အတုမရှိဗုဒ္ဓမြတ်စွာဘုရား

အတုမရှိဗုဒ္ဓမြတ်စွာဘုရား

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Thursday, 4 February 2016

လည်ပင်းနာသက်သာစေဖို့

������ �� ��
လည်ပင်းနာတယ် (လည်ချောင်းနာတယ်) ဆိုတာကလည်း လူတွေ အတော်များများ ခံစားဖူးတဲ့ ဝေဒနာပါ။ အများအားဖြင့် ဒီလက္ခဏာက အအေးမိတာ၊ အသံအိုးကို အားစိုက်သုံးစွဲမှု များတဲ့အခါ၊ အာသီးရောင်တာ အစရှိတာတွေရဲ့ အဦးအစ လက္ခဏာ တစ်ခုဖြစ်နေတတ်လို့ပါ။

အကြောင်းရင်းကို မကုသသေးခင်မှာပဲ သက်သာရာရစေဖို့ အရင် လုပ်ဆောင်သင့်တဲ့ ခံရခက် ဝေဒနာပါ။ ဆရာဝန်ပြဖို့က လုပ်ကို လုပ်ရမှာ ဆိုပေမယ့် အိမ်မှာ လောလောလတ်လတ် လုပ်လို့ရတဲ့ သက်သာရာ သက်သာကြောင်းလေးတွေ သိစေချင်ပါတယ်။

ရောင်ရမ်းနာကျင်မှုပျောက်စေတဲ့  ဆေးတွေ

အိမ်မှာ ဆောင်ထားတတ်တဲ့ အကိုက်အခဲပျောက်ဆေးတွေ Paracetamol, Ibuprofen စတာတွေကတော့ လတ်တလော အဆင်သင့် သောက်နိုင်တာတွေပေါ့။ Ibuprofen, Diclofenac တို့လို ဆေးတွေကတော့ နာကျင်တာ ရော၊ ရောင်ရမ်းတာရော သက်သာစေတတ်တာမို့ ပိုသင့်လျော်ပါတယ်။ အဖျားရှိနေရင်လည်း ကျစေပါတယ်။ တစ်ခုပါပဲ၊ ဒီဆေးတွေမှာ အစာအိမ် ထိခိုက်စေတဲ့ ဘေးထွက် ဆိုးကျိုး ရှိတာမို့ သောက်ရမယ့် ဆေးပမာဏကို သိထားဖို့၊ အစာနဲ့ သောက်ဖို့ဆိုတဲ့ အခြေခံအချက်လေးတွေတော့ သိထားရမှာပါ။

ဆားရည်နဲ့ အာလုပ်ကျင်း

ဆားရည်နွေးနွေးလေးနဲ့ မကြာခဏ အာလုပ်ကျင်းတာက လည်ချောင်းထဲက ရောင်ရမ်းတာတွေ လျော့ကျစေသလို ချွဲတွေလည်း ပျော်စေပါတယ်။ လည်ပင်းထဲမှာ ခိုးလိုးခုလု ဖြစ်နေတာတွေ၊ ဘက်တီးရီးယား ပိုးတွေ ဟပ်ထုတ်ဖို့လည်း လွယ်ကူစေတာ ပေါ့။

ရေမတ်ခွက်တလုံးမှာ ဆားစားပွဲဇွန်းကြီး တဝက်ထည့်တာက ပုံမှန် ပမာဏပေါ့။ ငန်တာကို မခံနိုင်ရင်လည်း ပျားရည် လို အချိုလေး နည်းနည်း ဖြည့်စွက်လို့ ရပါတယ်။ အာလုပ်ကျင်းတဲ့ ရေကို ထွေးထုတ်ပစ်တာက မျိုချတာထက် ပို သင့်လျော်တယ် ဆိုတာတော့ သတိပြုပါ။

ခံတွင်း ငုံဆေးနဲ့ ဖျန်းဆေး

ချောင်းဆိုး လည်ချောင်းနာ ပျောက်စေတဲ့ ငုံဆေးတွေ (Strepsil လိုမျိုး) ငုံလိုက်ရင် တံတွေးထွက်အောင် နှိုးဆွပေးပြီး လည်ချောင်းကို စိုစွတ်စေလို့ နာကျင်မှု သက်သာစေ ပါတယ်။ ဒါပေမယ့် ဒီဆေးအများစုရဲ့ ထိရောက်မှုက ရိုးရိုး သကြားလုံး ငုံတာနဲ့ မထူးလှပါဘူး။ အေးပြီး ထုံစေတဲ့ ပူရှိန်းလေးတွေဆို ပိုထိရောက်ပါတယ်။

တချို့ လည်ချောင်းထဲကို ဖျန်းရတဲ့ ဆေးတွေ ကလည်း ငုံဆေးတွေ လိုပါပဲ။ ရောဂါကို ပျောက်ကင်းစေတာ မဟုတ်ဘဲ နာကျင်မှုကို ယာယီ သက်သာစေတာမျိုး ပါ။ တချို့ (Mybacin လိုမျိုး) ကတော့ ပိုးသတ်ဆေးလေးတွေ ထည့်ထားတာ ရှိတတ်ပါတယ်။

ချောင်းဆိုးပျောက်ဆေးရည်

ချောင်းဆိုးနေတာ မဟုတ်တောင်မှ ချောင်းဆိုးပျောက် ဆေးရည်တွေက နာကျင်မှု သက်သာစေပါတယ်။ ဒါပေမယ့် အများစုက အိပ်ငိုက်စေတာတွေ ထည့်ထားတာမို့ Non-drowsy ဒါမှမဟုတ် Non- sedative ဆိုတာမျိုးကို ရွေးချယ်သုံးသင့် ပါတယ်။ ညဘက် အိပ်ယာဝင်မှာတော့ အိပ်ငိုက်စေတာတွေ သုံးတာ ပြဿနာ မရှိလှဘူး ပေါ့။

