အတုမရှိဗုဒ္ဓမြတ်စွာဘုရား

အတုမရှိဗုဒ္ဓမြတ်စွာဘုရား

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Monday, 17 October 2016

ချိုင်းနဲ့ အတွင်းသားပိုင်းများ အသားအရောင် မညီမမျှဖြစ်နေခြင်း

ချွေးထွက်လွန်ခြင်းနဲ့ တင်းကျပ်တဲ့ အဝတ်အစားတွေကြောင့် အဆိုပါနေရာများတွင် အသားအရောင် ညိုညစ်နေတာမျိုး ဖြစ်တတ်ပါသည်။ အဲဒီလိုတင်းကျပ်လွန်းတဲ့ အဝတ်အစားတွေကြောင့် လေဝင်လေထွက် မရဘဲ ချွေးများအောင်းကာ ဂျိုင်းနဲ့ အခြားနေရာတွေမှာ ထိုသို့ဖြစ်လာရခြင်းလည်း ဖြစ်ပေသည်။

ဖြေရှင်းရန် နည်းလမ်း

၁။ ပွပွချောင်ချောင် ချည်ထည်များကိုသာ ဝတ်ဆင်ပေးပါ။
၂။ မဲညစ်နေတဲ့ နေရာတွေကို ချိုင်းကြားဖြူဖွေးစေတဲ့ လိမ်းဆေးစတာမျိုးတွေ သင့်လျော်သလို အသုံးပြုပေးပါ။
၃။ တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဂရုစိုက်ပါ။
၎။ အဝတ်အစားများကို သေချာစွာ လျော်ဖွတ်ကာ ခြောက်သွားပြီးမှ ဝတ်ဆင်ပါ။

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : Orchid
Health for ALL magazine 

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

ခေတ္တသတိမေ့ခြင်း

ရုတ်တရက် ဦးနှောက်သို့ သွေးရောက်မှုနည်းသဖြင့် မတ်တပ် မရပ်နိုင်ဘဲ လဲကျကာ သတိမေ့ခြင်း ဖြစ်သည်။ ခေတ္တသာဖြစ်၍ နောက်ပြန် သတိရလာသည်။ ဤသို့ဖြစ်သည်မှာ သွေးလည်ပတ်မှု မကောင်း၍သာ ဖြစ်ပြီး ဝက်ရူးပြန်ရောဂါကြောင့် တက်ခြင်း၊ ရုတ်တရက် သွေးလန့်ခြင်းနှင့် ရေရှည် သတိမေ့မြောစေသော အကြောင်းများကြောင့် မဟုတ်ပေ။ ဖြစ်ပွားရသော အကြောင်းမှာ အဓိကနှစ်ခုသာ။

(၁) နှလုံးရောဂါရှိခြင်း
(၂) နှလုံးကိုပေးသော ဗေဂတ်စ်အာရုံကြော မကောင်း၍ဖြစ်ခြင်း (Vasovagal Attack)

ဥပမာ မသတီစရာ မြင်ကွင်းတစ်ခုကိုမြင်၍ သတိမေ့ခြင်း (သို့) မတ်တပ်ရပ်နေရာမှ လဲမလိုဖြစ်ခြင်း၊ သွေးကိုမြင်၍ ထိတ်လန့်ခြင်း ဝမ်းနည်းစရာမြင်ကွင်းမြင်၍ ထိတ်လန့်ခြင်း။

က။ ရောဂါ လက္ခဏာများ

(၁) ရှေးက ယခုလိုဖြစ်ဖူးခြင်း
(၂) သတိ မမေ့မီ ခေါင်းမူးခြင်း၊ ခေါင်းချာချာလည်ခြင်း၊ ခေါင်းမှာ ပေါ့သည်ဟု ခံစားရခြင်း
(၃) အားမရှိဟု ခံစားရခြင်း
(၄) ချွေးထွက်ခြင်း
(၅) ပျို့ခြင်း၊ အန်ခြင်း
(၆) မျက်စိ မှုန်ဝါးလာခြင်း၊ အရိပ်တစ်ခုမြင်ခြင်း
(၇) အရေပြား အေးစက်လာခြင်း၊ အရိပ်နှစ်ခုမြင်ခြင်း
(၈) ခြေလက်များ ကျင်လာခြင်း၊ ဖြူလာခြင်း
(၉) ရင်ဘတ်နာခြင်း
(၁၀) တစ်ခုခုလုပ်မည်ကြံလျှင် ဖြစ်တတ်ခြင်း

