အတုမရှိဗုဒ္ဓမြတ်စွာဘုရား

အတုမရှိဗုဒ္ဓမြတ်စွာဘုရား

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Saturday, 22 October 2016

ဝ အောင် ဘယ်လိုလုပ်မလဲ

ကိုယ်အလေးချိန်တက်ဖို့အတွက် အာဟာရပြည့်ဝတဲ့အစားအစာများ စားသုံးခြင်းနှင့်ြ ကွက်သားထုတက်စေမယ့် လေ့ကျင့်ခန်းများပြုလုပ်ခြင်းက အဓိကအရေးပါတဲ့ အချက်နှစ်ခုဖြစ်စေမယ့် ဝိတ်တက်အောင်ပြုလုပ်ရာမှာ ပိုမိုမြန်ဆန်စေမယ် လွယ်ကူတဲ့နည်းလမ်းလေးတွေ ရှိပါတယ်။

- အစာမစားမီရေသောက်ခြင်းကို တတ်နိုင်သမျှရှောင်ကြဉ်ပါ။ အစားမစာမီရေသောက်ခြင်းက အစာအိမ်ကိုပြည့်အင့်စေတာကြောင့် ဖြစ်ပါတယ်။

- နည်းနည်းချင်းစီဖြင့် မကြာခဏစားပေးပါ။

- နွားနို့သောက်ပါ။ မလိုင်အပြည့်ပါတဲ့ နွားနို့က ရေငတ်ပြေစေသလို လိုအပ်တဲ့အသားဓာတ်နှင့် ကယ်လိုရီတွေကို ရရှိစေမှာအမှန်ပါဘဲ။ လိုအပ်ပါက ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်နှင့် ကယ်လိုရီတွေကြွယ်ဝစွာပါဝင်တဲ့ ကိုယ်အလေးချိန်တိုးဖို့ ဖျော်ရည်တွေ သောက်သုံးနိုင်ပါတယ်။ ပန်ကန်ပြားကြီးကြီးဖြင့်ထည့်စားပါ။ ပန်ကန်အကြီးကြီးကိုအသုံးပြုတာကြောင့် အစားအစာတွေကို ပိုထည့်မိပြီး များများစားမိနိုင်လို့ပါ။ သောက်နေကျကော်ဖီထဲကို မလိုင်ထည့်သောက်ခြင်းကလည်း ကယ်လိုရီတွေကို ပိုမိုရရှိစေတဲ့နည်းလမ်းတစ်ခုပါဘဲ။

- ကြွက်သားတည်ဆောက်ရာမှာ အထောက်အကူပြုတဲ့ဖြည့်စွက်ဆေးတွေကလည်း ကိုယ်အလေးချိန်တက်အောင် ပြုလုပ်ရာမှာကူညီပေးနိုင်ပါတယ်။

- အိပ်ရေးဝအောင်အိပ်ပါ။ အိပ်ရေးဝဝ အိပ်ခြင်းက ကြွက်သားကြီးထွားဖွံ့ဖြိုးဖို့အတွက် အလွန်အရေးပါပါတယ်။

- အစာစားရာမှာလည်း ပရိုတင်းကို ဦးစွာရွေးချယ်စားသုံးပြီး အသီးအနှံနှင့် ဟင်းသီးဟင်းရွက်တွေကို နောက်ဆုံးမှ စားပါ။

- ဆေးလိပ်မသောက်ပါနှင့်။

ခန္ဓာကိုယ်ထဲဟာ ကိုယ်အလေးချိန်တစ်ခုမှာ အသားကျနေတဲ့အချိန်မျိုးမှာ အချို့သောလူတွေအတွက် ကိုယ်အလေးချိန်တက်အောင် ပြုလုပ်ရာမှာဖြစ်စေ၊ အလေးချိန်ကျအောင် ပြုလုပ်ရာမှာဖြစ်စေ အမှန်ပင် ခက်ခဲမှုရှိနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ကိုယ်အလေးချိန်ကို ပြောင်းလဲအောင် ကြိုးစားနေချိန်မှာ ခန္ဓာကိုယ်ကလည်း ဆာလောင်မှုနှုန်းနှင့် ဇီဝကမ္မဖြစ်စဉ်တွေကို ထိန်းညှိခြင်းဖြင့် ပြောင်းလဲမှုတွေကို တောင့်ခံနေတာကြောင့်ဖြစ်ပါတယ်။ 

