အတုမရှိဗုဒ္ဓမြတ်စွာဘုရား
အတုမရှိဗုဒ္ဓမြတ်စွာဘုရား
This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
Tuesday, 26 January 2016
အသားစပုပ်ဆွေးခြင်း
Unicode Version
လက်ထိပ်၊ ခြေထိပ်၊ အူအတက်၊ အူအသိမ်တွေ၊ သည်းခြေအိတ်၊ ဝှေးစေ့ စသည်တို့တွင် အဖြစ်များပါတယ်။
သွေးမလျှောက်တော့ဘူး။ သွေးပြန်ကြောထဲ သွေးမရောက်ဘူး၊ အရေပြား အရောင်ပြောင်းလာတယ်၊ ဆိုးလာရင် အမည်းရောင်ဖြစ်လာတယ်၊ ခံစားမှုမဲ့လာတယ်၊ လှုပ်ရှားမှု မဲ့လာတယ်၊ အေးစက်လာပါတယ်။
ရောဂါလက္ခဏာအရ နှစ်မျိုး ခွဲခြားထားပါသေးတယ်။ အခြောက်မျိုးနှင့် အစိုမျိုး တို့ဖြစ်ကြပါတယ်။
အခြောက်မျိုးက သွေးလည်ပတ်စီးဆင်းမှု တဖြည်းဖြည်း နှေးကွေးလာရင် ဖြစ်တတ်ပါတယ်။ အဲဒါမျိုးကို သွေးကြော အဆီပိတ်ဆို့ရောဂါတွေမှာ တွေ့ရတတ်ပြီး အဲဒီရောဂါဖြစ်တဲ့နေရာက အရေပြားဟာ ခြောက်သွေ့မယ်၊ အရေပြား ရှုံ့တွမယ်၊ အရောင်မည်းလာမယ်၊ ထိရင် ချောမွေ့နေတတ်ပါတယ်။
အစိုမျိုးကျတော့ သွေးပြန်ကြောပိတ်ရောဂါဖြစ်ဖြစ်၊ သွေးလွှတ်ကြော ရုတ်တရက် ပိတ်တာဖြစ်ဖြစ် (ဥပမာ-သွေးလွှတ်ကြောကို ချည်နှောင်ခြင်း (သို့) အဝေးတစ်နေရာမှ သွေးခဲများ ရောက်ရှိပြီး ရုတ်တရက် ပိတ်ခြင်း) စတဲ့ အကြောင်းတွေကြောင့် ဖြစ်ရပါတယ်။
ပိတ်တဲ့ ခြေလက်ဟာ ရောဂါပိုးဝင်ပြီး ပုပ်သွားပါတယ်။ ရောင်ကိုင်းလာမယ်၊ မည်းလာမယ်။ အရေပြားမှာ မီးလောင်ဖုလို အဖုများ ထွက်လာပါတယ်။ လက်နဲ့ ဖိကြည့်ရင် စိစိနဲ့ နေတတ်ပါတယ်။
အူအတက်ရောင်ရောဂါနှင့် အူလမ်းကြောင်း ညှပ်တဲ့ ရောဂါမျိုးမှာ တွေ့တတ်ပါတယ်။ အရေးပေါ် ဖြတ်တောက်ပစ်ရတဲ့ အခြေအနေက အူအတက် ပုပ်တဲ့အခါ၊ အူသိမ်ခွေ ပုပ်တဲ့အခါ၊ ဆိုးဆိုးရွားရွား ကြိတ်မိထားတဲ့ခြေ (သို့) လက်၊ ဓာတ်ငွေ့ထွက်စေတဲ့ ပိုးကြောင့်ဖြစ်တဲ့နေရာမှာ မြန်မြန် ပုပ်ဆွေးခြင်း ပြန့်နိုင်တဲ့ရောဂါ စတာတွေမှာ အရေးပေါ် ဖြတ်တောက်ပစ်ရပါတယ်။
လက်နဲ့ ခြေတွေမှာ ဖြစ်တဲ့ဟာဆိုရင် လက်ခြေကို တတ်နိုင်သလောက် ချန်ပြီး တကယ် လိုအပ်တဲ့ နေရာကို ဖြတ်တောက်ပစ်တာမျိုးလည်း ရှိပါတယ်။
လက်ခြေတွေကို သွေးပို့မှုကောင်းရင် သွေးခဲပိတ်ဆို့တာကို ဖယ်ရှားပြီး သွေးပို့တာ ကောင်းလေ မလား စောင့်ကြည့်ရမယ်။ ဒါမှမဟုတ် ကျောရိုးမဘေးတွင်ရှိ အာရုံကြောစနစ်ကို ဖျက်ပစ်လိုက်လို့ သွေ့ပို့တာ ပြန်ကောင်းမလား စောင့်ကြည့်ရမယ်။
ကောင်းတယ်ဆိုရင် နည်းနိုင်သမျှ နည်းနည်းပဲ ဖြတ်တောက်ပစ်ရတယ်။ အာဟာရပြည့်ဝတဲ့ အစားအစာ စားရမယ်၊ ဆီးချိုရှိရင် ဆီးချိုရောဂါကို ထိန်းရမယ်။ နှလုံးအလုပ်မလုပ်တာ၊ နှလုံး ခုန်နှုန်း မြန်လွန်းတာ၊ သွေးအားနည်းရောဂါ စတာတွေကို မှန်အောင်လုပ်ရပါမယ်။
ဖြစ်တဲ့နေရာကို ခြောက်သွေ့အောင်ထားပါ။
ပတ်တီး အဝတ်အစား မစည်းရ၊အပူမပေးရ၊ ပန်ကာကို ဖွင့်ပေးထားခြင်းဖြင့် နာကျင်မှုသက်သာစေပါသည်။ ရောဂါဖြစ်တဲ့နေရာကို ဖိမိခြင်းမဖြစ်အောင် ဂရုစိုက်ရမယ်။
အေးကမ္ဘာဒေါက်တာချစ်
Credit : Healthcare.com.mm
Monday, 25 January 2016
ဆီးဖြူသီး၏ထူးခြားသောဆေးဖက်ဝင်အာနိသင်များ
