အတုမရှိဗုဒ္ဓမြတ်စွာဘုရား

အတုမရှိဗုဒ္ဓမြတ်စွာဘုရား

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Wednesday, 24 February 2016

၂၀၅၀ ရောက်တဲ့အခါ ကမ္ဘာ့လူဦးရေတစ်ဝက် မျက်မှန်တပ်ရမည်

လာမယ့် ၂၀၅၀ ခုနှစ်ရောက်တဲ့အခါ ကမ္ဘာ့လူဦးရေ တစ်ဝက်လောက်က ပါဝါမျက်မှန်တပ်ရလိမ့်မယ်လို့ သုတေသန စစ်တမ်းတစ်ခုက ဖော်ထုတ်လိုက်ပါတယ်။ အကြောင်းအရင်းကတော့ နေ့စဉ်နဲ့အမျှ တိုးတက်လာတဲ့  ကွန်ပျူတာ၊ စမတ်ဖုန်း၊ တီဗီ တို့လို့ အီလက်ထရွန်နစ် မျက်နှာပြင်တွေကြောင့် ဖြစ်ပါတယ်။

၂၀၅၀ ခုနှစ်ကို ရောက်သွားတဲ့အခါ လူဦးရေ ၄.၈ ဘီလီယံ သို့မဟုတ် ကမ္ဘာ့လူဦးရေရဲ့ ၄၉.၈ ရာခိုင်နှုန်းဟာ မျက်မှန်တွေ လိုလာကြလိမ့်မယ်လို့ သုတေသနစစ်တမ်းက ထောက်ပြပါတယ်။ ၂၀၁၀ တုန်းက လေ့လာမှုအရ ကမ္ဘာ့လူဦးရေ စုစုပေါင်းရဲ့ ၂၈.၃ ရာခိုင်နှုန်းပဲ မျက်မှန်တပ်ကြ ရပါတယ်။ အခုတော့ မျက်မှန်တပ်ရမယ့်သူ နှစ်ဆလောက် တိုးလာမယ်ဆိုတဲ့ သဘောပါ။

ပြင်ပသဘာဝအလှတွေကို ကြည့်ရှုချိန် နည်းပါးလာပြီး အလုပ်နဲ့ အခြားသော အချိန်တွေမှာ ဒစ်ဂျစ်တယ် မျက်နှာပြင်တွေကိုသာ ကြည့်နေကြတဲ့ ရလဒ်ပဲ ဖြစ်တယ်လို့ တယ်လီဂရက်ဖ် သတင်းအစီရင်ခံစာထဲမှာ ရေးသား ဖော်ပြပါတယ်။ တိုးတက်ပြီး ဝင်ငွေများတဲ့ နိုင်ငံတွေက မျက်မှန်ပြဿနာကို ပိုပြီး ရင်ဆိုင်ရလိမ့်မယ်လို့ ဆိုပါတယ်။



အောင်မြင့်မြတ်(Myanmar Youths)

Tuesday, 23 February 2016

စိတ်ဖိစီးမှု နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများ



စိတ်ဖိစီးမှုဆိုတာ စိတ်ပိုင်းဆိုင်ရာ ခံစားရမှုအပြင် ခန္ဓာကိုယ်ကိုလည်း ကျန်းမာရေးအရ အန္တရာယ်ပေးနိုင်တဲ့ ပြဿနာတစ်ရပ် ဖြစ်ပါတယ်။ စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ်အတွက် ကျန်းမာရေးဆိုးကျိုး ဖြစ်လာနိုင်တဲ့ အချက်တွေကို စုစည်းဖော်ပြထားပါတယ်။

