်းဇူးဥပကာရတင္ရွိပါတယ္ခင္ဗ်ာ။ ေအာင္ျမင့္ျမတ္(Myanmar Youths) Ph-09256480246

ေသြးေပါင္က်ျခင္းႏွင့္ေသြးအားနည္းျခင္း





* ေသြးေပါင္က်ျခင္းႏွင့္ ေသြးအားနည္းျခင္းသည္ လည္းမတူညီပါ။
ေသြးေပါင္က်ျခင္းဆိုသည္မွာ အေပၚေသြးႏွင့္ ေအာက္ေသြးကို တိုင္းတာပါက ရိွသင့္ေသာ ေသြးေပါင္ခ်ိန္ထက္ နည္းေနသည္ကို ေခၚဆိုသည္။

* ေသြးအားနည္းျခင္းဆိုသည္မွာ ေသြးအတြင္းရိွ ေသြးနီဥမ်ားတြင္ ပါ၀င္ေသာဟီမိုဂလုိဗင္ဓာတ္ (Haemoglobin) အားနည္းျခင္းကို ဆိုလိုပါသည္။

* ထိုအေျခအေနႏွစ္ခုသည္ မတူညီေသာ္လည္း ေရာဂါျဖစ္ရေသာ အေျခခံအေၾကာင္းအရင္းက ေတာ့ တူညီပါသည္။ ၎မွာ အသားဓာတ္ႏွင့္ သံဓာတ္ကို ျပည့္စံုလံုေလာက္ေအာင္ မစားေသာက္ေသာေၾကာင့္ ျဖစ္ပါသည္။

Credit : က်န္းမာေရးဆိုင္ရာ ဗဟုသုတမ်ား



ကြ်န္ေတာ္သိ၊ကြ်န္ေတာ္တတ္၍ ေရးသားျခင္းမဟုတ္ပါခင္ဗ်ာ။ ကြ်န္ေတာ္ေလ့လာမိသမွ်ကို စာဖတ္သူမ်ားျပန္လည္ေလ့လာမိေစရန္ ျပန္လည္မွ်ေဝျခင္းသာျဖစ္ပါသည္။ ကြ်န္ေတာ့္ပို႕စ္တစ္ခုခ်င္းစီအတြက္ မူရင္းေရးသားသူမ်ားကို အထူးေက်းဇူးဥပကာရတင္ရွိပါတယ္ခင္ဗ်ာ။ ေအာင္ျမင့္ျမတ္(Myanmar Youths) Ph-09256480246

အမ်ိဳးသမီးတိုင္းသိထားသင့္သည့္မိန္းမကိုယ္အနံ႕ျပႆနာ





အမ်ဳိးသမီးရဲ႕ မိန္းမကုိယ္ဟာ သဘာ၀အတုိင္း သူ႔ဘာသာသူ သန္႔ရွင္းေနပါတယ္။ မိန္းမကုိယ္ေနရာကုိ သန္႔စင္ေမႊးႀကိဳင္ခ်င္တဲ့ စိတ္နဲ႔ အနံ႔ျပင္းဆပ္ျပာနဲ႔ ေဆးေၾကာတာ၊ Douche လုပ္တာ (မုန္႔ဖုတ္ေဆာ္ဒါ၊ ရွာလကာရည္ ဒါမွမဟုတ္ အေမႊးရနံ႔ေတြကုိ ေရနဲ႔ေရာၿပီး မိန္းမကုိယ္အတြင္းကုိ သန္႔စင္ေဆးေၾကာတာ) မ်ဳိးေတြေၾကာင့္ မိန္းမကုိယ္တြင္း ပံုမွန္ရွိေနတဲ့ က်န္းမာေရးေကာင္းေစတဲ့ လူ႔အက်ဳိးျပဳ ဘက္တီးရီးယားေတြကုိ ဖယ္ရွားလုိက္သလုိ ျဖစ္သြားၿပီး မိန္းမကုိယ္ရဲ႕ pH ဟာ အက္စစ္ဘက္ကုိ ယာယီေျပာင္းလဲသြားပါတယ္။

အမွန္မွာေတာ့ အမ်ဳိးသမီးေတြရဲ႕ ကုိယ္တြင္းအဂၤါက ပံုမွန္အနံ႔အနည္းငယ္ေတာ့ ရွိပါတယ္။ ဓမၼတာလာတဲ့အခါမွာ အနံ႔အနည္းငယ္ ေျပာင္းလဲတာကလည္း ပံုမွန္ပါပဲ။ ၾကက္သြန္ျဖဴ၊ တူနာ ဒါမွမဟုတ္ အားျဖည့္ေဆးလုိမ်ဳိး အစားအစာ စားတာေၾကာင့္ မိန္းမကိုယ္အနံ႔ ရရွိတတ္ၾကတယ္လုိ႔ တခ်ဳိ႕ေတြက သတိထားမိတတ္ၾကၿပီး အဲဒီအစားအစာေတြကုိ ေရွာင္လုိက္တာနဲ႔ တစ္ၿပိဳင္နက္ အနံ႔ကလည္း ေပ်ာက္သြားပါတယ္။

