အတုမရှိဗုဒ္ဓမြတ်စွာဘုရား

အတုမရှိဗုဒ္ဓမြတ်စွာဘုရား

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Monday, 6 June 2016

ရာသီသွေးနှင့်တိုင်းရင်းဆေး



ရာသီနဲ့ပတ်သက်ပြီး ကွန်မန့်မှာ မေးထားတာလေး တစ်ခုတွေ့လို့  လတ်တလော အဖြစ်အပျက်တခုကို အခြေခံပြီး စာတပုဒ်ရေးလိုက်ပါတယ်။ အမျိုးသမီးမေးခွန်းတွေထဲမှာ ရာသီသွေးများတာထက် ရာသီထိန်တာ ပိုမေးကြပါတယ်။ ရာသီထိန်စေတဲ့ အကြောင်းရင်းများစွာ ရှိတယ်။ ဒီနေရာမှာ ရောဂါအကြောင်းဖော်ပြမှာ မဟုတ်ပဲ မှားတတ်တဲ့ ဝမ်းနည်းစရာ အဖြစ်ပျက်တခုကို ဖော်ပြမှာ ဖြစ်ပါတယ်။ 

မျိုးပွားနိုင်တဲ့အရွယ် အမျိုးသမီးတွေမှာ ရာသီထိန်တာနဲ့ ကိုယ်ဝန်ရှိမရှိ အရင်စစ်သင့်တယ်။ ဘာ့ကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ တပတ်လောက်ကပဲ အမျိုးသမီးတဦး သွေးဆင်းများပြီး ဆေးခန်းလာပြတယ်။ မေးကြည့်တော့ ရာသီထိန်လို့ဆိုပြီး တိုင်းရင်းဆေးသွားပြတာ ရာသီပေါ်ဆေးပေးလိုက်သတဲ့။ ရာသီထိန်တဲ့ရက် တွက်ကြည့်တော့ တလခွဲကျော်ပြီ။ လူနာက အတူနေအမျိုးသားရှိတယ်။ သေချာအောင် ဆီးစစ်ကြည့်တော့ ကိုယ်ဝန်ရှိတာ တွေ့တယ်။ 

အမှန်တော့ တိုင်းရင်းဆေးဆရာက ကိုယ်ဝန်ရှိတာ အရင်မစစ်ပဲ ဆေးပေးလိုက်လို့ ကိုယ်ဝန်ပျက်ပြီး သွေးတွေ တအားဆင်းတာ။ လူနာကလည်း ဆေးခန်းရောက်မှ ကိုယ်ဝန်ပျက်တာ သိသွားတယ်။ ဒါ့ကြောင့် အမျိုးသမီးတွေ အနေနဲ့ ရာသီထိန်တာနဲ့ အကြောင်းရင်းကိုရှာ ကိုယ်ဝန်ရှိ မရှိ အရင်စစ်ပြီး သေချာမှ ရာသီပေါ်အောင် လုပ်သင့်ပါတယ်။ 

ကံကောင်းတာက အဲဒီလူနာက အချိန်မှိရောက်ပြီး ကုသနိုင်လို့ သက်သာသွားပေမယ့် ကိုယ်ဝန်ရှိမှန်းမသိဘဲ ရာသီပေါ်အောင်လုပ် ကိုယ်ဝန်ပျက်ပြီး သေဆုံးတဲ့ကလေးတွေ၊ သွေးထွက်လွန်ပြီး သေဆုံးခဲ့တဲ့ လူနာတွေ ဘယ်လောက်များပြီလဲ မခန့်မှန်းနိုင်သေးဘူး။ ဒါ့ကြောင့် ရာသီထိန်တဲ့ အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန်ရှိ မရှိ အရင်စစ်ကြည့်ဖို့ တိုက်တွန်းပါတယ်။ ဒါ့ကြောင့် အရွယ်တော် အမျိုးသမီးတဦး ရာသီထိန်ရင် နံပါတ်တစ် ကိုယ်ဝန်၊ နံပါတ်နှစ် ကိုယ်ဝန်၊ နံပါတ်သုံးလည်း ကိုယ်ဝန်ကို စဉ်းစားပြီးမှ ကုသသင့်ကြောင်းပါ။

Credit : ဒေါက်တာ အေးမင်းထူး



အောင်မြင့်မြတ်(Myanmar Youths)

ကိုယ်ဝန်ဖျက်ခြင်းသည်းခံပါ



တခါက အွန်လိုင်းအကူအညီတောင်းခံသူတွေ အမေးများတဲ့ဆေးဝါးတွေကို လေ့လာဖူးတယ်။ အမေးအများဆုံးဆေးဝါးတွေကို စာရင်းချကြည့်တဲ့အခါ-
၁။ အဆီကျဆေး၊ ပိန်ဆေး၊
၂။ အသားလှဆေး၊
၃။ တားဆေး၊
၎။ ကိုယ်ဝန်ဖျက်ဆေး၊
၅။ အမျိုးသား အားဆေး ဆိုပြီး တွေ့ရတယ်။ ရှေ့ဆုံးသုံးခုက အမျိုးသမီးတွေ အမေးများဆုံး မေးခွန်းတွေ ဖြစ်ပါတယ်။ နောက်ဆုံးနှစ်ခုက ယောကျာ်းလေးတွေ အမေးများတဲ့ မေးခွန်းတွေ ဖြစ်တယ်။