ခ။ ကုသခြင်း

(၁) လူနာကို ပြင်ညီပေါ်မှာ လှဲထားပါ။ ပက်လက်လှန်၍ ခြေထောက်ကို မြင့်မြင့်ထားပါ။
(၂) အသက်ရှူ မှန်ပါစေ။ ရှူနိုင်အောင် ဦးခေါင်း တစောင်း လှည့်ထားပါ။
(၃) ဂလူးကို့စ် (သို့) လက်ဖက်ရည်၊ ကော်ဖီတိုက်ပါ။
(၄) ဆရာဝန် ခေါ်ပါ။ စောင့်နေစဉ် အောက်ဆီဂျင် ပေးထားပါ။
(၅) ဆရာဝန်က အောက်ပါအတိုင်း ရောဂါသိရန် စူးစမ်းပါလိမ့်မည်။
(က) ရောဂါရာဇဝင်
(ခ) ခန္ဓာကိုယ် စမ်းသပ်စစ်ဆေးခြင်း အထူးသဖြင့် နှလုံးရောဂါရှိ၊မရှိ
(ဂ) နှလုံးလျှပ်စစ်ဓာတ်ဖြတ်ပုံကြည့်ခြင်း (အီးစီဂျီ ECG)
(ဃ) ဦးခေါင်းလျှပ်စီးတိုင်းကြည့်ခြင်း (ဝါ) လျှပ်စစ်ဖြတ်ပုံကြည့်ခြင်း (EEG)
(င) သွေးတွင်းဓာတ်များ တိုင်းခြင်း
(စ) ရင်ခေါင်းဓာတ်မှန်
(ဆ) ဦးခေါင်းစီတီ (CT) ၊ ဝမ်းဗိုက် စီတီ (CT)
(ဇ) ဦးနှောက် MRI

ဂ။ စိတ်ချရသော စစ်ဆေးမှု ရလဒ်များ

(၁) ပုံမှန်အီစီဂျီ (E.C.G)
(၂) ပုံမှန်အီးအီးဂျီ (E.E.G)
(၃) ပုံမှန်ဓာတ်မှန်နှင့် အလားတူ ရိုက်ချက်များ
(၄) ပုံမှန်နှလုံးကို လေ့ကျင့်ခန်း လုပ်စမ်းချက် (Stress Test)
(၅) နှလုံးခုန် ပုံမှန်ပြန်ဖြစ်ခြင်း။

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : ဒေါက်တာမောင်မောင်ညို ၊ လူတိုင်းအတွက် အရေးပေါ်ဆေးပညာ စာအုပ်

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

ခန္ဓာကိုယ်မှာအသည်းရဲ့အရေးပါပုံ

ခန္ဓာကိုယ်မှာ အသည်းရဲ့ လုပ်ဆောင်ချက်တွေဟာ အလွန်များပါတယ်။ အစာချေဖျက်ရာမှာ လုပ်ဆောင်ပေးတယ်။ ဂလူးကို့စ်ကို ဂလိုင်ကိုဂျင်အဖြစ် ပြောင်းလဲ သိုလှောင်ပေးပြီး လိုအပ်ပါက ဂလိုင်ကိုဂျင်ကိုဂလူးကို့စ်အဖြစ် ပြန်လည် ဖြိုခွဲပေးပါတယ်။ အဆီကို သယ်ဆောင်ပေးတဲ့ Apoprotein တွေကို ထုတ်လုပ်ပေးပါတယ်။ အဆီတွေကို Apoprotein နဲ့ ပေါင်းပြီး လိုင်ပိုပရိုတင်းအဖြစ်နဲ့ သယ်ဆောင်ပေးပါတယ်။