အရည်များများသောက်ပါ

နေထိုင် မကောင်းတဲ့ အခါနဲ့ လည်ချောင်းတွေ ရောင်ပြီး ကသိကအောင့် ဖြစ်နေတဲ့ အခါတွေမှာ ခန္ဓာကိုယ် ရေဓာတ် ကြွယ်ဝနေဖို့က အရေးကြီးပါတယ်။ လုံလောက်တဲ့ ရေပမာဏ ရှိနေ မနေကတော့ ဆီးရောင်ကို ကြည့်ရမှာပါ။ ကြည်လင်နေတယ်၊ အဝါနုရောင် ဖြစ်နေတယ် ဆိုရင် ရေဓာတ်လုံလောက်တဲ့ အခြေအနေပေါ့။ ဒီလို အခြေအနေ ရှိမှလည်း ကိုယ်တွင်း အင်္ဂါတွေမှာ မျက်နှာပြင်တွေ စိုစွတ်ပြီး ဘက်တီးရီးယားပိုးတွေကို တိုက်ခိုက်ဖို့၊ ဓာတ်မတည့် ပစ္စည်းတွေ ဖယ်ရှားဖို့နဲ့ တခြား အအေးမိ လက္ခဏာတွေကို တုံ့ပြန်ဖို့ အဆင်ပြေမှာပါ။

ဘာအရည် မဆို သောက်သုံးလို့ ရပါတယ်။ ရေများများ သောက်တာ အကောင်းဆုံး ဆိုပေမယ့် သကြားနည်းနည်းပဲ ပါတဲ့ အချိုရည်တွေ၊ နည်းနည်း အငန်ဓာတ် ပါတဲ့ ဓာတ်ဆားလို အရည်တွေ သောက်သုံးနိုင်ပါတယ်။ ဒီလိုမှ မဟုတ်လည်း လူမမာစာ ဖြစ်တဲ့ ကြက်စွပ်ပြုတ်ရည် လိုမျိုးကို သောက်သုံးနိုင်ကြ ပါတယ်။

လက်ဖက်ရည်

ရေတွေချည်း သောက်ရတာ စိတ်ပင်ပန်းစရာလို့ ထင်နေပါသလား။ သဘာဝ လက်ဖက်ရည်ကြမ်း ကလည်း လည်ချောင်း နာတာကို သက်သာစေ ပါတယ်။ အချိုခြောက်၊ အကြမ်းခြောက် ဘာမဆို သုံးနိုင်ပါတယ်။ လက်ဖက်စိမ်း ခပ်ပြီး သောက်လည်း အဆင်ပြေပါတယ်။ လက်ဖက်မှာက အင်တီအောက်ဆီဒင့်တွေ ပါဝင်တာမို့ ကိုယ်ခံအား မြင့်မား စေသလို ရောဂါပိုးတွေကိုလည်း တိုက်ထုတ်နိုင်စွမ်း ရှိပါတယ်။

ပိုပြီး အရသာရှိ၊ ထိရောက်ဖို့ ပျားရည်လေး တဇွန်းလောက် ထည့်သောက်နိုင်ပါတယ်။ သူကလည်း ပိုးသတ်နိုင်တဲ့ စွမ်းရည် ရှိတာမို့ အနာကျက် မြန်အောင် ကူညီပေးရာ ရောက်ပါတယ်။

ကြက်စွပ်ပြုတ်

ဒါကတော့ လူမမာစာပေါ့။ အထူးသဖြင့် အအေးမိ ရောဂါ အတွက် ဆေးတခွက်ပါပဲ။ လည်ပင်းနာတာလည်း သက်သာ စေပါတယ်။ ကြက်စွပ်ပြုတ်မှာ ပါတဲ့ ဆိုဒီယမ်က ရောင်ရမ်းမှု သက်သာစေသလို အဝင်ချောတဲ့ အစာတခု ဖြစ်လို့ ပါပဲ။

နေမကောင်းသူ အတွက်လည်း စွပ်ပြုတ်က ခံတွင်းလိုက် ပါတယ်။ အစာစားတာက လည်ပင်းနာ နေချိန်မှာ ဆိုရင် အခံရ ခက်လှပါတယ်။ အာဟာရရှိတဲ့ စွပ်ပြုတ်ရည် ကတော့ အဝင်မှာ နာကျင်မှု သက်သာသလို အာဟာရလည်းရှိ၊ ရောဂါကိုလည်း တိုက်ခိုက်တဲ့ အမယ်စုံ ဆေးတခွက်ပေါ့။

အနားယူခြင်း

တကယ်တော့ ရောဂါအတွက် အဖြေ မဟုတ်ပေမယ့် အနားယူတာက လည်ပင်းနာစေတဲ့ ရောဂါပိုးတွေကို တိုက်ခိုက်ဖို့ အားယူတဲ့ သဘောမျိုး ထိရောက်ပါတယ်။ လည်ပင်းနာစေတဲ့ ရောဂါပိုး အများစုက ဗိုင်းရပ်စ်တွေပါ။ ဒါကြောင့်လည်း ဖြစ်လာရင် လုပ်နိုင်တာက နည်းနည်းပဲ ရှိတာပါ။ ဒီတော့ အပြည့်အဝ အနားယူထားတဲ့ ခန္ဓာကိုယ်က ရောဂါပိုးတွေကို တိုက်ခိုက်ပြီး နလံအမြန်ထူဖို့ နည်းလမ်း တခုပါပဲ။

ပဋိဇီဝ ဆေးတွေ

လည်ပင်းနာ ဖြစ်တာရဲ့ ၁၀ ရာခိုင်နှုန်း လောက်ကသာ ဘက်တီးရီးယား ဖြစ်တဲ့ Streptococcus pyogens ကြောင့် ဖြစ်ကြရတာပါ။ အဲဒါကလည်း ပေါ့ပေါ့တန်တန် သဘောထားလို့တော့ မရပါဘူး။ နှလုံးအထိ ရောဂါပိုးက ဒုက္ခပေး တတ်တာမျိုး ပါ။ စစ်ဆေးတွေ့ရှိ တာတွေ အရ ဒီရောဂါ သေချာရင်တော့ ဆရာဝန်ညွှန်ကြားတဲ့ အတိုင်း ပိုးသတ်ဆေး တွေ တိတိကျကျ သောက်ရမှာပါ။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ လည်ပင်းနာမှာတော့ အဲဒီ ဆေးတွေက အလုပ် မဖြစ်ဘူး ပေါ့။ နေကောင်းသွားတယ်လို့ ဆိုရင်တောင်မှ ဆေးပတ်လည်အောင် သောက်ကို သောက်ရမယ်ဆိုတာ သတိထား ရပါလိမ့်မယ်။