လက်ရှိချိန်ထိ မြန်မာနိုင်ငံမှာ မလိုအပ်ဘဲ ကိုယ်ဝန်ဖျက်ချပေးဖို့ ဥပဒေပြဌာန်းထားတာ မရှိသေးဘူး။ ဒါပေမယ့် ကိုယ်ဝန်ဖျက်သူဦးရေဟာ လျှော့ပါးမသွားပဲ ပိုများလာတယ်။ ကြားထဲမှာ အလုပ်ဖြစ်သူတွေက အရပ်လက်သည်တွေ၊ ရမ်းကုတွေ ဖြစ်ကြတယ်။ လူနာတွေလည်း နေ့စဉ်ပေါများလျက်ပဲ။ အလုပ်ရှုပ်သူတွေက ဆေးရုံ ၊ဆေးခန်းတွေက ဆရာဝန်တွေ ဖြစ်ပါတယ်။ ဖြစ်သလို ဖျက်ချပြီး မရှူနိုင်၊ မကယ်နိုင်ဖြစ်လာတဲ့အခါ ဆေးရုံရောက်လာတယ်။ ဆရာဝန်လည်း လူမို့စိတ်တိုတတ်လာတယ်။ 

အစတည်းက မယူနိုင်ရင် အတူမနေနဲ့ဆိုတဲ့ခံယူချက်မျိုး ဆရာဝန်အများစုမှာရှိတယ်။ ပြဿနာက လူတွေရဲ့ ခံယူချက်နဲ့ အသိအမြင်နည်းပါးမှုပါ။ တချို့ကလည်း အရေးပေါ်တားဆေး အားကိုးနဲ့ မိုက်ရဲတယ်။ ဖြစ်လာရင် ရှင်းလင်းရဲသူတွေလည်း ဖြစ်ကြတယ်။ ကိုယ်မကြိုက်လို့ ကိုယ်ဖျက်တာ ဘာဖြစ်သလဲ၊ ဒီမိုကရေစီခေတ် ရောက်နေပြီ ဆိုသူတွေလည်း ရှိပါတယ်။ မှန်တာ၊ မှားတာတွေက အဓိကမကျပါ။ အမြင်နှစ်ဖက်ရဲ့မတူညီတဲ့ လားရာတွေကို ထောက်ပြဝေဖန်တာဖြစ်ပါတယ်။ 

ကိုယ်ဝန်ဖျက်တဲ့ ပြဿနာကနက်နဲလွန်းတယ်။ ကိုင်တွယ်ရခက်တယ်။ ဘယ်ရှုထောင့်က ကြည့်သလဲပေါ် မူတည်တယ်။ ဆေးပညာရှုထောင့်က ကြည့်မှာလား၊ ဘာသာရေး ရှုထောင့်ကလား၊ လူမှုရေး ရှုထောင့်ကလား၊ ဒီကြားထဲမှာ စီးပွားရေးအခြေအနေ ဆိုတာလည်း ပါသေးတယ်။ ရှုထောင့်အမျိုးမျိုးက ကြည့်တာဖြစ်လို့ အယူအဆတွေ ကွဲပြားသွားတယ်။ နောက်ဆုံးတော့ လက်ရှိပြဌာန်းထားတဲ့ ဥပဒေအတိုင်းပဲ လုပ်ဆောင်ရတယ်။ 

ဆရာဝန်တွေမှာ ethic ခေါ်တဲ့ ကျင့်ဝတ်ကို လိုက်နာရတဲ့အပိုင်းတွေ ရှိတယ်။ မလိုအပ်ဘဲ ကိုယ်ဝန်မဖျက်ရဘူး။ ဘာသာရေးရှုထောင့်ကကြည့်ရင်လည်း အလားတူပဲ။ အသက်တချောင်းဖြစ်လို့ ပါဏာတိပါတာကံ ကျူးလွန်ရာရောက်တယ်။ တရုတ်နိုင်ငံကတော့ လူမှုရေးနဲ့စီးပွားရေး ရှုထောင့်ကကြည့်ပြီး ကလေး တယောက်ထက် ပိုမယူရဆိုတဲ့စည်းကမ်း သတ်မှတ်လိုက်တယ်။ 

ကိုယ်ဝန်ဖျက်ခိုင်းတာ မဟုတ်ပေမယ့် သွယ်ဝိုက်တဲ့နည်းနဲ့တော့ ဟုတ်တယ်။ သူ့တို့လူမျိုးမှာ ယောကျာင်္းလေးရဲ့ မျိုးရိုးက အရေးကြီးတယ်။ ယောကျာင်္းဖြစ်သူရဲ့ မျိုးရိုးစဉ်လာ ဆက်ခံရတာကြောင့် တစ်အိမ်ထောင် တယောက် စည်းကမ်းအရ ကိုယ်ဝန်ဖျက်ချသူဦးရေ အပေါ်များဆုံးနိုင်ငံ ဖြစ်လာတယ်။ မြန်မာနိုင်ငံက အခုမှ မျိုးစောင့်ဥပဒေပြဌာန်းဖို့ ကြိုးစားနေရုံသာ ရှိသေးတယ်။ တရုတ်နိုင်ငံမှာ မျိုးစောင့်သီအိုရီကို ကျင့်သုံးလာတာ နှစ်ပေါင်းများစွာကြာခဲ့ပြီ။ 