ခန္ဓာကိုယ်အတွင်း သွေးထဲမှာ လှည့်ပတ်နေတဲ့ ပရိုတင်းတွေကို ထုတ်လုပ်ပေးပြီး အန်တီဘော်ဒီဖြစ်တဲ့ Immunoglobulin ကိုတော့ မထုတ်လုပ်ပါဘူး။ သွေးခဲစေတဲ့ ပရိုတင်းနဲ့ သွေးကျဲစေတဲ့ ပရိုတင်းတွေကိုလည်း ထုတ်လုပ်ပေးပါတယ်။ သွေးတွင်းရှိ ဂလူးကို့စ်၊ အဆီဓာတ်၊ ပရိုတင်းနဲ့ အမိုင်နိုအက်စစ်တွေကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးထားပါတယ်။

သံဓာတ်ကို သိုလှောင်ပြီး သွေးထဲမှာရှိတဲ့ အနီဓာတ်ကို ထုတ်ပေးပါတယ်။ သွေးထဲမှာ အမိုးနီးယားဓာတ်တွေ များပါက အန္တရာယ်ရှိပါတယ်။ အသည်းက အမိုးနီးယားကို ယူရီးယားအဖြစ် ပြောင်းလဲပြီး ဆီးထဲကနေ စွန့်ထုတ်ပေးပါတယ်။

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : ဇာခြည်ဝင်း ( ဆေးဝါးတက္ကသိုလ် ) ၊ AROGYAM

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Monday, 10 October 2016

သုံးနှစ်အထက်တားဆေးမှီဝဲသူများ မျက်စိကွယ်နိုင်ခြေ နှစ်ဆခန့်မြင့်

သန္ဓေတားဆေးကို သုံးနှစ်ကျော် ကြာတဲ့အထိ မှီဝဲတဲ့ အမျိုးသမီးတွေအနေနဲ့ အမြင်အာရုံဆုံးရှုံးနိုင်တဲ့ မျက်စိပြဿနာဖြစ်နိုင်ခြေ နှစ်ဆခန့် မြင့်မားတယ် လို့ လေ့လာမှုအရ တွေ့ရှိထားပါတယ်။ သန္ဓေတားဆေးမှီဝဲတဲ့ အမျိုးသမီးတွေအနေနဲ့ မျက်စိရေတိမ်ရောဂါ ဖြစ်နိုင်ခြေပိုများတယ်လို့ သုတေသသီတွေက တွေ့ရှိခဲ့ပါတယ်။

ရေတိမ်ရောဂါဟာ မျက်စိအတွင်း ရေဆင်းတဲ့ပိုက် ပိတ်ဆို့မှုဖြစ်ခဲ့ရင် ရေစီးဆင်းမှု မရှိတော့တဲ့အတွက် မျက်လုံးအတွင်း ဖိအားများလာကာ မြင်လွှာမှ အာရုံကြောနဲ့ မျက်စိအာရုံကြော ပျက်စီးတာကြောင့် ဖြစ်တာပါ။

ဒီလေ့လာမှုအသစ်ဟာ ပါးစပ်မှမှီဝဲရတဲ့ သန္ဓေတားဆေးကို အသုံးပြုတဲ့ အမျိုးသမီးတွေအနေနဲ့ ရေတိမ်ရောဂါဖြစ်နိုင်ခြေ များတာကို ပထမဆုံး တွေ့ရှိတာဖြစ်ပါတယ်။

ပါးစပ်မှ မှီဝဲရတဲ့ သန္ဓေတားဆေးဟာ ရေတိမ်ရောဂါဖြစ်ဖို့ တိုက်ရိုက်ဆက်သွယ်မှုမရှိပေမယ့် ဒီသန္ဓေတားဆေးကို ရေရှည်အသုံးပြုပါက ရေတိမ်ရောဂါ ဖြစ်နိုင်ခြေကို မြင့်မားတာကို ညွှန်ပြနေတယ်လို့ သိရပါတယ်။ ရေတိမ်ရောဂါကို မျက်စဉ်းဆေးခတ်တာ၊ လေဆာကုထုံးအသုံးပြုတာ ဒါမှမဟုတ် ခွဲစိတ်နည်းလမ်း အသုံးပြုနိုင်ပါတယ်။ 

