အတုမရှိဗုဒ္ဓမြတ်စွာဘုရား

အတုမရှိဗုဒ္ဓမြတ်စွာဘုရား

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Saturday, 18 March 2017

သုတ်ရည်မှထူးဆန်းသည့်အချက်များ

သုတ်ရည်သည် အမျိုးသားလိင်တံဥမှလာပြီး သုတ်ရည်ထုတ်သည့်အခါ သုတ်ရည်ထွက်လာသည်။ဒါအပြင် အမျိုးသမီး ဥများနှင့် ရောစပ်မိသွားသည့်အခါသူမသည် ကိုယ်ဝန်လွယ်ရနိုင်သည်။ ဒါပေမယ့်အခြေခံအားဖြင့် အမျိုးသား သုတ်ရည်ကို ဝေးဝေးသို့ထုတ်လွှတ်ပြီး ကျွန်ုတော်တို့မှ သင်ကိုယ်တိုင် အကျွမ်းတ၀င် ဖြစ်နေသည့် ကိစ္စများမှလွဲပြီး စိတ်ဝင်စားစရာကောင်းသည့်အအချက်များကို စုစည်းတင်ဆက်ထားသည်။ သုတ်ရည်များ ဘယ်လို လျင်လျင်မြန်မြန်သွားလဲဆိုတကအစ သုတ်ရည်နဲ့ သုတ်ပိုး ကွားခြားချက်အဆုံးပါဝင်သည်။  ဒီမှာကတော့ လူတိုင်း နည်းနည်းစိတ်ဝင်စားမည့် အချက်တွေပါဝင်ပြီး အောက်တွင် ရှာကြည့်လိုက်ပါ။

 

၁။ လူတိုင်းက သုတ်ရည်ကို မကိုင်တွယ်နိုင်ဘူး –အမှန်တကယ် လက်တွေအကြောင်းပြချတ်အတွတ်

အမျိုးသားများနှင့် အမျိုးသမီးများသည် အပြင်ပန်းထိတွေ့မိလျှင် သုတ်ရည်များထွက်လာသည်။



 

၂။ သင်စားသောက်သည့်အစားအသောက်မှတစ်ဆင့် သုတ်ရည်ကို အရသာသည် ပိုမိုကောင်းမွန်စေသည်။

အကယ်လို့ သင်က နံနတ်သီးကိုစားသုံးပါက သုတ်ရည်၏ အရသာသည် အကောင်းဆုံးအရသာမျိုးကိုရရှိစေနိုင်သည်။



 

၃။နောက်တစ်ခေါက်၊ အခြားသော အစားအသောက်များက အရသာ သိပ်ပြီး မကောင်းနိုင်ပါ။

ဥပမာအားဖြင့် ကော်ဖီလိုမျိုး၊ အနီရောင်အသားများကို စားသုံးလျှင် အရသာသည် ခါးသည်။ ဒါကြောင့်ထိုကဲ့သို့ အရာများကို အော်ဒါများ မမှာခင် ဂရုစိုက်ပါ။



 

၎။ အမျိုးသားတစ်ဦး သုတ်ရည်ကို တစ်ချိန်လျှင် ဘယ်လောက်ထုတ်နိုင်လဲဆိုတာကို သင်သိပါသလား။

ထွက်လာရင်တော့ မများပါဘူး။ ယေဘုယျဆိုရင်တော့  တစ်ခါလုပ်ရင် လ္ဘက်ရည်ဇွန်းတစ်ဝက် လောက် ဖြစ်နိုင်သည်။



 

၅။ အလွန်ပူပြင်းသည် အပူချိန်သည် သုတ်ရည်ကိုဖျတ်ဆီးနိုင်သည်။

အလွန်အေးခြင်း၊ အလွန်ပူခြင်းသည် သုတ်ရည်ကိုဖျတ်ဆီးနိုင်သည်။ အမျိုးသားများ၏ ဝှေးဥသည် သုတ်ရည်၏အပူချိန်ကို ထိန်းညှိပေးခြင်းဖြစ်သည်။



 

၆။ ဥ တစ်လုံးတည်းရှိရုံဖြင့် အမျိုးသားများအတွတ်လုံလောက်ပြီဖြစ်သည်။

Lance Armstrong သည် ကင်ဆာရောဂါကြောင့်သူ၏ ဝှေးစေ့တစ်လုံးဆုံးခဲ့ရပေမယ့် ကလေးငါးယောက် ဖခင်ဖြစ်အောင်ပြသခဲ့ခြင်းသည် အမျိုးသားများအတွတ် တစ်လုံးတည်းဖြင့် အသက်ရှင်နိုင်သည်ကို ပြသထားသည်။



 

၇။ သုတ်ရည်မျက်နှာပုံစံမျိုးလည်း ရှိသည်။

သူတို့သည် သင်၏အရေပြားကို တောတ်ပချောမွတ်စနေိုင်ပြီး သုတ်ပိုးသည်မျက်နှာသုသမှုအများအပြားတွင် အသုံးပြုကြသည်။



 

၈။ သုတ်ရည်အားလုံးသည် စကားပြောအမှုအကျင့်ကြောင့် ဦးထုပ်များဆောင်းထားကြသည်။

အာကရိုဆန်းဆိုတာ ဘဲဥပုံစံဖြစ်ပြီး အမျိုးသမီးဥတို့ကို တွယ်ကပ်ဖို့အတွတ် သန်မာသည့် ဓာတုဓာတ် များပါဝင်သည်။ ဥများ အပြင်မျက်နှာပြင်တွင် အရည်ဖျော်စေပြီးအခြေခံအားဖြင့် သုတ်ရည်ကောင်ဝင်နိုင်ဖို့အတွတ် အပေါက်တစ်ပေါက် လိုအပ်သည်။



 

၉။ အချို့သောလူများသည် သုတ်ရည်နှင့် သုတ်ကောင်ကို အတူတူ ခေါ်ဝေါ်ကြသည်။

သို့သော် လက်တွေ့မှာတော့ သုတ်ပိုးသည် သုတ်ရည်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ သုတ်ရည်သည်ဆီးကျိတ်မှ ပါဝင်သည့်အရာဝတ္တုဖြစ်သည်။ တကယ်တောာ့အရည်များသည် သုတ်ကောင်ထဲသို့ သူအလုပ်ဖြစ်သည့် အတိုင်း သုတ်ကောင်ထဲသို့ စီးဆင်းသွားသည်။



