မျက်နှာလှလှလလေးပေါ်မှာ အမည်းရောင်အစက်စက်တွေ၊ အမည်းရောင် အကွက်တွေ ရှိနေမယ်ဆိုရင် မိမိရဲ့အလှတရားက အပြည့်အဝ ပေါ်လွင်မှာ မဟုတ်ပါဘူး။ လူတစ်ဦးကို အကဲခတ်ပြီဆိုတာနဲ့ ပထမဦးဆုံး သူ့ရဲ့မျက်နှာကို အရင်ဆုံးကြည့်ကြပါတယ်။ မျက်နှာပေါ်မှာ မှဲ့ခြောက်တွေ၊ တင်းတိပ်တွေ ရှိတယ်ဆိုရင် ပြည့်စုံတဲ့အလှပိုင်ရှင်လို့ မြင်ဖို့ ခက်ခဲသွားမှာဖြစ်ပါတယ်။
မှဲ့ခြောက်တွေ ဘာကြောင့်ဖြစ်တာလဲ
မျက်နှာပေါ်မှာ အမည်းစက်မှဲ့ခြောက်တွေ ဘာကြောင့် ပေါက်ရသလဲဆိုတော့ အချက်နှစ်ချက် ရှိပါတယ်။ ပထမအချက်ကတော့ မိမိမျက်နှာကို ဂရုမစိုက်ဘဲ ထားမိရာမှ မှဲ့ခြောက်တွေ ပေါက်လာတာဖြစ်ပါတယ်။ ''သမီးအရင်တုန်းက မျက်နှာမှာ ဘာမှမရှိဘူး။ အလုပ်တွေရှုပ်တာနဲ့ မျက်နှာကို ဂရုမစိုက်မိဘူး။ နေပူထဲလျှောက်သွားတယ်။ အခု မှဲ့ခြောက်တွေ အများကြီးပေါက်လာတယ်''ဟု အသက် ၂ဝ အရွယ် အမျိုးသမီးတစ်ဦး က ပြောပါတယ်။
ဒုတိယအချက်ကတော့ အမျိုးသမီးတွေ သွေးသားနဲ့လည်း သက်ဆိုင်ပြီး ဆပ်ပြာရည်ရဲ့ အက်စစ်ဓာတ်ကလည်း မျက်နှာအသားအရေကို ထိခိုက်စေတယ်လို့ အလှပြုပြင်ရေးဆိုင်မှ သိရပါတယ်။ နေလောင်တဲ့ ဒဏ်၊ မျက်နှာသန့်စင်ခြင်း ပုံမှန်မလုပ်ပေးတဲ့သူတွေ၊ မသန့်ရှင်းတဲ့လက်နဲ့ မျက်နှာကို ကိုင်တွယ်တဲ့သူတွေမှာ မှဲ့ခြောက်တွေ ပေါက်တတ်တယ်လို့လည်း သိရပါတယ်။
မှဲ့ခြောက်ကိုဖျောက်လို့ရလား
မှဲ့ခြောက်တွေ သက်သာပျောက်ကင်းအောင် လေဆာစက်နဲ့ဖျောက်နိုင်သလို သဘာဝသစ်သီးနဲ့လည်း သက်သာအောင် ပြုလုပ်နိုင်ပါတယ်။
မှဲ့ခြောက်ဖျောက်မယ်
မှဲ့ခြောက်ဖျောက်မယ်ဆိုရင် အလွယ်ကူဆုံး နည်းကတော့ လေဆာစက် နဲ့ ဖျောက်တာဖြစ်ပါတယ်။
၁။ အမည်းရောင်မှဲ့ခြောက်ရှိတဲ့ နေရာကို ဆေးအနည်း ငယ်လိမ်းထား ရပါတယ်။
၂။ ဆေးလိမ်းထားတဲ့နေရာကို လေဆာစက်နဲ့ လျှပ်စစ်ဓာတ်ပေးပြီး ဖျက်ပေးပါတယ်။
၃။ လေဆာနဲ့ ဖျက်ထားတဲ့ မှဲ့ခြောက်နေရာကို အရေပြားလိမ်းဆေး တစ်မျိုး တို့ပေးတယ်။
၎။ မှဲ့ခြောက်ဖျက်ထားတဲ့နေရာကို အနာရွတ်ပျောက်ဆေး ဟီးရူးဒွိုက် (သို့မဟုတ်) စကင်ဒန်ဆေးတွေ လိမ်းပေးရမှာဖြစ်ပါတယ်။
''မှဲ့ခြောက်ပေါက်ပြီဆိုရင် မဖျက်ဘဲနဲ့ မပျောက်ဘူး။ ဖျက်ပြီးရင် အနာဖြစ်သွားပြီး တစ်ပတ်ဆို အနာခြောက်သွားတယ်။ တစ်လလောက်ဆို အသားအတိုင်းဖြစ်သွားမယ်။ အချို့တွေက မှဲ့ခြောက်၊ တင်းတိပ်ပျောက်တဲ့ တရုတ်လိမ်းဆေးတွေကို လိမ်းကြတယ်။ အဲဒါတွေက မျက်နှာအသားအရေကို ထိခိုက်ပါတယ်''ဟု လမင်းစန္ဒာ အလှပြုပြင်ရေးဆိုင်မှ မှဲ့ခြောက်ဖျောက်ပေးသူ တစ်ဦးက ပြောပါတယ်။
မျက်နှာပြင်ပေါ်က မှဲ့ခြောက်တွေကို ဈေးနှုန်းသက်သာစွာ နဲ့ ဖျောက်လိုတယ်ဆိုရင် မှဲ့ခြောက်တစ်လုံးကို ကျပ် ၂ဝဝနှုန်းဖြင့် အောင်သပြေ ၆ လမ်း၊ ၇ ရပ်ကွက် သာကေတမြို့နယ်ရှိ လမင်းစန္ဒာဆိုင်မှာ သွားရောက်ပြု လုပ်နိုင်မှာဖြစ်ပါတယ်။
သဘာဝနည်းနဲ့ မှဲ့ခြောက်တင်းတိပ်ကို သက်သာအောင်လုပ်မယ်
မှဲ့ခြောက်တွေပေါက်လို့ မျက်နှာမည်းနေတယ်။ လေဆာနဲ့လည်း မဖျက်ရဲတဲ့ သူတွေအတွက်ကတော့ သဘာဝသစ်သီးတွေကို သုံးပြီး ဖျက်နိုင်ပါတယ်။ သဘာဝသစ်သီးတွေထဲက ရှားစောင်းလက်ပပ်ကို မျက်နှာပေါ်တင်ထားခြင်းဖြင့် အမည်းစက်တွေက သက်သာ ပျောက်ကင်းနိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် အမျိုးသမီးတိုင်း လှပချောမွတ် အနာအဆာကင်းတဲ့ မျက်နှာလေး ပိုင်ဆိုင်နိုင်ဖို့ လေဆာစက်နဲ့ မှဲ့ခြောက်ဖျောက်နည်းလေးကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်
Friday, 15 January 2016
Home »
» မျက်နှာပေါ်ကအလှတွေကိုခြိမ်းခြောက်နေတဲ့မှဲ့ခြောက်များ
0 comments:
Post a Comment