ရာသီ အကူးအပြောင်း အအေးမိ၊ တုပ်ကွေးကအစ လည်ပင်းနာစေတဲ့ အကြောင်းတွေ အမျိုးမျိုးကြောင့် နာလာပြီ ဆိုမှဖြင့် ကြုံရာ ကြားဖူးနားဝ ဆေးမြီးတိုတွေနဲ့ ပိုမဆိုးစေဘဲ အနားယူပြီး အထက်က ပြောခဲ့တာလေးတွေနဲ့ သက်သာ အောင် လုပ်ပြီး နေသာထိုင်သာ ရှိနိုင်ကြမယ် လို့ မျှော်လင့်မိပါရဲ့။ ။

Credit: irrawaddy

Tuesday, 2 February 2016

ဆောင်းရာသီမှာဆင်ခြင်စရာ

ရာသီ အကူးအပြောင်းတိုင်းမှာ ကျန်းမာရေးအတွက် သတိထား၊ ဆင်ခြင်စရာ ပေါများပါတယ်။ ဒီနှစ်မှာ မန္တလေးဆောင်းရာသီက အဝင်နှေးတယ်။ အအေးကြမ်းတယ်။ ရာသီဥတုက ပိုပြင်းလာတယ်။ သိသိသာသာအေးလာတာက ဒီရက်ပိုင်းတွေမှာ ဖြစ်ပါတယ်။ ကျန်းမာရေးအတွက် သတိပြုနေထိုင်စရာတွေလည်း တပုံတပင်နဲ့ပါပဲ။ ဒီတပတ်အတွက် ဆောင်းရာသီမှာ အဖြစ်များတဲ့ ရောဂါတွေနဲ့ နေထိုင်ပုံတွေ ကို ဖော်ပြပေးပါမယ်။

အအေးမိခြင်း
အအေးမိ၊ နှာစေးဆိုတာ ဆောင်းရာသီမှာ အဖြစ်များဆုံးပါ။ နှာချေ၊ ချောင်းဆိုးခြင်းက တဆင့် ကူးစက်နိုင်တယ်။ ရောဂါရှိသူ ကိုင်တွယ်ထားတဲ့ အသုံးအဆောင်ပစ္စည်းတွေ ထိတွေ့၊ကိုင်တွယ်ခြင်းမှ ကူးစက်နိုင်တယ်။ အသုံးအဆောင်တွေ မျှဝေသုံးစွဲခြင်းမှ ရှောင်ကြဉ်သင့်တယ်။ ကာကွယ်ဖို့အတွက် ရေနွေးနဲ့ လက်ဆေးတဲ့အကျင့် လုပ်ပေးသင့်ပါတယ်။ ဆပ်ပြာသုံးပါ။ ရေများများသောက်ပါ။ အေးတာမှန်သမျှ ရှောင်ပြီး ပူတာတွေကိုဆောင်ပါ။

တုပ်ကွေးဖြစ်ခြင်း
ဆောင်းရာသီကို တုပ်ကွေးရာသီလို့ ခေါ်နိုင်ပါတယ်။ ချောင်းဆိုးခြင်း၊ ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ခြေဆစ်လက်ဆစ် ကိုက်ခဲခြင်း စတဲ့ လက္ခဏာအများစုဟာ တုပ်ကွေးဗိုင်းရပ်စ်ကြောင့် ဖြစ်ပါတယ်။ ရာသီပေါ်၊ ကူးစက်လွယ်တဲ့ ဗိုင်းရပ်စ်ဖြစ်လို့ သတိထားသင့်ပါတယ်။ ဗိုင်းရပ်စ်ဖြစ်လို့ ကာကွယ်ဖို့သာ အလေးထား လုပ်ဆောင်ရတယ်။ တုပ်ကွေးအတွက် ကာကွယ်ဆေးတွေ ရှိနေပါပြီ။ တချို့ တုပ်ကွေးကာကွယ်ဆေး ရှိမှန်း မသိကြဘူး။ နှစ်စဉ် အဖြစ်များသူတွေဟာ ကာကွယ်ဆေး ကြိုတင် ထိုးထားသင့်တယ်။ တစ်နှစ်တခါ ထိုးပေးသင့်တယ်။

လည်ချောင်းနာခြင်း
ဆောင်းရာသီမှာ လည်ချောင်းနာရင် ဗိုင်းရပ်စ်ကြောင့် အဖြစ်များပါတယ်။ ပတ်ဝန်းကျင်အပူချိန် ပြောင်းလဲလျှော့နည်းခြင်းဟာ လည်ချောင်းကို ဒုက္ခပေးတယ်။ လည်ချောင်းနာခြင်းအတွက် လွယ်ကူ၊ မြန်ဆန်တဲ့နည်းက ဆားရည် ပလုတ်ကျင်းတာပါ။ ဆေးခန်းလာသူ အချို့ကို ဆားရည် ပလုတ်ကျင်းခိုင်းရင် နားမလည်သူတွေ ရှိတယ်။ ရေနွေးကို ဖန်ခွက်တစ်ခုထဲ ထည့်ပါ။ ခွက်ထဲသို့ ဆားလက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်ထည့်ပြီး ပလုတ်ကျင်းပါ။ တစ်ခါကျင်းရင် သုံးမိနစ်ခန့် ကျင်းပေးပါ။ လည်ချောင်း နာတာ၊ အာသီးရောင်တာတွေကို သက်သာစေပါတယ်။