 

၁၀။ တကယ်တမ်းတော့ သင်က သုတ်ကောင်တွေထဲအမြန်ဆုံး အကောင်တစ်ကောင်ဖြစ်သည်။

ဒီမှာကတော့ ဆရာဝန်ကတော့ ဘာပြောလဲဆိုတာဘဲဖြစ်ပါတယ်။

အရှည်ဆုံးသုတ်ကောင်က အအောင်မြင်ဆုံးအကောင်ဖြစ်ပါသည်။ ဒါပေမဲ့ အနှေးဆုံး သုတ်ကောင်ကလည်း အားသာချတ်ရှိပါတယ်။

မှန်ပါတယ်။ တကယ်တော့ သင်ဟာ အရှည်ဆုံးနှင့်အနှေးဆုံးအကောင်ဘဲဖြစ်ပါတယ်။



 

၁၁။ ပွင့်လင်းစွာ ပြောဆိုခြင်းဟာ သုတ်ကောင်လမ်းကြောင်းကိုပွင့်စေနိုင်သည်။

အမျိုးသမီးများဟာ ဥများအားလုံးဖြင့် ပိုင်ဆိုင်ပြီး မွေးဖွားလာခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေကာမှု အမျိုးသားများသည် သုတ်ကောင်များကို နေ့စဉ်နေ့တိုင်းထုတ်နိုင်သည်။ ဟုတ်တာပေါ့ အသက်အရွယ်ပေါ်လိုက်ပြီး သုတ်ရည်အနည်းအများ ကွာခြားနိုင်သည်၊သို့သော် ပုံမှန် အမျိုးသားဆိုရင်တော့ အမြဲပုံမှန် သုတ်ရည်ထုတ်နိုင်သည်။



 

၁၂။ macabre အသံက သုတ်အသေကောင်လို့ဆိုပေမယ့်လည်းကလေးများကို မွေးဖွားနိုင်သည်။

IVF စက်မှုပညာရှင်များက သုတ်ရည်ထဲမှ ဥများကိုမှန်ပေါ်တွင် တင်ပြီး ရွေ့လျားလိုက်သည့်အခါမှတော့သုတ်ကောင်များ ရွေ့လျားပြီး မှန်ရပ်လိုက်သည့်အခါမှာတော့ သုတ်ကောင်များလည်း သေဆုံးသွားသည်။



 

၁၃။ နောက်ဆုံးအရေးကြီးဆုံးက သုတ်ကောင်တစ်ကောင်က မိန်းမကိုယ်ထဲမှာ ဘယ်လောက်ကြာကြာနေနိုင်မလဲ။

ဒီကိစ္စနှင့်ပတ်သတ်ပြီး ထူးဆန်းထားတွေရှိပါတယ်။အများဆုံးကတော့ နှစ်ရက်ပါဘဲ။ သင်လိင်ဆက်ဆံပြီး နှစ်ရက်အကြာမှာ ကိုယ်ဝန်ရရှိနိုင်မည်မှာ ကျိန်းသေဘဲဖြစ်ပါသည်။



 

Source | Lifebuzz



အောင်မြင့်မြတ်(Myanmar Youths)

ကျွန်တော်တင်သမျှပို့စ်တွေကို သင့်Android ဖုန်းထဲကနေ အလွယ်တကူ စောင့်မျှော်ဖတ်ရှုချင်တယ်ဆိုရင်တော့ မြန်မာလူငယ်သတင်းစုံ မိုဘိုင်းAPK လေးကို   ဒီနေရာကိုနှိပ် ပြီး ဖုန်းမှာထည့်သွင်းဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။

မိဘမဲ့ဂေဟာများ၊ပရဟိတစာသင်ကျောင်းများကို လှူဒါန်း ပေးရန်အတွက် မြန်မာလူငယ်ပရဟိတ အသင်း ကို လှူဒါန်းလိုပါက ဖုန်းနံပါတ် 09256480246 သို့ဆက်သွယ်လှူဒါန်းနိုင်ပါသည်ခင်ဗျာ။


Thursday, 16 March 2017

ပူပြင်းလှတဲ့နွေရာသီမှာ ခန္ဓာကိုယ်ရေဓာတ်မခန်းစေဖို့




၁။ ရေများများ သောက်ပေးပါ။

လူတွေရဲ့ခန္ဓာကိုယ်မှာ ရေဓာတ်ဟာ ၇၅ ရာခိုင်နှုန်းအထိ ပါဝင်ပါတယ်။ ခုလိုမျိုး တရှိန်းရှိန်းနဲ့ 
ပူပြင်းလှတဲ့အချိန်မှာ ချွေးကလည်း ထွက်သမို့ ရေဓာတ်ကလည်း သာမန်အချိန်ထက်ပိုပြီး
ဆုံးရှုံးသွားပါတယ်။ ဒီတော့ ရေများများ သောက်ပေးပြီး ခန္ဓာကိုယ်က လိုအပ်နေတဲ့ ရေဓာတ်ကို
ဖြည့်တင်းပေးပါ။

၂။ ဒီအချိန်ကတော့ ဖရဲသီးရာသီပါပဲ။

ဖရဲသီးထဲမှာပါဝင်တဲ့ ရေဓာတ်ဟာ ခန္ဓာကိုယ်အပူချိန်ကို လျှော့ချပေးနိုင်ပါတယ်။ ဖရဲသီးအပြင် 
စပျစ်သီး၊ မက်မွန်သီးနဲ့ ဇီးသီးတို့ကိုလည်း စားပေးသင့်ပါတယ်။ သူတို့က အလွယ်တကူ
အစာချေနိုင်အောင် ကူညီပေးတာမို့ အစာချေစနစ် အလုပ်လုပ်နေမှုကြောင့် တက်လာတဲ့
ခန္ဓာကိုယ်တွင်းအပူချိန်ကို လျှော့ချပေးပါတယ်။

၃။ သခွားသီး စားပါ။

နွေရာသီမှာပေါ်တဲ့ သီးနှံတွေ တော်တော်များများဟာ ရေဓာတ်တွေအများအပြား ပါဝင်ကြပါတယ်။ 
အဲဒီထဲကမှ အထူးစပါယ်ရှယ်ကတော့ သခွားသီးပါပဲ။ နောက်ထပ် ရွေးစားသင့်တာတွေကတော့
ခရမ်းချဉ်သီး၊ ဆလပ်ရွက်နဲ့ အစိမ်းရောင်အရွက်တွေပဲပေါ့။
၎။ ဒီလိုရာသီမျိုးမှာ အစာချေဖို့ခက်ခဲတဲ့ အသားတွေ စားတာမျိုးကို ရှောင်သင့်ပါတယ်။
ဒီတော့ ငါးလိုမျိုး ပေါ့ပေါ့ပါးပါး အစားအစာတွေကို စားပါ။

