အတုမရှိဗုဒ္ဓမြတ်စွာဘုရား

အတုမရှိဗုဒ္ဓမြတ်စွာဘုရား

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Monday, 22 May 2017

ဆေးလိပ်သောက်လို့နှုတ်ခမ်းပြာတာတွေကိုပျောက်စေမဲ့နည်းလမ်း



   Facebook ကို Share ပါ

၂၂၊ မေ၊ ၂၀၁၇ 

ဆေးလိပ်သောက်တာတွေ များလာတဲ့အခါမှာ နှုတ်ခမ်းမှာ ဆေးလိပ်နံ့တွေ စွဲကျန်ရစ်ခဲ့သလို နှုတ်ခမ်းသားတွေလည်း ပြာတာတွေ၊ မည်းတာတွေ ဖြစ်တတ်ပါတယ်။ သွားတိုက်တာက ဆေးလိပ်နံ့ပျောက်ကင်းကောင်း ပျောက်ကင်းနိုင်ပေမယ့် နှုတ်ခမ်းပြာတာတွေကတော့ မပျောက်ကင်းစေပါဘူး။ ဒီလို နှုတ်ခမ်းသားမည်းပြာတာတွေကို ပျောက်ကင်းစေမယ့် သဘာဝနည်းလမ်းလေးဖော်ပြပေးလိုက်ပါတယ်။ လွယ်လွယ်ကူကူပဲမို့ လိုက်လုပ်ကြည့်ပေးနော်…

သင်္ဘောသီးမှည့်



သင်္ဘောသီးမှည့်ဟာ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပေါ်တဲ့ နှုတ်ခမ်းသားမည်းခြင်းတွေကို အမြန်ဆုံးသက်သာစေတဲ့ အသီးတစ်မျိုးပဲ ဖြစ်ပါတယ်။ သင်္ဘောသီးမှည့်ကို ဇွန်းလေးနဲ့ ခြစ်ယူကာ နှုတ်ခမ်းသားလေးပေါ်မှာ ပွတ်တိုက်ပေးပါ။ (၃) မိနစ်လောက်ကြာအောင် ပွတ်တိုက်ပေးပြီး နှုတ်ခမ်းသားပေါ်မှာ တစ်နာရီနီးပါးလောက် ထားပေးထားပါ။ တစ်နေ့ (၃) ကြိမ်ပြုလုပ်ပြီးတဲ့အခါ နှုတ်ခမ်းသားမည်းတာတွေ မရှိတော့ပဲ ပုံမှန်နှုတ်ခမ်းအရောင်ကို ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။

သံပရာသီး



ပျားရည် လက်ဖက်စားဇွန်း(၁) ဇွန်းယူပါ။ ပျားရည်ထဲကို သံပရာရည် ဇွန်းဖျားလေးနဲ့ယူပြီး ထည့်ပါ။ ပျားရည်နဲ့ သံပရာရည်တို့ကို နှံ့စပ်အောင် မွှေပေးပါ။ နှုတ်ခမ်းသား မည်းတဲ့နေရာတွေမှာ ပျားသံပရာရည်ကို ပွတ်လိမ်းပေးပါ။ ပျားသံပရာခြောက်သွေ့လာတဲ့အထိ ပွတ်တိုက်ပေးပြီး ရေအေးအေးနဲ့ ဆေးကြောပေးပါ။ နှစ်ကြိမ်လောက် လုပ်ပြီးတဲ့အခါ သိသာတဲ့ ထူးခြားမှုကို ရရှိမှာပါ။

နှုတ်ခမ်းအဆီ



နှုတ်ခမ်းနီလိုမျိုး နှုတ်ခမ်းစိုပြေစေဖို့ သီးသန့်ထုတ်လုပ်ထားတဲ့ နှုတ်ခမ်းအဆီ ရှိပါတယ်။ နှုတ်ခမ်းဆီလေးကို ညအိပ်ယာဝင်ခါနီးတိုင်း လိမ်းပေးပါ။ နှစ်ညလောက်ဆက်တိုက် ပြုလုပ်ပြီးတဲ့အခါ နှုတ်ခမ်းအမည်းတွေ မရှိတော့ပဲ ပုံမှန်နှုတ်ခမ်း အရောင်ကို ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။ 

Ref: Dlt Beauty 
ဖြိုးပြည့်သူ(မိုမိုလေး) 


