အတုမရှိဗုဒ္ဓမြတ်စွာဘုရား
အတုမရှိဗုဒ္ဓမြတ်စွာဘုရား
This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
Thursday, 11 August 2016
သင်္ဘောရွက်ဖျော်ရည်နှင့်ကျန်းမာရေး
လူအတော်များများက သင်္ဘောသီး စားသုံးခြင်းရဲ့ အကျိုးကျေးဇူးတွေကို ကျွမ်းဝင်ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ လတ်တလောမှာ သင်္ဘောအရွက်နဲ့ ပတ်သက်တဲ့ ဆေးပညာပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေကြောင့် သင်္ဘောရွက်ဟာ ရေပန်းစားလာပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သင်္ဘောရွက်က သွေးလွန် တုပ်ကွေးနဲ့ ကင်ဆာရောဂါတွေလို ရောဂါကြီးတွေကိုတောင် သက်သာစေနိုင်လို့ပဲ ဖြစ်ပါတယ်။
သင်္ဘောရွက်ဖျော်ရည် ပြုလုပ်နည်းကတော့ -
(၁) ရှေးဦးစွာ ရေဆေးထားသော သင်္ဘောရွက်များကိုယူပါ။ လှီးဖြတ်ပြီးနောက် ရေ (၂) လီတာခန့် ထည့်ထားသော ဇလုံထဲသို့ ထည့်လိုက်ပါ။
(၂) ရေတစ်ဝက် ခန်းသွားသည့် တိုင်အောင် အဖုံးမအုပ်ပဲ ပြုတ်ပါ။
(၃) ထို့နောက် အရည်ကိုစစ်ပြီး ဖန်ခွက်ထဲ ထည့်ထားပါ။ (၃) ရက်မှ (၄) ရက် အထိ ရေခဲသေတ္တာထဲ ထည့်ထားနိုင်ပါတယ်။ ဒါပေမဲ့ လတ်လတ် ဆတ်ဆတ် ဖြစ်လေ ပိုကောင်းလေပါပဲ။
- သွေးလွန် တုပ်ကွေးက အလွန် ပြင်းထန်တဲ့ ရောဂါတစ်ခု ဖြစ်တယ်ဆိုတာ သိကြမှာပါ။ ဒါပေမဲ့ ဒီရောဂါကို သက်သာစေနိုင်တဲ့ တစ်ခုတည်းသော တိုင်းရင်းဆေးနည်းက သင်္ဘောရွက်ပါပဲ။ ပညာရှင်တွေကလည်း သင်္ဘောရွက်မှာပါဝင်တဲ့ ဓာတ်တွေက သွေးလွန်တုပ်ကွေးကို ကုသနိုင်တယ်လို့ အတည်ပြု ထားကြရုံသာမက တချို့ဆေးဝါးတွေမှာပါ သင်္ဘောရွက်ကို အသုံးပြုလာကြ တာကို တွေ့ရပါတယ်။ ဆရာဝန်တွေရဲ့ အကြံပြုချက် ကတော့ ထိရောက်တဲ့ ရလဒ်ရလိုလျှင် သင်္ဘောရွက်ဖျော်ရည်ကို 25mi စီ တစ်နေ့ နှစ်ကြိမ် တစ်ပတ်ကြာ သောက်ပေးဖို့ပါပဲ။
- သင်္ဘောရွက်မှာ ပါဝင်တဲ့ အင်ဇိုင်းတွေဟာ သားအိမ်ခေါင်း ကင်ဆာ၊ ရင်သား ကင်ဆာ၊ အသည်း ကင်ဆာ၊ အဆုတ် ကင်ဆာ၊ ပန်ကရိယ ကင်ဆာတို့ရဲ့ ကင်ဆာ အကျိတ်တွေ ကို ခန္ဓာကိုယ်ကို ဘေးထွက်ဆိုးကျိုး မဖြစ်စေပဲ တိုက်ဖျက် ပေးနိုင်ပါ တယ်။
- သင်္ဘောရွက်တွေက အစာအိမ် ပြဿနာ ဖြစ်စေတဲ့ မကောင်းတဲ့ ဘတ်တီးရီးယားတွေကို ဖယ်ရှား ပေးနိုင်စွမ်း ရှိပါတယ်။
- လတ်လတ် ဆတ်ဆတ် သင်္ဘောရွက်တွေကို လိမ္မော်ကွင်းတွေနဲ့ ရောပြုတ်ပြီး သောက်ရင် အဆီတွေကို ကျစေပါတယ်။
- သင်္ဘောရွက် ဖျော်ရည်က ဓမ္မတာလာတဲ့အခါ ဖြစ်ပေါ်တတ်တဲ့ နာကျင်မှုတွေကို သက်သာစေပါ တယ်။ နည်းလမ်းကတော့ သင်္ဘောရွက် တစ်ရွက်၊ မန်ကျည်းသီး အနည်းငယ်နဲ့ ဆားတို့ကို ရေထဲထည့်ပြုတ်ပါ။ အအေးခံ ပြီးနောက် သောက်သုံးနိုင်ပါတယ်။