ဝမ်းပျက်ဝမ်းလျှော ဖြစ်ခြင်း
ဆောင်းရာသီမှာ ဝမ်းပျက်၊ ဝမ်းလျှောခြင်းဟာ Norovirus ခေါ်တဲ့ အစာအိမ်နာ ဗိုင်းရပ်စ်ပိုးတမျိုး ဖြစ်စေပါတယ်။ ဝမ်းလျှောတာ အပြင် ပျို့ချင်၊ အန်ချင်၊ ဗိုက်နာတာတွေကို ဖြစ်ပေါ်စေတယ်။ အသက်ငယ်ရွယ်သူနဲ့ အသက်ကြီးရင့်သူတွေ အထူးသတိထားရတယ်။ ဗိုင်းရပ်စ်ကြောင့် ဝမ်းလျှောတာဖြစ်လို့ ဓာတ်ဆားရည်ကိုသာ လုံလောက်အောင် သောက်သုံးပေး သင့်တယ်။ ဗီတာမင် စီ ၊ဗီတာမင် ဘီနဲ့ ဇင့်ဓာတ်တွေ ပိုမိုလိုအပ်တယ်။ ရောဂါမသက်သာရင်၊ ပိုဆိုးလာရင် ဆရာဝန်နဲ့ပြသပါ။

ပန်းနာရင်ကျပ်ထခြင်း
အေးတဲ့လေက ပန်းနာရင်ကျပ်ရောဂါ ပြန်ထလာတတ်တယ်။ အသက်ရှုမဝတာ၊ မောတာ၊ အသံမြည်တာစတဲ့ ရောဂါလက္ခဏာတွေ ခံစားရတယ်။ ပန်းနာသမားတွေ အထူးသတိထားသင့်တဲ့ ရာသီဖြစ်ပါတယ်။ ပြင်ပလေက ပန်းနာရင်ကျပ်ကို ပိုဆိုးစေမယ်။ အပြင်ထွက်ရင် လုံလုံခြုံခြုံ ဝတ်ဆင်ပါ။ နှာခေါင်း၊ ပါးစပ်လုံအောင် အုပ်ထားပါ။ ပန်းနာအတွက် ရှူဆေး (သို့) သောက်နေကျဆေး အမြဲဆောင်ထားပါ။ အကောင်းဆုံးက အိမ်ထဲမှာ နေထိုင်ပါ။

ခြေ၊ လက် ထုံကျင်ကိုက်ခဲခြင်း
ဆောင်းရာသီမှာ ခြေဖျား၊ လက်ဖျား ထုံကျင်ကိုက်ခဲတာမျိုး အဖြစ်များတယ်။ ကြွက်သားတွေ တင်းပြီး နာနေတတ်တယ်။ ကြာလာတာနဲ့အမျှ ထုံကျင်ကိုက်ခဲတာ ပိုလာတယ်။ အရေပြား၊ အသားအရောင် ဖြူဖျော့ နေတတ်တယ်။ သတိထားသင့် သူတွေက လေးဖက်နာ ရောဂါသည်တွေပါ။ ရောဂါပြန်ထလာ တတ်တယ်။ ခြေ၊ လက် နွေးထွေးအောင် အပူပေးပါ။ ခြေအိတ်၊ လက်အိတ် ဝတ်ဆင်ပါ။ အပေါ့စားလေ့ကျင့်ခန်း လုပ်ဆောင်ပါ။ အကိုက်အခဲပျောက် လိမ်းဆေး တစ်မျိုးမျိုး လိမ်းပေးနိုင်တယ်။ ရေချိုးတဲ့အခါ ရေနွေးနဲ့ ချိုးပါ။

ပါးစပ် အပူကန်ခြင်း
ဆောင်းတွင်းမှာ ပါးစပ်မှာ အပူကန်တဲ့ အနာမျိုး အဖြစ်များတယ်။ စိတ်ဖိစီးမှု၊ ဗီတာမင်ချို့တဲ့တာ၊ ဝမ်းချုပ်တာ၊ ခုခံအား ယာယီကျဆင်းခြင်း စတာတွေကြောင့် ဖြစ်စေတယ်လို့ ယုံကြည်ရတယ်။ အိပ်ရေးဝဝ အိပ်ပါ။ ရေများများ သောက်ပါ။ အမျှင်ဓာတ်ပါတာ များများစားပါ။ ဆားရည် ပလုတ်ကျင်းတာမျိုး လုပ်ပေးသင့်တယ်။ သောက်ဆေး၊ လိမ်းဆေး လိုနိုင်တယ်။ အများစုဟာ ၂ ပတ်အတွင်း သက်သာကြတယ်။

နှလုံးအမောဖောက်ခြင်း
အသက်အရွယ် ကြီးရင့်သူတွေ အထူးဂရုစိုက်သင့်တဲ့ ရာသီဖြစ်ပါတယ်။ လေ့လာမှုတွေအရ အေးတဲ့ရာသီတွေမှာ သွေးပေါင်တက်တာ၊ နှလုံးရောဂါ အဖြစ်များတာ တွေ့ရတယ်။ နှလုံးအမောဖောက်ခြင်း(heart attack) ဆိုတာ ဒီရာသီမှာ အဖြစ်များလို့ အထူးဂရုစိုက် စေချင်တယ်။ ပြောစရာက ရေချိုးဆင်ခြင်ဖို့ပါ။ အိမ်ထဲမှာသာ နွေးနွေးထွေးထွေး နေထိုင်သင့်တယ်။ လိုအပ်ရင် heaterသုံးပါ။ အင်္ကျီ၊ စောင်၊ ဦးထုပ် လုံခြုံစွာ ဝတ်ဆင်ပါ။ သွေးကျဆေး၊ နှလုံးဆေး အမြဲဆောင်ထားပါ။

အရေပြားခြောက်သွေ့ခြင်း
ဆောင်းရာသီမှာ အရေပြားခြောက်သွေ့တာ၊ အသားပတ်တာ အဖြစ်များတယ်။ ပတ်ဝန်းကျင်လေထုမှာ စိုထိုင်းစ နည်းတဲ့အခါ ဒီလိုဘဲ ဖြစ်တတ်ပါတယ်။ အသားအရေ အတွက် အစိုဓာတ်ထိန်းတဲ့ ပစ္စည်းမျိုး လိုအပ်ပါတယ်။ moisturiser လိမ်းဆေး အသုံးပြုကြတယ်။ လိမ်းဆေးကို ရေချိုးပြီးစနဲ့ ညမအိပ်ခင်အချိန်တွေမှာ လိမ်းပေးသင့်တယ်။ အလှဆီ၊ ရှားစောင်းလက်ပတ် အသုံးပြုနိုင်တယ်။