Wednesday, 17 May 2017

ဒန့်သလွန်သီးက ကျန်းမာရေးအတွက်ဘာတွေရမလဲ



ဒန့်သလွန်သီးက ကျန်းမာရေးအတွက်ဘာတွေရမလဲ




ဒန့်သလွန်ပင်သည် အတန်ငယ်ခြောက်သွေ့သော အပူလျော့ဇုန်ပိုင်း ဒေသများတွင် ကောင်းစွာဖြစ်ထွန်းပြီး အစေ့မှ အပင်ပေါက်ခြင်း ဖြစ်ပါသည်။ ရှင်သန်မှုလျှင်မြန်သော နှစ်ရှည်ပင်ဖြစ် ပါသည်။ မိုးဥတုတွင်တော့ ဒန့်သလွန်ပင်၏ အကိုင်းရင့်ရင့် အပိုင်းကိုခုတ်၍ စိုက်ပျိုးရှင်သန်နိုင်ပါသည်။ သို့သော် အစေ့မှ စိုက်ပျိုးခြင်းက သေချာမှုရှိစေပါသည်။ ဒန့်သလွန်ပင်၏ ပင်စည်အသားသည် အခြားအပင်များနှင့်မတူ တုတ်ခိုင်ခြင်းမရှိဘဲ ကိုင်းဆတ်ပြီး၊ ပိုးကိုက်တတ်သော ပင်စည် အမျိုးအစား ဖြစ်သည့်အတွက် အပင်ပေါ်တက်ရန် အန္တရာယ် များလှပါသည်။ ထို့ကြောင့် အသီးတောင့်နှင့် အရွက်တို့ကို အောက်မှ ၀ါးလုံးတံချူဖြင့်သာ ခူးဆွတ်လေ့ ရှိကြပါသည်။ အသီးတောင့်များ မရင့်မှည့်ခင် အပင်ပေါ်မှ ခူးဆွတ်ပေးရပါသည်။ တစ်နှစ်ပတ်လုံးလိုလို အစိမ်းရောင် အရွက်ဝိုင်းဝိုင်း ကလေးများဖြင့် ဝေနေတတ်သော်လည်း ဆောင်းအကုန် နွေဦးရာသီတွင်တော့ အရွက်ကြွေလေ့ ရှိပါသည်။ ထို့နောက် ရွက်ဟောင်းကြွေပြီး ရွက်နုပြန်ထွက်ကာ အဖြူရောင် အဖူး၊အပွင့်ပွင့်ပြီး အသီး စတင်သီးပါတော့သည်။ ရွက်နုပြန်ထွက်ခါစ အချိန်တွင် ဒန့်သလွန်ရွက်က ပို၍ချို ပါသည်။ တုတ်ချောင်းပုံသဏ္ဍာန် အသီးတောင့်များသည် ပင်စည်ကိုင်းခတ်များမှ တွဲလွဲခို၍ သီးကြပါသည်။

ကမ္ဘာပေါ်တွင် ဒန့်သလွန်ပင် စတင်ပေါက်ရောက်ရာ ဇာစ်မြစ်မှာ အိန္ဒိယနိုင်ငံ၏ အနောက်မြောက်ဘက် ဒေသဖြစ်ပြီး၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် အာဖကန်နစ္စတန် စသည့် အပူပိုင်းဇုန်တို့တွင်လည်း လှိုင်လှိုင်ပေါပါသည်။ ဒန့်သလွန်သီး အကြောင်းကို လွန်ခဲ့သော အနှစ် ၂၀-ကျော် ခန့်က၊ အိန္ဒိယနိုင်ငံတွင် ဆေးသုတေသနပြုလုပ်ပြီးနောက်မှာတော့ ဒန့်သလွန်သီးသာမက၊ အပွင့်၊ အရွက်၊ အစေ့၊ အပင်၏ အခါက်နှင့် အမြစ်အပါအ၀င် တစ်ပင်လုံး၏ ထူးခြားဆန်းပြား အံသြဘွယ်ကောင်းလောက်အောင် ဆေးဘက်ဝင်ပုံကို လေ့လာသိရှိလာခဲ့ ကြပါသည်။ ထိုအချိန်မှစ၍ ဒန့်သလွန်ပင်သည် အရေးပါသော စားသောက်ကုန် သီးနှံတစ်ခုအဖြစ် အီသီယိုးပီးယား၊ ဖိလစ်ပိုင်၊ ဆူဒန်၊ အရှေ့ -အနောက်-တောင် အာဖရိက၊ လက်တင် အမေရိက၊ ကာရေဘီယံ၊ ဖလော်ရီဒါနှင့် ပစိဖိတ်ကျွန်းစုတို့တွင် ကျယ်ပြန့်စွာ စိုက်ပျိုးလာခဲ့ကြပါသည်။

မြန်မာပြည်၏ အထက်အညာဒေသတွင် ဒန့်သလွန်ပင်များ လက်ညှိုးထိုးမလွဲ ပေါများလှပါသည်။ မိမိအိမ်ဝိုင်း၏ နောက်ဖေးမြေကွက်လပ်တွင် စိုက်ပျိုးလေ့ ရှိကြပါသည်။ ဒန့်သလွန်သီး ရာသီချိန်ရောက်သော အခါတွင် အရသာလည်းရှိကာ၊ ရနံ့လည်းမွှေးသည့် ဒန့်သလွန်သီးကို ဟင်းအမယ် မျိုးစုံချက်ကာ မြန်မာအိမ်ရှင်မများ လက်စွမ်းပြလေ့ ရှိကြပါသည်။ ဒန့်သလွန်ရွက်နှင့် အဖူးအပွင့်တို့ကို ဟင်းချို၊ ဟင်းခါးနှင့် အသုပ်အဖြစ် စားနိုင်ပါသည်။ ဒန့်သလွန်သီးကို ငရံ့ (သို့ မဟုတ်) ငရံ့ခြောက် (သို့မဟုတ်) ကြက်ဥ/ဘဲဥ တို့ဖြင့် တွဲဖက်၍သော်လည်းကောင်း၊ ပဲကုလားဟင်း၊ သီးစုံချဉ်ရည်ဟင်း အဖြစ်လည်းကောင်း၊ ဒန့်သလွန်သီးတောင့်ကို အစိမ်းလိုက် (သို့ မဟုတ်) မီးကင်ပြီး အတွင်းသားနှင့် အစေ့တို့ကို ဇွန်းဖြင့်ခြစ်ကာ ကြက်ဥဖြင့် မွှေကြော်၍သော်လည်းကောင်း၊ (သို့ မဟုတ်) ဘူသီးဖြင့် ကြော်ချက်ဟင်းအဖြစ်လည်းကောင်း အရသာရှိရှိ စားသုံးနိုင်ပါသည်။ အနောက်နိုင်ငံ များတွင်တော့ သူ့ရိုးရာဒေသအလိုက် ဟင်းလျာအဖုံဖုံကို ချက်ပြုတ်စားသောက်ကြသလို ဒန့်သလွန်ရွက်နှင့် အပွင့်တို့ကို နည်းပညာဖြင့် ပြုပြင်ကာ ကိတ်မုန့် ဖုတ်စားကြပါသည်။