၁။ စိတ်ဖိစီးမှု ခံစားရတဲ့အခါ အက်ဒရီနယ်လ် ဂလင်းစ် (adrenal glands) တွေက အက်ဒရီနလင်း (adernaline) နဲ့ ကော်တီဆောလ် (cortisol) အပါအဝင် ဟော်မုန်းဓာတ်တွေ အများအပြား ထုတ်လွှတ်ပါတယ်။ ဒီ ဟော်မုန်းတွေက နှလုံးခုန်နှုန်းနဲ့ သွေးဖိအားကို မြင့်တက်စေပြီး နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် စိတ်ကျရောဂါ၊ သွေးတိုးနဲ့ ကင်ဆာရောဂါ အချို့ပင် ဖြစ်နိုင်ခြေရှိပါတယ်။

၂။ အမေရိကန် စိတ်ပညာဆိုင်ရာ အဖွဲ့အစည်းရဲ သုတေသနအရ စိတ်ဖိစီးမှု ခံစားရသူ ၂၅ ရာခိုင်နှုန်းမှာ
အစာအိမ် မကောင်းတဲ့ ကျန်းမာရေးပြဿနာ ဖြစ်လေ့ရှိတယ်လို့ ဆိုပါတယ်။ စိတ်ဖိစီးမှုရဲ့ နောက်ဆက်တွဲ အစာအိမ် ပြဿနာတွေအဖြစ် မအီမသာဖြစ်ပြီး ပျို့အန်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဗိုက်အောင့်ခြင်းနဲ့ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းတွေ ခံစားရနိုင်ပါတယ်။

၃။ စိတ်ဖိစီးမှု ခံစားရသူတွေဟာ မှတ်ဉာဏ်ပျောက်ဆုံးမှု ဖြစ်နိုင်ခြေ ၄၀ ရာခိုင်နှုန်းရှိကြောင်း Rush တက္ကသိုလ်ရဲ့ သုတေသနက ဖော်ပြပါတယ်။ ခန္ဓာကိုယ်မှာ စိတ်ဖိစီးမှုနဲ့ သက်ဆိုင်တဲ့ ဟော်မုန်းပမာဏ မြင့်မားမှုက ရေရှည်မှတ်ဉာဏ်ဆိုင်ရာ ဦးနှောက် အစိတ်အပိုင်းကို ထိခိုက်စေပါတယ်။

၎။ စိတ်ဖိစီးမှု ကြာရှည်ခစားရသူတွေဟာ နှလုံးရောဂါ သို့မဟုတ် လေဖြတ်ရောဂါ ဖြစ်နိုင်တဲ့ အန္တရာယ်လည်း ရှိပါတယ်။ Archives of Internal Medicine က ပြုလုပ်တဲ့ သုတေသနအရ ဘဝလက်တွဲဖော် သို့မဟုတ် အခင်မင်ဆုံး သူငယ်ချင်းနဲ့ အဆင်မပြေဖြစ်မှုကဲ့သို့ လူမှုရေး စိတ်ဖိစီးမှုတွေက နှလုံးနဲ့ပတ်သက်ပြီး ပြဿနာဖြစ်မှု ၃၄ ရာခိုင်နှုန်းအထိ မြင့်တက်နိုင်တယ်လို့ ဆိုပါတယ်။

၅။ Emory ဆေးတက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ သုတေသနအရ ခန္ဓာကိုယ်မှ ထွက်ရှိတဲ့ စိတ်ဖိစီးမှု ဟော်မုန်းတွေကြောင့် သန္ဓေအောင်ခြင်းကို ထိခိုက်စေပြီး ကလေးမရတဲ့ ပြဿနာ ကြုံရနိုင်တယ်လို့ ဖော်ပြပါတယ်။



အောင်မြင့်မြတ်(Myanmar Youths)

ကျန်းမာရေးအတွက် မာလကာသီး စားရအောင်



မာလကာသီးဟာ မိန်းကလေး အတော်များများရဲ့ အကြိုက်ပါ။ မာလကာသီးကို အသီးအတိုင်း စားကြတဲ့အပြင် ဖျော်ရည် သကြားလုံးစတဲ့ အစားအစာတွေမှာလည်း အသုံးပြုကြပါတယ်။ မာလကာသီးက အရသာရှိတာအပြင် ကျန်းမာရေးအတွက် ဘာတွေ အကျိုးပြုလဲဆိုတာ စပ်စုကြည့်ကြစို့လား။ မာလကာသီးမှာ ဗီတာမင်စီ ကြွယ်ဝစွာ ပါဝင်တဲ့အတွက် ဆဲလ်တွေပျက်စီးခြင်းမှ ကာကွယ်ပေးတယ်။