နှာခေါင်းသွေးယိုခြင်း
နှာခေါင်းသွေးယို၊ သွေးလျှံတာတွေဟာ ခြောက်သွေ့တဲ့ဒေသ၊ အေးတဲ့ ရာသီတွေမှာ အဖြစ်များပါတယ်။ ပတ်ဝန်းကျင်လေထု စိုထိုင်းဆ နည်းခြင်းအပြင် သွေးကြောတွေအပေါ် သက်ရောက်မှုလည်း တစ်ခု အပါအဝင်ပါ။ ဖြစ်လာရင် နှာခေါင်းကို လက်ညှိး၊ လက်မသုံးပြီး ညစ်ထားပါ။ ခေါင်းကို အနေတော်မော့ပြီး မျက်နှာကျက်ကြည့်ပါ။ သုံးမိနစ်မှ ငါးမိနစ် ဖိထားပါ။ လိုအပ်ရင် ဆက်ညှစ်ထားပါ။ နှာခေါင်းပေါ် ရေခဲဝတ်၊ ရေခဲတုံးသုံးပြီး ကပ်တင်ထားနိုင်တယ်။ အဖြစ်များသူတွေအတွက် ဆားခပ်ထားတဲ့ ရေနွေးငွေ့ ရှူပေးနိုင်တယ်။

ဆောင်းရာသီအတွက် အသုံးဝင်မယ့် ဆောင်ပုဒ်တစ်ခုက "prevention is better than cure" ဖြစ်ပါမယ်။ ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်းတယ်။ ဆင်ခြင်တယ်ဆိုတာ ကြိုတင် ကာကွယ်တဲ့သဘော သက်ရောက်ပါတယ်။ ဆောင်းရာသီမှာ အနေအထိုင် ဆင်ခြင်ပြီး ရောဂါတွေကို ကာကွယ်ဖို့ လိုအပ်ပါတယ်။ ကလေးငယ်တွေနဲ့ အသက်အရွယ် ကြီးရင့်သူတွေ အထူးဂရုစိုက်ပါ။ အိပ်ရေးဝဝ အိပ်ပါ။ ရေချိုးဆင်ခြင်ပါ။ နွေးနွေးထွးထွေး နေထိုင်ပါ။ အရည်၊ စွပ်ပြုတ် များများသောက်ပါ။ ချွေးအလွန်အကျွံ ထွက်စေနိုင်တဲ့ လေ့ကျင့်ခန်းမျိုး ရှောင်ကြဉ်ပါ။

ဆောင်းရာသီမှာ ရောဂါဘေးဘယာ ကင်းဝေးကြပါစေ..

Credit : ဒေါက်တာ အေးမင်းထူး
drayeminhtoo.blogspot.com

အစာအိမ်အနာဖြစ်ခြင်းနှင့်အစာအိမ်မှန်ပြောင်းကြည့်ခြင်း

Peptic Disease အစာအိမ်နာဖြစ်စေသည့် အကြောင်းရင်းခံများ
ကင်ဆာမဟုတ်သည့် သာမန်အစာအိမ် အနာများသည် အစာအိမ်ထဲမှ ထွက်သည့် အက်ဆစ်ဓာတ်၊ ပက်ပ်စင်(Pepsin) ဟုခေါ်သော အင်ဇိုင်းတစ်မျိုး နှင့် အစာအိမ်မျက်နှာပြင်၏ သဘာဝ ခုခံစွမ်းအားတို့ကြား မျှခြေ မညီခြင်းကြောင့် ဖြစ်ပွားရခြင်း ဖြစ်ပါသည်။ ထိုမျှခြေ မညီခြင်းကြောင့် ရောင်ရမ်းနေသော အစာအိမ်ကို အက်စ်ပရင်နှင့် အကိုက်အခဲပျောက်ဆေးများ (NSAID) သောက်ခြင်းက ပိုမိုဆိုးဝါးစေပါသည်။

အစာအိမ် အနာဖြစ်စေသည့် အကြောင်းရင်းများမှာ

(၁) အထက်တွင် ဖော်ပြခဲ့သကဲ့သို့ အက်စ်ပရင်နှင့် NSAID များသောက်ခြင်း

(၂) အစာအိမ်ထဲသို့ Helicobacter Pyloriပိုးဝင်ခြင်း

(၃) ကြာမြင့်စွာ အစာအိမ်ရောင်ရမ်းခြင်း

(၄) ဆေးလိပ်သောက်ခြင်း

(၅) အသက်အရွယ် အိုမင်းလာခြင်း

(၆) အသက်ရှူစက် တပ်ဆင်ထားရခြင်း (Mechanical Ventilation)

(၇) သွေးခဲမှု ပုံမှန်မဟုတ်သော ပြဿနာများရှိခြင်းတို့ ဖြစ်ကြသည်။

အစာအိမ်အနာရောဂါ၏ လက္ခဏာများ

(၁) ဗိုက်အောင့်ခြင်း
ညဘက်တွင် အိပ်နေရာမှ လန့်နိုးသည်အထိ ဆိုးရွားစေနိုင်သည်။ အစာအိမ်ဆေးများ (Antacid) သောက်ခြင်း၊ နို့သောက်ခြင်းဖြင့် သက်သာစေနိုင်သည်။ အစာစားပြီး ၂ နာရီ၊ ၃ နာရီခန့် အကြာတွင် ဖြစ်ပေါ်နိုင်သည်။ အစာမစားဘဲ နေသောအခါ ပိုမိုဆိုးဝါးနိုင်သည်။

(၂) ပျို့ခြင်း

(၃) အစာမကြေသလို ခံစားရခြင်း

(၄) အန်ခြင်း (အထူးသဖြင့် သွေးအန်ခြင်း)