ဒန့်သလွန်သီးနှင့် အရွက်တို့ထဲတွင် လူသားတို့ ကျန်းမာရေးကို အထောက်အကူဖြစ်စေသည့် protein, carotene, carbohydrates, water, calorie, fiber, fat, vitamin A, vitamin B(choline), vitamin B1(thiamin), vitamin B2(riboflavin), vitamin B3(nicotinic acid), vitamin C(ascorbic acid), calcium, magnesium, phosphorous, potassium, copper, iron, sulphar, arginine, histidine, isoleucine, leucine, lysine, methionine, phenylalanine, threonine, tryptophan, valine စသည့် ဗိုက်တာမင်နှင့် သတ္တုဓာတ်တို့ မြင့်မားစွာပါရှိပါသည်။ အသီးနှင့်အရွက်သာမက အဖူးအပွင့်များထဲတွင်လဲ အဟာရဓာတ်ပမာဏ အမြောက်အများ ပါဝင်ပါသည်။ အထူးသဖြင့် အိန္ဒိယနိုင်ငံတွင် ဟိုးရှေးနှစ်ပေါင်း များစွာမှစ၍ ယနေ့တိုင်အောင် ရိုးရာကုထုံးများတွင် ဘေးဥပါသ်ကင်းဝေးစွာ အသုံးပြု လျှက်ရှိပါသည်။
Trees for Life Organization ၏ မှတ်တမ်းများအရ ဒန့်သလွန်သီးနှင့် အရွက်ထဲတွင်ပါရှိသော--

vitamin C သည် လိမ္မော်သီး ထဲတွင်ပါရှိသော ပမာဏထက် ၇-ဆ ပိုသောကြောင့် အအေး မိ၊ နှာစေး၊ ချောင်းဆိုးခြင်းကို ကာကွယ်ပေးနိုင်ပါသည်။

calcium သည် နို့ထဲတွင်ပါရှိသော ပမာဏထက် ၄-ဆ ပိုသောကြောင့် အရိုးနှင့်သွားများကို ခိုင်မာသန်စွမ်း စေနိုင်ပါသည်။

iron သည် ဟင်းနုနယ်ထဲတွင် ပါရှိသော ပမာဏထက် ၅-ဆ ပိုသောကြောင့် သွေးကို သန့်စေပါသည်။

potassium သည် ဌက်ပျောသီး ထဲတွင်ပါရှိသော ပမာဏထက် ၃-ဆ ပိုသောကြောင့် ဦးနှောက်နှင့် အာရုံကြော အဖွဲ့အစည်းကို ကောင်းစွာ အလုပ်လုပ်စေနိုင်ပါသည်။

vitamin A သည် မုန်လာဥနီ ထဲတွင်ပါရှိသော ပမာဏထက် ၄-ဆ ပိုသောကြောင့် မျက်စေ့ရောဂါ၊ အရေပြားရောဂါနှင့် နှလုံးရောဂါတို့ကို ကာကွယ်ပေးနိုင်ပါသည်။

ပရိုတင်း သည် နို့နှင့် ကြက်ဥ ထဲတွင်ပါရှိသော ပမာဏထက် ၂-ဆ နီးပါး ပိုသောကြောင့် ခန္ဓာကိုယ်ထဲရှိ ဆဲလ်များပိတ်ဆို့မှုတို့ကို ကာကွယ်ပေးနိုင်ပါသည်။

(၁) သွေးတိုးရောဂါသည်များအတွက် ဒန့်သလွန်ရွက်နှင့် အသီးတို့က ဆရာဝန်တစ်ဦးကဲ့သို့ အားထားလောက်ပါသည်။

(၂) သွေးကိုသန့်စင်စေကာ၊ သွေးလည်ပတ်စီးဆင်းမှုကို ချောမွေ့စေပြီး၊ ခွန်အားလည်း တိုးပွားစေသဖြင့် ကြီးကောင်ဝင်စ ဆယ်ကျော်သက်ရွယ် ကလေးများ မှန်မှန်စားသုံးပေးသင့်ပါသည်။

(၃) အရိုးအားကို တိုးပွားစေသည့်အတွက် နို့စို့ရွယ် ကလေးငယ်များကိုလည်း ဒန့်သလွန်သီးနှင့် အရွက်ပြုတ်ရည်တို့ကို အ၀တ်ပါးဖြင့်စစ်ကာ နို့ချိုဖြင့်ရော၍ တိုက်ကျွေးသင့်ပါသည်။

(၄) လှပပြီးမွှေးကြိုင်သော အဖြူရောင် ဒန့်သလွန်ပန်းပွင့်ရနံ့က ကောင်းစွာ အိပ်မောကျစေနိုင်ပါသည်။

