တစ်ရက်လျှင် ညဘက်အိပ်စက် အနားယူချိန် ၆ နာရီအောက် လျော့နည်း အိပ်စက်ရသော အမျိုးသမီးများဟာ နှလုံးရောဂါ အခြေအနေ ဖြစ်နိုင်ခြေနှုန်း ပိုမိုမြင့်တက် ဆိုးရွားနိုင်ကြောင်း အမေရိကန် သုတေသနပညာရှင်များက မကြာမီက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ညဘက်အိပ်စက် အနားယူချိန် ၆ နာရီအောက် လျော့နည်းတဲ့ လုံလောက်စွာ မရရှိနိုင်ကြတဲ့ အမျိုးသမီးများတွင် နှလုံးလုပ်ဆောင်မှု ဖောက်လွဲ ဖောက်ပြန်ဖြစ်စေသည့် ပြဿနများ ပေါ်ပေါက်စေကာ ရုတ်တရက် နှလုံးထိခိုက်မှု ဖြစ်နိုင်ချေနှုန်း ပိုမိုမြင့်တက် ဆိုးရွားနိုင်တယ်လို့ သုတေသီတို့က ဆိုပါတယ်။
ထို့ပြင်အမျိုးသမီးများရဲ့ ခန္ဓာကိုယ်ရောင်ရမ်းခြင်း အခြေအနေများကို ပိုမိုဖြစ်စေသည်ဟု ကယ်ဖိုးနီးယား တက္ကသိုလ်မှ စိတ်ရောဂါ ပါမောက္ခ သုတေသီတစ်ဦးက ပြောကြားခဲ့ပါတယ်။
သို့ရာတွင် အဆိုပါ ရောင်ရမ်းခြင်းမျိုး၊ နှလုံးသွေးကြော လုပ်ဆောင်မှု ဖောက်လွဲဖောက်ပြန်စေတဲ့ ပြဿနာဖြစ်ခြင်းမျိုးတွေဟာ အမျိုးသမီးများတွင်သာ အဖြစ်များသည်ကို တွေ့ရှိခဲ့ကြရပြီး အမျိုးသားများတွင်မူ ထိုကဲ့သို့ ဖြစ်စဉ်မျိုးတွေ တွေ့ရှိရလေ့ မရှိကြောင်း အဆိုပါ သုတေသီတို့က ပြောကြားခဲ့ပါသည်။
အဆိုပါ သုတေသန ပညာရှင်က “ခန္ဓာကိုယ် ရောင်ရမ်းတာဟာ နှလုံးသွေးကြောနှင့် ဆိုင်တဲ့ လက္ခဏာ တစ်ရပ်ပါပဲ။ အရင်တုန်းက ကားအကြာကြီးမောင်းရင် ခန္ဓာကိုယ်ရောင်ရမ်း တာတွေ ဖြစ်တယ်ဆိုပြီး ဖော်ပြခဲ့ပါတယ်။
ဒါပေမဲ့ အခုတွေ့ရှိခဲ့တဲ့ အိပ်ရေးမဝတဲ့ ကိစ္စရပ်ဟာ ခန္ဓာကိုယ်ရောင်ရမ်းမှုကို ပိုမိုဖြစ်စေနိုင်ပါသည်။ အိပ်စက်အနားယူချိန် မလုံလောက်မှု တွေနဲ့ဆက်စပ်ပြီး အခြားသော ကျန်းမာရေးထိခိုက်မှုတွေ ပိုမိုဖြစ်လာနိုင်ပါတယ်”ဟု ထပ်မံပြောကြားခဲ့ပါတယ်။
အမေရိကန်နိုင်ငံရှိ အသက် ၆၀ ဝန်းကျင်အမျိုးသား၊ အမျိုးသမီး ၇၀၀ ခန့်ကို ၅ နှစ်ကြာ သုတေသန ပြုချက်တွေအရ အိပ်ချိန်လုံလောက်မှု မရှိသော အမျိုးသားတွေထက် ခန္ဓာကိုယ်ရောင်ရမ်းခြင်း နှစ်ဆခွဲခန့် ပိုမိုဖြစ်ပွားနိုင်ကြောင်း လေ့လာတွေ့ရှိကြပြီး တွေ့ရှိချက်တွေကိုလည်း စိတ်ရောဂါသုတေသန ဂျာနယ်တွင်လည်း ဖော်ပြခဲ့ပါတယ်။
credit-ကျန်းမာရေးရာအဖြာဖြာ
Wednesday, 20 January 2016
Home »
» အိပ်ချိန်လျော့သောအမျိုးသမီးများနှင့်နှလုံးရောဂါ
အိပ်ချိန်လျော့သောအမျိုးသမီးများနှင့်နှလုံးရောဂါ
Related Posts:
သုတ်ရည်မှထူးဆန်းသည့်အချက်များသုတ်ရည်သည် အမျိုးသားလိင်တံဥမှလြာ&#… Read More
တီဘီဆေးအသစ်များဆေးယဉ်ပါးနိုင်သည့်အန္တရာယ်ရှိနေ မတ် ၂၄ ရက်က ချန်နိုင်းမြို့ရှိ ဘူတာ… Read More
မေးစေ့နှစ်ထပ်ဖြစ်နေတယ်ဆိုရင် မေးစေ့နှစ်ထပ်ဖြစ်တာဟာ ပိန် ပိန်ပါƟ… Read More
အမျိုးသမီးတိုင်း နေ့စဉ်အသုံးပြုသင့်တဲ့ skincare (၄) မျိုး အသားအရေကို ထိန်းသိမ်းတယ်ဆိုတာ မိတ်… Read More
ပူပြင်းလှတဲ့နွေရာသီမှာ ခန္ဓာကိုယ်ရေဓာတ်မခန်းစေဖို့ ၁။ ရေများများ သောက်ပေးပါ။ လူတွေရဲ့(… Read More
0 comments:
Post a Comment