ကလေးပေါင်း မရေမတွက်နိုင်အောင် ဆုံးရှူံးခဲ့ရပြီ။ ယောကျာ်းလေး မဟုတ်ရင် ဖျက်ချပစ်တယ်။ တိုင်းပြည် တိုးတက်ဖွံ့ဖြိုးလာတာတော့ ဟုတ်တယ်။ တဖက်မှာတော့ အမျိုးသမီးဦးရေနည်းလာတယ်။ ကမ္ဘာကို အုပ်စိုးနိုင်တဲ့ လက်တွေ ပိုနည်းလာတယ်။ အသက်အရွယ်ကွာခြားချက် ကြီးမားလာပြီး သက်ကြီးရွယ်အိုတွေ ဒုက္ခရောက်ရတယ်။ ဒါ့ကြောင့်လဲ ပေါ်လစီကိုပြန်လည်ပြုပြင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံရောက် တရုတ်လူမျိုးတွေကတော့ အထူးကံကောင်းသူတွေ ဖြစ်ပါတယ်။ အခွင့်ထူးခံ လူတန်းစားတွေလည်း ဖြစ်တယ်။ တခါတရံ အရိပ်ထဲနေရတာတောင် အခက်ချိုးချင်တဲ့ အကျင့်က မပျောက်နိုင်သေးဘူး။ ဇာတိက ပြချင်တယ်။ ထားပါ။ ပြောချင်တာက အမှန်၊ အမှား မဟုတ်ဘူး။ ခံယူချက်နဲ့ လုပ်ဆောင်ချက်ဖြစ်တယ်။ ဗုဒ္ဓဘာသာအရ ကံဆိုတာ အလုပ်တခုရဲ့ အကျိုးဆက်ဖြစ်တယ်။ 

အလုပ်တခုရဲ့အကျိုးဆက်ကတော့ တန်ပြန်လာမှာ ဖြစ်တယ်။ ကလေးမယူချင်သေးဘူး။ ဟုတ်ပြီ၊ရ တယ်။ အဲဒီအတွက် တားဆေး၊ ထိုးဆေး၊ သောက်ဆေး၊ ကပ်ခွာဆေး အမျိုးမျိုး ရိှတယ်။ တခါတရံ မှားယွင်းသလား၊ ရသေးတယ်။ အရေးပေါ်တားဆေးကဒ် အဆင်သင့် ရှိတယ်။ ဘယ်လိုသောက်ရမလဲ။ သူတို့ကို ပိုလို့ကျွမ်းတယ်။ ဆရာဝန်ကို ဆရာပြန်လုပ်နိုင်သူတွေ ဖြစ်ကြတယ်။ 

ဒီလို အဆင့်ဆင့်ရှိနေတာတောင် ဘာကြောင့် ကိုယ်ဝန်ရရပါသလဲ။ လေ့လာကြည့်တဲ့အခါ အခြေခံကျတဲ့ အချက်တွေကို တွေ့ရတယ်။ ကိုယ်ဝန်ဖျက်ချင်သူ အများစုဟာ ဆယ်ကျော်သက် အရွယ်တွေ ဖြစ်ကြတယ်။ ကျန်းမာရေးအသိ၊ တာဝန်ယူစိတ် နည်းကြတယ်။ ကိုယ့်စိတ်ကို မနိုင်နင်းသူတွေလည်း ဖြစ်တယ်။ အချိန်ကို မကြည့်ကြဘူး။ လိုချင်တာကို ရအောင်ယူတယ်။ ကွန်ဒုံးလို အကာအကွယ် မသုံးစွဲချင်ဘူး။ ကမ္ဘာခြားမှာ သေမလောက် ကြောက်ကြသူတွေ ဖြစ်တယ်။ တခါတရံအတွက် ထုတ်လုပ်ထားတဲ့ အရေးပေါ်တားဆေး (emergency contraceptive)ကို ပဲကြီးလှော်လို ဝါးတယ်။ စားတယ်။

တချို့များ တားဆေးကဒ်ကို ဖာလိုက်ဝယ်ထားတာထိ ရှိတယ်။ တားဆေးအားကိုးနဲ့ တခါတရံပေါင်း မရေမတွက်နိုင်အောင် မှားယွင်းကြတယ်။ ဒီအချက်က ပညာတတ်ဖြစ်တာနဲ့လည်း မဆိုင်ဘူး။ တချို့လူတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ ပညာထူးချွန်တယ်။ အားနည်းချက်တခုက နားမလည်တာထက် နားလည်အောင် မကြိုးစားချင်တာဖြစ်တယ်။ ကြားရက်တွေ နားမလည်ဘူး။ ရှောင်ရက်တွေ မသိဘူး။ ကလေးဆို မကြားချင်ဘူး။ အကြောင်းပြချက်က စီးပွားရေးအခြေအနေကြောင့်၊ မမွေးချင်တာက ဂုဏ်သိက္ခာကြောင့်၊ အဆင်မပြေတာ တခုက ငယ်နေသေးလို့တဲ့ ၊နောက်လက်ညိုးထပ်ထိုးတာက အတူနေသူကိုပါ၊ သူ့ကြောင့် ဒီလိုဖြစ်ရတယ်ပေါ့။ 

ပြဿနာကိုတွေ့ရင် အဖြေရှာနိုင်တယ်လို့ လူအများစုက ပြောကြတယ်။ အခြေအနေက ဒီလောက်ထိ မလွယ်ကူပါဘူး။ အနောက်နိုင်ငံတွေလို ငယ်စဉ်ကတည်းက လိင်ပညာပေးသင်ခန်းစာ ထည့်မှာလား။ ကိုယ်ပိုင်အမြင်အရပြောရရင် အဆင်မပြေနိုင်ဘူး။ လမ်းကြောင်းပေးသလို ဖြစ်နိုင်တယ်။ လက်တည့် စမ်းတာမျိုး ဖြစ်လာနိုင်တယ်။ ဆရာ့ထက် လက်စောင်းထက်သူ ပေါ်ထွက်လာနိုင်တယ်။