အမျှင်ဓာတ်က သွေးတွင်းအချိုဓာတ် လျော့နည်းခြင်းကို ကာကွယ်ပေးတယ်။ ဒါ့ပြင် အစာချေစနစ်ကို အထောက်အကူ ပေးသေးတယ်။ ကိုယ်တွင်းအင်္ဂါတွေ သန့်စင်ဖို့ကိုလည်း အမျှင်ဓာတ်က အထောက်အကူ ပေးသေးတယ်။ ဗီတာမင်အေက မျက်လုံးကို အားဖြည့်ပေးတယ်။ အမြင်အာရုံကို တိုးတက်စေတယ်။ 

မုန်လာဥနီ မကြိုက်တဲ့သူတွေ မျက်လုံးအားကောင်းဖို့ မာလကာသီး များများစားသင့်တယ်။ ပိုတက်စီယမ်က သွေးလည်ပတ်မှုနဲ့ သွေးဖိအားကို ပုံမှန်ဖြစ်စေတယ်။ မာလကာသီးမှာပါတဲ့ ပိုတက်စီယမ် ပမာဏက ငှက်ပျောသီးမှာပါတဲ့ ပမာဏနဲ့ အတူတူပဲမို့ ငှက်ပျောသီးမကြိုက်ရင်လည်း မာလကာသီးစားလို့ရပါတယ်။

အာရုံကြောတွေကိုပါ အထောက်အကူပေးပါတယ်။ ကြွက်သားနဲ့ အာရုံကြောတွေ ပျော့ပြောင်းပြီး သက်သောင့်သက်သာဖြစ်ဖို့ မာလကာသီး စားပေးရမယ်တဲ့။ ဒါ့ပြင် အသားအရေ အတွက်လည်း အကျိုးများသေးတယ်။ အသားအရေ ကြည်လင်ဝင်းပ ဖို့အတွက် အူတိုင်ပန်းရောင် မာလကာသီးကို စားပေးရပါမယ်။ 

စားရုံမက မာလကာသီးနဲ့ ချေးချွတ်သန့်စင်နိုင်ပါသေးသတဲ့။ ကြက်ဥအနှစ်နဲ့ မာလကာသီးကို ရောမွှေပြီး ရလာတဲ့အနှစ်ကို မျက်နှာပေါ်မှာ မိနှစ်နှစ်ဆယ်လောက် လိမ်းထားပြီး ရေနွေးနဲ့ဆေးချလိုက်ရင် မျက်နှာမှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးရုံမက အညစ်အကြေးတွေကိုလည်း သန့်စင်စေတဲ့အတွက် ဖြူစင်ဝင်းပတဲ့ အသားအရေကို ရနိုင်ပါတယ်။ တစ်ပတ်ကို နှစ်ကြိမ်အထိ ပြုလုပ်နိုင်ပါတယ်။

မာလကာသီးက အိုမင်းရင့်ရော်ခြင်း ကိုလည်း အကာအကွယ်ပေးပြန်ပါတယ်။ မာလကာသီးမှာ ဗီတာမင် အေ၊ စီ၊ ဗဖာလစ်အက်စစ်၊ ပိုတက်ဆီယမ်တို့ ပါဝင်တာကြောင့် ဆံသား ကျန်းမာသန်စွမ်းဖို့လည်း အထောက်အကူ ပေးပြန်ပါတယ်။ ဗီတာမင်စီ ပါဝင်တဲ့ မာလကာသီးဟာ ဆံပင်သန်စွမ်းဖို့၊ ဆံပင်ကျွတ်ခြင်းက ကာကွယ်ဖို့ သိပ်ကို အထောက်အကူဖြစ်တဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။ မာလကာသီး ကြိုက်တဲ့ ပျိုမေတွေ အသီးစားရင်းနဲ့ လှပနိုင်ကြပြီပေါ့နော်။