စာရေးသူ၏ အဘိုး အဘွားများသည် အေးချမ်းသည့် ဆောင်းရာသီ ရောက် သည့်အခါတိုင်း ဓာတ်စာအဖြစ် ဆီးဖြူသီးနှင့် ငါးတစ်မျိုးမျိုးကို ချက်စားလေ့ ရှိသည်။ ပြုတ်၍ထောင်းပြီး သနပ်ပြုလုပ်၍လည်း စားသည်။ အစိမ်းလိုက် ငါးပိရည်ဖြင့် အတို့အမြုပ်ပြုလုပ်၍လည်း စားသည်၊ ဆီးဖြူ သီးစားခြင်းဖြင့် ဆောင်းရာသီတွင် ဖြစ်လေ့ရှိသော အသားပတ်ခြင်း၊ ကြာဆူးထွက်ခြင်း၊ နှုတ်ခမ်းကွဲခြင်း၊ လျှာတွင် အဖုပေါက်ခြင်းများ မဖြစ်နိုင်ဟု ဆိုသည်။
ဆီးဖြူသီးကို ငါးနှင့် ရောချက်စားလျှင် အလိုက်ဖက်ဆုံး ငါးမှာ ငါးပြေမဖြစ်သည်။ ဆီးဖြူသီးကို ပြုတ်၍ထောင်းထား၊ ငါးပြေမကို ဆီပြန်ချက်၊ ဆီမပြန်မီ မူလကပြုတ်ထားသော အစေ့လွတ်ဆီးဖြူသီး အသားများ ထည့်ချက်နိုင်ပါသည်။ အချို့ကလည်း ဟင်းရည်ဆမ်းစားရန် ရေစပ်စပ်ချန်၍ ချက်လေ့ရှိပါသည်။ ငါးပြေမနှင့် ဆီးဖြူသီးလိုက်ဖက်ရသည့် အကြောင်းမှာ ငါးပြေမသည် ငါးတကာတို့အနက် အချိုလွန်ကဲသော အရသာ လေးလေး ပင်ပင်ရှိသော ငါးတစ်မျိုးဖြစ်သောကြောင့်တည်း။
ဆီးဖြူသီးကို သူ့ချည်းဆီပြန်ချက်၍လည်း စားသုံးနိုင်ပါသည်။ ဆီပြန်ချက် နည်းမှာ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးခြောက်တို့ကို ညက် စွာ ထောင်းပါ။ ဆီးဖြူသီးကို နူးအောင်ပြုတ်ပီး အစေ့အသား ခွဲခြားထားပါ။
အသားကို ထောင်းထားပါ။ ထို့နောက် ဒယ်အိုး၌ ဆီထည့်၍ ဆီပူပြီး အငွေ့သေသော် နနွင်းမှုန့် အနည်းငယ်ထည့်ပါ၊ ထို့နောက် အမွေးအကြိုင်ကို ဆီသတ်ပါ။ ကျက်လုလုတွင် မူလက ထောင်းထားသော ဆီးဖြူသီးအသား များကို ထည့်ပါ၊ ဆားအနည်းငယ်ခပ်ပါ၊ မီးဖိုပေါ်တွင် ခေတ္တထားပြီး ချနိုင်ပါပြီ၊ ကြိုက်တတ်လျှင် ဆီသတ်ကတည်းက ခရမ်းချဉ်သီးအနည်းငယ် ထည့်ချက်နိုင် ပါသည်။ (မြန်မာအစာနှင့် အာဟာရ မြန်မာ့အသံ ဦးကျော်ဦး ဟောပြောချက် ၁၉၈၁ ခုနှစ်)
ဆီးဖြူသီးကို အညာသားတို၌က ရှားဖြူသီးဟုလည်း ခေါ်ကြသည်။ သနပ်ပြုလုပ်၍ စားကြသည်။ ငါးပိနှင့် ထောင်း၍လည်း စားကြ သည်။ ပေါများသည့် အချိန်တွင် အသီးကိုထုပြီး အခြောက်လှန်းထားကြသည်။ ရှားသည့်အခါတွင် ဆီးဖြူသီးခြောက်နှင့် အသားဟင်းများ ရောချက်စားလေ့ ရှိကြသည်။
ဆောင်းရာသီတွင် ပြင်ပဗဟိန္ဓတွင် အေးချမ်းသော်လည်း ဝမ်းတွင်း၌ အပူငုတ်လေ့ရှိသည်။ ခရီးသွားလျှင် ရေငတ်ပြီး အာခြောက်လေ့ရှိသည်၊ ဝမ်းတွင်းမှ အောင်းနေသောအပူများက အထက်သို့ ပြန်၍ဖြစ်သည်၊ ထိုသို့ဖြစ်လျှင် ဆီးဖြူသီးကိုဝါးစားပြီး ရေအေးသောက်လျှင် ချိုသောအရသာ လျှာပေါ်တွင်ပေါ်လာပီး ရေငတ်လည်း ပြေသွားလေ့ရှိသည်။
ယောအတွင်းဝန် ဦးဘိုးလှိုင်၏ ဥတုဘောဇနသင်္ဂဟ ကျမ်းတွင် ဆီးဖြူသီးသည် ကြစုသီးနှင့် အကျိုးတူ၏။ ရတ္တပိတ်နာ၊ မောဟနာကို နိုင်၏။ သုတ်ကို လွန်စွာ ပွားစေတတ်၏။ ရသာယနမျိုး (အသက်ရှည်ဆေး) ဖြစ်၏။
ချဉ်သောကြောင့် လေကိုနိုင်၏။ ချိုသောအေးသောကြောင့် သည်းခြေ ကို နိုင်၏။ အဆီမရှိ ဖန်သောကြောင့် သလိပ်ကို နိုင်၏။ ထို့ကြောင့် ဆီးဖြူသီးသည် ဒေါသသုံးပါးစလုံးကို နိုင်၏။ အသီးမျိုးတို့တွင် လူနှင့် အသင့်ဆုံးဖြစ်သည်။ ထမင်းစားခြင်း၏ အစ၊ အလယ်၊ အဆုံး သုံးပါးလုံးတွင် စားသင့်၏။ မပြတ်လည်း စားသင့်၏၊ ဆီးဖြူသီးစေ့အဆန်သည် သစ်ဆိမ့် ဆန်နှင့် အကျိုးတူ၏ဟု ဖော်ပြထားသည်ကို တွေ့ရသည်။