စတုတ္ထမဏ္ဍိုင်နာမည်ခံ မီဒီယာတွေမှာ ကြေငြာတွေ၊ ရုပ်ပုံတွေကြောင့် ကလေးတွေရဲ့ အမြင်ကို ပြောင်းလဲသွားနိုင်တယ်။ ဆေးလိပ်ဗူးကြေငြာတွေမှာ ကပ်ထားသလို "ဆေးလိပ်သည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်သည်"ဆိုတာမျိုးက အသုံးမဝင်လှပါ။ လူတိုင်းသိတဲ့ အချက်တွေ ဖြစ်ပါတယ်။ ဆေးလိပ်ကြိုက်လို့ သောက်တာဖြစ်လို့ နောင်ခါလာနောင်ဈေး သဘောပဲ ခံယူကြတယ်။

ပြဿနာနောက်တခုက ပွင့်လင်းမြင်သာတဲ့ခေတ်ဖြစ်လို့ အင်တာနက်၊ အွန်လိုင်းတွေ ခေတ်စားနေတယ်။ လက်ရှိချိန်မှာ လူရွယ်၊ လူမမယ်၊ ကလေးသူငယ် အရွယ်တွေထိ ဖုန်း၊ ကွန်ပျူတာ ကလိနေကြပြီ။ အင်တာနက် သုံးနေကြပြီ။ ဒီမိုကရေစီ နာမည်ခံထားတာဖြစ်လို့ ပိတ်ပင်ဖို့လည်း ခက်ခဲတယ်။ ပိတ်မယ် ဆိုရင်လည်း ကျော်မယ့် ၊ခွမယ့် ပညာရှင်တွေ ပေါ်ပေါက်လာအောင် ပျိုးထောင်ပေးရာရောက်မယ်။ အဆင်မပြေနိုင်ပါ။ 

ကံကောင်းတာတခုက MPT(မြန်မာ့ဆက်သွယ်ရေး) ကျေးဇူးကြောင့် အင်တာနက်လိုင်းတွေ သိပ်မကောင်းသေးတာ ဖြစ်တယ်။ လူကြီးတွေသာမက ကလေးတွေပါ ငယ်ငယ်ကတည်းက သည်းခံတတ်တဲ့ အကျင့်ရှိလာတယ်။ 

ခေတ်က တိုးတက်လာတယ် နာမည်ခံထားပေမယ့် ဆုတ်ယုတ်မှုတွေ ဘယ်လောက်များလာမလဲ မချိန်ဆနိုင်သေးဘူး။ ရာစုနှစ်ကြာမှ သမိုင်းက အဆုံးဖြတ်ပေးမှာမို့ပါ။ ၂၀ရာစုမှာ စက်မှုပညာ တိုးတက်လာတယ်လို့ အများစုက သတ်မှတ်ကြတယ်။ လက်တွေ့မှာ ဆိုးမွေကို ဆက်ဆံရသူတွေက ၂၁ရာစုက လူတွေဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲမှုကို ရာစုနှစ်အစမှာပဲ အလူးအလိမ့် ခံစားနေကြရပြီ။ တိုင်းပြည် အနာဂတ်က လူငယ်တွေရဲ့ လက်ထဲမှာ ရှိနေတယ်။ အင်တာနက်က အကျင့်စာရိတ္တ၊ ကိုယ်ကျင့်တရား ကောင်းမွန်အောင် မပြုပြင်နိုင်သေးတာ သေချာပါတယ်။ 

တိုင်းပြည်အနာဂတ် တိုးတက်ဖို့ စက်ပစ္စည်းတွေအပေါ်မှာ အခြေခံရင် အမှားကြီးမှားလိမ့်မယ်။ အရေးကြီးတာ စိတ်ဓာတ်နဲ့ ခံယူချက်ဖြစ်တယ်။ ငယ်စဉ်ကတည်းက သင်ကြားပေးရမှာ လိင်ပညာပေးမဟုတ်၊ တာဝန်ယူစိတ်နဲ့ ကျန်းမာရေး၊ အသိပညာဖြစ်ပါတယ်။ အဆိုးအကောင်း၊ အမှားအမှန်ဝေဖန်နိုင်ဖို့ ဘယ်လိုပြုပြင်မလဲ။ စိတ်ကို ဘယ်လိုထိန်းချုပ်မလဲ။ ပညာပေးကဏ္ဍက ပိုလို့အရေးကြီးလာတယ်။ 

ဖြစ်သင့်တာက ထိထိရောက်ရောက် ဘယ်လိုပညာပေးမလဲ။ သတိပေးမလဲ။ လူငယ်ပညာရေး အရေးကြီးသလို ကျန်းမာရေးအသိ၊ သတိ ရှိအောင် ဘယ်လိုလုပ်ဆောင်ကြမလဲ အရေးကြီးနေပြီ ဖြစ်ပါတယ်။

Credit : ဒေါက်တာ အေးမင်းထူး



အောင်မြင့်မြတ်(Myanmar Youths)