၅။ ကာဖိန်းနဲ့ အရက်သေစာ ရှောင်ပါ။

ကော်ဖီ၊ လက်ဖက်ရည်နဲ့ အရက်တို့ သောက်ရင် ဆီးရွှင်စေပါတယ်။ ဒီတော့ ခန္ဓာကိုယ်က 
အရည်ဓာတ်ကလည်း ဆုံးရှုံးတာမို့ ခန္ဓာကိုယ်ဟာ ပူနွေးလာနိုင်ပါတယ်။ သိပ်သောက်ချင်တယ်
ဆိုရင်တောင်မှ ရေများများ ပြန်သောက်ဖို့ အထူးမမေ့ပါနဲ့။

Credit : Myanmar.mmtimes

အောင်မြင့်မြတ်(Myanmar Youths)

ကျွန်တော်တင်သမျှပို့စ်တွေကို သင့်Android ဖုန်းထဲကနေ အလွယ်တကူ စောင့်မျှော်ဖတ်ရှုချင်တယ်ဆိုရင်တော့ မြန်မာလူငယ်သတင်းစုံ မိုဘိုင်းAPK လေးကို   ဒီနေရာကိုနှိပ် ပြီး ဖုန်းမှာထည့်သွင်းဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။

မိဘမဲ့ဂေဟာများ၊ပရဟိတစာသင်ကျောင်းများကို လှူဒါန်း ပေးရန်အတွက် မြန်မာလူငယ်ပရဟိတ အသင်း ကို လှူဒါန်းလိုပါက ဖုန်းနံပါတ် 09256480246 သို့ဆက်သွယ်လှူဒါန်းနိုင်ပါသည်ခင်ဗျာ။


Friday, 10 March 2017

အသားအရေလှပစေဖို့ဒီအစာတွေပိုစားစို့





ခရမ်းချဉ်သီး
--------------

ခရမ်းချဉ်သီးဟာ နေလောင်တာကြောင့် အသားအရေ ပျက်စီးတာမျိုးကို ကာကွယ်
ပေးနိုင်ပါတယ်။ ၎င်းမှာပါဝင်တဲ့ Lycopene ( လိုက်ကိုပန် ) ဓာတ်က အရေပြား ပျက်စီး မှုကို ဟန့်တားပေးပါတယ်။

ကီဝီသီး
----------

ကီဝီသီးမှာပါတဲ့ ဗီတာမင် C နှင့် ပိုတက်စီယမ် စတာတွေကတော့ အချိန်မတိုင်မီ
အရေပြား အရေးအကြောင်း ဖြစ်တာမျိုးကနေ ကာကွယ်ပေးနိုင်ပါတယ်။

အဆီမပါ ဒိန်ချဉ်
-------------------

ဒိန်ချဉ်မှာပါတဲ့ ဓာတ်တစ်မျိုးကတော့ ကယ်လ်စီယမ်ပါ။ ၎င်းဟာ အရိုးနဲ့သွား
တွေကို သန်မာစေပြီး လက်သည်းရောဂါ ဖြစ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ အဆီမပါ ဒိန်ချဉ် လက်ဖက်ရည်ပန်းကန်လုံးတစ်လုံးဟာ အဆီမပါ နို့ တစ်ဖန်ခွက်ထက်
ကယ်လ်စီယမ်ဓာတ် ပိုမိုပါရှိနေတယ်။

အာလူး
---------

အရေပြားကို နူးညံ့စေပြီး နေရောင်ခြည်ကြောင့် အရေပြားပျက်စီးမှုကို ကာကွယ်
ပေးနိုင်တဲ့ ဓာတ်တစ်မျိုးဖြစ်တဲ့ Betacarotene ( ဘီတာကာရိုတင်း ) ဓာတ်ကို အာလူးမှ ရရှိနိုင်ပါတယ်။

မြေပဲ
------

Vitamin E နဲ့ Omega- 3 fatty acid တို့ ပါဝင်တဲ့ မြေပဲဟာဆိုရင်
အရေပြား ရောဂါတစ်မျိုးဖြစ်တဲ့ နှင်းခူရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

ချောကလက်
---------------

ကိုကိုး ၆၀ ရာခိုင်နှုန်ူ အနည်းဆုံးပါဝင်တဲ့ ချောကလက်ဟာဆိုရင် အရေပြားသို့
သွေးစီးဆင်းမှုနှုန်းကို တိုးတက်စေခြင်း၊ အရေပြားအား အစိုဓာတ် ရရှိစေခြင်းနဲ့ နူးညံ့
ချောမွေ့ခြင်းတို့ကို ဖြစ်လာစေပါသည်။

ကရုကမာ
------------

အရေပြားပျက်စီးနေတာတွေ ပြန်လည်ကောင်းမွန်ဖို့ဆိုရင် ဇင့်ဓာတ်ဟာ မရှိမဖြစ် လိုအပ်ပါတယ်။ ဒီလို ဇင့်ဓာတ်မျိုးကို ကရုကမာတွေဆီကနေ ရရှိနိုင်ပါတယ်။

ဘယ်ရီသီး
-------------

ဘယ်ရီသီးမှာပါဝင်တဲ့ Antioxidant တစ်မျိုးဟာ အရေပြားလောင်ခြင်းနဲ့ ဆဲလ်များ
ပျက်စီးခြင်းတို့ကနေ ကာကွယ်ပေးနိုင်ပါတယ်။

ငါး
---

Omega- 3 fatty acid ပါဝင်တဲ့ ငါးဟာဆိုရင် အရေပြား တင်းမာခြင်း၊
အရွယ်မတိုင်မီ အရေးကြောင်းများ ဖြစ်ရခြင်းနဲ့ အရေပြား နီမြန်းခြင်းတို့ကို ကာကွယ်
ပေးနိုင်ပါတယ်။ ဒါ့အပြင် ငါးတွေမှာ ဗီတာမင်ဘီနဲ့ ဒီတို့လည်း ပါဝင်နေပါသေးတယ်။