(၅) မွေးဖွားခါနီး မိခင်လောင်းများအတွက် မရှိမဖြစ်လိုအပ်သော ကယ်လ်စီယမ်၊ ဗီတာမင်နှင့် သံဓာတ်တို့သည် အသီးနှင့် အရွက်များထဲတွင် အလုံအလောက် ပါရှိပါသည်။ ကိုယ်ဝန်ဆောင်စဉ်ကတည်းက အသီးနှင့် အရွက်တို့ကို မှန်မှန်စားပေးခြင်းဖြင့် နို့ရည်လိုက်စေပါသည်။ ဒန့်သလွန်ရွက်ကို ဆားအနည်းငယ်ဖြင့်ပြုတ်ပြီးနောက် အရွက်ကိုရေစစ်ပြီး ထောပတ်ဖြင့် သုပ်စားပေးခြင်းဖြင့်လဲ နို့တိုက်မိခင်များ နို့ရည်
လှိုင်လှိုင်ပေါစေပါသည်။ ထို့ပြင် သားအိမ်ကို အားရှိစေကာ၊ မွေးဖွားရ လွယ်ကူစေသည့်အပြင် မွေးဖွားပြီးနောက် ဖြစ်ပေါ်တတ်သော နောက်ဆက်တွဲ မီးယပ်ဝေဒနာအမျိုးမျိုးတို့ကိုလည်း သက်သာစေနိုင်ပါသည်။

(၆) အစာချေစံနစ်ကို ကောင်းမွန်စေပြီး၊ အူရောင်ငန်းဖျားရောဂါ၊ ၀မ်းသွားခြင်း၊ ကာလ၀မ်းရောဂါ၊ ၀မ်းကိုက်ရောဂါနှင့် အသဲရောင်အသားဝါတို့ကိုလည်း ကောင်းစွာ ကုသပေးနိုင်ပါသည်။ (လက်ဖက်ရည်ဇွန်း ၁-ဇွန်းစာ ပမာဏရှိသော ဒန့်သလွန်ရွက် သတ္တုရည်ကို ပျားရည်၊ အုန်းရည် အနဲငယ်တြို့ဖင့် ရောစပ်ကာ တနေ့ လျှင် ၂-ကြိမ် မှ ၃-ကြိမ်ခန့် သောက်ပေးရုံဖြင့် ထိုရောဂါများကို ယူပစ်သလို ပျောက်ကင်းစေနိုင်ပါသည်)

(၇) ဒန့်သလွန်ရွက်သည် penicillin ကဲ့သို့ ပိုးသတ်နိုင်စွမ်းရှိသဖြင့် ခန္ဓာကိုယ်တွင်းကိုယ်ပနှင့် အရေပြားပေါ်ရှိ ကူးစက်ရောဂါအမျိုးမျိုးတို့ကို ကာကွယ်တားဆီးပေးနိုင်ပါသည်။ ထို့ပြင် အူထဲရှိ သန်ကောင်များကိုလည်း ကျစေပါသည်။ အရေပြားမှိုစွဲခြင်းနှင့် ယားနာအမျိုးမျိုးတို့ အတွက်လည်း ဒန့်သလွန်ပင်စည်၏ အခေါက်မှုန့်ဖြင့် လိမ်းကျံ ပေးနိုင်ပါသည်။

(၈) ဖိုမ သဘာဝ ကာမအားအင် ကုန်ခမ်းခြင်းနှင့် မျိုးကန်းခြင်းတို့အတွက် ဒန့်သလွန်ပန်းပွင့်ကို နို့ဖြင့် ပြုတ်သောက်ပေးသင့်ပါသည်။

(၉) ဒန့်သလွန်ပင်စည်၏ အခေါက်ကို အမှုန့်ကြိတ်၍ လျက်ပေးခြင်းဖြင့် အမျိုးသားများ သုက်ရည်ကျဲခြင်းကို ကုသပေးနိုင်ပြီး၊ ဖခင်ကောင်း တစ်ယောက်အဖြစ် စွမ်းဆောင်နိုင်ပါသည်။

(၁၀) ဒန့်သလွန်သီးသည် အသည်းနှင့်သရက်ရွက်တို့ ရောင်ကိုင်းခြင်း၊ မေးခိုင်ရောဂါ၊ အာရုံကြောအားနဲခြင်း၊ သွက်ချာပါဒ၊ ပြည်တည်နာနှင့် အနာကြီးရောဂါ စသည့် ကိုယ်တွင်းကိုယ်ပ ဝေဒနာအမျိုးမျိုးတို့ကို ပျောက်ကင်းစေနိုင်ပါသည်။

(၁၁) ဒန့်သလွန်ပင်၏ အခေါက်ထဲတွင် အစေးများပါရှိပါသည်။ အစာအိမ်နာ ရောဂါသမားများသည် ထိုအခေါက်ကို ပြုတ်သောက်ပေး သင့်ပါသည်။

(၁၂) ဒန့်သလွန်သီးသည် ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ လည်ချောင်းနာခြင်းနှင့် ချောင်းဆိုးခြင်းတို့ကို သက်သာ ကောင်းမွန်စေနိုင်ပါသည်။