Credit : Healthcare.com.mm 



အောင်မြင့်မြတ်(Myanmar Youths)

Sunday, 21 February 2016

ခေါင်းလျှော်တဲ့အခါမှာ လုံးဝ မပြုလုပ်သင့်တဲ့ အရာတစ်ခု



သင့်အနေနဲ့ သင့်ဆံပင်ရဲ့  အမြစ်တွေကို ပေါင်းဆေး အသုံးမပြုသင့်ပါဘူး။ 

ဆံသား အားလုံးကို ချစ်မြတ်နိုးတဲ့အနေနဲ့ ခေါင်းလျှော်တဲ့အခါမှာ သင့်ဆံပင်ရဲ့  အမြစ်( ဦးရေပြားနဲ့ ထိစပ် နေသောနေရာ)ကို ပေါင်းဆေး(conditioner) လုံးဝ မသုံးသင့်ပါဘူး။ ဘာကြောင့်လဲဆိုတာကိုတော့ အနုပညာသမားတို့ရဲ့  စတိုင်လ် ပညာရှင် နဲ့ Ted Gibson Color ကုမ္မဏီ ရဲ့  ဒါရိုက်တာ Kitty Nadel က အခုလို ရှင်းပြထားပါတယ်။ 

“သင့်ဆံသားဟာ ထူသည်ဖြစ်စေ ၊ ပါးသည်ဖြစ်စေ ၊ ပေါင်းဆေးမှာပါဝင်တဲ့ သြဇာဓါတ်တွေဟာ ဆံသားရဲ့ အမြစ်ကို ကွေးညွတ်သွားစေပါတယ်။ သဘာဝ အားဖြင့် ဦးရေပြားကို အဆီပြန်သွားစေပြီး သင့်ဆံသားဟာ ဘာထုထည်မှ ရှိလာတော့မှာ မဟုတ်ပါဘူး။ သင့်ဆံပင်ဟာ နေ့လည်ပိုင်းမှာပင် အမြဲတမ်း စိုရွှဲသလို ဖြစ်နေပါလိမ့်မယ်” 

Kitty ရဲ့  ပြောကြားချက်အရတော့ သင့်အနေနဲ့ ဆံပင်တစ်ခုလုံးကို ရှန်ပူ နဲ့ လျှော်သင့်ပေမယ့် ပေါင်းဆေးသုံးတဲ့ အခါမှာတော့ ဆံသားရဲ့  အဖျားကိုသာ သုံးစွဲသင့်ပါတယ်။ 



“သင့်ဆံပင်ဟာ သင်နဲ့အတူ ကြာရှည်စွာ ရှိနေနိုင်တယ်ဆိုတာကို သတိရပါ။ ဒါကြောင့် သင့်ဆံသားတွေ အာဟာရ ပြည့်ဝနေဖို့ လိုအပ်ပါတယ်။ သင့်ကြောင့် သင့်ဆံသားတွေဟာ ထူလိုက်ပါးလိုက် ဖြစ်ပြီးပါပြီ။ (အရောင်ဆိုးခြင်း ၊ ဆံပင်စတိုင်လ်တစ်ခု ညှပ်ခြင်းကို ဆိုလိုသည်)။ ဒါကြောင့် ပိုမို ဂရုစိုက်ဖို့ လိုအပ်ပါတယ်” လို့လည်း သူမက ဆိုပါတယ်။ 