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : ဆည်းဆာညို
Health for ALL magazine 



ကျွန်တော်တင်သမျှပို့စ်တွေကို သင့်Android ဖုန်းထဲကနေ အလွယ်တကူ စောင့်မျှော်ဖတ်ရှုချင်တယ်ဆိုရင်တော့ မြန်မာလူငယ်သတင်းစုံ မိုဘိုင်းAPK လေးကို   ဒီနေရာကိုနှိပ် ပြီး ဖုန်းမှာထည့်သွင်းဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။



မိဘမဲ့ဂေဟာများ၊ပရဟိတစာသင်ကျောင်းများကို လှူဒါန်း ပေးရန်အတွက် မြန်မာလူငယ်ပရဟိတ အသင်း ကို လှူဒါန်းလိုပါက ဖုန်းနံပါတ် 09256480246 သို့ဆက်သွယ်လှူဒါန်းနိုင်ပါသည်ခင်ဗျာ။  


လိပ်ခေါင်းရောဂါအတွက် ဆောင်ရန်/ရှောင်ရန်





လိပ်ခေါင်းရောဂါ အတွက် ဆောင်ရန် ရှောင်ရန်

လိပ်ခေါင်းရောဂါ အတွက် ဆောင်ရန်ရှောင်ရန်များကို တင်ပေးဖို့ မကြာခဏ တောင်း ဆိုလာကြတဲ့အတွက် လေ့လာ စုဆောင်းထားသမျှလေးကို တင်ပေးလိုက်ပါတယ်။

လိပ်ခေါင်းရောဂါ ဖြစ်ရတဲ့ အကြောင်းများစွာထဲမှာ အထင်ရှားဆုံးကတော့ ဝမ်းချုပ်ခြင်းကြောင့်ပါပဲ။ ဝမ်း မကြာခဏချုပ်၍ ညှစ်ပေးနေရလျှင် ကြာလာတော့ စအိုနေရာမှ သွေးကြောများ နေရာကျွံ၍ လိပ်ခေါင်းကဲ့သို့ ပေါ်လိုက်ပျောက်လိုက်
ဖြစ်လာ တဲ့အတွက် လိပ်ခေါင်းရောဂါလို့ ခေါ်ကြတာပါ။ အင်္ဂလိပ်လိုကတော့ Hemorrhoid/Pile လို့ခေါ်ကြပါတယ်။ အတွင်းလိပ်၊ အပြင်လိပ်ဆိုပြီး ၂ မျိုးရှိပါတယ်။ အူမကြီးကင်ဆာ၊ အသည်းရောဂါ၊ အရက် အလွန်အကျွံသောက်ခြင်းတို့သည်လည်း လိပ်ခေါင်းဖြစ်ရသည့် အကြောင်းများဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်သူများလည်း အဖြစ်များတဲ့ ရောဂါ တစ်ခုပါ။

ဆောင်ရန်များ
--------------
(၁) မနက် အိပ်ယာထချိန် ရေများများ သောက်ပါ။

(၂) ကိုယ်လက်လှုပ်ရှားပါ။ လမ်းများများ လျှောက်ပါ။

(၃) လတ်ဆတ်တဲ့ သစ်သီးများကို စားပေးပါ။ ဝမ်းပျော့စေမည့် သင်္ဘောသီး၊ငှက်ပျောသီး
စသည့်အသီးများကို များများစားပေးပါ။

(၄) လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်များကို စားပေးပါ။

ရှောင်ရန်များ
--------------
(၁) ဝမ်းမာဝမ်းကျစ်စေမည့် အစားအစာများကို ရှောင်ပါ။

(၂) ငရုတ်သီး၊ အပူအစပ်တို့ကို ရှောင်ပါ။

(၃) အထိုင် မများပါစေနဲ့။ ကြာရှည်စွာ မတ်တပ်ရပ်ခြင်းကို ရှောင်ပါ။

(၄) အလေးအပင် မခြင်းကို ရှောင်ပါ။ မလွဲသာ၍ မရသော် အသက်ကို မှန်မှန်ရှူပြီး မပါ။ မအောင့်ထားပါနဲ့။

(၅) အသည်းခြောက်လျှင် လိပ်ခေါင်းဖြစ်ရန် သေချာသလောက်ရှိသည်။ ထို့ကြောင့် အရက်သေစာ သောက်စားခြင်းကို ရှောင်ပါ။

လူ တော်တော်များများတွင် အဖြစ်များနေသော လိပ်ခေါင်းရောဂါများကို ကြိုတင် ကာကွယ်ထားနိုင်ကြပါစေရန် မျှဝေပေးလိုက်ပါတယ်။

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား - ရိုးရာဆေးနည်းများ



အောင်မြင့်မြတ်(Myanmar Youths)

ကျွန်တော်တင်သမျှပို့စ်တွေကို သင့်Android ဖုန်းထဲကနေ အလွယ်တကူ စောင့်မျှော်ဖတ်ရှုချင်တယ်ဆိုရင်တော့ မြန်မာလူငယ်သတင်းစုံ မိုဘိုင်းAPK လေးကို    ဒီနေရာကိုနှိပ် ပြီး ဖုန်းမှာထည့်သွင်းဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။



မိဘမဲ့ဂေဟာများ၊ပရဟိတစာသင်ကျောင်းများကို လှူဒါန်း ပေးရန်အတွက် မြန်မာလူငယ်ပရဟိတ အသင်း ကို လှူဒါန်းလိုပါက ဖုန်းနံပါတ် 09256480246 သို့ဆက်သွယ်လှူဒါန်းနိုင်ပါသည်ခင်ဗျာ။


မေးစေ့နှစ်ထပ်ဖြစ်နေတယ်ဆိုရင်






မေးစေ့နှစ်ထပ်ဖြစ်တာဟာ ပိန် ပိန်ပါးပါး လူမှာတောင်ဖြစ်နိုင်တဲ့ အတွက် ၀တဲ့သူတွေဆိုရင်တော့ အထူးပြောစရာတောင် မလိုပါဘူး။ မေးစေ့နှစ်ထပ်ပျောက်သွားဖို့ တိ ကျတဲ့လေ့ကျင့်ခန်းကို လအနည်းငယ်လောက်ပုံမှန် လုပ်ပေးဖို့လိုပြီး နေ့စဉ်လုပ်နိုင်တဲ့ လေ့ကျင့်ခန်း တွေကိုဖော်ပြပေးလိုက်ပါတယ်။