- သင်္ဘောရွက်က အသားအရေ အတွက်လည်း များစွာအသုံးဝင်ပါ တယ်။ သင်္ဘောရွက် ဖျော်ရည်က အသားအရေကို အဆိပ်အတောက် ကင်းစင်စေပြီး ၀က်ခြံ၊ မှဲ့ခြောက်၊ တင်းတိပ် စတာတွေကို ပျောက်ကင်းစေပါတယ်။
- နှင်းခူနာ ဖြစ်နေလျှင်လည်း နှင်းခူပေါ်ကို သင်္ဘောရွက် အရည် လိမ်းပေးရင် သက်သာ ပျောက်ကင်းစေပါတယ်။ ရောင်ရမ်းအနာ၊ ဒဏ်ရာများကိုလည်း ထိုနည်းတူ ပျောက်ကင်း စေပါတယ်။
သတိပြုရန်
ကိုယ်ဝန်ဆောင် အမျိုးသမီးများ အနေနဲ့ သင်္ဘောရွက် ဖျော်ရည်ကို မသောက်သင့်ပါ။ ကိုယ်ဝန်ပျက်ကျ နိုင်ချေ ရာခိုင်နှုန်းကို မြှင့်တင်ပေး သောကြောင့် ဖြစ်ပါတယ်။
Credit: messenger
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
Monday, 8 August 2016
ပျိုမေ၊မောင်မယ်များ အသားဖြူ လာအောင် လုပ်နိုင်တဲ့နည်းလမ်းများ
သဘာဝဖြစ် ပစ္စည်းလေးတွေနဲ့ အသားဖြူအောင် လုပ်တဲ့နည်းတွေအများကြီး ရှိပါတယ်။ ကရိကထလည်းမများ၊ ဈေးလည်းမကြီး၊ အလွယ်တကူ လက်လှမ်းမှီ သုံးလို့ရတဲ့ ပစ္စည်းတွေကို အဓိကထား ဖော်ပြပေးလိုက်ပါတယ်။
(၁) အသားအရေ ဖြူ လိုပါသလား
လိမ္မော်သီးအခွံကို နေပူလှမ်းပါ။ ခြောက်သွေ့သွားတဲ့အခါ ပေါင်ဒါလို အမှုန့်ဖြစ်သွားအောင် ကြိတ်ပါ။ ထိုအမှုန့်နဲ့ နွားနို့နဲရောပြီး ပျစ်ခဲနေတဲ့ အရည်ကိုအရေပြားပေါ်မှာ လိမ်ပေးပါ။ အရေပြား ခြောက်သွေ့သွားပြီ ဆိုရင် ရေနွေးနွေးလေးနဲ့ ဆေးကြောပေးပါ။ နေ့စဉ်ပြုလုပ်ပေးပါက တစ်ဖြည်းဖြည်း အသားဖြူဝင်းလာပါမယ်။
(၂) အိမ်တွင်းဖြစ် Whitening lotion
သခွားသီးကိုအရည်ထွက်အောင် လုပ်ပါ။ သခွားရည်ကို သံပုရာရည် နှစ်စက်ခန့် ရောစပ်ပြီး သမအောင်ပြုလုပ်ပါ။ မျက်နှာနှင့် လည်ပင်းတွင် နာရီဝက်ခန့် လိမ်းထားပါ။ပြီးရင် မပူမအေး ရေနွေးလေးနဲ့ ဆေးကြောပါ။ သင်အသားအရေဟာ ဝင်းလက်တောက်ပြောင် လာပါလိမ့်မယ်။
(၃) အိမ်တွင်းဖြစ် Facial Mask
ပျားရည်တစ်ဇွန်း(စားပွဲတင်ဇွန်း) နဲ သင်္ဘောသီးရည် တစ်ဇွန်း ရောလိမ်းပါ။ ၁၅ မိနစ်ခန့် ကြာလျှင် ရေနဲ့ပြန်ဆေးပါ။ ဒါက Facial mask အိမ်တွင်းဖြစ် ပြုလုပ်တဲ့ နည်းပါ။
(၄) နေလောင်ဒဏ်အတွက်
နနွင်းမှုန့် လဖ္ဘက်ရည်ဇွန်း ၁-၂ ဇွန်းခန့်ကို သံပုရာရည်နဲ့ သမအောင် ရောပြီး လိမ်းပေးပါ။ နနွင်းက အရေပြားကို ပြန်လည်ပြုပြင်ပေးပါတယ်။ ဒီနည်းဟာ နေလောင်တဲ့ အသားအရေအတွက် အထိရောက်ဆုံး ဆေးနည်းပဲ ဖြစ်ပါတယ်။
(၅) အသားဖြူဝင်းချင်တယ် ဆိုရင်
နနွင်းမှုန့် လဖ္ဘက်ရည်ဇွန်းတစ်ဝက်ခန့်ကို နွားနို့နွေးနွေးတစ်ခွက်တွင်ထည့်ပါ။ သကြားနည်းငယ်သာရောစပ်ပြီး မအိပ်မီတစ်နာရီခန့်အလိုတွင်သောက်သုံးပြီး အိပ်စက်ပါ။သိသာထင်ရှားလာပါလိမ့်မယ်။ ဒီနည်းကို ပူပြင်းတဲ့နွေရာသီမှာ အသုံမပြုပါနဲ့။နနွင်းက ခန္ဓာကိုယ်တွင်း အပူချိန်ကို မြှင့်တင်ပါတယ်။