ဆံသားရဲ့  အမြစ်ကို ပေါင်းဆေး မသုံးသင့်တဲ့ အနေအထားဟာ သင့်ရဲ့  ဦးရေပြား ခြောက်သွေ့အခါမျိုး (သို့) ထိန်းသိမ်းရခက်တဲ့ ဆံသား ထူထူ ရှိတဲ့ အခါမျိုးပဲ ဖြစ်တယ်လို့ Kitty ရဲ့  ပြောကြားချက်အရ သိရပါတယ်။ 



အောင်မြင့်မြတ်(Myanmar Youths)

မျက်ခွံတွဲကျခြင်းအတွင်ဖြေရှင်းနည်း

မျက်ခွံက မျက်လုံးကို ပတ်စည်းထားတဲ့ ကြွက်သား အစိတ်အပိုင်းများဖြစ်ပြီး မျက်စိ ဖွင့်၊ ပိတ်လို့ ရစေနိုင်တာကြောင့် ယင်းကြွက်သားက လွန်စွာ အရေးကြီးပါတယ်။

မျက်ခွံညွတ်ကျမှု၊ အိတွဲမှု ဖြစ်စေတဲ့ အကြောင်းရင်းအမျိုးမျိုး ရှိပါတယ်။ တချို့က အသက်ကြီးခြင်း၊ နှစ်ရှည်ဘဝနေထိုင်မှု အလေ့အကျင့်များနဲ့ မျိုးရိုး ဗီဇတွေကြောင့် ဖြစ်ပါတယ်။

အိတွဲကျနေတဲ့ မျက်ခွံရဲ့ လေးလံမှုက မျက်လုံးကြွက်သား ညောင်းညာ ပင်ပန်းမှု ဖြစ်စေပါတယ်။ အဲဒီအတွက်ကြောင့် မိတ်ကပ်ခြယ်သရန် ပိုခက်ခဲစေပါတယ်။

ပြီးတဲ့အပြင် eyeliner သို့မဟုတ် eye shadow တွေကို မျက်ခွံအောက် ဖုံးဖိသွားပါတယ်။ စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းပါတယ်။ ဒီ့အတွက်ကြောင့် ယင်းပြသနာအတွက် သဘာဝဖြေရှင်းနည်း တစ်ခု ဖော်ပြပေးလိုက်ပါတယ်။ ပြုလုပ်ပြင်ဆင်ရ လွယ်ကူပြီး ကြက်ဥလေးသာ လိုအပ်မှာဖြစ်ပါတယ်။

ကြက်ဥအကာက အသားရေကို တင်းရင်း ကျစ်လစ်စေပါလိမ့်မယ်။ မိနစ် အနည်းငယ်အတွင်း အကျိုးရလဒ် မြင်တွေ့ရမှာဖြစ်ပြီး အချိန် ၂ ရက် နီးပါးသာ ကြန့်ကြာမှာလည်း ဖြစ်ပါတယ်။

လိုအပ်သည့်ပစ္စည်းများ

ကြက်ဥ (၁) လုံး

ဂွမ်းဖတ် (၁) ခု

လုပ်ထုံးလုပ်နည်း

ပထမဦးဆုံး မျက်ခွံကို မိတ်ကပ်တွေ သေချာသန့်စင်ပြီး ခြောက်အောင် လုပ်ရပါမယ်။ နောက် ကြက်ဥဖောက်ပြီး အနှစ်တွေ ဖယ်ထုတ်ပါ။ ကြက်ဥအကာသာ လိုအပ်ပါတယ်။ မျက်ခွံကို မှိတ်ထားပြီး ဂွမ်းစကို ကြက်ဥအကာထဲ နှစ်ပါ။ နောက်ဆုံး ဂွမ်းစနဲ့ မျက်ခွံအဝိုက် ပွတ်ပေးရပါမယ်။ ကြက်ဥကာတွေ မခြောက်မချင်း မျက်စိမှိတ်ထားရပါမယ်။ အမြန်ခြောက်အောင် ပန်ကာရှေ့ သွားနေလည်း ရပါတယ်။ ထိုနည်းအတိုင်း ပြန်ပြန် လုပ်ပေးနိုင်ပါတယ်။ နောက်ဆုံး ကောင်းမွန်ထိရောက်တဲ့ အကျိုးရလဒ်ကို မြင်တွေ့ပါလိမ့်မယ်။