လျှာလေ့ကျင့်ခန်းလုပ်ခြင်း - ဒီလေ့ကျင့်ခန်းက ထိုင်နေတဲ့အ ခါပဲဖြစ်ဖြစ်၊ မတ်တတ်ရပ်အနေ အထားမှာပဲဖြစ်ဖြစ် လုပ်လို့ရပြီး လေ့ကျင့်ခန်းလုပ်ချိန်မှာတော့ ကျောမတ်မတ်ထားပါ။ ပါးစပ်ကို ကျယ်နိုင်သမျှ ကျယ်အောင်ဟပြီး လျှာထိပ်ဖျားနဲ့ အောက်သွားထိ အောင်လုပ်ပြီး လေရှူသွင်း၊ ရှူ ထုတ်လုပ်ပါ။ ပါးစပ်ပြန်ပိတ်ပြီး ၁၀ ကြိမ်၊ ၁၅ ကြိမ်လောက် ထပ် ကာထပ်ကာလုပ်ပေးပါ။

မေးစေ့ကို အသာအယာပုတ်ခြင်း - ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်း တစ်ခုဖြစ်ပြီး အသားအရေ  အစို ဓာတ်ထိန်း ခရင်မ်တစ်ခုခုသုတ် လိမ်းပြီး မေးစေ့တင်းရင်းစေဖို့ လက်နဲ့အသာအယာ ရိုက်ပုတ် ပေးတာမျိုး လုပ်နိုင်ပါတယ်။

မေးရိုးလေ့ကျင့်ခန်းလုပ်ခြင်း - လက်မနှစ်ချောင်းစလုံး အကူအညီနဲ့ မေးစေ့အဖျားကနေ မေးရိုးအရင်းအထိ ဖိတွန်းနှိပ်နယ်ပေးတာမျိုး စက္ကန့် ၃၀ တစ်ခါလုပ်ပေးနိုင်ပါတယ်။

ပါးစပ်နှင့် လျှာလေ့ကျင့်ခန်းလုပ် ခြင်း - ပါးစပ်ဟပြီး လျှာကိုအ ပြင်ထုတ်နိုင်သမျှ ထုတ်ကာ တစ် ကနေ ငါးအထိရေတွက်ပါ။ ပါး စပ်ပြန်ပိတ်ခဏနားပြီး စက္ကန့် ၃၀ တစ်ခါ ထပ်ကာထပ်ကာ လေ့ကျင့်ခန်းလုပ်နိုင်ပါတယ်။

လည်ပင်းလေ့ကျင့်ခန်းလုပ်ခြင်း - ခန္ဓာကိုယ်ကို မတ်မတ်ရပ်ပြီး ခေါင်းငုံ့ကာ ဦးခေါင်းကို နာရီ လက်တံလှည့်တဲ့ ပုံစံအတိုင်းလှည့်ပါ။ မူလနေရာပြန်ရောက်ခဲ့ရင် နာရီ လက်တံဆန့်ကျင်ဘက်ပုံစံလှည့် ပြီး စက္ကန့် ၃၀ တစ်ခါ ထပ်ကာ ထပ်ကာလုပ်ပါ။

Ref: healthdigezt
Credit : 7Day Daily



ကျွန်တော်တင်သမျှပို့စ်တွေကို သင့်Android ဖုန်းထဲကနေ အလွယ်တကူ စောင့်မျှော်ဖတ်ရှုချင်တယ်ဆိုရင်တော့ မြန်မာလူငယ်သတင်းစုံ မိုဘိုင်းAPK လေးကို    ဒီနေရာကိုနှိပ် ပြီး ဖုန်းမှာထည့်သွင်းဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။



မိဘမဲ့ဂေဟာများ၊ပရဟိတစာသင်ကျောင်းများကို လှူဒါန်း ပေးရန်အတွက် မြန်မာလူငယ်ပရဟိတ အသင်း ကို လှူဒါန်းလိုပါက ဖုန်းနံပါတ် 09256480246 သို့ဆက်သွယ်လှူဒါန်းနိုင်ပါသည်ခင်ဗျာ


Thursday, 2 March 2017

ရင်ဘတ်အောင့်ခြင်းအကြောင်းသိကောင်းစရာ

ရင်ဘတ် အောင့်ခြင်း ၏ အကြောင်း ရင်းများ
••••••••••••••••••••••••••••••••••••••••••••
ရင်ဘတ်အောင့်ခြင်း

ရင်ဘတ် အောင့်ခြင်း (Chest Pain) သည် ရင်ဘတ် အလယ် တည့်တည့် နေရာ တခု တည်း၌ အောင့်ခြင်း ကိုသာ ဆိုလိုခြင်း မဟုတ်ပဲ ရင်ဘတ် တခု လုံးသာ မက ရင်ဘတ် နှင့် ဆက်စပ် လျက် ရှိသည့် တခြား အစိတ် အပိုင်း များ အထိ ပြန့်နှံ့ပြီး အောင့်ခြင်း၊ ထိုးခြင်း၊ နာကျင် ကိုက်ခဲခြင်း အားလုံးကို ဆိုလို ပါသည်။ ရင်ဘတ် အောင့်ခြင်းသည် အကြောင်း အမျိုးမျိုး ကြောင့် ဖြစ်နိုင်ပြီးဆရာဝန်မှ အတိအကျ ရောဂါ ခွဲခြား သတ်မှတ် ခြင်း (Diagnosis) ကို လုပ်ပြီး မှသာ မည်သည့် ရောဂါအမျိုး အစား ဖြစ်သည်ကို သတ်မှတ် နိုင်မည် ဖြစ်ပါ သည်။

သို့သော် လည်း ရင်ဘတ် အောင့်သည့် ဝေဒ နာကို မကြာ ခဏ ခံစား နေရသူ တချို့သည် ရောဂါ ကို ဆရာဝန် နှင့် ပြပြီး ရောဂါ အဖြေ မရှာပဲ မိမိ ကိုယ် မိမိ နှလုံး ရောဂါ (သို့) အစာအိမ် ရောဂါ စွဲ ကပ်နေ သည်ဟု ထင်မှတ် နေကြ ပြီး ပတ်ဝန်း ကျင်မှ အကြံ ပေးသည့် မိမိ သန်ရာ နည်းများ ဖြင့် ကုသနေ ကြသည်ကို မကြာ ခဏ ကြားသိ နေရပါ သည်။ ထို့ကြောင့် ရင်ဘတ် အောင့်သည့် ဝေဒနာ ကို ခံစား နေသူ များ အားလုံး အတွက် ဗဟု သုတ လို့ငှာ Dr. Warwick Carter ရေးသား သည့် Home Doctor ထဲမှ ကောင်းနိုး ရာများကို ကောက်နှုတ်၍ ပြုစု တင်ပြ လိုက်ပါ သည်။