(၁၃) ဆီးသွားလွန်ခြင်း ရောဂါအတွက် ဒန့်သလွန်ရွက် သတ္တုရည်ကို သောက်သုံးပေးသင့်ပါသည်။ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း ပြသနာများအတွက် ဒန့်သလွန်ရွက် သတ္တုရည် စားပွဲတင်ဇွန်း ၁-ဇွန်းစာ ပမာဏထဲသို့ ဆားအနည်းငယ်ရော၍ မုန်လာဥနီ (သို့ မဟုတ်) သခွားသီး ဖျော်ရည် အနဲငယ်ဖြင့် ရောသောက်ပေးသင့်ပါသည်။

(၁၄) အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြသနာများအတွက် ဒန့်သလွန်ရွက် လက်တဆုပ်စာကို ဆား၊ ငရုပ်ကောင်း၊ သံပုရာရည် အနည်းငယ်ထည့်ကာ ရေ ၃ပုံ ၄ပုံ ခန့်ကို အချိန် ၅-မိနစ်လောက် ကြိုချက်ပြီးနောက် အအေးခံကာ သောက်ပေးခြင်းဖြင့် ချမ်းသာမှုကို ရစေပါသည်။

(၁၅) ဒန့်သလွန်သီးနှင့် သံပုရာရည်တို့ကို ရောကျိတ်ပြီးနောက် ရရှိလာသော အနှစ်ရည်ကို မျက်နှာအနှံ့ လိမ်းကျံပေးခြင်းဖြင့် ၀က်ခြံစို၊ ၀က်ခြံခြောက်၊ ဆားဝက်ခြံ၊ မှဲ့ခြောက် တို့ကို ပျောက်ကင်းစေနိုင်ပြီး မျက်နှာအသားအရေကို ၀င်းပလာစေပါသည်။ (သို့မဟုတ်) လတ်ဆတ်သော ဒန့်သလွန်ရွက် သတ္တုရည်ကို သံပုရာရည်ဖြင့် ရောစပ်၍ လိမ်းကျံပေးနိုင်ပါသည်။

(၁၆) အဆစ်အမြစ် နာကျင်ကိုက်ခဲခြင်းနှင့် ခေါင်းကိုက်ခြင်း ဝေဒနာများအတွက် ဒန့်သလွန်ရွက်ကို ထောင်း၍ အုံပေးနိုင်ပါသည်။

(၁၇) ဒန့်သလွန်သီး အစေ့က ရေကို သန့်စင်ပေးနိုင်သော ဂုဏ်သတ္တိရှိပါသည်။ မိမိအိမ်ရှိ ရေချိုးကန်များ သန့်စင်စေရန်အတွက် ဒန့်သလွန်သီး အစေ့ကို ကျိတ်ချေထောင်းထုပြီးနောက် အ၀တ်ဖြင့်ထုပ်ကာ ရေကန်ထဲသို့ ထဲ့စိမ်ပေးခြင်းဖြင့် သန့်စင်သောရေကို ရှိစေနိုင်ပါသည်။ (ထို့ပြင် ပျားရည် စစ်- မစစ် ကိုလည်း ဤနည်းဖြင့် စမ်းသပ်နိုင်ပါသည်)

(၁၈) ဒန့်သလွန်သီးအစေ့မှ အနည်းငယ်ချိုသော အရသာရှိသည့် အဆီကို ရရှိပါသည်။ ထိုအဆီသည် ချွဲပျစ်ခြင်း မရှိသည့်အပြင် ဆီချေးစော်လဲ မနံသဖြင့် အသုပ်သုပ်ရာတွင်လည်းကောင်း၊ စက်ဆီ/ချောဆီအဖြစ် လည်းကောင်း၊ အသုံးပြုနိုင်ပါသည်။ ထို့ပြင် ထိုအဆီကို အခြေခံ၍ ရေမွှေး၊ ပေါင်ဒါနှင့် ခေါင်းလိမ်းဆီအဖြစ်လည်း ထုတ်လုပ်ကြပါသည်။

(၁၉) အီသီယိုးပီးယားကဲ့သို့ အာဟာရချို့ တဲ့သော အရပ်ဒေသများတွင် ဒန့်သလွန်ရွက် အမှုန့်က သက်စောင့်ဆေးအဖြစ် စွမ်းဆောင်ပေးနိုင်ပါသည်။ ဒန့်သလွန်ရွက်အမှုန့်ကို ရေခဲသေတ္တာထဲတွင် အထူးတလည် သိမ်းဆည်းထားစရာ မလိုဘဲ အာဟာရဓာတ် ပျက်ပြယ်ခြင်းမရှိ ရက်ရှည်လများ ထားနိုင်ပါသည်။

(၂၀) ဒန့်သလွန်ရွက်သည် ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ ချွဲသလိပ်ထခြင်း၊ ပန်းနာရပ်ကျပ် ချောင်းဆိုးခြင်း၊ တီဘီအဆုတ်နာနှင့် လည်ချောင်းနာခြင်း ဝေဒနာတို့အတွက် အလွန်ဆေးဘက်ဝင်ပါသည်။

(၂၁) ပန်းနာရင်ကျပ် ရောဂါသည်များနှင့် အဆုတ်ဝေဒနာသည်များသည် ဒန့်သလွန်သီးနှင့် အရွက်ပြုတ်သည့် အခိုးငွေ့ကို ရှုရိုက်ပေးခြင်းဖြင့် များစွာ ကောင်းကျိုးပြုပေးနိုင်ပါသည်။