အောင်မြင့်မြတ်(Myanmar Youths)

Saturday, 20 February 2016

အလှအပအတွက်သခွားသီးကိုအသုံးပြုနည်း ၅ မျိုး



အသားအရေအတွက် အထူးကောင်းမွန်တဲ့ သခွားသီးကတော့ စူပါသီးနှံတွေထဲက တစ်မျိုး အပါအဝင် ဖြစ်ပါတယ်။ ဈေးကိုရောက်ရင် မဝယ်မဖြစ် ဝယ်သင့်တာကလည်း သခွားသီးပါပဲ။ စားရင်လည်း ကျန်းမာစေသလို အလှအပအတွက်လည်း အသုံးဝင်ပါတယ်။ သင့်ကို ပိုပြီးလှပလာအောင် သခွားနဲ့ ပြုလုပ်နိုင်တဲ့အကြောင်း ဖော်ပြလိုက်ပါတယ်။

၁။ တိုနာ (toner)
သဘာဝ တိုနာအဖြစ် သခွားသီးရည်ကို အသုံးပြုနိုင်ပါတယ်။ သခွားသီးမှာ ရေဓာတ် ၉၅% ပါဝင်ပြီး ဘေးဥပါဒ်လည်း မဖြစ်စေပါဘူး။ အဆီပြန်ခြင်းကို လျော့ပါးစေပြီး အသားအရည်ကို အေးမြစေတဲ့ သဘာဝတိုနာဖြစ်ပါတယ်။

၂။ မျက်နှာပေါင်းတင်ဆေး
သခွားသီးနဲ့လည်း မျက်နှာပေါင်းတင်နိုင်ပါတယ်။ သခွားသီးကို ကြိတ်ပြီး ရလာတဲ့အနှစ်ကို ဒိန်ချဉ်နဲ့ရောစပ်ကာ မျက်နှာပေါ်လိမ်းပေးရပါမယ်။ မိနစ် ၃၀ အကြာမှာ ရေပြန်ဆေးလိုက်ရင် စိုပြေချောမွေ့တဲ့မျက်နှာလေးကို မြင်ရပါလိမ့်မယ်။




၃။ နေလောင်ဒဏ်ကို ကုစားနိုင်
သခွားသီးကိုကြိတ်ပြီး အရည်ညှစ်ပါ။ သခွားရည်နဲ့ သံပုရာကို ဆတူ ရောစပ်ပြီး နေလောင်ဒဏ် ခံရတဲ့ နေရာတွေကို သုတ်လိမ်းပေးရပါမယ်။ ၁၅ မိနစ်ကြာမှ ရေအေးအေးနဲ့ ပြန်ဆေးတာမျိုး ပြုလုပ်ပေးရင် နေလောင်ဒဏ်ကွက်တွေ ပျောက်ကင်းနိုင်ပါတယ်။

၎။ လှပတဲ့ မျက်ဝန်းတစ်စုံဖြစ်ဖို့
အကွင်းပါးပါးလေးတွေလှီးပြီး မျက်လုံးတစ်ဝိုက်မှာ ကပ်ပေးရုံနဲ့ မျက်ကွင်းညိုတာ၊ မျက်အိတ်တွဲတာကို ပျောက် ကင်းစေမှာပါ။