ဒါ့အပြင် leptin ကဲ့သို့သော အလေးချိန်ကို ထိန်းညှိပေးရာမှာ အရေးပါတဲ့ဟော်မုန်း စတာတွေမှာ မူတည်နေတာကြောင့် ကိုယ်မျှော်မှန်းထားတဲ့ အလေးချိန်ရောက်စဉ်အထိ စိတ်ရှည်ရှည်ထားပြီး ပုံမှန်လုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်။

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Thursday, 20 October 2016

ဘရာမဝတ်တဲ့အခါ ရရှိမယ့် ကောင်းကျိုး (၄) ခု

ဒီနေ့ (အောက်တိုဘာလ ၁၃) ရက်နေ့ဟာ ကင်ဆာရောဂါမဖြစ်ပွားဖို့ မိန်းကလေးတွေ အိမ်မှာနေရင် ဘရာမဝတ်ဘဲ နေကြဖို့ တိုက်တွန်းတဲ့အနေနဲ့ သတ်မှတ်ထားတဲ့ No Bra နေ့ ဖြစ်ပါတယ်။ ဘရာမဝတ်ခြင်းက ရရှိတဲ့ အံ့သြဖွယ်ကောင်းကျိုးတွေလည်း ရှိနေနေတာကို လေ့လာတွေ့ရှိရပါတယ်။

၁။ ဘရာတွေက ရင်သားကို ပိုလှအောင် မပြုပြင်ပေးနိုင်ဘူး

ဘရာမဝတ်ရင် ရင်သားပျော့တွဲမှာကို မိန်းကလေးတွေကစိုးရိမ်ကြပါတယ်။ တကယ်တော့ သင်တို့ထင်နေတာနဲ့ ဆန့်ကျင်ဘက်ပါပဲ။ ဘရာမဝတ်ခြင်းက ရင်သားတစ်ရှူးတွေကို ပိုမိုကျန်းမာစေတယ်လို့ လေ့လာမှုတစ်ခုက ဆိုထားပါတယ်။

၂။ ဘရာမဝတ်ခြင်းက သွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေတယ်

ဘရာကို ချွတ်လိုက်ချိန်မှာ လူအထိန်းအချုပ်မှ မရှိသလိုဖြစ်ပြီး ရင်ဘတ်ကို စည်းနှောင်ထားတဲ့အရာဖယ်လိုက်တဲ့အတွက် သွေးလည်ပတ်မှု ပိုကောင်းလာပါတယ်။ သွေးလည်ပတ်မှု ပိုကောင်းရင် အသားအရေပိုလှပြီး ပိုတင်းရင်းစေပါတယ်။

၃။ ရင်သားတွေကို ပိုမိုကြည့်ကောင်းစေပါတယ်။

ဘရာဝတ်ထားတဲ့ အမျိုးသမီးတွေထက် ဘရာမဝတ်တဲ့အမျိုးသမီးတွေရဲ့ ရင်သားထိပ်က ပျန်းမျှ ၇ မီလီမီတာ ပိုမြင့်တယ်လို့ လေ့လာမှုတစ်ခုအရ သိရပါတယ်။ ရင်သားထိပ်မြင့်တက်ခြင်းဟာ ရင်သားတွေ ပိုပြီး တင်းရင်းလှပနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

၎။ နေလို့ထိုင်လို့ ပိုကောင်းတယ်

ဒါ မိန်းကလေးတိုင်း ခံစားမိတဲ့ကိစ္စပါ။ ဘရာဝတ်ထားချိန်မှာ စည်းနှောင်ထားသလိုဖြစ်ပြီး တင်းကျပ်နေပါတယ်။ ဘရာချွတ်လိုက်ချိန်မှာ ခံစားရတဲ့ လွတ်လပ်ပေါ့ပါးမှုက ဘာနဲ့မတူသလို နေရတာ ပေါ့ပါးလန်းဆန်းသွားပါတယ်။

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

အရွယ်မတိုင်မီ အိုသလိုဖြစ်စေတဲ့ အလေ့အကျင့် (၆) ခု

၁ - နေရောင်

နေရောင် အောက်မှာ အကာအကွယ်မပါဘဲ အလွန်အမင်းနေတဲ့အခါ  ရေရှည်မှာ သင့်အရေပြားတွေဟာ ပုံမှန်ထက် အိုမင်းပျက်စီးလာပါတယ်။