ထို့ပြင် ထိုကျမ်း၌ပင် ဆီးဖြူ၊ ကြစု၊ သစ်ဆိမ့် (တြိဖလသုံးပါး) ဤအသီး သုံးပါးတို့သည် သလိပ်၊ သည်းခြေကို နိုင်၏၊ ဝမ်းမီးကိုတောက်စေ၏၊ နှုတ်ကိုမြိန်စေတတ်၏၊ မျက်စိနှင့်သင့်၏၊ ခံတွင်း၌ ပျံ့နှံ့ လွယ်၏၊ မောဟ နာ၊ နူနာ၊ ချမ်းဖျား တုန်ဖျားတို့ကို နိုင်၏ဟု ထပ်မံပြဆိုထားသည်။ ဆီးဖြူသီး သည် အလွန်ဆေးဖက်ဝင်သော အသီးမျိုးဖြစ်သည်၊ ဆောင်းဥတုတွင် ဆီးဖြူသီးကို နေ့စဉ် စားသုံးပေးခြင်းဖြင့် ကိုယ်တွင်းအောင်းသော အပူကိုနိုင်ပြီး လျှာ၊ နှုတ်ခမ်း၊ ပါးစပ်တွင် အနာထွက်ခြင်း၊ လေပူချောင်း ဆိုးခြင်း၊ ခံတွင်းပျက်ခြင်းများ ပျောက်ကင်းစေနိုင်သည့်အပြင် ဆီးပူခြင်း၊ ခါးနာခါးကိုက်ခြင်း၊ မီးယပ်ဖြူဆင်းခြင်း၊ အရေပြားအကွက်ထွက်ခြင်း၊ အသားပတ်ခြင်း၊ ကွဲအက်ခြင်းများပါ သက်သာပျောက်ကင်းစေနိုင်ပေသည်။
ရုက္ခဗေဒပညာအရ ဆီးဖြူသီးပင်သည် ကြစုမျိုးရင်းဝင်ဖြစ်ပြီး ရွက်ကြွေ ပင်လတ်မျိုးဖြစ်သည်၊ ပေ ၃၀ ခန်၌အထိမြင့်ပြီး ပင်စည်တွင် အညိုရောင် အပွေးအခေါက်များရှိသည်။ ကိုင်းဖြာသည်။ အရွက်သည် ဆူးပုပ်ရွက်နှင့် တူသော်လည်း ရွက်ပြားပို၍ ကြီးသည်။ အပွင့်သည် စိမ်းဝါရောင်၊ အဆုပ် လိုက်ပွင့်၍ မြန်မာလို ပြာသို၊ တပို့တွဲလများတွင် ပွင့်သည်။ အသီး သည် ပြောင်ချော၍ အဝါနုရောင်ရှိသည်။ မြန်မာနိုင်ငံ တစ်ဝန်လုံး တွင် ပေါက်ရောက်သည်။ အထူးသဖြင့် အထက်မြန်မာပြည်နှင့် သမအေးပိုင်း ဒေသတွင် အမြောက်အမြား ပေါက်ရောက်သည်၊
ဆီးဖြူသီးသည် အသီး၊ အရွက်၊ အခေါက်၊ အစေ့များ အားလုံးဆေးဖက်ဝင် သည်။ အထူးသဖြင့် အသီးကို အသက်ရှည်ဆေးအဖြစ် သတ်မှတ်ထားသည်။
အနောက်တိုင်းဆေးပညာတွင်လည်း ဗီတာမင်စီဓာတ် အကြွယ်ဝဆုံး အသီးအဖြစ် ဖော်ပြထားသည်။ ထူးခြားသော ဆေးဖက်ဝင်အသုံးပြုပုံများမှာ-
၁။ သွေးဝမ်းသွားလျှင် ဆီးဖြူသီး အစိမ်းကိုထောင်း အရည်ညှစ်ယူ၍ သံပရာ ရည်နှင့် ရော၍ သောက်လျှင် လျင်မြန်စွာ သက်သာစေနိုင်သည်။
၂။ ဆီးဖြူသီး အခြောက်ကို သွေး၍ သံပရာရည်နှင့် ရောစပ်ပြီး အရေပြား တွင် ပေါက်သော ပွေး၊ ဝဲ၊ ညှင်းများ ပေါ်တွင် လိမ်းလျှင် ပျောက်ကင်းစေနိုင် သည်။
၃။ ဆီးဖြူသီးခြောက်နှင့် ငါးရှဥ့်ကို ရောချက်စားပါက သွေးဝမ်းကိုက် ရောဂါကို သက်သာစေနိုင်သည်။
၎။ နှာခေါင်းသွေးလျှံလျှင် ဆီးဖြူသီးအစိုကို ကြိတ်၍ ငတ်ထိပ်အုံးပေးပါက သက်သာစေနိုင်သည်။
၅။ ဆီးဖြူသီးပင် အသီး၊ အရွက်၊ အခေါက် ပဉ္စငါးပါးကို ပြုတ်ပြီး ငုံပေးပါက သွားဖုံးရောင်၊ ရေစီးကမ်းပြိုနာ၊ လျှာနာ၊ ပါးစပ်နာများ ပျောက်ကင်းနိုင်သည်။
၆။ တောဆီးဖြူ သို့မဟုတ် တောင်ဆီးဖြူ၊ မြေဆီးဖြူ ပဉ္စငါးပါးကို ပြုတ် ၍ သောက်ပါက ဆီးချိုရောဂါကို သက်သာပျောက်ကင်းစေနိုင်သည်။
၇။ မီးလောင်၊ ရေနွေးပူလောင်သော အနာများပေါ်တွင် ဆီးဖြူသီးခြောက် ဆီးဖြူရွက်တို့ကို အကျွမ်းလှော်ပြီး အမှုန့်ဖြူးပေးလျှင် သက်သာစေနိုင်သည်။
၈၊ ဆီးဖြူသီးနှင့် ငါးပြေမ ရောချက်စားလျှင် ခံတွင်းပျက်နာကို ပျောက် ကင်းစေပြီး နှုတ်မြိန်စေနိုင်သည်။
၉။ ဆီးဖြူသီးခြောက်နှင့် ထန်းနို့ခြောက်ကို ရော၍ ပြာချပြီး အုန်းဆီနှင့် လိမ်းလျှင် အရေပြားတွင်ဖြစ်သော နှင်းခူနာကို သက်သာစေနိုင်သည်။
၁၀။ ဆီးဖြူသီးခြောက်ကို အမှုန့်ပြု၍ သိန္ဓောဆားနှင့် ရော၍ လျက်ပေးလျှင် အသံပျက်၊ အသံဝင်ရောဂါ ပျောက်စေနိုင်သည်။