ဒန့်သလွန်ပင်ကို “ဗီတာမင်နှင့် သတ္တုဓာတ်တို့ စုဝေးရာအိမ်ကြီး ” ဟု တင်စားခေါ်ဝေါ်ကြပါသည်။ မှန်ပါသည်။ ဘေးထွက်ဆိုးကျိုး လုံးဝမရှိဘဲ လူသားတို့ ကျန်းမာရေးကို အထောက်အကူပေးသည့် လက်တစ်ကမ်းမှ အလွယ်တကူ ရရှိနိုင်သော ထိုဟင်းသီးဟင်းရွက်ကို လက်လွတ်မခံဘဲ စားသုံးကြစေလို ပါကြောင်း……..။

မှတ်ချက်။
(က) အချို့သောသူများသည် ဒန့်သလွန်သီးနှင့် မွေးရာပါ ဓာတ်မတဲ့ရောဂါ ရှိတတ်သဖြင့်၊ သတိပြုစေလိုပါသည်။ 
(ခ)ဒန့်သလွန်သီးနှင့် ကလောဥ တို့ကို တွဲဖက်၍ မစားသင့်ပါ။

ကိုးကား (Power House of Minerials-Drumstick Plant)
Myawady Health

Aung Myint Myat (Myanmar Youths)
09256480246


Sunday, 7 May 2017

အစားအစာသန့်ရှင်း ဘေးကင်းကျန်းမာ

အစားအစာ သန့်ရှင်း၊ ဘေးကင်း ကျန်းမာ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

စားသောက်ဆိုင် ယဉ်ကျေးမှုက မြို့ကြီးတိုင်းလိုလိုတွင် ထွန်းကားလာသည်ကို မြင်တွေ့ရသည်။ နံနက်ခင်း စားသောက်ရန်အတွက် လက်ဖက်ရည် ဆိုင်သည် လက်ဖက်ရည်၊ ကော်ဖီ၊ အီကြာကွေး၊ နံပြား လောက်သာ ရောင်းချသည့်ဆိုင်မျိုး မဟုတ်တော့ဘဲ အစားအသောက် အမျိုးအမည် များစွာကို ရောင်းချသော ဆိုင်များ ဖြစ်လာသည်။ ရန်ကုန်ကဲ့သို့သော မြို့ကြီး၏ မြို့နယ်တိုင်းလိုလိုတွင် ယင်းကဲ့သို့သော ဆိုင်များ၌ နံနက်ခင်း အချိန်များတွင် ကြိတ်ကြိတ်တိုး စည်ကားနေတတ်သည်။ ထို့ပြင် လူစည်ကားရာ နေရာများတွင် ရောင်းချတည်ခင်းကြသည့် လမ်းဘေးစားသောက်ဆိုင်များ၊ သန့်ရှင်းမှု လွန်စွာအားနည်းသည့် အနေအထားဖြင့် ရောင်းချနေသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များနှင့် အခြားအစားအစာများ၏ ကျန်းမာရေးဆိုင်ရာ လုံခြုံစိတ်ချရမှုများမှာ ဆန်းစစ်ရန်လိုအပ်လှသည်။

အစားအစာများမှဖြစ်ပေါ်လာနိုင်သည့် အ္တရာယ်မှာ အစာအဆိပ် သင့်သည့်အန္တရာယ်ဖြစ်ပြီး မသန့်ရှင်းသော အစားအစာများတွင် ပါဝင် နေတတ်သည့် မှိုနှင့်ဗက်တီးရီးယားပိုးမွှားတို့ကြောင့် အစာအဆိပ်သင့်ခြင်း ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ အသားကင်ဆိုင်များတွင် ရောင်းချသည့် ဝက်သား၊ ကြက်သား၊ ဆိတ်သားစသည့် အကင်များ၌ Verotoxigenic Escherichia coli ခေါ် ပိုးတစ်မျိုးကို တွေ့ရှိရတတ်ပြီး ၎င်းပိုးမှထုတ်လုပ်သည့် အဆိပ်ကြောင့် အစာလမ်းကြောင်း အဆိပ်သင့်ကာ ဗိုက်နာခြင်း၊ အော့အန်ခြင်း၊ ဝမ်းပျက်ခြင်းလက္ခဏာများ ခံစားရတတ်သည်။ အသားများ၏ သန့်ရှင်းမှု၊ ရောင်းချရန်ပြင်ဆင်သည့်နေရာ၏ သန့်ရှင်းမှု၊ အစား အသောက်ကိုင်တွယ်သူ၏ တစ်ကိုယ်ရေသန့်ရှင်းမှုတို့ အားနည်းချက်ကြောင့် အဆိုပါရောဂါပိုးမှာ အစားအစာ၌ ပါလာခြင်းဖြစ်သည်။

မြန်မာတို့အစားများသည့် ငရုတ်သီးမှုန့်များတွင် Aflatoxin B1 ခေါ် မှိုတစ်မျိုး ပါဝင်နေတတ်ပြီး ယင်းအဆိပ်ဓာတ်သည် အပူဖြင့်ချက်ပြုတ် စားသောက်သည့်တိုင်အောင် အာနိသင်ပျက်ပြယ်သွားခြင်း မရှိသကဲ့သို့ အစားအသောက်ထဲတွင် ပါဝင်နေသည့်တိုင်အောင် အရောင်၊ အနံ့၊ အရသာတို့ ပြောင်းလဲခြင်းမရှိသည့်အတွက် မှိုပါနေကြောင်း သိရှိနိုင်ရန် ခက်ခဲသည်ဟု ဆိုသည်။ တစ်ဖန် လမ်းဘေးစားသောက်ဆိုင်များတွင် လူအများ စားသုံးလေ့ရှိသည့် အချဉ်များတွင်လည်း Clostridium perfringens ဟု ခေါ်သည့် ဗက်တီးရီးယားပါဝင်ကြောင်းနှင့် ဆိုခဲ့ပါ မှိုနှင့် ဗက်တီးရီးယား တို့သည်လည်း အစာအဆိပ်သင့်စေကြောင်း သုတေသီတို့က တွေ့ရှိထား ကြသည်။