စမ်းသပ် တွေ့ရှိ မှု

ရင်ဘတ် အောင့်ခြင်း သည် အဆုပ် (သို့) နှလုံးနှင့် ပတ်သက်ပြီး ဖြစ်ပါက အရေးကြီး သဖြင့် အရေးပေါ်အနေဖြင့် ဆေးရုံ အကူအညီကို ချက်ချင်း လိုအပ် နိုင်ပါ သည်။ တခြား အင်္ဂါ အစိတ် အပိုင်း များဖြစ်သည့် အစာပြွန်၊ ရင်အုံ အရိုး၊ နံရိုး၊ နှလုံး သွေးလွှတ် ကြော မကြီး၊ သွေးလွှတ်ကြော ငယ်များ၊ သွေးပြန်ကြော နှင့် နာ့ဗ်ကြော များ၊ ကြွက်သား၊ အရိုးနု၊ ရင်သားနှင့် ကျောရိုးဆစ်များ စသည့် အစိတ် အပိုင်း တခု ခုတွင် ပြဿနာ ရှိပါ ကလည်း ရင်ဘတ် အောင့်ခြင်းကို ဖြစ်စေနိုင် ပါ သည်။ အကြောင်း ရင်းမတူသည်ကို အခြေခံ၍ အောင့်သည့် အခြေ အနေ များမှာလည်း စူး၍ အောင့်ခြင်း၊ ကိုက်၍ အောင့်ခြင်း၊ ပျော့လွန်း မပြင်း လွန်းအောင့်ခြင်းနှင့် ဖြိကပ်၍ အောင့်ခြင်း စသည်ဖြင့် အမျိုးမျိုး ရှိပြီး ဆက်တိုက် သို့မဟုတ် အကြိမ်ကြိမ် မကြာ ခဏ အောင့်ခြင်းများ ဖြစ်နိုင် ပါသည်။ အစာ စားခြင်း၊ လေ့ကျင့်ခန်း လုပ်ခြင်း၊ အသက် ပြင်းပြင်း ရှူခြင်း တို့ကြောင့် စအောင့် နိုင်ပြီး အောင့်သည့် အချိန်တွင် အသက်ရှု ကြပ်ခြင်း၊ ချောင်းဆိုး ခြင်း၊ အဖျား ၀င်ခြင်း၊ ပါးစပ် ပျက်ခြင်း စသည့် လက္ခဏာ များ တွဲပါလာ နိုင်ပါ သည်။ ဆရာဝန် မှ လို အပ်သော စမ်းသပ်စစ် ဆေးမှုများ ပြုလုပ်ပြီး ရောဂါ ခွဲခြား သတ်မှတ် ပေးမှသာ ရောဂါကို အမျိုး အစားကို မှန်ကန်စွာ သိရှိ နိုင်မည် ဖြစ်သည်။

ရောဂါ စစ်ဆေး သတ်မှတ် ခြင်း (Diagnosis)

ဆရာဝန် သည် ရောဂါကို အတိ အကျ သိရှိရန် အတွက် အရိုးကို ကောင်းစွာ စစ်ဆေး နိုင်သည့် ဓါတ်မှန် ရိုက်ခြင်း၊ အရိုးနှင့် တချို့ တစ်ရှူး များကိုပါ မြင်တွေ့ နိုင်သည့် CT scan, နှလုံးအ လုပ်လုပ် ပုံကို ကောင်းစွာ မြင်တွေ့ နိုင်သည့် ECG ( Electro-Cardiac Graph), အဆုပ် အလုပ်လုပ် နိုင်မှုကို စမ်းသပ် စစ်ဆေး သည့်သည့် Lung Function Test, ခန္ဓာကိုယ် ထဲသို့ ပါးစပ်မှ တဆင့် ကင်မရာ ထည့်၍ ကြည့်သည့် Endoscopy စသည်တို့ ပါဝင် နိုင်သည့် စမ်းသပ် မှုကို တခု (သို့) တခုထက် ပို၍ှ ပြုလုပ်ပြီး သတ်မှတ် လေ့ရှိပါ သည်။ ထိုသို့ ရှာဖွေပြီး ဖြစ်ရသည့် ရောဂါ ဇက်မြစ်ကို အတိအ ကျသိမှသာ ထိရောက်သည့် ကာကွယ် ကုသ မှုကို ပေးနိုင် မည် ဖြစ်သည်။

ရင်ဘတ် အောင့်ခြင်း ကို အဖြစ် များစေသည့် အကြောင်း ရင်းများ

၁။ ဒါဏ်ရာ ရရှိ ခြင်း (Injury)

ရင်ဘတ် ဒါဏ်ရာ ရရှိ သောအခါ ရင်ဘတ်၌ အညို အမဲ စွဲ၍ နံရိုး ကျိုးခြင်း၊ ကြွက်သား (သို့) အရွတ် များ စုတ်ပြဲ ခြင်း စသည့် တခုခု ကြောင့် ရင်ဘတ် နေရာ အနံ့ ပြားကို အောင့်စေပြီး လှုပ်ရှား ပါက ပိုဆိုး ပါသည်။

၂။ ဗိုင်းရစ် ကြောင့် ရောဂါ ကူးစက် ခြင်း ( Viral infection )

ဗိုင်းရစ် ကြောင့်ဖြစ် သော ကူးစက် ရောဂါ များသည် များသော အားဖြင့် ကြွက်သား များကို ရောင် စေသဖြင့် ရင်ဘတ်နှင့် ကျောကုန်း ဘက်တွင် ရှိသော ကြွက်သား အဆွယ် အပွား များကို ကိုက်ခဲ နာကျင် စေပါ သည်။

၃။ အဆစ် ရောင်နာ ရောဂါ (Arthritis)