ဆိုရှယ်မီဒီယာနှင့်စိတ်ကျရောဂါ

၂၀၃၀ အရောက်မှာ စိတ်ကျရောဂါဖြစ်ပွားမှုရဲ့ အဓိကတရားခံဟာ ဆိုရှယ်မီဒီယာတွေ သုံးစွဲခြင်းကြောင့် အဓိက ဖြစ်လာလိမ့်မယ်လို့ University of Pittsburgh School of Medicine က လေ့လာမှုတစ်ရပ်က အခိုင်အမာ ဆိုလိုက်ပါပြီ။ အရင်ကလည်း လေ့လာမှုတွေ လုပ်ခဲ့ပေမယ့် ရလာဒ်အမျိုးမျိုး ထွက်ပေါ်ခဲ့ပါတယ်။ အခု လေ့လာမှုဟာ အသက် ၁၈-၃၂ နှစ်ကြား လူငယ်တွေကို စာရင်းကောက်ပြီး ပြုလုပ်ခဲ့တာဖြစ်ပြီး စိတ်ကျရောဂါဖြစ်ပွားမှုနဲ့ ဆက်စပ်တာကို ဖော်ပြထားပါတယ်။

"တချို့လူတွေဟာ စိတ်ဖိစီးမှုတွေ၊ ဝမ်းနည်းမှုတွေကို ဖြေဖျောက်ဖို့ ဆိုရှယ်မီဒီယာပေါ် တက်လာကြပါတယ်။ အဲဒီကနေပဲ ပိုအထီးကျန်ပြီး ပိုသိမ်ငယ်တဲ့စိတ်တွေ ဝင်ရောက်လာပါတယ်။ ဝမ်းနည်းမှုကြောင့် ဆိုရှယ်မီဒီယာတွေကို သုံးစွဲကြပြီး ဆိုရှယ်မီဒီယာတွေကြောင့်ပဲ လမ်းလွဲတာ၊ စိတ်အားငယ်တာ၊ စိတ်ဓာတ်ကျတာ ပိုဖြစ်နိုင်တယ်" လို့ Lui yi Lin ကဆိုပါတယ်။

လူတွေဟာ ဆိုရှယ်မီဒီယာကို နေ့စဉ် တစ်နာရီကျော်လောက် သုံးစွဲနေကြပါတယ်။ ဒီထဲက တဝက်ခန့်ဟာ ဆိုရှယ်မီဒီယာ ၂နာရီအထက် သုံးစွဲသူတွေဖြစ်ကြပြီး စိတ်ကျရောဂါဖြစ်ပွားမှု့ ၂.၇ ဆ ပိုများလာတယ်။ ဒီထဲမှာမှ လေးပုံတပုံလောက်ဟာ ၃ နာရီအထက် သုံးစွဲသူတွေဖြစ်ကြတယ်။ 

ဘယ်လိုပဲဖြစ်ဖြစ်  ကျောင်းသားလူငယ်တွေကို အဓိကပြဿနာပေးမှာ အဆိုပါ ဆိုရှယ်မီဒီယာတွေဖြစ်ပြီး  ဆိုရှယ်မီဒီယာသုံးစွဲမှုနဲ့ပက်သတ်ပြီး တခုခုလုပ်ဖို့လိုနေပြီလို့ ဒေါက်တာ ပရီးမက်ခ်က ဆိုပါတယ်။

Credit : ဒေါက်တာ အေးမင်းထူး



အောင်မြင့်မြတ်(Myanmar Youths)

ဗိုက်ကယ်၊ဗိုက်ပူစေတဲ့အကြောင်းများ


၁။ အစားစားတာ အရမ်းမြန်လွန်းခြင်း

အစာစားမြန်လွန်းခြင်းကြောင့် အစာရေမြိုပြွန်က ဆန်တက်လာတဲ့ လေတွေကို မြိုချလိုက်သလိုဖြစ်စေပြီး ၎င်းလေတွေက ၀မ်းဗိုက်အတွင်း ဖောင်းပွမှုကိုဖြစ်စေကာ အစာခြေဖျက်နှုန်း နှေးစေပါတယ်။ နယူယောက်မြို့ရှိ အာဟာရဗေဒပညာရှင်ရဲ့အဆိုအရ အစာကိုကြေညက်အောင် ၀ါးခြင်းမပြုဘဲ မြိုချလိုက်ခြင်းကြောင့် အစာခဲတွေဟာ အူထဲမှာတည်ရှိနေပြီး အစာတွေကြေစေဖို့ စောင့်ဆိုင်းနေရတယ်လို့ သိရှိရပါတယ်။ ယင်းသို့ဖြစ်ခြင်းဟာ အစာခြေဖျက်မှုလုပ်ငန်းစဉ်ကို ကျဆင်းစေပြီး နောက်ပိုင်းမှာ စားလိုက်တဲ့ အစာပမာဏထက် ပိုပြီး အစာချေဖျက်ချိန် ကြာမြင့်သွားကာ လေများဖြင့်သာ ပြည့်နှက်လာပြီး ၀မ်းဗိုက်ကို ဖောင်းကားလာစေနိုင် ပါတယ်။ ဒါကြောင့် ထမင်းစားချိန် နာရီဝက်လောက် ပေးသင့်ပါတယ်။

၂။ ဆော်ဒါသောက်လွန်းခြင်း

Diet Soda တွေဟာ Artificial Sweetener များဖြင့် ပြုလုပ်ထားသော အချိုတုဖြစ်ပါတယ်။ ယင်းအချိုတုတွေကို ခန္ဓာကိုယ်က ချေဖျက်ခြင်းမပြုနိုင်ဘဲ ၀မ်းဗိုက်ကို ဖောင်းကားလာစေနိုင်ပါတယ်။ ဒါကြောင့် ဆိုဒါသောက်သုံးမှုကို လျှော့ချပါ။