၁၁။ ဆီးဖြူသီး၊ ရှောက်သီးနှင့် ထန်းလျှက်တို့ကို ဆားပုပ်အနည်းငယ်ထည့်၍ ယိုထိုးစားလျှင် အစာအိမ် လေထိုးလေအောင့် ရောဂါ ပျောက်ကင်းသည်။
၁၂။ ဆီးဖြူသီးကို ထောင်း၍ ဆန်ဆေးရည်နှင့်စိမ်ပြီး သောက်လျှင် ဆီးအောင့်၊ ဆီးကျောက်တည်ရောဂါ သက်သာပျောက်ကင်းစေနိုင်သည်။
credit - မြဝတီ
Saturday, 23 January 2016
ဆောင်းတွင်းကာလကလေးငယ်များနှင်းခူရောဂါကာကွယ်ဖို့
ဆာင်းတွင်းရောက်တဲ့အခါ နှင်းခူရောဂါက ကလေးတွေနဲ့ ဆယ်ကျော်သက် အရွယ်မှာ အဖြစ်များတာကြောင့် ကြိုတင်ကာကွယ်နိုင်ဖို့ ပြုလုပ်သင့်တဲ့ နည်းလမ်းတွေ ဖော်ပြချင်ပါတယ်။
ပြည့်ဝအောင်စားပါ
တိုင်ပင်ပါ
Unicode Version
ဆောင်းတွင်းရောက်တဲ့အခါ နှင်းခူရောဂါက ကလေးတွေနဲ့ ဆယ်ကျော်သက် အရွယ်မှာ အဖြစ်များတာကြောင့် ကြိုတင်ကာကွယ်နိုင်ဖို့ ပြုလုပ်သင့်တဲ့ နည်းလမ်းတွေ ဖော်ပြချင်ပါတယ်။
ရေဓာတ်ပြည့်ဝအောင် ဆောင်ရွက်ပေးပါ
ဆောင်းတွင်းမှာ ဖြစ်တတ်တဲ့ နှင်းခူရောဂါကို ကာကွယ်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ ကလေးကို ရေဓာတ်ပြည့်ဝအောင် ပြုလုပ်ပေးတာပဲ ဖြစ်ပါတယ်။ သတိရတာနဲ့ ရေများများသောက်ဖြစ်အောင် တိုက်တွန်းပေးတာ၊ ဟင်းချို၊ စွပ်ပြုတ်၊ သစ်သီးဖျော်ရည် စတာတွေ တိုက်ပေးတာမျိုး ပြုလုပ်နိုင်ပါတယ်။ ရေဓာတ်များများ ရရှိတဲ့အခါ အရေပြားမှာရှိတဲ့ အဆိပ်အတောက်တွေကို ရှင်းထုတ်ပေးနိုင်ရုံ သာမက သွေးလည်ပတ်မှုလည်း ကောင်းစေတာကြောင့် အကျိုးရှိပါတယ်။
အဝတ်အစား ရွေးချယ်တတ်ပါစေ
ဆောင်းတွင်းမှာ ရာသီဥတုအေးတဲ့အတွက် ကလေးတွေကို အဝတ်အစား ရွေးချယ်ပေးတဲ့အခါ ချည်ထည်တွေကိုသာ ၀တ်ဆင်ပေးပါ။ ချည်ထည်အဝတ်အစားတွေက အရေပြား ဓာတ်မတည့်တာတွေနဲ့ ပွန်းပဲ့တာတွေမှ ကာကွယ်ပေးနိုင်တဲ့အပြင် ပေါ့ပါ့ပါးပါး နဲ့ နူးညံ့နွေးထွေးစေတာကြောင့် နှင်းခူလို အရေပြားပြဿနာတွေမှ သက်သာစေပါတယ်။
အဆီပါသော ခရင်မ်လိမ်းပါ
အသားအရေကို ဆီနဲ့ နှိပ်နယ်ပေးတာဟာ အစိုဓာတ်ရရှိစေပြီး အရေပြားခြောက်သွေ့တာကို သက်သာစေတယ်လို့ ထင်ရပေမယ့် ခဏခဏ လုပ်ရင်တော့ အရေပြားကို အနည်းငယ် ထိခိုက်စေနိုင်တယ်လို့ သိရပါတယ်။ ဒီတော့ ဆီအစားအဆီပါ၀င်မှုများတဲ့ ခရင်မ်မျိုးလိမ်းကျံပေးတာက အရေပြားယားယံပြီး အဖတ်တွေ ကွာကျတာမှ ကာကွယ်ပေးနိုင်ပါတယ်။
ပြည့်ဝအောင်စားပါ
အစာများများစားတာဟာ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး အသားရေ စိုပြည်စေတာကြောင့် နှင်းခူးရောဂါဖြစ်ပွားနှုန်းကို လျှော့ချပေးနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေကို ရာသီပေါ် ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေကို ပြည့်ပြည့်ဝဝ စားဖြစ်အောင် တိုက်တွန်းပြီး ညီညွတ်မျှတတဲ့ ကိုယ်အလေးချိန်နဲ့ အိပ်ချိန် ရရှိအောင်လည်း ဆောင်ရွက်ပေးပါ။
တိုင်ပင်ပါ
နှင်းခူရောဂါ ခံစားနေရတဲ့အခါ ကြားဖူးနားဝ ဆေးအညွှန်းတွေကို သောက်သုံး မယ့်အစား ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပါ။ နှင်းခူရောဂါကုသဖို့ စတီးရွိုက်ဆေးတွေကို သောက်သုံးကြပေမယ့် တကယ်တော့ အရမ်းကြီး မထိရောက်တာမျိုး ဖြစ်တတ်ပါတယ်။ အကောင်းဆုံးကတော့ အရေပြား အထူးကုဆရာဝန်ထံ သွားရောက်ပြီး ခံစားနေရတဲ့ ပြဿနာတွေကို ဖြေရှင်းသင့် ပါတယ်။
အိဖြူ (ဆေးဝါးတက္ကသိုလ်)
