အတုမရှိဗုဒ္ဓမြတ်စွာဘုရား

အတုမရှိဗုဒ္ဓမြတ်စွာဘုရား

Sunday 17 September 2017

ငယ်ရွယ်စဉ် အသက်ရှူလမ်းကြောင်းအတွင်း ရောဂါပိုးဝင်ခြင်းကြောင့် အသက်ကြီးလျှင် အဆုတ်မကောင်းဖြစ်နိုင်

ငယ်ရွယ်သော ကလေးများ အသက်ရှူလမ်းကြောင်းသို့ ရောဂါပိုးဝင်ခြင်းကြောင့် ဘဝနှောင်းပိုင်းတွင် ပန်းနာရောဂါနှင့် အဆုတ် လုပ်ဆောင်ချက် မကောင်းဖြစ်နိုင်သည့် အန္တရာယ်မြင့်မားကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြသည်။

ဥရောပကလေးငယ် ၁၅၄,၉၄၂ ဦးကို လေ့လာရာတွင် အသက်ငါးနှစ်အရွယ်၌ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းသို့ ရောဂါဝင်ရောက်သော ကလေးငယ်များသည် ဘဝနှောင်းပိုင်းတွင် ပန်းနာရင်ကျပ်ဖြစ်နိုင်သည့် အန္တရာယ် ၁ ဒသမ ၅ ဆ ပိုမိုမြင့်မား ကြောင်း လေ့လာတွေ့ရှိသည်။


အသက်ရှူလမ်းကြောင်း အောက်ပိုင်းရောဂါ ကူးစက်ဖူးသည့်  ကလေးများသည် ဘဝနှောင်းပိုင်းတွင် ပန်းနာရောဂါဖြစ်နိုင်သည့် အန္တရာယ်နှစ်ဆမှ လေးဆအထိ မြင့်မားပြီး အဆုတ်လုပ်ဆောင်ချက် ဆိုးရွားနိုင်သည့် အန္တရာယ်လည်း ပိုများကြောင်း သုတေသီ များကပြောသည်။

အထူးသဖြင့် အသက်ရှူလမ်းကြောင်းအောက်ပိုင်းသို့ ရောဂါ ပိုးဝင်ခြင်းကြောင့် ဘဝနှောင်းပိုင်းတွင် အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါများ ဖြစ်ပွားနိုင်ခြေ အများဆုံးဖြစ်ကြောင်း သုတေ သီများကပြောသည်။

အဆုတ်လုပ်ဆောင်ချက်နှင့် ပန်းနာရောဂါသည် အသက်ရှူ လမ်းကြောင်းကျန်းမာရေး၏ မတူညီသော ပုံစံနှစ်ခုဖြစ်ပြီး တစ်စိတ် တစ်ပိုင်းသာ ဆက်စပ်မှုရှိသည်။ ပန်းနာရင်ကျပ်ဖြစ်နေကြောင်း စစ် ဆေးတွေ့ရှိထားသော ကလေးတစ်ဦး၏ အဆုတ်လုပ်ဆောင်ချက် သည် ကောင်းသင့်သလောက် ကောင်းနေကြောင်း စစ်ဆေးတွေ့ရှိရသည်။

သို့သော် အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းရောဂါ ဖြစ်ပွားမှုနှင့် အဆုတ်လုပ်ဆောင်ချက် မကောင်းဖြစ်ရသည့် အခြေအနေကြား  ဆက်စပ်မှုမရှိဟု သုတေသီများကပြောသည်။

ငယ်ရွယ်စဉ် အဆုတ်လုပ်ဆောင်ချက် အခြေအနေသည် အ သက်ကြီးလာချိန်၌ အဆုတ်လုပ်ဆောင်ချက် အခြေအနေနှင့် များစွာဆက်စပ်မှုရှိသည်။

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ မဖြစ်ပွားစေရေး ကောင်းစွာစားသောက်ရန်နှင့် လေ့ကျင့်ခန်းပုံမှန်လုပ်ပြီး အနား ယူရန် လိုသည်။

ကျန်းမာရေးနှင့်ဆိုင်သော အစားအစာများစားခြင်း၊ အိပ်ရေး ဝအောင် အိပ်ခြင်း၊ နေ့စဉ်လှုပ်လှုပ်ရှားရှား နေထိုင်ခြင်းဖြင့် ကိုယ်ခံ အားစနစ် အားကောင်းစေနိုင်ပြီး အသက်ရှူလမ်းကြောင်းကို ကာ ကွယ်နိုင်မည်ဖြစ်သည်။

အဆုတ်များ အားကောင်းအောင်နှင့် ခန္ဓာကိုယ်က လိုအပ် သော အောက်ဆီဂျင်ရရှိစေရေး လုံလောက်သော ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ရန်လိုကြောင်း ပညာရှင်များက လမ်းညွှန်ထားသည်။

—Ref: MNT


0 comments:

Post a Comment