၃။ ကြာရှည်ခံ အစားအသောက်များကို စွဲလမ်းခြင်း

အသင့်စားသုံးရန် ပြုပြင်ထုတ်ပိုးထားသော အစားအစာတွေမှာ ဆိုဒီယမ်ပါဝင်မှုများပြီး တာရှည်ခံဆေးတွေနဲ့ ပြင်ဆင်ထားခြင်း ဖြစ်ပါတယ်။ ဆိုဒီယမ်စားသုံးမှု လွန်ကဲခြင်းဟာ ကျန်းမာရေးကို များစွာ ထိခိုက်စေနိုင်ပြီး ဗိုက်ပူလာစေနိုင်ပါတယ်။ ဒါကြောင့် အသင့်စား အစားအစာတွေအစား အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ သစ်သီးဝလံများ၊ အစေ့အဆန်များနဲ့ ဟင်းသီးဟင်းရွက်များကိုသာ ရွေးချယ်စားသုံးပေးသင့် ပါတယ်။

၎။ အိပ်ချိန်နှင့် နီးကပ်စွာ အစာစားခြင်း

အိပ်စက်ချိန်မှာ ခန္ဓာကိုယ်ရဲ့ စွမ်းအင်ထုတ်လုပ်အသုံးချမှုဟာ နိုးထနေချိန်ထက် လျော့ပါတယ်။ ဒါကြောင့် အိပ်ခါနီး 2-3 နာရီအတွင်း အစာစားပါက အစာခြေဖျက်နိုင်စွမ်းကို အတားအဆီးဖြစ်စေနိုင်ကာ ၀မ်းဗိုက်အရွယ်အစားကို တဖြည်းဖြည်းနဲ့ သိသိသာသာ ကြီးလာစေနိုင်ပါတယ်။

၅။ အစားအစာ ဓာတ်မတည့်ခြင်း

အစာတစ်မျိုးမျိုးနဲ့ ဓာတ်မတဲ့ပါက အဆိုပါအစာကိုစားသုံးခြင်းဟာ ၀မ်းဗိုက်ကို ဖောင်းကားစေနိုင်ပါတယ်။ ဥပမာ- ဂျုံနှင့် ဓာတ်မတည့်သူများအနေနဲ့ ဂျုံနဲ့လုပ်ထားတဲ့ အစားအသောက်တစ်မျိုးမျိုးကို စားလိုက်ပါက အစာခြေဖျက်နိုင်စွမ်း လျော့ကျသွားပြီး အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေနဲ့ ကြုံတွေ့ရစေနိုင်ပါတယ်။ ဒါကြောင့် မိမိနှင့် ဓာတ်မတည့်သောအစာကို မှတ်သားပြီး ရှောင်ကျဉ်စားသောက်ခြင်း၊ ဆရာဝန်နဲ့ပြသခြင်းတို့ကို လုပ်ဆောင်ပေးသင့်ပါတယ်။

သောကျယ် - ဆောင်ရန် ရှောင်ရန်
Credit - Cho Thet



အောင်မြင့်မြတ်(Myanmar Youths)

Thursday, 2 June 2016

အစိုးရိမ်လွန်၍မကောင်းမြင်တတ်သောရောဂါ



လူတစ်ယောက်၏ စိတ်ထဲတွင် မနှစ်မြို့ စရာ မသာယာသော အတွေးများ၊ မသာယာသော အတွေးများ၊ တစ်စုံတစ်ရာကို ထပ်ခါတလဲလဲ ပြုလုပ်ချင်နေသော အတွေးများသည် မတွေးချင်ပါလျက်နှင့် ခေါင်းထဲတွင် အပြန်ပြန် အလှန်လှန် ပေါ်လာနေခြင်းဖြစ်သည်။

ရောဂါ ဆိုးရွားပုံကို မူတည်၍ ရောဂါ အဆင့် (၃) မျိုးမှာ

- လုပ်ငန်းဆောင်တာ အနည်းငယ် ထိခိုက်ခြင်း - တစ်နေ့ လျှင် တစ်နာရီအောက် ရောဂါ ခံစားနေရခြင်း
- အသင့်အတင့် ထိခိုက်ခြင်း - ၁ နာရီမှ ၃ နာရီ အထိ အတွေးများ ပေါ်နေခြင်း
- ဆိုးရွားစွာ ထိခိုက်ခြင်း - ၃ နာရီ ထက်ပို၍ ခံစားနေရခြင်း တို့ ဖြစ်သည်။

လက္ခဏာများ

၁။ စိတ်စွဲခြင်း - မနှစ်မြို့ စရာ အတွေးများ ထပ်ခါတလဲလဲ ဝင်လာခြင်း
၂။ စိုးရိမ်မှုများခြင်း
၃။ အပြုအမူတစ်ခုကို ထပ်ခါ ထပ်ခါ ပြုလုပ်နေခြင်း
၎။ စိတ်ထဲတွင် ပေါ်လာသော အတွေးကို ပြုလုပ်လိုက်၍ စိတ်သက်သာသွားသော်လည်း မကြာခင် ထိုအတွေး ပြန်ပေါ်လာခြင်း တို့ ဖြစ်သည်။