အနံ႔အသက္ရမွာစုိးလုိ႔ မိန္းမကုိယ္ေနရာကို ဆပ္ျပာနဲ႔ေဆးေၾကာတာက အနံ႔နံတာ သက္သာသြားႏုိင္ေပမယ့္ အဲဒီေနရာဟာ ေျခာက္ေသြ႕သြားႏုိင္ပါတယ္။ ဒါေၾကာင့္ မိန္းမကုိယ္ေနရာမွာ ယားယံ ေျခာက္ေသြ႕တာေတြ ျဖစ္ရင္ ႐ုိး႐ုိးေရနဲ႔သာ ေဆးေၾကာပါ။

အနံ႔ေၾကာင့္ ျဖစ္ႏုိင္ေသာ က်န္းမာေရး ျပႆနာ

● မိန္းမကုိယ္က ထြက္ရွိလာတဲ့ တခ်ဳိ႕ အနံ႔ေတြက က်န္းမာေရးျပႆနာေၾကာင့္ပါ။ စိမ္းရႊင္ရႊင္ အနံ႔နံေနတာ ဒါမွမဟုတ္ အဲဒီအနံ႔နဲ႔အတူ အစိမ္းေရာင္ပ်စ္ပ်စ္ အျဖဴဆင္းတာေတြက ေရာဂါပုိး၀င္တဲ့ လကၡဏာပါ။ သားဖြားမီးယပ္ ဆရာ၀န္နဲ႔ ျပသၿပီး ကုသမႈ ခံယူသင့္ပါတယ္။

● ဒါ့အျပင္ မိန္းမကုိယ္ေနရာမွာ နာက်င္ေနတာ၊ ၾကမ္းတမ္းေနတာ ဒါမွမဟုတ္ အနာရွိေနရင္လည္း ဆရာ၀န္နဲ႔ ျပသသင့္ပါတယ္။

● မိန္းမကုိယ္မွာရွိတဲ့ လူ႔အက်ဳိးျပဳ ဘက္တီးရီးယားေတြ ညီၫြတ္မွ်တမႈ မရွိရင္လည္း အနံ႔ထြက္ပါတယ္။ Bacterial Vaginosis လုိ႔ ေခၚပါတယ္။ ဆရာ၀န္က ပဋိဇီ၀ေဆး၀ါးေပးၿပီး ကုသႏုိင္ပါတယ္။

● မိႈပုိး ၀င္ေရာက္တာေၾကာင့္လည္း လူ႔အက်ဳိးျပဳဘက္တီးရီးယားေတြ ေလ်ာ့နည္းသြားႏုိင္တဲ့အတြက္ အနံ႔ထြက္ႏုိင္ပါတယ္။

● မိန္းမကုိယ္တြင္း ကြန္ဒံုး၊ အိမ္သာသံုးစကၠဴ ဒါမွမဟုတ္ Tampon လုိမ်ဳိး ျပင္ပပစၥည္းေတြ ၀င္ေရာက္ေနတာေၾကာင့္လည္း စိမ္းေရႊေရႊနံ႔ေတြ ထြက္ၿပီး အျဖဴဆင္းႏုိင္ပါတယ္။

● မီးယပ္ေသြးဆံုးၿပီးသူေတြ အေနနဲ႔ မိန္းမကုိယ္မွာ အနံ႔ထြက္ေနတာဟာ အီစထ႐ုိဂ်င္ ေဟာ္မုန္း ေလ်ာ့နည္းသြားတာေၾကာင့္ပါ။

● မိန္းမကုိယ္ဟာ သူ႔အလုိလုိ သန္႔စင္ႏုိင္တဲ့အတြက္ သူ႔မွာရွိတဲ့ လူ႔အက်ဳိးျပဳ ဘက္တီးရီးယားေတြ မဆံုး႐ႈံးေအာင္ Douche လုပ္တာကုိ ေရွာင္သင့္ပါတယ္။

Credit : က်န္းမာေရးနဲ႔ အမ်ိဳးသမီး - သုတအျဖာျဖာ



ကြ်န္ေတာ္သိ၊ကြ်န္ေတာ္တတ္၍ ေရးသားျခင္းမဟုတ္ပါခင္ဗ်ာ။ ကြ်န္ေတာ္ေလ့လာမိသမွ်ကို စာဖတ္သူမ်ားျပန္လည္ေလ့လာမိေစရန္ ျပန္လည္မွ်ေဝျခင္းသာျဖစ္ပါသည္။ ကြ်န္ေတာ့္ပို႕စ္တစ္ခုခ်င္းစီအတြက္ မူရင္းေရးသားသူမ်ားကို အထူးေက်းဇူးဥပကာရတင္ရွိပါတယ္ခင္ဗ်ာ။ ေအာင္ျမင့္ျမတ္(Myanmar Youths) Ph-09256480246