(၅) ၀မ်းသွားလျှင် သွေးပါခြင်း (သို့မဟုတ်) ကတ္တရာစေးရောင် ၀မ်းအမည်းများ သွားခြင်း

(၆) ကိုယ်အလေးချိန် ကျလာခြင်း

(၇) နုံး၍ အားမရှိသလို ခံစားရခြင်း

အထက်ပါ အချက်များအပြင် မည်သည့်ရောဂါ လက္ခဏာမှ မပြဘဲလည်း ရှိနေနိုင်သည်။

အစာအိမ်အနာအတွက် စမ်းသပ်စစ်ဆေးမှုများ

အစာအိမ်နှင့် အူလမ်းကြောင်းမှန်ပြောင်းဖြင့် ကြည့်ရှုခြင်း

(Esophagogastroduodenoscopy) နှင့် အစာအိမ်မှ အသားစနမူနာ (Biopsy) ယူ၍ အဏုကြည့်မှန်ပြောင်းဖြင့် ကြည့်ခြင်းတို့က ကင်ဆာ မဟုတ်သော အစာအိမ်အနာကို ဖော်ထုတ်ပေးနိုင်သည်။

အစာအိမ်နှင့် အူလမ်းကြောင်းကြည့် မှန်ပြောင်း (Endoscopy) ဆိုသည်မှာ ရှည်လျား သေးသွယ်သည့် ပိုက်ပြွန်အား သေးငယ်သည့် ဗီဒီယို ကင်မရာလေးနှင့် တွဲဆက်ထားခြင်း ဖြစ်သည်။

ထို ကိရိယာကို လည်ချောင်းမှတစ်ဆင့် ထည့်သွင်းကာ အစာရေမျိုပြွန်၊ အစာအိမ်နှင့် အူသိမ်ဦးပိုင်းတို့ကို ကြည့်ရှုရန်အတွက် အသုံးပြုသည်။

စမ်းသပ်မှုမပြုလုပ်မီ ဘယ်လို ကြိုတင်ပြင်ဆင်ထားရမလဲ။

စမ်းသပ်မှုမပြုလုပ်မီ (၆) နာရီမှ (၁၂) နာရီအတွင်းတွင် အစာမစား၊ ရေမသောက်ဘဲနေရန် လိုအပ်သည့်အတွက် မနက်စောစောတွင် စမ်းသပ်မှု ပြုလုပ်မည်ဆိုပါက တစ်ညလုံး အစာမစား၊ ရေမသောက်ဘဲ နေရပေမည်။

စမ်းသပ်ခြင်းကြောင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများနှင့် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ ပြဿနာများကို လူနာ နားလည်အောင် ရှင်းပြ၍ လူနာမှ တိကျသေချာစွာ သိရှိ သဘောပေါက်ကြောင်းနှင့် စမ်းသပ်မှု ပြုလုပ်ရန်အတွက် သဘောတူကြောင်း လက်မှတ် (Informed Consent) ကို ထိုးထားရမည်။

Asprin နှင့် အခြားသော သွေးကြဲဆေးများ သောက်သုံးနေရသူဖြစ်ပါက စမ်းသပ်မှု မပြုလုပ်မီရက်များတွင် ရပ်ဆိုင်းထားရန် လိုအပ်နိုင်သည်။

ဤစမ်းသပ်မှုကို ဘယ်လို ပြုလုပ်ရပါသလဲ။

နာကျင်မှု မခံစားရစေရန်နှင့် မည်ကဲ့သို့ ပြုလုပ်ခဲ့သည် ဆိုသည်ကို မမှတ်မိစေရန်အတွက် အကိုက်အခဲပျောက်ဆေးနှင့် အိပ်ဆေးတို့ကို ကြိုတင်ပေးလေ့ ရှိကြသည်။

ကိရိယာကို လည်ချောင်းတွင်း ထည့်သွင်းစဉ်တွင် ချောင်းဆိုးခြင်း (သို့မဟုတ်) အော့အန်ခြင်း မရှိစေရန်အတွက် ထုံဆေးကို လည်ချောင်းအတွင်းသို့ ဖြန်းထားနိုင်သည်။

သွားများနှင့် ကိရိယာအား မကိုက်မိစေရန် ကိရိယာကာကွယ်ပစ္စည်း (Mouth Guard) ကို ခံတွင်းအတွင်းသို့ ဦးစွာ ထည့်သွင်းထားရသည်။ သွားတုတပ်ဆင်ထားသူဖြစ်ပါက ချွတ်ထားရမည် ဖြစ်သည်။ စမ်းသပ်မှုပြု နေစဉ်အတွင်း လိုအပ်ပါက ဆေးသွင်းနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရမည်။

ထို့နောက် လူနာသည် လက်ဝဲဘက်သို့စောင်း၍ လှဲအိပ်နေရမည်။ ပေးထားသော အိပ်ဆေး အစွမ်းပြသောအခါတွင် မှန်ပြောင်းကို အစာမျိုပြွန်မှတစ်ဆင့် အစာအိမ်နှင့် အူသိမ်ဦးပိုင်း အတွင်းသို့ ထည့်သွင်းလိုက်သည်။

ပိုမိုပြတ်သားစွာ မြင်နိုင်ရန်အတွက် လေကိုပါ မှန်ပြောင်းမှတစ်ဆင့် ထည့်သွင်းသည်။ စမ်းသပ်ချိန်မှာ (၅) မိနစ်မှ (၂၀) မိနစ်ခန့် ကြာနိုင်ပေသည်။

ဤနည်းအားဖြင့် အစာမျိုပြွန်၊ အစာအိမ်နှင့် အူသိမ်ဦးပိုင်းတို့၏ အနားသတ်မျက်နှာပြင်ကို စစ်ဆေးနိုင်သလို လိုအပ်ပါက မှန်ပြောင်းမှ တစ်ဆင့် ဘိုင်အိုစီ (Biopsies) လည်းယူနိုင်သည်။

Biopsies ဆိုသည်မှာ အသားစနမူနာယူ၍ အဏုကြည့် မှန်ပြောင်းအောက်တွင် စစ်ဆေး စမ်းသပ်ခြင်းဖြစ်သည်။ ထို့အပြင် အစာမျိုပြွန်တွင် ကျဉ်းနေသော အပိုင်းရှိပါက ကျယ်အောင်ပြန်ချဲ့ခြင်း (သို့မဟုတ်) ဆွဲဆန့်ခြင်း စသည့်ကုသမှု များလည်း ပြုလုပ်နိုင်သည်။