Credit : Good Health Journal
ချိုင်းချွေးနံ့ပျောက်စေမဲ့အလွယ်ဆုံးသုံးနည်း
သင်ဟာ ချိုင်းချွေးနံ့ အရမ်းကိုနံတဲ့သူဖြစ်ရင် အောက်ပါအချက် (၃) ချက်ကိုပဲ ဝီရိယရှိရှိ လုပ်ပေးပါ။ ရက်ပိုင်းအတွင်း သိသာလာတာကို တွေ့ရပါလိမ့်မယ်။
၁။ အာလူးကို အချပ်လေးတွေလှီးပြီး ချိုင်းကို ပွတ်ပေးပါ။ ခြောက်သွားမှ ရေဆေးချပါ။
၂။ ကျောက်ချဉ်မှုန့်နဲ့ ထုံးအရည်ကြည် ရောစပ်ပြီး ချိုင်းကို ရေချိုးပြီးတိုင်း ပွတ်ပေးပါ။ (တချို့ကလည်း ကျောက်ချဉ်ကို ဒီတိုင်းပွတ်ကြပါတယ်။ အဲလိုလည်း အစွမ်းထက်တယ် လို့ ဆိုပါတယ်)
၃။ တစ်နေ့ကို အနည်းဆုံး ရေတစ်ကြိမ်ချိုးပေးပါ။ တကယ်တော့ ချွေးက သူ့တစ်ခုတည်းဆို အနံ့မရှိပါဘူး။ ဘက်တီရီးယားနဲ့ ပေါင်းပြီး အနံ့ထွက်လာတာပါ။ ဒါကြောင့် ချွေးထွက်များတဲ့ နေရာတွေကို အဓိက သေချာဆေးကြောရင် ချိုင်းချွေးနံ့သာမက တစ်ကိုယ်လုံးက ချွေးနံ့ကိုပါ လျော့ပါးစေပါတယ်
Friday, 22 January 2016
ခေါင်းတစ်ခြမ်းကိုက်ဝေဒနာဆိုတာ
နှစ်စဉ် ကမ္ဘာ့လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းခန့်ဟာ ခေါင်းကိုက်ဝေဒနာ ခံစားရတတ်ပါတယ် လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း WHO က ကြေငြာချက် ထုတ်ပြန်ပြီး သတိပေးထားပါတယ်။
ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ရောဂါတွေထဲမှာ အဖြစ်များဆုံး ရောဂါဝေဒနာ တစ်ခုလည်း ဖြစ်ပါတယ်။
ခေါင်းကိုက်တယ်လို့ အလွယ်ပြောကြပေမယ့် ခေါင်းကိုက်စေတဲ့ အကြောင်းရင်းတွေကို လေ့လာကြည့်ရင် မနည်းလှပါဘူး။
ဖြစ်စေတဲ့ အကြောင်းအရင်းတွေ အများအပြား ရှိပါတယ်။ ခေါင်းကိုက်တဲ့ အမျိုးအစား တွေကိုလည်း ထပ်မံ ခွဲခြားထားသေးတယ်။
ခေါင်းကိုက် ဝေဒနာတွေထဲမှာ ဒုတိယ အဖြစ်များဆုံးက migraine လို့ခေါ်တဲ့ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာမျိုးပဲ ဖြစ်ပါတယ်။
ကမ္ဘာ့လူဦးရေ သန်းတစ်ထောင်ကျော်ဟာ မိုက်ဂရိန်းခေါ်တဲ့ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာကို ခံစားနေရပါတယ်။
အချိုးချကြည့်ရင် ကမ္ဘာ့လူဦးရေရဲ့ ၁၅ ရာခိုင်နှုန်းလောက် ရှိပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ၃ ဆလောက် ပိုအဖြစ်များတယ်။
အမျိုးသမီး ၄ ယောက်မှာ တစ်ယောက်နှုန်းဖြစ်ပြီး အမျိုးသား ၁၂ ယောက်မှာ တစ်ယောက်သာ ဖြစ်ကြတယ်။
ဟော်မုန်း အပြောင်းအလဲကလည်း အမျိုးသမီးတွေမှာ ပိုဖြစ်စေတဲ့ အကြောင်း တစ်ချက်အဖြစ် ပါဝင်ပါတယ်။
လေ့လာချက်တွေအရ မျိုးရိုးနဲ့လည်း သက်ဆိုင်မှုရှိတယ်လို့ ဆိုပါတယ်။
ဆွေမျိုးထဲမှာ တစ်ယောက်မက ဖြစ်နိုင်တယ်။ ပတ်ဝန်းကျင် အနေအထားက မိုက်ဂရိန်းဖြစ်စေတဲ့ အခြေခံ အကြောင်းအချက်အဖြစ် ပါဝင်နေပါတယ်။
လှုပ်ရှားမှုကလည်း ခေါင်းကိုက်ခြင်းကို ပိုဆိုးစေနိုင်တယ်လို့ ဆိုထားပါတယ်။
Migraine မိုက်ဂရိန်းဆိုတာ
Migraine ဆိုတဲ့ ဝေါဟာရက "hemikrania" ဆိုတဲ့ ဂရိစကားလုံးက ဆင်းသက်လာပါတယ်။
hemi ဆိုတာ တစ်ခြမ်း၊ kranion ဆိုတာက ဦးခေါင်းခွံဆိုတဲ့ အဓိပ္ပါယ် ရှိပါတယ်။
မြန်မာလို အလျဉ်းသင့်အောင် ဘာသာပြန်ရင် ခေါင်းတစ်ခြမ်းမှာ နာကျင် ကိုက်ခဲတယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး သက်ရောက်ပါတယ်။