Friday, 1 July 2016

ေရဓာတ္ျပည့္ဝ အာဟာရ



ေခြၽးထြက္ မ်ားတဲ့ေႏြ ပူျပင္းလြန္း တဲ့ေႏြ ျဖစ္တဲ့ အားေလ်ာ္စြာ ေရဓာတ္ ဆံုး႐ံႈးမႈ မ်ားစြာ ခံစားရ တတ္ပါသည္။ ေရဓာတ္ ဆံုး႐ံႈးၿပီး ကိုယ္လက္ႏြမ္းနယ္ ျခင္း အလြယ္ တကူေမာပန္းျခင္း သတိလစ္ျခင္း တို႔လည္း မၾကာခဏဆို သလိုၾကားရ ေတြ႔ႀကံဳ ရတတ္ပါသည္။ ေႏြရာသီကို အံတုရင္ဆိုင္ဖို႔ရာ ေရဓာတ္ျပည့္ဝဖို႔ ေရဓာတ္ ဆံုး႐ံႈးမႈကို ကာကြယ္ဖို႔ အာဟာရမ်ား ဓာတ္ဆားေဖ်ာ္နည္း မ်ားကိုတင္ျပေရးသား လိုက္ပါသည္။

၁။ ဓာတ္ဆားျဖည့္အခ်ိဳရည္

 ေခြၽးထြက္မ်ားတဲ့ အခါ ေရတစ္ ခုပဲဆံုး႐ံႈးတယ္ ဆိုတဲ့ အေတြးအျမင္ ကိုေျပာင္းလဲ သင့္ပါၿပီ။ ဓာတ္ဆားေတြ Ion  ေတြပါ ဆံုး႐ံႈးတတ္ပါသည္။ ဒါေၾကာင့္ ဓာတ္ဆား ရည္ ေသာက္သံုး သင့္ပါသည္။

ဓာတ္ဆား အမ်ိဳးမ်ိဳးရွိသည့္ အနက္ အခ်ိဳရည္ ပါဝင္ေသာ ဓာတ္ ဆား ေသာက္သံုးႏိုင္ပါသည္။ ေရဆာ သည့္အခါတိုင္း ဓာတ္ဆားကို ေသာက္သံုးရန္ႏွင့္ တစ္ခါေဖ်ာ္ထား လွ်င္ ၂၄ နာရီ အတြင္း ေသာက္ရန္လို အပ္ပါသည္။

၂။ လတ္ဆတ္ေသာသစ္သီးေဖ်ာ္ရည္မ်ား

သစ္သီးေဖ်ာ္ရည္ မ်ားသည္ လူကို လန္း ဆန္း႐ံုမွ်မက ဗီတာမင္နဲ႔ သတၱဳဓာတ္ မ်ားစြာ လည္း ပါဝင္ျခင္းေၾကာင့္ ေရဓာတ္ ဆံုး႐ံႈးျခင္း ႏွင့္ ဆက္စပ္ေသာျပႆနာမ်ား ကို ကာကြယ္ရန္ ေသာက္သံုးသင့္ပါသည္။

 ေရငတ္ေျပေစရန္ ဂတ္စ္ပါေသာ အခ်ိဳရည္ မ်ားသၾကား ဓာတ္လြန္ကဲေသာ အခ်ိဳရည္မ်ား ေသာက္သံုးျခင္း ကိုေရွာင္ၾကဥ္ရန္ အထူး လိုအပ္ပါသည္။ ထို႔အျပင္ ပူျပင္းေသာေႏြရာသီ တြင္ အရက္ေသစာ ေသာက္စားျခင္းကို အထူးေရွာင္ၾကဥ္ရန္ လိုအပ္ပါသည္။

သဘာဝ နည္းလမ္းမ်ား၊ သဘာဝသစ္သီး ေဖ်ာ္ရည္ အစရွိေသာ ေရႏွင့္ ဓာတ္ဆားျဖည့္ အရည္မ်ားကိုေသာက္သံုးျခင္း သာလွ်င္ က်န္းမာေရး အတြက္ အသင့္ေလ်ာ္ ဆံုးျဖစ္ေၾကာင္း တင္ျပေရးသားအပ္ပါသည္။

ေႏြရာသီကိုေအးျမစြာေက်ာ္ျဖတ္ႏိုင္ပါေစ။

ေမတၱာအားျဖင့္ 
  ေဒါတ္တာဇာနည္ဝင္း



ကြ်န္ေတာ္သိ၊ကြ်န္ေတာ္တတ္၍ ေရးသားျခင္းမဟုတ္ပါခင္ဗ်ာ။ ကြ်န္ေတာ္ေလ့လာမိသမွ်ကို စာဖတ္သူမ်ားျပန္လည္ေလ့လာမိေစရန္ ျပန္လည္မွ်ေဝျခင္းသာျဖစ္ပါသည္။ ကြ်န္ေတာ့္ပို႕စ္တစ္ခုခ်င္းစီအတြက္ မူရင္းေရးသားသူမ်ားကို အထူးေက်းဇူးဥပကာရတင္ရွိပါတယ္ခင္ဗ်ာ။ ေအာင္ျမင့္ျမတ္(Myanmar Youths) Ph-09256480246