၂ - မလုံလောက်

နေရောင် လုံလုံလောက်လောက် မရရင်လည်း ဗီတာမင်ဒီ ချို့တဲ့ပြီး ဖျော့တော့အိုမင်းတဲ့ပုံ ပေါက်စေပါတယ်။

၃ - ဆပ်ပြာအညံ့စား

နေ့စဉ် ကိုယ်အသားအရေနဲ့ နှစ်ကြိမ်လောက်ထိတွေ့ရမယ့် ပစ္စည်းကို ကောင်းတာရွေးသုံးသင့်ပါတယ်။ ကြုံတဲ့ ဆပ်ပြာနဲ့ တိုက်တာမျိုးလည်း မလုပ်သင့်ပါဘူး။

၎ - လှုပ်ရှားမှု

နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုက လုံလောက်အောင် မရှိတာပါ။ သွေးလည်ပတ်မှု နှေးကွေးပြီး အရေပြားတွေက အိုမင်းလာပါတယ်။

၅ - ဗီတာမင်

အစားအစာကို ကြွယ်ကြွယ်ဝဝမစားတာ ဖြစ်ပါတယ်။ ဗီတာမင်စုံလင်စွာ မရတော့ပါဘူး။

၆ - ပိုသောက်တာ

ဆေးလိပ်ကို ချင့်ချိန်မသောက်တာ၊ အရက်ကို ချင့်ချိန်မသောက်တာတွေကလည်း သင့်ကို သာမန်ထက် ပိုရင့်ရော်စေပါတယ်။

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

အိပ်ရာကနိုးနိုးချင်း ရေသောက်ရင်ရမယ့် အကျိုးကျေးဇူး (၄) ခု

၁ - ခန္ဓာကိုယ်အဆိပ်

ခန္ဓာကိုယ်တွင်းက မလိုအပ်တဲ့ အဆိပ်အတောက်တွေကို ညဘက်မှာ စွန့်ပစ်ထားပါတယ်။ မနက်အိပ်ရာ ထထချင်း ရေသောက်တဲ့အခါ ဝမ်းဗိုက်ထဲက အဆိုပါစွန့်ပစ်အဆိပ်အတောက်တွေကို ဖယ်ရှားလိုက်သလိုပါပဲ။

၂ - အစာခြေညက်စနစ်

မနက်အိပ်ရာ ထထခြင်းမှာ ဝမ်းဗိုက်ဟာ ဗလာဖြစ်နေပြီး ဒီအချိန်မှာ ရေသောက်ပေးတာဟာ အစာခြေစနစ်ကို အားကောင်းစေပါတယ်။

၃ - အသားအရေ

မနက်ခင်း ရေသောက်တဲ့အခါမှာလည်း ဝအောင်သောက်သင့်ပါတယ်။ ၅၀၀ ml လောက် သောက်သင့်တာ ဖြစ်ပါတယ်။ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး အသားအရေ လှပပါတယ်။

၎ - ကျောက်ကပ် ကျောက်တည်ခြင်း

မနက်နိုးနိုးခြင်း ရေသောက်တာက ကျောက်ကပ် ကျောက်တည်တာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ မနက်ခင်းရေသောက်တာဟာ သည်းခြေအိတ်မှာ ဖြစ်ပွားတဲ့ ရောဂါအများစုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Monday, 17 October 2016

ချိုင်းနဲ့ အတွင်းသားပိုင်းများ အသားအရောင် မညီမမျှဖြစ်နေခြင်း

ချွေးထွက်လွန်ခြင်းနဲ့ တင်းကျပ်တဲ့ အဝတ်အစားတွေကြောင့် အဆိုပါနေရာများတွင် အသားအရောင် ညိုညစ်နေတာမျိုး ဖြစ်တတ်ပါသည်။ အဲဒီလိုတင်းကျပ်လွန်းတဲ့ အဝတ်အစားတွေကြောင့် လေဝင်လေထွက် မရဘဲ ချွေးများအောင်းကာ ဂျိုင်းနဲ့ အခြားနေရာတွေမှာ ထိုသို့ဖြစ်လာရခြင်းလည်း ဖြစ်ပေသည်။