ဖြစ်ပွားရသော အကြောင်းရင်းများ

- မျိုးရိုးဗီဇ
- ဦးနှောက်၏ သွေးစီးဆင်းမှု၊ အလုပ်လုပ်ပုံတို့ သာမန်လူနှင့် ခြားနားခြင်း
- Serotonin
- ဘဝတွင် စိတ်ထိခိုက်စရာ အခြေအနေ တစ်ခုခုနှင့် ကြုံခဲ့ ရခြင်း
- ဖြတ်သန်းခဲ့ရသော ဘဝပုံစံ တို့ ကြောင့်ဖြစ်နိုင်သည်။

နောက်ဆက်တွဲ ပြဿနာများ

- အလုပ်မသွားနိုင်ခြင်း၊ ကျောင်းမတက်နိုင်ခြင်း၊ အိမ်ထောင်ရေး အဆင်မပြေခြင်း၊ စိတ်ပူပန်မှုများလာခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အစားအသောက်ပျက်လာခြင်း၊ သေကြောင်းကြံစည်ခြင်း၊ မကြာခဏ လက်ဆေးခြင်းကြောင့် အရေပြားရောင်ရမ်းလာခြင်းတို့ ဖြစ်စေနိုင်သည်။

အစိုးရိမ်လွန်၍ မကောင်းမြင်တတ်သော ရောဂါ ဖြစ်နေလျှင် ရှက်နေစရာမလိုပဲ ဆရာဝန်ထံသို့ သွားရောက်ပြသသင့်သည်။ထိုရောဂါမျိုးသည် သေချာဆေးကုသမှု မခံယူပါက ပိုဆိုးလာနိုင်သည့်အတွက် လိုအပ်သော စစ်ဆေးမှုများ ပြုလုပ်၍ ဆေးကုသမှုခံယူသင့်သည်။

ဆရာဝန်က သင်၏ ရောဂါ လက္ခဏာ မည်မျှဆိုးမဆိုးကို ကျန်းမာရေး အခြေအနေ၊ နေ့ စဉ်လုပ်ငန်းဆောင်တာများအကြောင်း မေးမြန်းပါလိမ့်မည်။ မေးမြန်းသမျှကို ပွင့်ပွင့်လင်းလင်း ရိုးသားစွာဖြင့် အမှန်ကန်ဆုံး တိကျစွာ ပြန်ဖြေရန်လိုအပ်သည်။

ကုသခြင်း

၁။ Cognitive behavioural therapy (CBT) – Exposure and response prevention (ERP) ကြောက်နေသော အရာများကို လက်တွေ့ ရင်ဆိုင်ရန်နှင့် ထိုအတွေးများသည် တကယ်ဖြစ်နေသည် မဟုတ်ပဲ စိတ်ထဲက ထင်နေသည်သာ ဖြစ်ကြောင်းကိုပြောပြ၍ ဆွေးနွေးခြင်း

၂။ Medication - ဦးနှောက်အတွင်း ဓာတုပစ္စည်းများကို ပြောင်းလဲစေ၍ ရောဂါလက္ခဏာများကို ထိန်းချုပ်ခြင်း
အကယ်၍ နေ့ စဉ်လူနေမှုဘဝတွင် သိသာစွာ ထိခိုက်နေပါက CBT နှင့် ERT အပြင် Selective serotonin reuptake inhibitors (SSRI) ဟုခေါ်သော ဆေးပေးရန် လိုအပ်သည်။ဆိုးရွားစွာ ထိခိုက်နေလျှင်မူ ထိုကုသနည်းများ အပြင်

စိတ်ကျန်းမာရေးဆေးရုံသို့  လွှဲပြောင်းပေးရမည်။

ကလေးများ ထိုရောဂါ ခံစားရပါက ကျွမ်းကျင်မှုရှိသော ဆရာဝန်ထံသို့ လွှဲပြောင်းပေးသင့်သည်။ သိသာမြင်သာသော ထိရောက်မှု ရှိစေရန် လအတော်ကြာ ကုသမှု ခံယူရန် လိုအပ်သည်။

SSRI ၏ ဘေးထွက်ဆိုးကျိုးများ အနေဖြင့် ခေါင်းကိုက်ခြင်း၊ တုန်ယင်ခြင်း နှင့် နေထိုင်မကောင်းဖြစ်ခြင်းတို့  ခံစားရနိုင်သည်။ သို့ သော် ရက်သတ္တပတ် အနည်းငယ် ကြာပါက ပြန်ပျောက်ကင်းနိုင်သည်။ SSRI သည် နှလုံးကိုလည်း ထိခိုက်နိုင်သည့်အတွက်

ECG ရိုက်ကြည့်ရန် လိုအပ်ပါသည်။

အစိုးရိမ်လွန်၍ မကောင်းမြင်တတ်သော ရောဂါကို ကာကွယ်ရန် နည်းလမ်းမရှိသော်လည်း ရောဂါကို စောစောသိ၍ စောစီးစွာ ကုသမှုခံယူပါက ရောဂါ ဆိုးရွားမှုကို လျော့ကျစေနိုင်သည်။



အောင်မြင့်မြတ်(Myanmar Youths)