(၆) မျက်နှာဖြူဖွေးချင်တာလား
ခရမ်းချဉ်သီး၂-၃လုံးလောက်ကိုအရည်ဖြစ်အောင်လုပ်ပါ။သံပုရာသီးအရည်နှစ်စက်ခန့်ရောပြီးမွှေပါ။မျက်နှာပြင်ပေါ်လိမ်ပြီး ၁၅-၂၀ မိနစ်ခန့်ထားပါ။  ပြီးရင် ရေအေးအေးလေးနဲ့ ဆေးကြောပေးပါ။ တစ်နေ့ နှစ်ကြိမ် ပြုလုပ်ပေးပါက ၁၅ရက်၊ ရက်၂၀အတွင်း မျက်နှာဖြူဖွေး လာပါလိမ့်မယ်။
(၇) ကိုယ်ခန္ဓာပေါ် အမဲကွက်နဲ့ အစက်အပျောက်ဖြစ်နေခဲ့ရင်
အာလူးတစ်လုံးကို ရေစင်အောင်ဆေးပြီး ပါးပါးလှီးပါ။ ညစဉ် အမဲကွက်နဲ့ အစက်အပျောက်ဖြစ်တဲ့ နေရာတွေမှာ ကပ်ပြီးအိပ်ပါ။ နဂိုအသားအရေ အတိုင်း ပြောင်းလဲလာပါလိမ့်မယ်။
ရှောင်ရန်
Whitening Product တွေကို ဝယ်ယူတဲ့အခါ အလှကုန်ပစ္စည်းတွေဟာ အဆီပြန်တဲ့အသားရေ၊ ခြောက်သွေ့သော အသားအရေဆိုပြီး သီးသန့် ထုတ်လုပ်ထားတဲ့အတွက် မိမိအသားအရေနဲ့ မလိုက်ဖက်တာ ဝယ်ယူခြင်းကို သတိပြုသင့်ပါတယ်။ အသားဖြူချင်တယ်ဆိုရင် ဆီများတဲ့ အစားအစာ၊ အစပ်များတဲ့ အစားအစာတွေကို ရှောင်ရှားပါ။ အဆီ၊ အစပ်တွေက အရေပြားပေါ်က ရေဓာတ်ကို ခြောက်ခမ်းစေပြီး မည်းကွက်လာစေပါတယ်။ ကာယလေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ပေးရပါမယ်။ ဒါမှသာ သွေးလေလည်ပတ်မှု အားကောင်းပြီး အသားထဲကို ဆေးစိမ့်ဝင်မှာ ဖြစ်ပါတယ်။ Whitening product တွေဘယ်လောက်သုံးသုံး လေ့ကျင့်ခန်းမလုပ်ဘူးဆိုရင် အကျိုးထိရောက်မှု နှောင့်နှေးပါတယ်။
Credit to – အလှအပရေးရာ
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
လေမဖြတ်ရအောင်ကြိုတင်ကာကွယ်နည်း
လေမဖြတ်အောင် ကြိုတင်ကာကွယ်နည်းကိုမကြာခဏတောင်းဆိုလာကြတဲ့ မိဘပြည်သူများအတွက် လေ့လာမိသမျှ သဘာဝဆေးနည်းများကို ပြန်လည်မျှဝေ
လိုက်ပါတယ်။ ရှောက်ရွက်ဟာလေမဖြတ်အောင်ကာကွယ်ပေးနိုင်တဲ့ ဆေးဆိုတာအချို့ကသိထားပါပဲ။ ဒါ့ကြောင့် ရှောက်ရွက်ကိုမကြာခဏ မှီဝဲသုံးစွဲပေးရင် လေဖြတ်ခြင်းမှ ကာကွယ်ပေးပါတယ်။
၁။ ရှောက်ရွက် (၇) ရွက်ခန့်ကို ရေစင်အောင်ဆေးပြီး မတ်ခွက်ထဲကိုထည့်၊ ရေကျက်အေး (သို့မဟုတ်) ရေခပ်နွေးနွေးကို လောင်းထည့်၊ အဖုံးအုပ်ထားပြီး အေးသွားလျှင် သောက်ပေးနိုင်ပါတယ်။ တစ်ခါစိမ်ထားလျှင် ၂ ရက်၊ ၃ ရက်ထိရေထပ်ထည့်ပြီး အခါးဓါတ်
မကုန်မချင်း သောက်ပေးနိုင်ပါတယ်။ (အရမ်းခါးနေလျှင် ပျားရည် သို့မဟုတ် သကြားတို့ကို အနည်းငယ် ခပ်ပြီးသောက်နိုင်ပါတယ်)
၂။ ရှောက်ရွက်ကိုပါးပါးလှီးပြီး ဟင်းရည်ထဲထည့်သောက်နိုင်ပါတယ်။
၃။ အသုပ်မျိုးစုံတို့ကိုလည်း ထည့်ပြီးစားနိုင်ပါတယ်။