ဖြေရှင်းရန် နည်းလမ်း

၁။ ပွပွချောင်ချောင် ချည်ထည်များကိုသာ ဝတ်ဆင်ပေးပါ။
၂။ မဲညစ်နေတဲ့ နေရာတွေကို ချိုင်းကြားဖြူဖွေးစေတဲ့ လိမ်းဆေးစတာမျိုးတွေ သင့်လျော်သလို အသုံးပြုပေးပါ။
၃။ တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဂရုစိုက်ပါ။
၎။ အဝတ်အစားများကို သေချာစွာ လျော်ဖွတ်ကာ ခြောက်သွားပြီးမှ ဝတ်ဆင်ပါ။

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : Orchid
Health for ALL magazine 

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

ခေတ္တသတိမေ့ခြင်း

ရုတ်တရက် ဦးနှောက်သို့ သွေးရောက်မှုနည်းသဖြင့် မတ်တပ် မရပ်နိုင်ဘဲ လဲကျကာ သတိမေ့ခြင်း ဖြစ်သည်။ ခေတ္တသာဖြစ်၍ နောက်ပြန် သတိရလာသည်။ ဤသို့ဖြစ်သည်မှာ သွေးလည်ပတ်မှု မကောင်း၍သာ ဖြစ်ပြီး ဝက်ရူးပြန်ရောဂါကြောင့် တက်ခြင်း၊ ရုတ်တရက် သွေးလန့်ခြင်းနှင့် ရေရှည် သတိမေ့မြောစေသော အကြောင်းများကြောင့် မဟုတ်ပေ။ ဖြစ်ပွားရသော အကြောင်းမှာ အဓိကနှစ်ခုသာ။

(၁) နှလုံးရောဂါရှိခြင်း
(၂) နှလုံးကိုပေးသော ဗေဂတ်စ်အာရုံကြော မကောင်း၍ဖြစ်ခြင်း (Vasovagal Attack)

ဥပမာ မသတီစရာ မြင်ကွင်းတစ်ခုကိုမြင်၍ သတိမေ့ခြင်း (သို့) မတ်တပ်ရပ်နေရာမှ လဲမလိုဖြစ်ခြင်း၊ သွေးကိုမြင်၍ ထိတ်လန့်ခြင်း ဝမ်းနည်းစရာမြင်ကွင်းမြင်၍ ထိတ်လန့်ခြင်း။

က။ ရောဂါ လက္ခဏာများ

(၁) ရှေးက ယခုလိုဖြစ်ဖူးခြင်း
(၂) သတိ မမေ့မီ ခေါင်းမူးခြင်း၊ ခေါင်းချာချာလည်ခြင်း၊ ခေါင်းမှာ ပေါ့သည်ဟု ခံစားရခြင်း
(၃) အားမရှိဟု ခံစားရခြင်း
(၄) ချွေးထွက်ခြင်း
(၅) ပျို့ခြင်း၊ အန်ခြင်း
(၆) မျက်စိ မှုန်ဝါးလာခြင်း၊ အရိပ်တစ်ခုမြင်ခြင်း
(၇) အရေပြား အေးစက်လာခြင်း၊ အရိပ်နှစ်ခုမြင်ခြင်း
(၈) ခြေလက်များ ကျင်လာခြင်း၊ ဖြူလာခြင်း
(၉) ရင်ဘတ်နာခြင်း
(၁၀) တစ်ခုခုလုပ်မည်ကြံလျှင် ဖြစ်တတ်ခြင်း