စမ်းသပ်မှုပြုနေစဉ် ဘယ်လိုခံစားရနိုင်သလဲ။

ထုံဆေး ဖြန်းထားခြင်းကြောင့် မျိုချရ ခက်ခဲနိုင်သော်လည်း ဤခက်ခဲမှုမှာ စမ်းသပ်မှုပြုလုပ်ပြီး အချိန်အနည်းငယ် အတွင်းတွင် ကွယ်ပျောက်သွားပေ လိမ့်မည်။

ကိရိယာက လည်ချောင်း၏နောက်ပိုင်းကို ထိမိသောအခါ ပျို့ချင်၊ အန်ချင်စိတ် ဖြစ်ပေါ်လာနိုင်သည်။ ၀မ်းဗိုက်အတွင်းတွင် မှန်ပြောင်းရွေ့လျားနေသည်ကို ခံစားသိရှိနိုင်သလို လေပွနေ သကဲ့သို့လည်း ဖြစ်နေနိုင်သည်။

Biopsies ယူခြင်းကိုမူ မသိရှိနိုင်ပေ။ အိပ်ဆေး ထိုးထားမည်ဆိုပါက မည့်သည့် ခံစားချက်ကိုမျှ မသိရှိနိုင်သလို စမ်းသပ်မှုပြုခဲ့သည်ကိုပင် သိရှိလိုက်မည် မဟုတ်ပေ။ နိုးလာသောအခါတွင်မူ ထည့်သွင်းထားသော လေများကြောင့် ဗိုက်ပွသလို ခံစားနေရမည်ဖြစ်သော်လည်း မကြာမီပင် သက်သာ ပျောက်ကွယ်သွားလိမ့်မည်။

စမ်းသပ်မှု ပြီးဆုံးသည့်အခါ၌ Gag Reflex ပြန်ရမှသာ အစားအစာနှင့် ရေများကို စတင် စားသုံးသင့်ပေသည်။

သို့မှသာ အစာရေစာများ သီးခြင်းကို ရှောင်ရှားနိုင်ပေမည်။ Gag Reflex ဆိုသည်မှာ လည်ချောင်း၏ အနောက်ဘက် တစ်ဖက်တစ်ချက်စီအား ညင်သာစွာ ထိတွေ့ပါက ပျို့ချင်၊ အန်ချင်စိတ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ဤစမ်းသပ်မှုကို ဘာကြောင့်ပြုလုပ်ရန် လိုအပ်တာလဲ။

Endoscopy ကို အသုံးပြု၍ ရောဂါရှာဖွေမှုမှာ ကုန်ကျစရိတ် ကြီးမားသကဲ့သို့ အတွင်းကျကျ ပြုလုပ်ရသော စမ်းသပ်စစ်ဆေးမှုလည်း ဖြစ်သောကြောင့် အစာမကြေဖြစ်သော၊ ဗိုက်အောင့်သော လူနာတိုင်းကို Endoscopy ကြည့်ရန် မလိုအပ်ပေ။

အစာအိမ် အနာ၊ အစာအိမ်ကင်ဆာ (သို့မဟုတ်) နှစ်မျိုးလုံး ဖြစ်နိုင်ခြေ အလားအလာရှိပြီး အစာမကြေဖြစ်ခြင်း၊ ဗိုက်နာခြင်းဝေဒနာလည်း ခံစားရသော လူနာများအတွက်သာ သင့်လျော်သည်။

အောက်တွင်ဖော်ပြထားသည့် ရောဂါလက္ခဏာများ ဖြစ်ပွားပါကဆရာဝန်မှ Endoscopy ရိုက်ရန် ညွှန်ကြားနိုင်ပေသည်။

• ဗိုက်နာခြင်း

• ၀မ်းမည်းမည်း (ကတ္တရာစေးရောင်သွားခြင်း)

• နာတာရှည်အသည်းရောဂါ (သို့မဟုတ်) အသည်းခြောက်ရောဂါရှိခြင်း

• အစားနည်းလာခြင်း (သို့မဟုတ်) အနည်းငယ် စားလိုက်သည်နှင့် ဗိုက်ပြည့်သွားသလို ခံစားရခြင်း

• ရင်ပူခြင်း

• အစာမျိုပြွန်တွင် အကျိတ်ဖြစ်ခြင်း (သို့မဟုတ်) အစာမျိုပြွန် ကျဉ်းနေခြင်း

• အစာ၊ ရေမျိုရခက်ခဲခြင်း (သို့မဟုတ်) မျိုချလျှင် နာကျင်ခြင်း

• ရောဂါဇာစ်မြစ် ရှာမရဘဲ သွေးအားနည်းနေခြင်း

• ရောဂါဇာစ်မြစ် ရှာမရဘဲ ကိုယ်အလေးချိန်ကျလာခြင်း

• သွေးအန်ခြင်း

• ကြာမြင့်စွာအန်နေခြင်း

• အသက် (၅၅) နှစ်ကျော်မှ အစာမကြေ၍ ဗိုက်နာမှုဝေဒနာ မကြာခဏဖြစ်ခြင်း

ထို့အပြင် အထက်တွင်ဖော်ပြခဲ့သလို Biopsy ယူလိုသောအခါတွင်လည်း Endoscopy ကိုအသုံးပြုနိုင်သည်။

ဘာရောဂါမှမရှိဘူးဆိုရင် Endoscopy မှာ ဘယ်လိုတွေ့ရမှာလဲ။

အစာရေမျိုပြွန်၊ အစာအိမ်နှင့် အူသိမ်ဦးပိုင်းတို့မှာ ချောမွေ့၍ ပုံမှန်အရောင် (ပန်းရောင်) ရှိရမည်။ သွေးထွက်ခြင်း၊ အကျိတ်ဖြစ်ခြင်း၊ အနာဖြစ်ခြင်းနှင့် ရောင်ရမ်းခြင်းများ မရှိသင့်ပေ။

Endoscopy မှာ ပုံမှန်အရောင် မဟုတ်ဘူးဆိုရင် ဘာရောဂါတွေ ဖြစ်နိုင်သလဲ။

သွေးထွက်ခြင်း၊ အကျိတ်ဖြစ်ခြင်း၊ အနာဖြစ်ခြင်းနှင့် ရောင်ရမ်းခြင်းများ ရှိပါက အောက်ပါရောဂါများ ဖြစ်နိုင်ခြေရှိပေသည်။