၎။ ရှောက်ရွက်ကိုအစိမ်းစားလျှင် ပိုမိုထိရောက်သည့်အတွက် ရေစိမ်သောက်တဲ့နည်းနဲ့ ပါးပါးလှီးပြီး အစားအစားထဲ ထည့်စားခြင်းသည် ပို၍ကောင်းမွန်ပါသည်။
Credit : Healthcare.com.mm
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
Thursday, 4 August 2016
မေးစေ့အောက်အဆီပိုတွေလျော့နည်းစေဖို့နည်းလမ်း(၃)မျိုး
အိုမင်းရင့်ရော်မှု၊ ရေဓါတ်မလုံလောက်တဲ့အခါမျိုးမှာ မေးစေ့အောက်ဘက်နဲ့ လည်ပင်းတ၀ိုက်မှာ အဆီပိုတွေ ရှိနေတတ်ပါတယ်။ တချို့လူတွေမှာ မေးစေ့အောက်မှာ အဆီပိုတွေများနေတာကြောင့် မေးနှစ်ထပ်ရှိတယ်လို့တောင် ဆိုလို့ရပါတယ်။ မေးစေ့အောက်မှာရှိတဲ့အဆီပိုတွေကို လျော့နည်းစေဖို့ ပြုလုပ်သင့်တဲ့ အချက်အလက်(၃) ခုကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ရေများများသောက်ပါ။
မေးစေ့အောက်ဘက်မှာ အဆီပိုတွေရှိနေခြင်းဟာ ရေဓါတ်လုံလုံလောက်လောက် မရရှိနိုင်တာကြောင့်လည်း ဖြစ်ပါတယ်။ အဆီပိုတွေလျော့ချဖို့အတွက် နေ့စဉ် ရေများများသောက်သုံးပေးဖို့ လိုအပ်ပါတယ်။
(၂) ဘဲဥနဲ့ပေါင်းတင်ပါ။
ဘဲဥ(၂) လုံး၊ နွားနို့(၁)ဇွန်း၊ ပျားရည်(၁)ဇွန်းနဲ့သံပရာရည်(၁)ဇွန်းတို့ကို ရောစပ်ပါ။ ရောစပ်ပြီးသားအရည်ကို မေးစေ့အောက် အဆီပိုတွေရှိနေတဲ့နေရာကို လိမ်းပေးပါ။ ခြောက်သွေ့သွားတဲ့အခါ ရေအေးအေးနဲ့ ဆေးကြောပေးပါ။ အဆီပိုတွေကို အလျင်အမြန်လျော့ကျစေပါတယ်။
(၃) နှိပ်နယ်ပေးပါ။
အဆီပိုတွေရှိတဲ့ မေးစေ့အောက်နေရာနဲ့ လည်ပင်းတ၀ိုက်ကို စက်ဝိုင်းပုံစံ ဖြည်းညှင်းစွာ နှိပ်နယ်ပေးမယ်ဆိုရင် အဆီတွေကို သိသိသာသာလျော့ကျစေနိုင်ပါတယ်။
မေးစေ့အောက်မှာ အဆီပိုတွေရှိနေတယ်ဆိုရင် အထက်ပါနည်းလမ်းလေးတွေကို ပြုလုပ်ပြီး ဖယ်ရှားပေးခြင်းက အဆီတွေကို သိသိသာသာလျော့ကျစေမှာ ဖြစ်ပါတယ်။
Ref: 18 easy ways to get rid of double chin fast at home
ဖြိုးပြည့်သူ(မိုမိုလေး)
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
Tuesday, 2 August 2016
ဆားဝက်ခြံနဲ့မှည့်ခြောက်များကိုသက်သာစေမဲ့နည်းလမ်း
<< Zawgyi Version >>
<< Unicode Version >>
သင့်မျက်နှာမှာ ဆားဝက်ခြံနဲ့ မှဲ့ခြောက်တွေ ရှိလို့ စိတ်ညစ်နေပါသလား ၊ မျက်နှာသစ်ဆေးတွေ သုံးလည်း မပျောက်ဘဲ မိတ်ကပ်လူးတဲ့အခါရော သိသိသာသာ ဖြစ်နေပါသလား၊ အလွယ်ကူဆုံးနည်းလမ်းနဲ့ ဆားဝက်ခြံနဲ့ မှဲ့ခြောက်တွေ ပျောက်စေဖို့အတွက် ကူညီပေးပါ့မယ်၊ လွယ်ကူလျင်မြန်တဲ့ နည်းလေး ဖြစ်တာကြောင့် ဆားဝက်ခြံနဲ့ မှဲ့ခြောက်တွေရှိနေတာကို စိတ်ပူစရာမလိုတော့ပါဘူး၊ အမြန်ဆုံး ရှင်းလင်းလိုက်ရအောင် ...