ကျောရိုး ဆစ်၌ အရိုး ကြေပြီး နာ့ဗ်ကြော များအား ဖိညှပ် ခံရ၍ ရင်ဘတ်၏ ကျောဘက်၌ သာမ ကပဲ နာ့ဗ်ကြော များ ပြန့်နံ့ သည့် ဘေး တဖက် တချက် နှင့် အရှေ့ဘက် အထိ နာကျင် စေနိုင် သည်။ ကိုယ် အနေ အထား ပြောင်းပါက ပိုမို နာကျင် စေပါ သည်။

၎။ Myocardial Infaction

နှလုံး ရောဂါသည် ကော်လက် စထရောလ် ကြောင့် ဖြစ်ပေါ် လာသည့် အဆီ ဖတ်များမှ နှလုံးကြွက် သားအား သွေး ထောက်ပံ့ ပေးနေ သည့် သွေးလွှတ်ကြော တခုခုအား ပိတ်ဆို့ စေသော အခါ ဖြစ်စေ ပါသည်။ နှလုံးသည် ခန္ဓာကိုယ် တခု လုံးကို အောက်စီဂျင်နှင့် အာဟာရ ရောက်အောင် တွန်းပို့ ပေးနေသော အင်္ဂါ ဖြစ်ပါ သည်။ ထို အခြေ အနေတွင် နှလုံး ကြွက်သား ကိုယ်တိုင် မှာပင် အောက်စီ ဂျင် နှင့် အာဟာရ မရတော့ သောကြောင့် ကျုံ့လိုက် ကြွလိုက် မလုပ် နိုင်တော့ သော အခါ သွေးကို ခန္ဓာကိုယ် တခု လုံးသို့ ရောက်အောင် မတွန်းပို့ ပေးနိုင် တော့ပဲ နှလုံးရော ခန္ဓာ ကိုယ်ပါ အောက်စီဂျင် ပြတ်လပ် ပြီး အသက် ဆုံးရှုံး နိုင်ပါ သည်။

နှလုံး ကြောင့်ဖြစ်သော ရင်ဘတ် အောင့်ခြင်း သည် လည်ပင်း၊ မေး (သို့) လက်မောင်း ( ဘယ်ဘက် ၌ ပိုဖြစ် သည်) စသည့် ရင်ဘတ် နှင့် ဆက်စပ် နေသည့် မည်သည့် နေရာတွင် မဆို ဖြစ်နိုင် သော်လည်း ပုံမှန် အားဖြင့် ဘယ်ဘက် ရင်ဘတ်၊ အရှေ့ ဘက် လည်ပင်း အောက်၊ ရင်ဘတ် အလယ် တည့်တည့်နှင့် ပုခုံး အရှေ့ခြမ်း တို့၌ အဖြစ် များ ပါသည်။ အောင့်သည့် ပုံစံမှာ စူး၍ အောင့်ခြင်း မျိုးမ ဟုတ်ပဲ ဖိနှိပ်ပွတ် တိုက်ခံ ရခြင်း (သို့) အလွန် အမင်း ကိုက်ခဲ စေသည့် အောင့်ခြင်း မျိုးကို ခံစား ရသည်။ ထို့အပြင် နှလုံးကြောင့် ဖြစ်သော ရင်ဘတ် အောင့်ခြင်း သည် ခန္ဓာကိုယ် လှုပ်ရှားခြင်း၊ အနေ အထား ပြောင်းခြင်း၊ အစား စားခြင်း၊ ချောင်းဆိုး ခြင်း ကြောင့် ပိုမိုနာ ကျင်စေခြင်း မရှိပါ။ နှလုံး ကြောင့်ဖြစ် သည်ဟု ယူဆ ပါက ချက်ချင်း ဆရာဝန်နှင့် ဆေးရုံ အကူ အညီ အရေးပေါ် လိုအပ် နိုင်ပါ သည်။

၅။ နှလုံး ရောဂါ တစ်မျိုးကြောင့် ရင်ခေါင်း တွင် ဆူးအောင့် ခြင်း (Angina)

ရင် ခေါင်းတွင် ဆူးအောင့် လာပြီး ရင်ဘတ်ကို ဖိ၍ ဆုပ်ညှစ် ခံထား ရသည့် အောင့်ခြင်း မျိုးကို ခံစား ရပါ သည်။ များသော အားဖြင့် ရင်ဘတ် အလယ် တည့်တည့် တွင် ဖြစ်ပြီး လေ့ကျင့်ခန်း (သို့) အားကစား လုပ်နေ ချိန်နိုင် ရုတ်တရက် ဖြစ်လာ နိုင်ပြီး အနား ယူလိုက် ပါက သက်သာ သွားလေ့ ရှိသည်။

၆။ အဆုပ်ပွခြင်း ( Pneumonia)

အဆုပ် ပွခြင်း သည် အဆုပ်ကို အဓိက ဖွဲ့စည်း ထားသည့် လေအိတ် အသေးများ ( Alveoli) တွင် ဘတ်တီး ရီးယား ကူးစက် ရောဂါ ပိုးများ ၀င်ရောက် နေသည့် ရောဂါ ဖြစ်ပါ သည်။ နှာခေါင်းမှ ရှူသွင်း လိုက်သော အောက်စီဂျင် များကို အဆုပ် လေအိတ် နံရံရှိ ဆံချည်မျှင် သွေးကြောများ မှတဆင့် နှလုံးသို့ ပို့ဆောင် ရပြီး နှလုံးမှ တဆင့် အောက်စီဂျင် ကို သွေးက ခန္ဓာကိုယ် အနှံ့ သယ်ဆောင်ပြီး ဖြည့်ပေး ရပါသည်။ အဆုပ်ပွ သောအခါ လေအိတ် များတွင် ဘတ်တီး ရီးယား ကြောင့် လေအိတ် တခုလုံး (သို့) လေအိတ် နံရံရှိ ဆံချည်မျှင် သွေးကြောများ ပျက်စီး နိုင်ပြီး အဆုပ် ပုံမှန် အလုပ် မလုပ် နိုင်ပဲ အဖျား ၀င်ခြင်း၊ ချောင်းဆိုး ခြင်းနှင့် ရင်ဘတ် အောင့်ခြင်း တို့ကို ဖြစ်စေ ပါသည်။ မကုသ ပါက ဘတ်တီး ရီးယားများ အဆုပ် တခုလုံး ပြည့်သွား နိုင်သောကြောင့် လေအိတ်များ ပျက်စီးပြီး ခန္ဓာ ကိုယ်အား အောက်စီဂျင် မပေး နိုင်သော ကြောင့် အသက် ဆုံးရှုံး နိုင်ပါသည်။