Bacillus cereus အစာအဆိပ်သင့်မှုသည် ထမင်းကြော်များတွင် အဓိက တွေ့ရှိနိုင်ပြီး ထမင်းကြော်ကို အပူပေးပြီး ပြန်နွှေးခြင်းဖြင့် ရောဂါပိုး ပေါက်ပွားမှုကို အားပေးသကဲ့သို့ဖြစ်ကြောင်း၊ Staphylococcus aureus ရောဂါပိုးကို လက်တွင် ပြည်တည်နာရှိသော အစားအသောက် ကိုင်တွယ်သူထံမှ ဝယ်ယူသည့်အစာတွင် စမ်းသပ်ဖော်ထုတ် တွေ့ရှိခဲ့ကြောင်း၊ ၎င်းပိုးမှထွက်ရှိသည့် အဆိပ်သည် ပွက်ပွက်ဆူအောင်ချက်ပြုတ်မှုကို ခံနိုင်ရည်ရှိပြီး အစားအစာမှာလည်း မူရင်းအရောင်၊ အနံ့၊ အရသာမပျက်ရှိနေကြောင်း ဆေးသုတေသနဆိုင်ရာဖော်ထုတ်မှု တစ်ခုတွင် တွေ့ရှိခဲ့ရသည်။ ၎င်းအစာကို စားသုံးမိပါက အပြင်းအထန် ဗိုက်နာခြင်း၊ အော့အန်ခြင်း၊ ဝမ်းပျက်ခြင်းစသည့် အစာလမ်းကြောင်း အဆိပ်သင့်မှုကို ခံစားရမည် ဖြစ်သည်။

အစာအဆိပ်သင့်ခြင်းမှာ အစားအစာအတွက်ပြင်ဆင်မှု အဆင့်ဆင့် တို့တွင် သန့်ရှင်းမှုအားနည်းခြင်း၊ အစားအသောက် သိမ်းဆည်းသိုလှောင်ရာတွင် စနစ်တကျမရှိခြင်း၊ ကုန်ကြမ်းအရည်အသွေး ညံ့ဖျင်းခြင်းနှင့် ကိုင်တွယ် ရောင်းချသူ၏ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းခြင်းတို့ကြောင့် ရောဂါပိုးများ ကပ်ငြိပေါက်ပွားရာမှ လူကိုအန္တရာယ်ဖြစ်စေခြင်း ဖြစ်သည်။ သန့်ရှင်း လတ်ဆတ်သော အစားအစာကို စနစ်တကျ သိုလှောင် သိမ်းဆည်းခြင်း၊ သန့်ရှင်းစွာကိုင်တွယ်ချက်ပြုတ်ခြင်း၊ အစားအစာပြင်ဆင်ရောင်းချသည့် နေရာ၏ သန့်ရှင်းခြင်း၊ ရောင်းချသူ၏ တစ်ကိုယ်ရေသန့်ရှင်းခြင်း အဘက်ဘက်ကပြည့်စုံမှသာ အစာကြောင့်ဘေးဖြစ်မည့် အန္တရာယ်မှ လွတ်ကင်းနိုင်မည်ဖြစ်ပါကြောင်း။ ။


Credit - MOI


Wednesday, 3 May 2017

ဒါတွေဖတ်ပြီးမှအပြာကားကြည့်ပါ



ဒီနေ့ခေတ်မှာဆိုရင် လူငယ်နဲ့အပြာကားဆိုတာ ခွဲခြားလို့မရတော့ပါဘူး။ အပြာကားမကြည့်ဖူးတဲ့လူဆိုတာလည်းနှင်းဆီနက်ထက်တောင် ရှားပါသေးတယ်။ အပြာကားတွေကို သူငယ်ချင်းတွေဆီကနေ Zapya နဲ့ Share ကြတဲ့သူတွေရှိသလို Online ကနေလည်း တိုက်ရိုက်ကြည့်ကြတဲ့သူတွေလည်း မနည်းတော့ပါဘူး။အပြာကားအသစ် ထွက်လာပြီဆိုတာနဲ့ Online မှာ အုန်းအုန်းကြွက်ကြွက်ဖြစ်နေလိုက်တာ မြင်မကောင်းပါဘူး။ ဖုန်းထဲမှာ အပြာကားမပါရင်ကို ခေတ်မမီသလိုဖြစ်နေပါပြီ။ အပြာကားကို ကြည့်နေကျလူတစ်ယောက်ဟာ သူငယ်ချင်ကို တွေ့တာနဲ့ ဇာတ်ကားအသစ်ပါသေးလားလို့မေးတာလည်း ထုံးစံလိုဖြစ်နေပါပြီ။