BC 3000 ကျော်လောက် ကတည်းက ကျောက်ဂူ နံရံပန်းချီတွေမှာ ရောဂါခံစားရပုံတွေကို မှတ်တမ်း တင်ခဲ့ကြတယ်။
ခေါင်းကိုက်တဲ့ ဖြစ်စဉ်ကို လေ့လာကြည့်တဲ့အခါ သွေးကြောတွေရဲ့ လှုပ်ရှားမှုသာမက အာရုံခံနာ့ဗ်တွေရဲ့ တုံ့ပြန်မှုကြောင့် အဓိက ဖြစ်စေတယ်။
နောက်ပိုင်း လေ့လာချက်တွေအရ ဦးနှောက်မှာရှိတဲ့ ဓာတ်ပစ္စည်း ပြောင်းလဲမှုကလည်း အရေးကြီးတဲ့ အချက်ဖြစ်တာ သိလာရတယ်။
သို့သော် ယနေ့ထက်ထိ ဖြစ်စေတဲ့ အကြောင်းရင်းမှန်ကို တိတိကျကျ မရှင်းပြနိုင်သေးဘဲ သီအိုရီလောက်သာ ခန့်မှန်းကြပါတယ်။
မိုက်ဂရိန်းမှန်ရင်
Migraine ကို တခြား ခေါင်းကိုက်ဝေဒနာ အမျိုးအစားတွေနဲ့ မှားယွင်းတတ်ပါတယ်။
မိုက်ဂရိန်း တစ်ခါဖြစ်ဖူးသူဟာ နောက်တစ်ကြိမ် ပြန်ဖြစ်တတ်ပါတယ်။
ကြားထဲမှာ ခံစားရတဲ့ ဝေဒနာအားလုံး ပြန်လည် သက်သာရတယ်။ ဝေဒနာ ပျောက်ကင်းပြီး နောက်ပိုင်းမှာ တစ်ခါ ပြန်ပေါ်လာပြန်တယ်။
ဒီသဘောအတိုင်း ဖြစ်မှ မိုက်ဂရိန်း သေချာတယ်လို့ ဆိုပါတယ်။ မိုက်ဂရိန်း ဝေဒနာသည် အများစုဟာ ခေါင်းတစ်ခြမ်းတည်းမှာသာ ကိုက်ကြတယ်။
သွေးခုန်သလို တဒိတ်ဒိတ်နဲ့ ထိုးထိုးပြီး ကိုက်တယ်။ ခေါင်း ရှေ့ဖက် (သို့)  နားထင်ကြော တစ်လျှောက် ကိုက်တတ်တယ်။
ခေါင်းနောက်ဖက်က ထိုးပြီး ကိုက်တာမျိုးလည်း တွေ့ခဲ့ဖူးတယ်။ တခါတရံ ဦးရေပြားတင်းပြီး နာတာမျိုး ရှိတတ်တယ်။
နောက်စေ့ကနေ လည်းပင်းထိ တင်းပြီး နာနေတတ်တယ်။ အထူးသဖြင့် မနက်ပိုင်းတွေမှာ စဖြစ်တတ်တယ်။ တဖြည်းဖြည်းနဲ့ ပိုဆိုးလာတယ်။
တစ်ခါဖြစ်ရင် နာရီပိုင်းမှ ရက်ပိုင်းထိ ကြာနိုင်တယ်။ သီအိုရီအရ ခေါင်းကိုက် ဝေဒနာဟာ ၄ နာရီ - ၃ ရက် အထိ ကြာနိုင်တယ်လို့ ဆိုပါတယ်။ တချို့ အလုပ်အကိုင် ပျက်တာမျိုးထိ တွေ့ရတတ်တယ်။
မိုက်ဂရိန်းသဘောနဲ့ အဆင့်လေးဆင့်
ယေဘုယျအားဖြင့် အဆင့်လေးဆင့် ခွဲထားတယ်။
- မဖြစ်ခင် ကြိုတင် လက္ခဏာ ပေါ်ပေါက်တဲ့အဆင့်(Prodrome)
- ရှေ့ပြေး နိမိတ်ပြတဲ့အဆင့်(Aura)
- ခေါင်းကိုက်ဝေဒနာ အမှန်တကယ် ခံစားရတဲ့အဆင့်(migraine Pain)
- ခေါင်းကိုက်ပြီးနောက် တခြားလက္ခဏာရပ်တွေ ခံစားရတဲ့အဆင့် (Postdrome) စသည်ဖြင့် လေးမျိုး ခွဲခြားထားတယ်။ သို့သော် လူတိုင်းဟာ ဒီအဆင့်တွေ အားလုံး ခံစားရတာမျိုး မဟုတ်ပါဘူး။
၁။ ခေါင်းမကိုက်ခင် တစ်ရက်လောက် အလိုမှာ prodrome ရှေ့ပြေးလက္ခဏာတွေ စတင်ခံစားရတယ်။
ဒီအဆင့်မှာ ခံစားမှု စတင်ပြောင်းလဲလာသလို စိတ်အပြောင်းအလဲ များလာတတ်တယ်။ စိတ်ဆတ်လာတယ်။ စိတ်ဓာတ်ကျလွယ် ဖြစ်လာတယ်။ အာရုံစူးစိုက်မရ ဖြစ်တတ်တယ်။ အနံ့၊အသံ စတာတွေကို ခံစားလွယ်လာတယ်။ လှုပ်ရှားချင်စိတ်မရှိပဲ လေးလံ ထိုင်းမှိုင်းနေတယ်။
၂။ Aura အဆင့်ကို မိုက်ဂရိန်းလူနာ ၄ ယောက်မှာ တစ်ယောက်နှုန်း တွေ့ရတယ်။ ဦးခါင်းပိုင်းကို ထောက်ပံ့နေတဲ့ သွေးကြောတွေ ကျဉ်းလာ၊ ကျုံ့လာတာကြောင့်  ဒီလို လက္ခဏာတွေ ခံစားရပါတယ်။
နောက်ဆုံး တွေ့ရှိချက်တွေအရ aura ရှေ့ပြေးနိမိတ် ခံစားရသူ အများစုဟာ လေဖြတ်နိုင်ချေ မြင့်မားသူများအဖြစ် သတ်မှတ်လာကြပါတယ်။ ဒီအဆင့်မှာ စက္ခု အမြင်အာရုံမှာ နေရာကွက်ပြီး ဝါးလာကြတယ်။
ပုံမှန်အားဖြင့် မြင်ကွင်း အလယ်ပိုင်းကစပြီး ကွက်ဖြစ်လာတယ်။ တခါတရံ ပုံမှန်မရှိတဲ့ လိုင်းအစင်းကြောင်းတွေ တွေ့လာ ၊မြင်လာရတယ်။