ရောဂါရှိမှန်း စောစောစီးစီးသိဖို့ အရေးကြီးပါတယ်။ မျက်လုံးတွင်း ပျက်စီးမှု ဖြစ်လာရင် ပြန်လည်ပြုပြင်လို့ မရနိုင်တာကြောင့်ပါ။ ရေတိမ်ရောဂါကို မကုသဘဲ ထားခဲ့ရင် အမြင်အာရုံဆုံးရှုံးနိုင်ပါတယ်။

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : Arogyam magazine

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

သွားပိုးစားတာနဲ့သွားဖုံးရောဂါတွေမဖြစ်စေဖို့

သွားနှင့် ခံတွင်းကို ကာကွယ်ဖို့ဆိုရာမှာ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အစားအစာကို စားရမယ်။ နွားနို့၊ ကြက်ဥ ၊ ငါးသေးသေးလေးတွေနဲ့ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေကို စားပေးလို့ရတယ်။ အစာကိုလည်း ကြေညက်အောင် စားပေးရမယ်။ နောက်ပြီး သွားကို ပုံမှန်သန့်ရှင်းနေအောင် ထားရမယ်။ သွားတိုက်ပေးမယ့် စနစ် မမှန်တဲ့ သွားတိုက်နည်းနဲ့ဆိုရင်လည်း သွားသန့်ရှင်းမှာ မဟုတ်ဘူး။

ဒီတော့ စနစ်မှန်ကန်တဲ့ သွားတိုက်နည်းနဲ့ သွားတိုက်ပေးဖို့ လိုတယ် ။ ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးကို သုံးပြီး မနက်တစ်ကြိမ်၊ ညအိပ်ရာ မဝင်ခင် တစ်ကြိမ် သွားတိုက်ပေးရမယ်။ နောက်ပြီး ခံတွင်းဆေးတဲ့အရည်ကို ငုံထွေးတာကလည်း သွားချေးတွေကို ပါးသွားစေတဲ့အတွက် ငုံပေးသင့်တယ်။ ဖြစ်နိုင်ရင်တော့ သွားကြားပွတ်ကြိုးကိုလည်း သုံးပေးရင် ပိုကောင်းပါတယ်။

မှန်ကန်တဲ့ သွားတိုက်နည်းလို့ ဆိုရာမှာ သွားပွတ်တံကို သွားနေရာကို တစ်ချက်ချင်း တိုက်ပေးရမယ်။ အပေါ်အောက် သွားတွေနှံ့အောင် တိုက်ပေးရမယ်။ ဒါဆိုရင်တော့ သွားနဲ့သွားဖုံးရောဂါတွေကို ကာကွယ်ရာ ရောက်ပါတယ်။

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : သဲသဲဦး
Page. 54. No 258, Arogyam

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

Sunday, 9 October 2016

အိန္ဒိယနိုင်ငံမှ အသည်းနဲ့ ကျောက်ကပ် အထူးကုဆရာဝန်ကြီးတွေ မြန်မာနိုင်ငံ လာမယ်

အိန္ဒိယနိုင်ငံမှ အသည်းနဲ့ ကျောက်ကပ် အထူးကုဆရာဝန်ကြီးတွေ မြန်မာနိုင်ငံ လာမယ်

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၊ အပိုလိုဆေးရုံက အသည်းနဲ့ကျာက်ကပ် အထူးကုဆရာဝန်ကြီးတွေ စက်တင်ဘာလ ဒုတိယအပါတ်မှာ မြန်မာနိုင်ငံကို လာရောက်ပြီး အခမဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဆောင်ပေးသွားမယ်လို့ သိရပါတယ်။

တွေ့ဆုံ ဆွေးနွေးမယ့် ဆရာဝန်တွေကတော့ အသည်းခွဲစိတ်ဆရာဝန်ကြီး Dr. Shishir Pareek နဲ့ ကျောက်ကပ်ခွဲစိတ် အထူးကု ဆရာဝန်ကြီး Dr (Prof). Sandeep Guleria တို့ပဲ ဖြစ်ပါတယ်။ မန္တလေးမြို့မှာ စက်တင်ဘာလ ၁၀ ရက်နေ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ပြီး ရန်ကုန်မှာ စက်တင်ဘာလ ၁၁ ရက်နေ့ တွေ့ဆုံ ဆွေးနွေးသွားမှာ ဖြစ်တာကြောင့် အသည်း၊ကျောက်ကပ် လူနာဟောင်း၊ လူနာသစ်တွေနဲ့ စိတ်ပါဝင်စားသူ ဘယ်သူမဆို တွေ့ဆုံပွဲကို အခမဲ့ လာရောက် ဆွေးနွေးနိုင်မှာပါ။