အလွယ်ကူဆုံး ဆားဝက်ခြံသက်သာစေမယ့်နည်း 
သံပုရာရည် နဲ့ Baking Soda တို့ကို ရောဖျော်ပြီး ခရင်အဖြစ်ပြုလုပ်ပါ။ ထို့နောက် ဆားဝက်ခြံရှိသောနေရာတွေကို လူးပေးပါ။ မိနစ် ၂၀ ခန့်ထားပြီး ရေအေးနဲ့ ဆေးပေးလိုက်ခြင်းဖြင့် ဆားဝက်ခြံတွေကို သိသိသာသာ ပျောက်ကင်းသက်သာစေမှာပါ ။
လွယ်ကူသည့် မှဲ့ခြောက်ဖယ်ရှားနည်း
သင့်မျက်နှာမှာ မှဲ့ခြောက်တွေ ရှိနေရင်တော့ တကယ်စမ်းလုပ်ကြည့်ပါ၊ ချွေးပေါက်တွေပွင့်သွားစေဖို့ ရေနွေးနွေးနဲ့ မျက်နှာသစ်ပေးပါ။ ပြီးရင် Baking Soda တစ်ဆ ၊ သွားတိုက်ဆေး တစ်ဆနှင့် ရေနှစ်ဆကို ပန်းကန်ပြားထဲမှာရောလိုက်ပါ။ မှဲ့ခြောက်များရှိသည့်နေရာကို သွားပွတ်တံအဟောင်း ဖြင့် ပွတ်တိုက်ပေးပါ။ ထပ်ပြီး သေသေချာချာပွတ်တိုက်ပေးပါ။ နေ့စဉ်ညအိပ်ရာမဝင်ခင်တိုင်း ပြုလုပ်ပေးပါက မှဲ့ခြောက်များသိသိသာသာ ပျောက်သွားမှာဖြစ်ပါတယ်။ 
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
သင်ဘာလို့ဗိုက်ခဏခဏဆာနေရသလဲ?
<< Zawgyi Version >>
မနက်အိပ်ရာထတာနဲ့ ဗိုက်အမြဲဆာနေပြီး ထမင်းစားပြီးလည်း မတင်းတိမ်နိုင်ဘဲ မုန့်တွေအမြဲမပြတ် စားချင်နေခြင်း ၊ ညဘက်တွေမှာလည်း ဗိုက်အမြဲဆာပြီး သရေစာတွေ ရှာစားခြင်း ၊ အစားအသောက်ပုံတွေမြင်ရုံနဲ့ စားချင်စိတ်ဖြစ်လာခြင်း စတဲ့လက္ခဏာတွေ ဘာကြောင့်ဖြစ်ပေါ်ရသလဲဆိုတာ ဖတ်ကြည့်ကြရအောင်။
၁။ အိပ်ရေးမ၀ခြင်း
ညဘက် အိပ်ရေးမ၀တာဟာ သင့်ကို ပင်ပန်းနွမ်းနယ်စေရုံသာမက အချိန်ပြည့် ဆာလောင်နေစေပါတယ်။ အိပ်ရေးမ၀တဲ့သူတစ်ယောက်က ကယ်လိုရီများတဲ့အစားအစာတွေဖြစ်တဲ့ ရယ်ဒီမိတ်ထုပ်တွေ ၊ အချိုရည်တွေကို စားသောက်ချင်စိတ် နှစ်ဆပိုတိုးစေပါတယ်။ အိပ်ရေးမ၀ခြင်းက သင့်ခနာကိုယ်ရှိ အစာစားချင်စိတ်ကို ဖြစ်စေတဲ့ ဟော်မုန်းကို လှုံ့ဆော်ပေးတာကြောင့် သင့်ကို အ၀လွန်စေပါတယ်။ လေ့လာမှုတစ်ခုအရ တစ်ရက်ကို ငါးနာရီသာ အိပ်စက်အနားယူသူဟာ ရှစ်နာရီ အိပ်သူထက် အ၀လွန်မှု ရာခိုင်နှုန်း ငါးဆယ်ရာခိုင်နှုန်းပိုစေပါတယ်။ ဒါကြောင့် မလိုအပ်ဘဲ ၀ိတ်မတက်စေဖို့ အချိန်လုံလုံလောက်လောက် အိပ်စက်အနားယူဖို့ လိုအပ်ပါတယ်။