၇။ အဆုတ် မြှေးရောင် ရောဂါ (Pleurisy)

အဆုတ် အမြှေးပါး ရောင် လျှင် ရင်ဘတ် အောင့်ခြင်းကို ပြင်းထန်စွာ ဖြစ်စေ နိုင်၍ အသက် ရှူခြင်း၊ ချောင်းဆိုး ခြင်းနှင့် လှုပ်ရှား ခြင်း တို့ကြောင့် ပိုအောင့် နိုင်ပါ သည်။

၈။ အစာ အိမ် ရောဂါ ကြောင့် ရင်ဘတ် အောင့် ခြင်း (Reflux oesophagitis)

အစာ အိပ်တွင် ဟိုင်ဒရို ကလိုရစ် အက်ဆစ် ပါရှိပြီး အစာ အိမ်အား ထူထဲသော အချွဲ များဖြင့် ကာကွယ် ထားပါ သည်။ အကယ်၍ အစာအိမ် ရောဂါ ရှိသူ များတွင် အစာအိမ် ပုံမှန် အလုပ် မလုပ် နိုင်သောကြောင့် ယင်းအား အစာ အိမ်နံ ရံရှိ ချွဲများမှ ကာကွယ်မှု မပေးနိုင် သည့်အခါ အက်ဆစ် များမှ အစာအိမ် နံရံသို့ ရောက်ရှိ လောင်ကျွမ်း နိုင်ပြီး ပူ၍ နာကျင် ခြင်းနှင့် အသက်ရှူ ကြပ်ခြင်းကို ဖြစ်စေ နိုင်ပါ သည်။

၉။ Tietze syndrome

ရင်အုံရိုး အနောက် ဘက်ရှိ နံရိုး နှင့် ဆက်ထား သော အရွတ် တခု (သို့) တခု ထက်ပို၍ ရောင်ခြင်း ကို ဖြစ်စေပြီး ပူ၍ နာကျင် ခြင်းကြောင့် ရင်ဘတ် အောင့်ခြင်း ကို ဖြစ်စေ ပါ သည်

၁၀။ သွေးခဲ ပိတ်ခြင်း ( A blood clot)

သွေးခဲ တခုခုသည် သွေးကြော အတွင်း၌ မျောပါ နေလျင် ခန္ဓာ ကိုယ်၏ မည်သည့် အစိတ် အပိုင်း တွင်မဆို ပိတ်ဆို့ နိုင်ပါ သည်။ ထို သွေးခဲ သည် အဆုပ် တွင်းရှိ အဓိက သွေးလွှတ်ကြော တခု ခုအား ပိတ်ဆို့ သောအခါ ( Pulmonary embolus) ကို ဖြစ်စေပြီး ပိတ်ဆို့ ခံရသော အဆုပ် ၏ အစိတ် ပိုင်းကို ပျက်စီး စေခြင်းဖြင့် ရင်ဘတ် အောင့်ခြင်း နှင့် အသက်ရှူ ကြပ်ခြင်း ကို ဖြစ်စေပါ သည်။

ရင်ဘတ် အောင့်ခြင်း ကို ဖြစ်စေ နိုင်သည့် တခြား အကြောင်း ရင်းများ

(၁) အဆုပ် အပြပင် ဘက်ရှိ ရင်ဘတ် ထဲတွင် လေခို နေခြင်း (Pneumothorax )၊
(၂) နာ့ဗ်ကြော ၌ ဗိုင်းရပ် ပိုးဝင် ရောက်နေ ခြင်း (Shingles)၊
(၃) အဆုပ် ပျက်စီး ခြင်း (Bronchiectasis)၊
(၄) နှလုံး ကြွက်သား သို့ ပိုး ၀င်ခြင်း (Myocarditis)၊
(၅) မွေးရာပါ နှလုံး ၏ ဖွဲ့စည်းပုံ ပုံမ မှန်ခြင်း၊
(၆) နှလုံး အဆို့ရှင် အလုပ် မလုပ် ခြင်း ၊
(၇) အဆုပ်တွင်း တနေ ရာရာ၌ ကင်ဆာရှိ နေခြင်း၊
(၈) နှလုံး ရောဂါ အတွက် အလွန် အမင်း စိုးရိမ် နေခြင်း (Cardiac neuroses)၊
(၉) ရင်ဘတ် နံရံ ရောင်ခြင်း၊
(၁၀) သည်းခြေ အိတ်တွင် ရောဂါ ၀င်၍ ရောင်ခြင်း

စသည်တို့ ကြောင့်လည်း ရင်ဘတ် အောင့်ခြင်း ကို ဖြစ်စေ နိုင်ပါ သည်။

မည်သူ မဆို မည်သည့် အကြောင်း ကြောင့် ရင်ဘတ် အောင့်သည် ဖြစ်စေ ရင်ဘတ် အောင့်သည့် ဝေဒနာ ကို တစ်ကြိမ် ထက်မက ခံစား ရပါက အန္တရယ်ရှိ နိုင်သည်ကို နှလုံး မူ၍ ရောဂါကို အတိအ ကျသိ ရှိရန်နှင့် အချိန် မီကာကွယ်၊ ကုသ နိုင်ရန် ဆရာဝန်နှင့် မဖြစ် မနေ တွေ့သင့် ပါသည်။ မိမိ ကိုယ် မိမိ အစာအိမ် ရောဂါ (သို့) နှလုံး ရောဂါ ဖြစ်နေ သည်ဟု ယူဆ နေသူများ အနေဖြင့်လည်း ထိုရောဂါ များ အမှန် တကယ် ရှိနေ ပါက ဆရာဝန် ညွှန်ကြား ချက်မပါပဲ မိမိသန်ရာ ဆေးများ သုံးစွဲ နေခြင်းသည် ရောဂါကို ပျောက်ကင်း စေမည် မဟုတ်သည့် အပြင် ပိုမို ပွားလာ စေရန် မွေးထားသည် နှင့်ပင် တူနေ သဖြင့် အန္တရယ် ကြီးမား လှကြောင်းကို သတိ ပေးရင်း မိမိ၏ ကျန်းမာ ရေးကို ထိရောက်စွာ ကာကွယ် စောင့်ရှောက် ကြပါရန် အကြံပြု တင်ပြ အပ်ပါ သည်။

Health Digest
Thursday, December 5, 2013
https://www.facebook.com/medicalarticlesforpeople မှ ကူးယူ တင်ပြ ထားပါသည်။