၅။ ဆံပင်ပေါင်းတင်ဆေး
တောက်ပကျန်းမာတဲ့ ဆံသားတွေကို ပိုင်ဆိုင်နိုင်ဖို့ သခွားသီးနဲ့ ပေါင်းတင်ကြည့်ရအောင်။ လိုအပ်တာကတော့ သခွားသီးရယ်၊ သံလွင်ဆီနဲ့ ကြက်ဥတစ်လုံးပါ။ အားလုံးကို blender ထဲမှာ ရောပြီးမွှေလိုက်ပါ။ ဒါဆိုရင် ပျက်စီးကြမ်းတမ်းနေတဲ့ ဆံပင်တွေကို နူးညံ့တောက်ပလာစေမယ့် ဆံပင်ပေါင်းဆေးရပြီပေါ့။ ၁၀ မိနစ်လောက် ပေါင်းပေးပြီး ခေါင်းလျှော်ပေးရုံပါပဲ။



အောင်မြင့်မြတ်(Myanmar Youths)

နာကျင်ခြင်းတွေအတွက်သံပုရာခွံ



လေးဖက်နာ၊ အရိုးအဆစ် ရောင်ရမ်းနာ၊ ဒူလာ ခေါ် ဂေါက်ရောဂါ၊ အရွတ် အကြောနာ စတဲ့ ဝေဒနာတွေကို ခံစားရလို့ နေရထိုင်ရ ကသိကအောက် ဖြစ်ရသူတွေအတွက် သက်သာစေမယ့် သတင်းကောင်း တစ်ခုကတော့ သံပုရာခွံ ရှိဖို့ပဲ လိုပါတယ်။

သံပုရာ ဆိုတာ ဗစ်တာမင် စီ ကြွယ်ဝတဲ့ပစ္စည်းဖြစ်ပြီး နေ့စဉ် ခန္ဓာကိုယ်အတွက် ဗစ်တာမင်စီ လိုအပ်ချက်က ၃၁ ရာခိုင်နှုန်း ရှိပါတယ်။ ဗီတာမင်စီရဲ့ ဂုဏ်သတ္တိတွေက ပြောမဆုံးအောင် များလှသလို သံပုရာသီး၊ သံပုရာခွံရဲ့ ဆေးဖက်ဝင်အစွမ်းတွေကလဲ သုံးမကုန်အောင် ကျယ်ပြန့်လှပါတယ်။

အဲ့ဒီထဲကမှ အရိုးအဆစ် နာကျင်မှုတွေကို သံပုရာခွံက သက်သာအောင် ထိရောက် စွမ်းဆောင်ပေးနိုင်ပုံကို ကျန်းမာရေးသတင်းများ ပေ့ခ်ျ ကနေ မျှဝေတင်ပြလိုက်ပါတယ်။

လိုအပ်တဲ့ ပစ္စည်းတွေကတော့ သံပုရာသီး ၄ လုံးနဲ့ သံလွင်ဆီတို့ပါပဲ။ တခြား ပစ္စည်းတွေကတော့ ပလတ်စတစ်အိတ်၊ ဖန်ဘူး သို့မဟုတ် ဖန်ပုလင်း တစ်လုံး၊ ဂေါ့ဇ်စ ခေါ် ပတ်တီးအကျဲစ၊ သိုးမွေးတဘက် တို့ပါပဲ။

ဆေးကိုပြင်ဆင်ရမယ့် နည်းလမ်းကတော့ သံပုရာခွံတွေကို ဖန်ဘူးထဲထည့်ပြီး သံလွင်ဆီကို ဖန်ဘူးထိပ်အထိ ထည့်ပေးရပါမယ်။ ပြီးရင်တော့ ဖန်ဘူးကို ပိတ်ပြီး ၂ ပတ်လောက် ထားရမှာပါ။ အဲလိုထားပြီးရင် ဆေးအဆီ ရလာပါပြီ။

အဲဒီဆေးအဆီကို ပတ်တီးစမှာ စိမ် ဆွတ်လိုက်ပြီး နာတဲ့ အရိုး၊ အဆစ်ပေါ်မှာ လိမ်းပါ။ အဲဒီ ဆေးစိုနေတဲ့ ပတ်တီးစကိုပါ နာတဲ့နေရာပေါ်မှာ တင်ထားလိုက်ပြီး ပတ်တီးစပေါ်ကနေ ပလတ်စတစ်အိတ် ထပ်ပတ်လိုက်ပါ။ ပြီးရင် အဲ့ဒီအပေါ်ကမှ သိုးမွေးတဘက် ထပ်ပတ်ပေးရမှာပါ။ နည်းကတော့ အဲဒါပါပဲ။ လွယ်ပါတယ်နော်။