သင် မနက်ထတာနဲ့ မခံမရပ်နိုင်အောင် ဗိုက်တွေတအားဆာနေသလား။ မနေ့က ညနေစာ ဘာစားခဲ့သလဲဆိုတာ အမှတ်ရပါ။ တကယ်လို့ ပီဇာ ၊ ကြက်သွန်ဖြူပေါင်မုန့် ကတ်မုန့်တွေသာစားထားမယ်ဆိုရင် သင့်ခန္ဓာကိုယ်ထဲ သကြားဓာတ်ပမာဏကို အလွန်အမင်း တိုးစေရုံသာမက ပုံမှန်ထက်ပိုပြီး လျော့ကျစေပါတယ်။ ခနာကိုယ်ထဲ သကြားဓာတ်နည်းနေခြင်းက ဂလူးဂို့စ်ကို ပိုမိုတောင့်တစေတဲ့အတွက် အစာစားချင်စိတ်ကို လျင်လျင်မြန်မြန်ဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် ညနေစာကို ကစီဓာတ်များတဲ့ ပီဇာ ၊ ဆန်အညို ၊ ပေါင်မုန့် ၊ ပါစတာ စတဲ့ အစားအစာတွေထက် ပရိုတိန်းဓာတ်ပါတဲ့ အသား ၊ ငါး ၊ မြေပဲ စတာတွေ စားပေးဖို့ လိုပါတယ်။
ညဘက် အသောက်များခြင်းက နောက်တစ်နေ့မနက်မှာ သင့်ကို ငြီးစီစီဖြစ်စေရုံသာမက ဆာလောင်မှုကိုပါ ဖြစ်စေပါတယ်။ အရက် ၊ ၀ိုင်တွေကို ခြေဖျက်ဖို့ အသည်းက အချိန်အများကြီးယူရပါတယ်။ အဲ့အတွက်ကြောင့် ဦးနှောက်က လိုအပ်တဲ့ ဂလူးဂို့စ်ကို အချိန်မှီမပို့ပေးနိုင်တာကြောင့် သင်မနက် နိုးနိုးချင်းမှာ ဂလူးဂို့စ်ကို အမြန်ဆုံးလိုအပ်နေကြောင်း ဗိုက်ဆာခြင်းဖြင့် သတိပေးနေတာပဲ ဖြစ်တယ်။
၎။ ရေကို လုံလုံလောက်လောက် မသောက်သုံးခြင်း
သင့်ခန္ဓာကိုယ်မှာ ရေဓာတ်ခန်းခြောက်နေမယ်ဆိုရင် ခနာကိုယ်ကဟော်မုန်းတစ်မျိုး ထုတ်လွှတ်ပေးမှုကြောင့် ရေသာမက အခြားသရေစာတွေကိုပါ အာသီသ ပြင်းပြစေပါလိမ့်မယ်။ လူ့ကိုယ်ခန္ဓာရဲ့ ၆၀ ရာခိုင်နှုန်းက ရေတွေနဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။ အကယ် ရေဓာတ်ခန်းခြောက်နေမယ်ဆိုရင် သင်က စိတ်ရောကိုယ်ပါ ပင်ပန်းခြင်း ၊ စိတ်အလိုမကျဖြစ်ခြင်းတို့ကို ခံစားလာရပြီး ဒီခံစားမှုတွေကတစ်ဆင့် သင့်ကို အစာစားဖို့ ပိုမို တွန်းအားပေးနေပါတယ်။
၅။ ထမင်းတနပ်မှာ ဟင်းအမယ်အများကြီးစားသုံးခြင်း
ထမင်းနပ်တနပ်မှာပဲ ဟင်းအမျိုးအမည် အများကြီးစားသုံးခြင်းက ထမင်းတစ်ပန်းကန်မက ပိုစားချင်စိတ်ကို ဖြစ်စေပါတယ်။ ဟင်းတစ်မျိုး နှစ်မျိုးတည်းနဲ့သာ စားမယ်ဆိုရင် သင့်ကို ငြီးငွေ့လာစေပြီး ပုံမှန်စားနေကျ ပမာဏကိုသာ စားသုံးစေပါလိမ့်မယ်။ ဒါပေမယ့် ဘူဖေးလိုမျိုး ဟင်းတွေ အများကြီးနဲ့သာဆိုရင် ဗိုက်ပြည့်နေရင်တောင်မှ ပိုပိုပြီး စားချင်နေစေပါလိမ့်မယ်။
၆။ အစားကို ကမန်းကတမ်း စားသုံးခြင်း