လက် သို့မဟုတ် ခြေထောက် တခြမ်းမှာ တစစ်စစ်၊ စပ်ဖျဉ်းဖျဉ်း ထုံကျဉ်ကိုက်ခဲ တတ်တယ်။ တခါတရံ ဖြစ်တဲ့ဖက်ခြမ်းက ခြေ ၊ လက်တွေမှာ အားယုတ်သလို၊ အားပျော့သလို ခံစားလာရတယ်။
ဒီလို ရှေ့ပြေးနိမိတ်တွေ ခံစားရပြီး မကြာခင် မိုက်ဂရိန်း ခေါင်းကိုက်ဝေဒနာ ခံစားရတော့မယ်ဆိုတာ သိထားသင့်ပါတယ်။
၃။ကျဉ်းနေတဲ့ သွေးကြောက တဖန် ကျယ်လာတဲ့အခါ ခေါင်းကိုက်ဝေဒနာ စတင် ခံစားရပါတယ်။ ဒီအဆင့်ဟာ migraine ခေါင်းကိုက်ဝေဒနာ အမှန်တကယ် ခံစားရတဲ့ အဆင့်ဖြစ်ပါတယ်။
ခေါင်းကိုက်တဲ့အခါ နာရီပိုင်းမှ ရက်ပိုင်းအထိ ကြာတတ်ပါတယ်။ အများစုဟာ နာရီပိုင်းလောက် ဝေဒနာခံစားရပြီး ပုံမှန်အားဖြင့် ၃ ရက်အတွင်း ပြန်လည် သက်သာကြတယ်။
၆၀ ရာခိုင်နှုန်းဟာ ခေါင်းတစ်ခြမ်းထဲမှာသာ ထိုးပြီးကိုက်တယ်။ ဖြည်းဖြည်းချင်း ပိုဆိုးလာတယ်။ ပျို့ချင်အန်ချင် အဖြစ်များတယ်။  ဆူညံသံတွေ ၊ အလင်းစူးစူးတွေက ဝေဒနာကို ပိုဆိုးလာစေတယ်။ မျက်လုံးတွေ ဝေဝါးလာတတ်သလို ဆီးသွားများတာ ၊ ချွေးထွက်များတာ ဖြစ်လာတယ်။
ခေါင်း ၊ ဂုတ် စတဲ့ အကြောတွေ တင်းလာ၊ မာလာတယ်။ နားထင်ကြောတွေ ကိုက်လာတယ်။ တချို့ဟာ နေ့စဉ်အလုပ်တွေ မလုပ်နိုင်အောင် ဝေဒနာခံစားရတယ်။
လှုပ်ရှားမှုများရင် မသက်သာပဲ ပိုဆိုးလာဦးမယ်။ ဒီလိုဖြစ်လာရင် အကောင်းဆုံးက တိတ်ဆိတ်ပြီး မှောင်မိုက်တဲ့ အခန်းထဲမှာသာ အနားယူပေးသင့်တယ်။
၎။ ခေါင်းကိုက်ဝေဒနာ သက်သာတဲ့အခါ အချို့ဟာ အရက်နာကျသလို ဝေဒနာတွေ ဆက်လက် ခံစားရတတ်ပါတယ်။ ဒီအဆင့်ကို postdrome လို့ ခေါ်ပါတယ်။
အာရုံစူးစိုက်လို့ မရသလို အားယုတ်သလိုမျိုး ခံစားရတယ်။ နေလို့ထိုင်လို့ မကောင်းသလို အရှင်းမပျောက်သေးဘူး။ အများစုဟာ ဒီလိုခံစားရပြီး နာရီပိုင်း အတွင်းမှာပဲ လုံးဝ သက်သာပျောက်ကင်း သွားကြတယ်။ ဝေဒနာ ပျောက်သွားတဲ့အခါ လူကောင်းအတိုင်း ပုံမှန်ပြန်ဖြစ် ကြပါတယ်။
မိုက်ဂရိန်းဝေဒနာနဲ့ အမျိုးအစားများ
ပုံမှန်အားဖြင့် migraine without aura နဲ့ migraine with aura ဆိုပြီး နှစ်မျိုးခွဲထားတယ်။ ကြိုတင်နိမိတ်ပြ လက္ခဏာမရှိပဲ ရုတ်တရက်ဖြစ်တဲ့ migraine without aura ဟာ ပိုမို အဖြစ်များတယ်။
ဝေဒနာ ခံစားရသူ အများစုဟာ တစ်လအတွင်း တစ်ကြိမ်၊ နှစ်ကြိမ်ထက် ပိုဖြစ်လေ့မရှိကြဘူး။ တစ်လအတွင်း ၁၅ ရက်ထက် ပိုဖြစ်တတ်သူတွေကို chronic migraine နာတာရှည် မိုက်ဂရိန်းလို့ ခေါ်ပါတယ်။
အနည်းဆုံး ၃လ ဆက်တိုက် ဖြစ်ကြတယ်။ ရာသီသွေး ဆင်းတဲ့ရက်တွေမှာ မိုက်ဂရိန်း လက္ခဏတွေ ခံစားရသူကို menstrual migraine လို့ ခေါ်ပါတယ်။
ဗိုက်မှာ ဖြစ်ရင် abdominal migraine လို့ ခေါ်ပါတယ်။ ကလေးတွေမှာ အဓိက တွေ့ရတယ်။ basilar migraine ဆိုတာ ဦးနှောက် အခြေမှာရှိတဲ့ သွေးကြောမှာ သက်ရောက်မှုရှိတဲ့ အခါမျိုးကို ခေါ်ပါတယ်။
နောက်စေ့ဘက်မှာ ထိုးကိုက်တာမျိုး၊ နားထဲမှာ အသံကြားရသလို ဖြစ်တတ်တယ်။ ချာချာလည် မူးတာလည်း ရှိတတ်ကြတယ်။
occular migraine ဆိုတာ မျက်စိကိုက်ပြီး နာတာမျိုးကို ခေါ်ပါတယ်။ hemiplegic migraine ဆိုတာ ကိုယ်တခြမ်း အားယုတ်ပြီး မိုက်ဂရိန်း လက္ခဏာတွေ ခံစားရတယ်။