အဲလိုလုပ်ပေးရင် ညဖက်လုပ် မနက်ဆို ပျောက်ရော ဆိုပဲ။ နှစ်ရှည် ခံစားရသူတွေကတော့ ချက်ချင်း မပျောက်တောင် သက်သာသွားမှာတော့ အသေအချာပါပဲ။

တချို့ကတော့ ဆေးဖက်ဝင် အစွမ်းစုံတဲ့ သံပုရာခွံကို ဆေးဖြစ်ဝါးဖြစ်ရော ကြိုက်နှစ်သက်လို့ရော စားတတ်ကြပါသေးတယ်။

သံပုရာခွံဟာ ဗစ်တာမင်စီ ပြည့်ဝလွန်းတာကြောင့် တုပ်ကွေး၊ လည်ချောင်းနာ၊ သာမန် အအေးမိတာမျိုးလို ကူးစက်ရောဂါတွေကို ကာကွယ်ပေးနိုင်ပြီး ၀မ်းပုံမှန် သွားစေတဲ့ ဖိုက်ဘာဓာတ်ကိုလဲ လှုံ့ဆော်ပေးနိုင်ပါတယ်။

သံပုရာခွံမှာပါတဲ့ ပိုလီဖှီနော ဖှလေဗာနွိုက် ဆိုတဲ့ဓာတ်က ကိုလက် စထရောကို လျှော့ချပေးပြီး သွေးဖိအားပမာဏကို ထိန်းသိမ်းပေးနိုင်တဲ့ ပိုတက်စီယမ်လဲ ပါဝင်ပါတယ်။

ဒါ့အပြင် ခန္ဓာကိုယ်ကနေ ကာဘိုဟိုက်ဒရိတ် ပိုလျှံပမာဏကို စုပ်ယူခြင်းကနေ တားဆီးပေးနိုင်တဲ့ ပက်တင် ဆိုတဲ့ ဓာတ်လဲ ပါဝင်တာကြောင့် ကိုယ်အလေးချိန် လျှော့ချရာမှာ အထောက်အကူ ပြုနေပြန်ပါရော။ ဒါကြောင့် ပျားသံပုရာ ဆိုပြီး အခွံပါ ထည့်ရတာ ဖြစ်ပါလိမ့်မယ်။

သံပုရာခွံမှာပါတဲ့ ခရစ်တစ်အက်ဆစ်နဲ့ ဗစ်တာမင်စီကြောင့် အရေပြားပေါ်က အမည်းစက်တွေနဲ့ အိုမင်းရှုံ့တွမှုကိုဖြစ်စေတဲ့ ဖရီးရက်ဒီကယ်တွေကို တားဆီးရာမှာ အလွန်အမင်းကို အစွမ်းထက် ထိရောက်လှတာကြောင့် အရေပြားရဲ့ အရည်အသွေးကို ထိန်းသိမ်းပေးနိုင်ပါတယ်။

ကဲ- ကျန်းမာရေးနဲ့အလှအပအတွက် သံပုရာသီးရော သံပုရာခွံပါ လိမ်းရာ၊ စားသုံးရာမှာ ပုံစံအမျိုးမျိုးနဲ့ အစွမ်းထက်တယ် ဆိုတာ အခုသိသွားပြီဆိုမှတော့ နောက်ကျတယ်ဆိုတာ မရှိတော့ပါဘူးလေ။

စောနွဲ့နေဆိုင်(ပူတာအို)
Ref : Healthy Food House
Credit : စောနွဲ့ နေဆိုင် - ပူတာအို



အောင်မြင့်မြတ်(Myanmar Youths)