ဦးနှောက်ကျုံ့လာမယ်

နာမည်ကျော်အပြာဝက်ဘ်ဆိုက်တွေကလည်း ကြည့်ရှုသူများဖို့အတွက် ဆယ်ကျော်သက်တွေကို ဆွဲဆောင်နေကြပါသေးတယ်။ အပြာကားကြည့်တာက ခရီးသွားဟန်လွှဲလိုသာ ဖြစ်သင့်ပေမယ့် ဒါကိုကြည့်လိုက်ရမှ နေသာထိုင်သာရှိသွားတဲ့အဆင့် (စွဲလမ်းတဲ့အဆင့်) ရောက်သွားရင် မကောင်းတော့ပါဘူး။ အပြာကားစွဲသွားရင် ကျန်းမာရေးနဲ့ လူမှုရေးအပိုင်းမှာ ပြဿနာတွေရှိလာနိုင်ပါတယ်။ အပြာကားကြည့်ဖန်များလာရင် မူးယစ်ဆေးဝါးစွဲသလို ဦးနှောက်ကျုံ့လာနိုင်တယ်လို့ ဂျာမဏီနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ရပ်အရ သိရပါတယ်။

ဆုံးဖြတ်ချက်မှား လာမယ်

အထူးသဖြင့် ဆယ်ကျော်သက်တွေကြားမှာ အပြာကားကြည့်တာနဲ့ ကျန်းမာရေးထိခိုက်လာရုံမက လူမှုဆက်ဆံရေးပိုင်းနဲ့ စိတ်အားထက်သန်မှုအပိုင်းမှာ လျော့ကျလာပါတယ်။အပြာကားစွဲလမ်းလာတဲ့လူတွေက ကိစ္စတစ်ခုကို အလွယ်တကူနဲ့ အရှုံးပေးလိုစိတ်ဝင်လာကြပြီး လူမှုဆက်ဆံရေးမှာလည်း အမြင်မကြည်သူများလာတတ်ပါတယ်။ စိတ်ထက်သန်မှုလျော့နည်းလာပြီး ဦးနှောက်ထိုင်းမှိုင်းလာတဲ့အတွက် အာရုံကြောဓာတုပစ္စည်း (Dopamine Level) မြင့်တက်လာရပါတယ်။ အပြာကားစွဲလမ်းလာတာနဲ့ ဆုံးဖြတ်ချက်ချတဲ့အချိန်မှာ အကူညီပေးတဲ့ ဦးနှောက်ရှေ့အဖု (Frontal Cortex) ဟာ မညီမမျှဖြစ်လာပြီး ဆုံးဖြတ်ချက်တွေ မှားယွင်းလာတတ်ပါတယ်။ သမီးရည်းစားအကြားမှာလည်း အဆင်မပြေဖြစ်လာပြီး လုပ်သမျှလွဲလာတတ်ပါတယ်။




တန်ဆေး လွန်ဘေး

ကဲ . . . လူတိုင်းဟာ ကာမတဏှာနဲ့ မကင်းနိုင်ဘူးဆိုပေမယ့် ဘယ်အရာမဆို လွန်ကဲလာရင် အဆင်မပြေတော့ပါဘူး။ အဲဒီတော့ သလဲသီးလေးတွေ အကန့်ခွဲထားသလိုကိစ္စတိုင်းမှာလည်း သူ့အကန့်လေးနဲ့သူ ခွဲခြားထားမယ်ဆိုရင် အဆင်ပြေချောမွေ့နေမှာ သေချာပါတယ်။ အဲဒီတော့ ဆေးစွဲသလို အပြာကားစွဲနေတဲ့ သူငယ်ချင်းတွေကိုလည်း မဖြစ်သင့်တန်မဖြစ်ရအောင် Mention ခေါ်ပြီး အချိန်မီတားလိုက်ဦးနော်။

#Credit

ကျွန်တော်သိ၍ကျွန်တော်တတ်၍ရေးသားခြင်းမဟုတ်ပါကျွန်တော်လေ့ လာမိသမျှကိုစာဖတ်သူများထံပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်။

ကျွန်တော့် ပို့ စ်တစ်ခုချင်းဆီအတွက်မူရင်းရေးသားသူများကိုအထူးကျေးဇူးတင်ဥပကာရတင်ရှိပါတယ်။

ဖြိုးလေး(MyanmarYouth


Monday, 1 May 2017

ပွေး၊ယားနာတွေကို သံပုရာသီးနဲ့ကုမယ်

သိထားလျှင် အသုံးဝင်မယ့် နည်းလမ်းလေး ဖြစ်ပါတယ်။ အရေပြားမှ ဖြစ်တတ်တဲ့ ယားနာများ ပွေးနာ စတဲ့ရောဂါတွေ အပြင်အမည်းကွက်များ ပေါက်ခြင်းနှင့် အမွေးများ ကျွတ်ခြင်း စသော ရောဂါ များကို သုံပုရာသီး ရှိရုံဖြင့် ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။

သုံပုရာသီး လတ်လတ်ဆတ်ဆတ် တစ်လုံးကို တစ်ခြမ်းခြမ်းလိုက်ပါ။ ထိုခြမ်းပြီးသား အခြမ်းဖြင့် ရောဂါဖြစ် တဲ့ နေရာမျးကို ပွတ်ပေးခြင်းအားဖြင့် ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။ သံပုရာသီးမှာ ပါဝင်သော အက်စစ် ဓာတ်ဟာ ပိုးမွှားများကို သေစေနိုင်သည့် အတွက်ကြောင့် ဖြစ်ပါတယ်။

Ref - Buzz Myanmar