တချို့က ရက်ပိုင်းထိ ကြာတတ်တယ်။ ကံကောင်းတဲ့ အချက်က အဖြစ်များတဲ့ အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင် ကာလတွေမှာ မိုက်ဂရိန်းဝေဒနာ မခံစားကြရဘူး။
မိုက်ဂရိန်းဖြစ်တဲ့အခါ အိမ်မှာ ဘာတွေလုပ်နိုင်လဲ။
- ဖြစ်တဲ့ဖက်ကို ရေခဲဝတ် ကပ်ပေးထားသင့်တယ်။
- ပါရာစီတမော၊ အက်စ်ပရင် အကိုက်အခဲပျောက်ဆေး တစ်မျိုးမျိုး သောက်ပေးနိုင်တယ်။
- ရေများများ သောက်ပေးပါ။
- ပူရှိန်းပါတဲ့ ဆေးတမျိုးမျိုးလိမ်းပြီး နှိပ်ပေးနိုင်တယ်။
- ကြက်ပြုတ်ရေ ပူပူနွေးနွေး သောက်ပေးနိုင်တယ်။ တချို့က ဂျင်းထဲ့ပြီး သောက်ခိုင်းတယ်။
- ဂျင်းထဲမှာပါတဲ့ ဓာတ်တမျိုးက ပျို့အန်တာကို သက်သာစေတယ်။
- ကဖိန်းဓာတ်က သွေးကြောတွေကို ကျဉ်းစေတဲ့ သဘောရှိလို့ ဝေဒနာ သက်သာစေမယ်။
- လေ့လာမှု တချို့အရ ပူစပ်တဲ့ အစားအသောက်တွေက ခံစားရတဲ့ ဝေဒနာကို ယာယီသက်သာစေတယ်။
- ဗီတာမင် B2၊ B6၊ B12၊ မဂ္ဂနီစီယမ်၊ coenzyme Q10 ပါတဲ့ အားဆေးတွေ သောက်ပေးနိုင်တယ်။
- အာယုဗေဒ ဆေးကျမ်းမှာ စပျစ်ရည်(သို့) ခါကျက်ဥ ဖျော်ရည်တမျိုးမျိုး သောက်ပေးနိုင်တယ်လို့ ဆိုထားပါတယ်။
- အရေးကြီးဆုံး အချက်က တိတ်ဆိတ်ပြီး မှောင်မိုက်တဲ့ အခန်းထဲမှာ လဲလျှောင်းအိပ်စက် အနားယူပေးပါ။
လိုက်နာရန်အချက်များ
- နေ့စဉ် အချိန်မှန် အိပ်စက်အနားယူသင့်တယ်။
- စိတ်ဖိစီးမှု တတ်နိုင်သမျှ လျှော့ချပါ။
- အစားအသောက် ပုံမှန်စားပါ။ အစာလွန်မခံပါနဲ့။
- အာရုံစိုက်ရတဲ့ အလုပ်မှန်သမျှ ရှောင်ထားသင့်တယ်။
- လိုအပ်ရင် ခေါင်းကို နှိပ်ပေးနိုင်တယ်။
- ဆေးလိပ်၊ အရက်သောက်ခြင်းက ဝေဒနာကို ပိုဆိုးစေတယ်။
- ထောပတ်၊ ချီးစ်၊ ဝိုင်အနီ၊ ချောကလက်၊ အစေ့အဆံ၊ ဟင်းချိုမှုန့် စတာတွေက ခေါင်းကိုက်စေတတ်တယ်။
- ဟော်မုန်းဆေး၊ တားဆေး၊ အိပ်ဆေး တချို့ကလည်း ဖြစ်စေတတ်သေးတယ်။
- အလင်းစူးစူးတွေ၊ ဆူညံသံတွေက ဝေဒနာကို ပိုဆိုးလာစေလို့ ရှောင်ရှားသင့်တယ်။
- လှုပ်ရှားမှုကြောင့် ခေါင်းကိုက်ဝေဒနာ ပိုဆိုးလာစေတာ တွေ့ရတယ်။
- အနားယူပြီး မသက်သာရင် (သို့) ပိုဆိုးလာရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါတယ်။
မိုက်ဂရိန်းမှာ ခံစားရတဲ့ ခေါင်းကိုက်ဝေဒနာဟာ တခါတရံ ပြင်းထန်တတ်တယ်။ တစ်ယောက်နဲ့ တစ်ယောက် ဝေဒနာ ခံစားရပုံချင်း မတူညီကြဘူး။ အထူးသဖြင့် အမျိုးသမီးတွေဟာ ဟော်မုန်း အပြောင်းအလဲဒဏ်ကို အများဆုံး ခံစားကြရတယ်။
သို့သော် ဒီလိုဖြစ်တတ်တာကြောင့် စိတ်ဓာတ်မကျစေချင်ပါ။ မိုက်ဂရိန်း ခေါင်းကိုက်ဝေဒနာ ခံစားရသူ တစ်ယောက်က ဒီလိုပြောပါတယ်။
"မနက်စောစော ကျွန်တော် အိပ်ရာက ထခဲ့ပါတယ်။ ကျွန်တော့်ခေါင်းတခြမ်း ထိုးကိုက်နေတယ်။ ကျွန်တော် အလုပ်နှစ်ခု ဆက်လုပ်ခဲ့ပါတယ်။ ဖွင့်ထားတဲ့မီးကို ပိတ်လိုက်ပြီးနောက် ပြန်အိပ်လိုက်ပါတယ်"။
နောက်ဝေဒနာရှင်တစ်ယောက်က ဒီလိုအကြံပေးပြန်ပါတယ်။  "ခေါင်းကိုက်ဝေဒနာ ခံစားရတဲ့အခါ  အသက်ပြင်းပြင်းလေး တစ်ချက် ရှူရှိုက်လိုက်ပါ၊ အနည်းဆုံး စိတ်ငြိမ်သွားအောင် စွမ်းဆောင်ပေးနိုင် ပါလိမ့်မယ်"တဲ့။
အကောင်းမြင်ဝါဒသမားတွေ လက်ကိုင်ထားတဲ့ ဆောင်ပုဒ်တစ်ခု ရှိပါတယ်။  "နာကျင်မှုဟာ ကျွန်တော့ကို ဒုက္ခပေးနေသလား ကျွန်တော် မသိပါ။ သို့သော် ပိုမိုသန်စွမ်းလာအောင် စွမ်းဆောင်ပေးနိုင်ပါသတဲ့။