ခ။ ကုသခြင်း

(၁) လူနာကို ပြင်ညီပေါ်မှာ လှဲထားပါ။ ပက်လက်လှန်၍ ခြေထောက်ကို မြင့်မြင့်ထားပါ။
(၂) အသက်ရှူ မှန်ပါစေ။ ရှူနိုင်အောင် ဦးခေါင်း တစောင်း လှည့်ထားပါ။
(၃) ဂလူးကို့စ် (သို့) လက်ဖက်ရည်၊ ကော်ဖီတိုက်ပါ။
(၄) ဆရာဝန် ခေါ်ပါ။ စောင့်နေစဉ် အောက်ဆီဂျင် ပေးထားပါ။
(၅) ဆရာဝန်က အောက်ပါအတိုင်း ရောဂါသိရန် စူးစမ်းပါလိမ့်မည်။
(က) ရောဂါရာဇဝင်
(ခ) ခန္ဓာကိုယ် စမ်းသပ်စစ်ဆေးခြင်း အထူးသဖြင့် နှလုံးရောဂါရှိ၊မရှိ
(ဂ) နှလုံးလျှပ်စစ်ဓာတ်ဖြတ်ပုံကြည့်ခြင်း (အီးစီဂျီ ECG)
(ဃ) ဦးခေါင်းလျှပ်စီးတိုင်းကြည့်ခြင်း (ဝါ) လျှပ်စစ်ဖြတ်ပုံကြည့်ခြင်း (EEG)
(င) သွေးတွင်းဓာတ်များ တိုင်းခြင်း
(စ) ရင်ခေါင်းဓာတ်မှန်
(ဆ) ဦးခေါင်းစီတီ (CT) ၊ ဝမ်းဗိုက် စီတီ (CT)
(ဇ) ဦးနှောက် MRI

ဂ။ စိတ်ချရသော စစ်ဆေးမှု ရလဒ်များ

(၁) ပုံမှန်အီစီဂျီ (E.C.G)
(၂) ပုံမှန်အီးအီးဂျီ (E.E.G)
(၃) ပုံမှန်ဓာတ်မှန်နှင့် အလားတူ ရိုက်ချက်များ
(၄) ပုံမှန်နှလုံးကို လေ့ကျင့်ခန်း လုပ်စမ်းချက် (Stress Test)
(၅) နှလုံးခုန် ပုံမှန်ပြန်ဖြစ်ခြင်း။

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : ဒေါက်တာမောင်မောင်ညို ၊ လူတိုင်းအတွက် အရေးပေါ်ဆေးပညာ စာအုပ်

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

ခန္ဓာကိုယ်မှာအသည်းရဲ့အရေးပါပုံ

ခန္ဓာကိုယ်မှာ အသည်းရဲ့ လုပ်ဆောင်ချက်တွေဟာ အလွန်များပါတယ်။ အစာချေဖျက်ရာမှာ လုပ်ဆောင်ပေးတယ်။ ဂလူးကို့စ်ကို ဂလိုင်ကိုဂျင်အဖြစ် ပြောင်းလဲ သိုလှောင်ပေးပြီး လိုအပ်ပါက ဂလိုင်ကိုဂျင်ကိုဂလူးကို့စ်အဖြစ် ပြန်လည် ဖြိုခွဲပေးပါတယ်။ အဆီကို သယ်ဆောင်ပေးတဲ့ Apoprotein တွေကို ထုတ်လုပ်ပေးပါတယ်။ အဆီတွေကို Apoprotein နဲ့ ပေါင်းပြီး လိုင်ပိုပရိုတင်းအဖြစ်နဲ့ သယ်ဆောင်ပေးပါတယ်။

ခန္ဓာကိုယ်အတွင်း သွေးထဲမှာ လှည့်ပတ်နေတဲ့ ပရိုတင်းတွေကို ထုတ်လုပ်ပေးပြီး အန်တီဘော်ဒီဖြစ်တဲ့ Immunoglobulin ကိုတော့ မထုတ်လုပ်ပါဘူး။ သွေးခဲစေတဲ့ ပရိုတင်းနဲ့ သွေးကျဲစေတဲ့ ပရိုတင်းတွေကိုလည်း ထုတ်လုပ်ပေးပါတယ်။ သွေးတွင်းရှိ ဂလူးကို့စ်၊ အဆီဓာတ်၊ ပရိုတင်းနဲ့ အမိုင်နိုအက်စစ်တွေကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးထားပါတယ်။

သံဓာတ်ကို သိုလှောင်ပြီး သွေးထဲမှာရှိတဲ့ အနီဓာတ်ကို ထုတ်ပေးပါတယ်။ သွေးထဲမှာ အမိုးနီးယားဓာတ်တွေ များပါက အန္တရာယ်ရှိပါတယ်။ အသည်းက အမိုးနီးယားကို ယူရီးယားအဖြစ် ပြောင်းလဲပြီး ဆီးထဲကနေ စွန့်ထုတ်ပေးပါတယ်။

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : ဇာခြည်ဝင်း ( ဆေးဝါးတက္ကသိုလ် ) ၊ AROGYAM