ဒါကြောင့် အသည်းနဲ့ ကျောက်ကပ်ရောဂါတွေနဲ့ ပတ်သတ်ပြီး တွေ့ဆုံမေးမြန်းလိုသူတွေအနေနဲ့ WeCare Health Care Services Co.,Ltd. အမှတ် ၇၃၊ အုန်းပင်လမ်း၊ ကြည့်မြင်တိုင်၊ ရန်ကုန်မြို့၊ ဖုန်းနံပါတ် 09 730 43351, 09 537 3256, 09 970 716 074 နဲ့  ဒေါက်တာအောင်ကျော်ဝင်း အမှတ် (၂၅) ၊ ၈၂လမ်း၊ ဘုရားကြီးတောင်ဘက်၊ ရေစင်ကွေ့ အနီး၊ မန္တလေးမြို့၊ ဖုန်းနံပါတ် 09 5120118 , 09 977339477 တို့ကို ဆက်သွယ် မေးမြန်း စာရင်းပေးသွင်းနိုင်ပြီ ဖြစ်ပါတယ်။

ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

အမြင်အာရုံ ဆုံးရှုံးမှု မဖြစ်အောင် ကူညီပေးမယ့် ကန်စွန်းဥ

ကန်စွန်းဥဟာ ဟင်းပွဲနဲ့ အချိုပွဲတချို့မှာ တွေ့နေကျ ပါဝင်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ သဘာဝအလျောက် ချိုတဲ့အရသာရှိပြီး သကြားဓာတ်များစွာ ပါဝင်ပါတယ်။ ကန်စွန်းဥက ကျန်းမာရေးနဲ့ ညီညွတ်တယ်၊ အကုန်အကျသက်သာပြီး အမြင်အာရုံဝေဝါးမှုကို ကာကွယ် တားဆီးပေးနိုင်ပါတယ်။

ဗီတာမင် A ကင်းမဲ့မှုက အမြင်အာရုံခြင်းရဲ့ အဓိကအကြောင်းအရင်း ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ရဲ့ အဆိုအရ ဗီတာမင် A ချို့တဲ့ခြင်းက ကူးစက်ရောဂါအမျိုးမျိုးကနေ သေဆုံးမှုအန္တရာယ် မြင့်တက်စေနိုင်ပြီး ကမ္ဘာတစ်ဝှမ်း ကလေးသူငယ် ၂၅၀ မီလျှံခန့် ဗီတာမင် A ချို့တဲ့မှု ရင်ဆိုင်နေကြတယ်လို့ သိရပါတယ်။

ကန်စွန်းဥမှာ ခန္ဓာကိုယ်အတွင်းရောက်သွားရင် ဗီတာမင် A အဖြစ်သို့ ပြောင်းလဲတဲ့ beta-carotene ပမာဏမြောက်များစွာ ပါရှိပါတယ်။ ကန်စွန်းဥက အမျှင်ဓာတ် အရင်းအမြစ်ကောင်းတစ်ခုလည်း ဖြစ်ပါတယ်။ ပုံမှန်အရွယ်အစားရှိတဲ့ ကန်စွန်းဥ တစ်လုံးစားခြင်းက အမျှင်ဓာတ် ၄ ဂရမ် ရရှိစေပါတယ်။ အမြင်အာရုံဆုံးရှုံးမှု ကာကွယ်ပေးတဲ့အပြင် ဗီတာမင် A က ကိုယ်ခံအားစနစ် တိုးမြင့်စေနိုင်ပြီး မျက်စိနဲ့ အရိုးတွေ ပိုမိုကျန်းမာစေနိုင်ပါတယ်။

Ref: FLA