(၁) ဂျုံ၊ လူး၊ ဆတ်၊ ဘာလီတို့ထဲတွင် ပါဝင်သည့် ဂလိုင်ယာဒင် (Gliadin) ပရိုတင်းနှင့် ဓာတ်မတည့်ခြင်းကြောင့် ဖြစ်ပေါ်သော ဆီးလီးယား(တ်) ရောဂါ (Coeliac Disease)

(၂) စားချဥ့်ပြန်ရောဂါ

(၃) အသည်းရောဂါကြောင့် အစာရေမျိုပြွန်ရှိ သွေးကြောများ ဖောင်းနေခြင်း

(၄) Mallory- Weiss syndrome ကြောင့် အစာရေမျိုပြွန် အက်ကွဲနေခြင်း

(၅) အစာရေမျိုပြွန် ကျဉ်းနေခြင်း

(၆) အစာရေမျိုပြွန် ရောင်ရမ်းနေခြင်း

(၇) အစာအိမ်နှင့် အူသိမ်ဦးပိုင်း ရောင်ရမ်းနေခြင်း

(၈) အစာရေမျိုပြွန်၊ အစာအိမ်နှင့် အူသိမ်ဦးပိုင်းတို့တွင် အကျိတ် (သို့မဟုတ်) ကင်ဆာဖြစ်ခြင်း

(၉) အစာအိမ် (သို့မဟုတ်) အူသိမ်ဦးပိုင်းတွင် အနာဖြစ်ခြင်း

အစာအိမ်နှင့်အူလမ်းကြောင်း အထက်ပိုင်းစစ်ဆေးမှု (Upper GI Series)

အစာအိမ်နှင့် အူလမ်းကြောင်း အထက်ပိုင်း စစ်ဆေးမှုအတွက် ဘေရီယမ် (Barium) ပါဝင်သော အရည်ကိုသောက်၍ ဓာတ်မှန်ရိုက်ကြည့် ရသည်။ ထိုအခါ အစာအိမ်နှင့် အူလမ်းကြောင်း ရောင်ရမ်းခြင်း၊ အနာရှိခြင်း (သို့မဟုတ်) ယခင်ဖြစ်ပွားဖူးသော အနာကြောင့် အမာရွတ်ဖြစ်ခြင်း (Scarring) တို့ကို မြင်တွေ့နိုင်သည်။

၎င်းနှင့်စာလျှင် အစာအိမ်နှင့် အူလမ်းကြောင်း မှန်ပြောင်းဖြင့် ကြည့်ရှုခြင်းက ကုန်ကျစရိတ် ပိုများ၍ ပိုပြီး invasive ဖြစ်သော်လည်း ပိုမိုတိကျသည်။

အစာအိမ်အနာအတွက် ကုသနည်း

အရှေ့တွင် ဖော်ပြခဲ့သလို Helicobacter Pyloria ပိုးကြောင့် အစာအိမ်အနာ ဖြစ်ပွားရသည်ဆိုပါက ကုသခြင်း၏ အဓိကပစ်မှတ်မှာ ထိုပိုးကို ဖယ်ရှားပစ်ရန် ဖြစ်သည်။

ထိရောက်သော ကုထုံးလည်း အများအပြားရှိသည်။ အစာအိမ်မှ အက်ဆစ်ထွက်ခြင်းကို ဟန့်တားနိုင်ရန်အတွက် Famotidine (သို့) Nimotidine ကဲ့သို့သောH2 Receptor Antagonist များ (သို့) Omeprazole (သို့) Esomeprazole (သို့) Pentoprazole (Pentocid) ကဲ့သို့သော Proton Pump Inhibitors များနှင့်အတူ ပဋိဇီဝဆေး နှစ်မျိုးကိုတွဲ၍ အသုံးပြုရပေမည်။

ဆေးပတ်လည်သောအခါ Helicobacter Pylori ပိုးပျောက်ကင်းသွားခြင်း ရှိ/မရှိ ပြန်လည်စစ်ဆေးရမည်။
Helicobacter Pylori ပိုးကြောင့် မဟုတ်သော အစာအိမ်အနာများ အတွက်မူ အစာအိမ်အနာကျက်ဆေးများ ဖြစ်သည့် Antacid၊ H2Receptot Antagonist နှင့် Proton Pump Inhibitors များဖြင့် ကုသရသည်။

ရေရှည်ကုသမှု ခံယူရန် လိုအပ်နိုင်သည်။ အစာအိမ်အနာမှ သွေးယိုစိမ့်ခြင်း ရှိပါက အစာအိမ်နှင့် အူလမ်းကြောင်း ကြည့်မှန်ပြောင်း (Endoscopy) ကို အသုံးပြု၍ Cauterized လုပ်ခြင်း (သွေးထွက်သော နေရာကို ရှို့ပစ်ခြင်း) ဖြင့် သွေးထွက်ခြင်းကို ထိန်းချုပ်နိုင်သည်။

သောက်ဆေးနှင့် Endoscopy ဖြင့် ထိရောက်မှု မရှိပါက ခွဲစိတ်ကုသမှုပြုရန် လိုအပ်နိုင်သည်။ အစာအိမ်မှ အက်ဆစ်ထွက်ခြင်းကို ထိန်းချုပ်သည့် ဗေးဂတ်စ် (Vagus) အာရုံကြောကို ဖြတ်ပစ်ခြင်း (Vagotomy) နှင့် အစာအိမ် တစ်ဝက်ခန့်ကို ဖယ်ရှားပစ်ခြင်း (Partial Gastrectomy) တို့ဖြစ်သည်။

အစာအိမ်အနာရှိပါက အစာကိုနည်းနည်းနှင့် မကြာခဏစားခြင်း၊ အချိန်မှန်မှန် စားခြင်းတို့ ပြုလုပ်ရမည့်အပြင် ဆေးလိပ်၊ ကော်ဖီ၊ လက်ဖက်ရည်၊ ကဖင်းဓာတ်ပါသည့် အချိုရည်များ၊ အရက်၊ အက်စ်ပရင်နှင့် အကိုက်အခဲ ပျောက်ဆေးများ (NSAID) ကို ရှောင်ကြဉ်ရပေမည်။

Credit : Dr.Thant Zaw