နှုတ်ခမ်းလွှာလေးရဲဖောက်နေအောင်



မိန်းကလေးတယောက်ရဲ့အလှအပမှာ နှုတ်ခမ်းလွှာလေးတွေက သိပ်အရေးပါတယ်။ နှုတ်ခမ်းလွှာ ရဲဖောက်နေသူ တစ်ယောက်ဟာ သာမန်ထက် ပိုပေါ်လွင်လေ့ရှိတာ သတိပြုမိလိမ့်မယ်။ အခု နှုတ်ခမ်းနီမသုံးပဲ သဘာဝအတိုင်း နှုတ်ခမ်းလေး ရဲလာအောင်လုပ်တဲ့နည်းကို ဖော်ပြပါမယ်။

 နှုတ်ခမ်းရဲဖို့ အရင်ဆုံး အပေါ်ယံ ခပ်မဲမဲဖြစ်နေတဲ့ ဆဲလ်သေတွေကို ခွာပေးဖို့လိုပါတယ်။ ဆဲလ်သေ ဖယ်ရှားဖို့ဆိုရင် scrub တမျိုးမျိုး သုံးရတယ်။ နှုတ်ခမ်းအရေပြားသဘော ပါးတာမို့ သာမန်အပြင်းစား scrub တွေ ထက်စာရင် ခပ်ပျော့ပျော့ဖြစ်တဲ့ sugar scrub လိုမျိုး အသုံးပြုရတယ်။ sugar scrub လုပ်နည်း အရင်က ဖော်ပြဖူးပါတယ်။ လုပ်နည်းက သိပ်မခက်ပါ။

sugar scrub လုပ်ဖို့ သကြားတဇွန်းနဲ့ ပျားရည်တဇွန်း ဆတူရောစပ်ပါ။ အစိုဓာတ်အားဖြည့်ဖို့ သံလွင်ဆီ ခပ်ပါးပါး ထည့်ပေးနိုင်ရင် ပိုကောင်းပါတယ်။ ရလာတဲ့ အရောကို နှုတ်ခမ်းပေါ် စက်ဝိုင်းပုံ လိမ်းပေးပါ။ သုံးမိနစ်ခန့် လိမ်းပြီး ရေဆေးပါ။ ပြီးရင် ပြန်လိမ်းပါ။ အထက်ပါအတိုင်း သုံးကြိမ်ခန့်ပြုလုပ်ပေးပါ။ မကြာခင် အပေါ်မှာရှိနေတဲ့ ဆဲလ်သေတွေ ကွာကျသွားပါလိမ့်မယ်။

အပေါ်ယံဆဲလ်လွှာ ကွာကျသွားပြီးတဲ့ နှုတ်ခမ်းလေး ရဲဖောက်လာအောင် ဆက်လုပ်ရတယ်။ အောက်ပါ နည်းနှစ်မျိုးအနက် တမျိုးမျိုးနဲ့ ပြုလုပ်နိုင်တယ်။

• ပထမနည်းက သစ်ဂျပိုးခေါက်မှုန့် လက်ဖက်ရည်ဇွန်း လေးပုံတပုံခန့်ယူပြီး သံလွင်ဆီ နဲ့ရောပြီး paste ဖြစ်အောင် လုပ်ပါ။ ရလာတဲ့ pasteကို နှုတ်ခမ်းပေါ်လိမ်းပါ။ ငါးမိနစ်ခန့်ထားပြီး ရေနဲ့ဆေးချပါ။

• ဒုတိယနည်းက ပိုလွယ်တယ်။ ဂျင်းကို အပြားလိုက်စိတ်ပြီး နှုတ်ခမ်းလွှာကို ငါးမိနစ်ခန့် အသာပွတ်ပေးပါ။ ပြီးရင် ကြက်သီးနွေးရေနဲ့ ဆေးချပါ။ မိမိနှစ်သက်ရာ နည်းတစ်မျိုးကိုပဲ သုံးပါ။

အားလုံးလုပ်ပြီးတဲ့အခါ နှုတ်ခမ်းလွှာလေးနှစ်ခု စိုရွှန်းလာအောင် ရေဓာတ်အားဖြည့်ဖို့ လိုအပ်ပါတယ် နှုတ်ခမ်းအဆီ တစ်မျိုး လိမ်းပေးရတယ်။ ဒီနေရာမှာ lip balm လေးတွေက သိပ်အသုံးဝင်တယ်။ အိမ်မှာတင် အလွယ်လုပ်လို့ရတဲ့ သဘာဝ lip balm လုပ်နည်းကို ဖော်ပြပါမယ်။ 

အရင်ဆုံး ဖျားဖယောင်း ထမင်းစားဇွန်း(၁)ဇွန်းစာခန့် ယူပြီး အပူပေးပါ။ ပြီးရင် အုန်းဆီ (၃)ဇွန်းနဲ့ ရောစပ်ပါ။ အထဲကို မိမိနှစ်သက်ရာအဆီတမျိုးမျိုး နည်းနည်း ထပ်ထည့်ပါ။ တချို့က ပင်စိမ်းဆီကို ညွှန်းတယ်။ ရလာတဲ့ အရောကို သန့်စင်တဲ့ ပုလင်းတစ်ခုထဲထည့်ပြီး ခဲသွားအောင် ထားပါ။ မကြာခင် lip balm အဆီလေး ရလာပါလိမ့်မယ်။ ရလာတဲ့ အဆီကို မိမိနှုတ်ခမ်းပေါ် ညစဉ်ခပ်ပါးပါး လိမ်းပေးပါ။ တစ်လအတွင်း ရွှန်းလဲ့တောက်ပပြီး ဖူးရွနေတဲ့ နှင်းဆီရောင် နှုတ်ခမ်းလေးတွေ ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။



အောင်မြင့်မြတ်(Myanmar Youths)