ထမင်းကို အချိန်ကောင်းကောင်းမပေးဘဲ ကမန်းကတမ်းစားလိုက်မယ်ဆိုရင် ဗိုက် အမြန်ပြည့်စေပေမယ့် ဦးနှောက်ကို သတင်းပို့ရာမှာတော့ အချိန်ယူရပါတယ်။ ဒါကြောင့်မို့လို့ အစာကို ဆက်တိုက်မစားဘဲ ထမင်းနပ် တစ်နပ်နဲ့ တစ်နပ်အကြားမှာ အချိန်ခြားပြီး စားသုံးသင့်ပါတယ်။ 
Credit - Buzz Feed
<< Unicode Version >>
မနက်အိပ်ရာထတာနဲ့ ဗိုက်အမြဲဆာနေပြီး ထမင်းစားပြီးလည်း မတင်းတိမ်နိုုင်ဘဲ မုန့်တွေအမြဲမပြတ် စားချင်နေခြင်း ၊ ညဘက်တွေမှာလည်း ဗိုက်အမြဲဆာပြီး သရေစာတွေ ရှာစားခြင်း ၊ အစားအသောက်ပုံတွေမြင်ရုံနဲ့ စားချင်စိတ်ဖြစ်လာခြင်း စတဲ့လက္ခဏာတွေ ဘာကြောင့်ဖြစ်ပေါ်ရသလဲဆိုုတာ ဖတ်ကြည့်ကြရအောင်။
၁။ အိပ်ရေးမဝခြင်း
ညဘက် အိပ်ရေးမဝတာဟာ သင့်ကိုု ပင်ပန်းနွမ်းနယ်စေရုုံသာမက အချိန်ပြည့် ဆာလောင်နေစေပါတယ်။ အိပ်ရေးမဝတဲ့သူတစ်ယောက်က ကယ်လိုရီများတဲ့အစားအစာတွေဖြစ်တဲ့ ရယ်ဒီမိတ်ထုုပ်တွေ ၊ အချိုရည်တွေကိုု စားသောက်ချင်စိတ် နှစ်ဆပိုုတိုုးစေပါတယ်။ အိပ်ရေးမဝခြင်းက သင့်ခနာကိုုယ်ရှိ အစာစားချင်စိတ်ကိုု ဖြစ်စေတဲ့ ဟော်မုုန်းကိုု လှုံ့ဆော်ပေးတာကြောင့် သင့်ကိုု အဝလွန်စေပါတယ်။ လေ့လာမှုတစ်ခုုအရ တစ်ရက်ကိုု ငါးနာရီသာ အိပ်စက်အနားယူသူဟာ ရှစ်နာရီ အိပ်သူထက် အဝလွန်မှု ရာခိုုင်နှုန်း ငါးဆယ်ရာခိုုင်နှုန်းပိုုစေပါတယ်။ ဒါကြောင့် မလိုုအပ်ဘဲ ၀ိတ်မတက်စေဖိုု့ အချိန်လုံုလုံုလောက်လောက် အိပ်စက်အနားယူဖိုု့ လိုုအပ်ပါတယ်။
၂။ ညနေဘက်မှာ ကစီဓာတ်များတဲ့ အစားအစာ အစားများခြင်း
သင် မနက်ထတာနဲ့ မခံမရပ်နိုုင်အောင် ဗိုုက်တွေတအားဆာနေသလား။ မနေ့က ညနေစာ ဘာစားခဲ့သလဲဆိုုတာ အမှတ်ရပါ။ တကယ်လိုု့ ပီဇာ ၊ ကြက်သွန်ဖြူပေါင်မုုန့် ကတ်မုုန့်တွေသာစားထားမယ်ဆိုုရင် သင့်ခန္ဓာကိုုယ်ထဲ သကြားဓာတ်ပမာဏကိုု အလွန်အမင်း တိုုးစေရုံုသာမက ပုံုမှန်ထက်ပိုုပြီး လျော့ကျစေပါတယ်။ ခနာကိုုယ်ထဲ သကြားဓာတ်နည်းနေခြင်းက ဂလူးဂိုု့စ်ကုုိ ပိုုမိုုတောင့်တစေတဲ့အတွက် အစာစားချင်စိတ်ကိုု လျင်လျင်မြန်မြန ်ဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် ညနေစာကိုု ကစီဓာတ်များတဲ့ ပီဇာ ၊ ဆန်အညို ၊ ပေါင်မုုန့် ၊ ပါစတာ စတဲ့ အစားအစာတွေထက် ပရိုုတိန်းဓာတ်ပါတဲ့ အသား ၊ ငါး ၊ မြေပဲ စတာတွေ စားပေးဖိုု့ လိုုပါတယ်။
၃။ သူငယ်ချင်းအပေါင်းအသင်းများနဲ့ ညထွက်လည်မှုများခြင်း
ညဘက် အသောက်များခြင်းက နောက်တစ်နေ့မနက်မှာ သင့်ကို ငြီးစီစီဖြစ်စေရုံုသာမက ဆာလောင်မှုကိုုပါ ဖြစ်စေပါတယ်။ အရက် ၊ ၀ိုုင်တွေကိုု ခြေဖျက်ဖိုု့ အသည်းက အချိန်အများကြီးယူရပါတယ်။ အဲ့အတွက်ကြောင့် ဦးနှောက်က လိုုအပ်တဲ့ ဂလူးဂိုု့စ်ကိုု အချိန်မှီမပိုု့ပေးနိုုင်တာကြောင့် သင်မနက် နိုုးနိုုးချင်းမှာ ဂလူးဂိုု့စ်ကိုု အမြန်ဆုံုးလိုုအပ်နေကြောင်း ဗိုုက်ဆာခြင်းဖြင့် သတိပေးနေတာပဲ ဖြစ်တယ်။
၄။ ရေကိုု လုံုလုံုလောက်လောက် မသောက်သုံုးခြင်း
သင့်ခန္ဓာကိုုယ်မှာ ရေဓာတ်ခန်းခြောက်နေမယ်ဆိုုရင် ခနာကိုုယ်ကဟော်မုုန်းတစ်မျိုး ထုုတ်လွှတ်ပေးမှုကြောင့် ရေသာမက အခြားသရေစာတွေကိုုပါ အာသီသ ပြင်းပြစေပါလိမ့်မယ်။ လူ့ကိုုယ်ခန္ဓာရဲ့ ၆၀ ရာခိုုင်နှုန်းက ရေတွေနဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။ အကယ် ရေဓာတ်ခန်းခြောက်နေမယ်ဆိုုရင် သင်က စိတ်ရောကိုုယ်ပါ ပင်ပန်းခြင်း ၊ စိတ်အလိုုမကျဖြစ်ခြင်းတုုိ့ကိုု ခံစားလာရပြီး ဒီခံစားမှုတွေကတစ်ဆင့် သင့်ကိုု အစာစားဖိုု့ ပိုုမိုု တွန်းအားပေးနေပါတယ်။
၅။ ထမင်းတနပ်မှာ ဟင်းအမယ်အများကြီးစားသုံုးခြင်း
ထမင်းနပ်တနပ်မှာပဲ ဟင်းအမျိုးအမည် အများကြီးစားသုံုးခြင်းက ထမင်းတစ်ပန်းကန်မက ပိုုစားချင်စိတ်ကိုု ဖြစ်စေပါတယ်။ ဟင်းတစ်မျိုး နှစ်မျိုးတည်းနဲ့သာ စားမယ်ဆိုုရင် သင့်ကိုု ငြီးငွေ့လာစေပြီး ပုံုမှန်စားနေကျ ပမာဏကိုုသာ စားသုံုးစေပါလိမ့်မယ်။ ဒါပေမယ့် ဘူဖေးလိုုမျိုး ဟင်းတွေ အများကြီးနဲ့သာဆိုုရင် ဗိုုက်ပြည့်နေရင်တောင်မှ ပိုုပိုုပြီး စားချင်နေစေပါလိမ့်မယ်။
၆။ အစားကိုု ကမန်းကတမ်း စားသုံုးခြင်း
ထမင်းကိုု အချိန်ကောင်းကောင်းမပေးဘဲ ကမန်းကတမ်းစားလိုုက်မယ်ဆိုုရင် ဗိုုက် အမြန်ပြည့်စေပေမယ့် ဦးနှောက်ကိုု သတင်းပိုု့ရာမှာတော့ အချိန်ယူရပါတယ်။ ဒါကြောင့်မိုု့လိုု့ အစာကိုု ဆက်တိုုက်မစားဘဲ ထမင်းနပ် တစ်နပ်နဲ့ တစ်နပ်အကြားမှာ အချိန်ခြားပြီး စားသုံုးသင့်ပါတယ်။
Credit - Buzz Feed
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246