စာရေးသူ၏ အဘိုး အဘွားများသည် အေးချမ်းသည့် ဆောင်းရာသီ ရောက် သည့်အခါတိုင်း ဓာတ်စာအဖြစ် ဆီးဖြူသီးနှင့် ငါးတစ်မျိုးမျိုးကို ချက်စားလေ့ ရှိသည်။ ပြုတ်၍ထောင်းပြီး သနပ်ပြုလုပ်၍လည်း စားသည်။ အစိမ်းလိုက် ငါးပိရည်ဖြင့် အတို့အမြုပ်ပြုလုပ်၍လည်း စားသည်၊ ဆီးဖြူ သီးစားခြင်းဖြင့် ဆောင်းရာသီတွင် ဖြစ်လေ့ရှိသော အသားပတ်ခြင်း၊ ကြာဆူးထွက်ခြင်း၊ နှုတ်ခမ်းကွဲခြင်း၊ လျှာတွင် အဖုပေါက်ခြင်းများ မဖြစ်နိုင်ဟု ဆိုသည်။
ဆီးဖြူသီးကို ငါးနှင့် ရောချက်စားလျှင် အလိုက်ဖက်ဆုံး ငါးမှာ ငါးပြေမဖြစ်သည်။ ဆီးဖြူသီးကို ပြုတ်၍ထောင်းထား၊ ငါးပြေမကို ဆီပြန်ချက်၊ ဆီမပြန်မီ မူလကပြုတ်ထားသော အစေ့လွတ်ဆီးဖြူသီး အသားများ ထည့်ချက်နိုင်ပါသည်။ အချို့ကလည်း ဟင်းရည်ဆမ်းစားရန် ရေစပ်စပ်ချန်၍ ချက်လေ့ရှိပါသည်။ ငါးပြေမနှင့် ဆီးဖြူသီးလိုက်ဖက်ရသည့် အကြောင်းမှာ ငါးပြေမသည် ငါးတကာတို့အနက် အချိုလွန်ကဲသော အရသာ လေးလေး ပင်ပင်ရှိသော ငါးတစ်မျိုးဖြစ်သောကြောင့်တည်း။
ဆီးဖြူသီးကို သူ့ချည်းဆီပြန်ချက်၍လည်း စားသုံးနိုင်ပါသည်။ ဆီပြန်ချက် နည်းမှာ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးခြောက်တို့ကို ညက် စွာ ထောင်းပါ။ ဆီးဖြူသီးကို နူးအောင်ပြုတ်ပီး အစေ့အသား ခွဲခြားထားပါ။
အသားကို ထောင်းထားပါ။ ထို့နောက် ဒယ်အိုး၌ ဆီထည့်၍ ဆီပူပြီး အငွေ့သေသော် နနွင်းမှုန့် အနည်းငယ်ထည့်ပါ၊ ထို့နောက် အမွေးအကြိုင်ကို ဆီသတ်ပါ။ ကျက်လုလုတွင် မူလက ထောင်းထားသော ဆီးဖြူသီးအသား များကို ထည့်ပါ၊ ဆားအနည်းငယ်ခပ်ပါ၊ မီးဖိုပေါ်တွင် ခေတ္တထားပြီး ချနိုင်ပါပြီ၊ ကြိုက်တတ်လျှင် ဆီသတ်ကတည်းက ခရမ်းချဉ်သီးအနည်းငယ် ထည့်ချက်နိုင် ပါသည်။ (မြန်မာအစာနှင့် အာဟာရ မြန်မာ့အသံ ဦးကျော်ဦး ဟောပြောချက် ၁၉၈၁ ခုနှစ်)
ဆီးဖြူသီးကို အညာသားတို၌က ရှားဖြူသီးဟုလည်း ခေါ်ကြသည်။ သနပ်ပြုလုပ်၍ စားကြသည်။ ငါးပိနှင့် ထောင်း၍လည်း စားကြ သည်။ ပေါများသည့် အချိန်တွင် အသီးကိုထုပြီး အခြောက်လှန်းထားကြသည်။ ရှားသည့်အခါတွင် ဆီးဖြူသီးခြောက်နှင့် အသားဟင်းများ ရောချက်စားလေ့ ရှိကြသည်။
ဆောင်းရာသီတွင် ပြင်ပဗဟိန္ဓတွင် အေးချမ်းသော်လည်း ဝမ်းတွင်း၌ အပူငုတ်လေ့ရှိသည်။ ခရီးသွားလျှင် ရေငတ်ပြီး အာခြောက်လေ့ရှိသည်၊ ဝမ်းတွင်းမှ အောင်းနေသောအပူများက အထက်သို့ ပြန်၍ဖြစ်သည်၊ ထိုသို့ဖြစ်လျှင် ဆီးဖြူသီးကိုဝါးစားပြီး ရေအေးသောက်လျှင် ချိုသောအရသာ လျှာပေါ်တွင်ပေါ်လာပီး ရေငတ်လည်း ပြေသွားလေ့ရှိသည်။
ယောအတွင်းဝန် ဦးဘိုးလှိုင်၏ ဥတုဘောဇနသင်္ဂဟ ကျမ်းတွင် ဆီးဖြူသီးသည် ကြစုသီးနှင့် အကျိုးတူ၏။ ရတ္တပိတ်နာ၊ မောဟနာကို နိုင်၏။ သုတ်ကို လွန်စွာ ပွားစေတတ်၏။ ရသာယနမျိုး (အသက်ရှည်ဆေး) ဖြစ်၏။
ချဉ်သောကြောင့် လေကိုနိုင်၏။ ချိုသောအေးသောကြောင့် သည်းခြေ ကို နိုင်၏။ အဆီမရှိ ဖန်သောကြောင့် သလိပ်ကို နိုင်၏။ ထို့ကြောင့် ဆီးဖြူသီးသည် ဒေါသသုံးပါးစလုံးကို နိုင်၏။ အသီးမျိုးတို့တွင် လူနှင့် အသင့်ဆုံးဖြစ်သည်။ ထမင်းစားခြင်း၏ အစ၊ အလယ်၊ အဆုံး သုံးပါးလုံးတွင် စားသင့်၏။ မပြတ်လည်း စားသင့်၏၊ ဆီးဖြူသီးစေ့အဆန်သည် သစ်ဆိမ့် ဆန်နှင့် အကျိုးတူ၏ဟု ဖော်ပြထားသည်ကို တွေ့ရသည်။
ထို့ပြင် ထိုကျမ်း၌ပင် ဆီးဖြူ၊ ကြစု၊ သစ်ဆိမ့် (တြိဖလသုံးပါး) ဤအသီး သုံးပါးတို့သည် သလိပ်၊ သည်းခြေကို နိုင်၏၊ ဝမ်းမီးကိုတောက်စေ၏၊ နှုတ်ကိုမြိန်စေတတ်၏၊ မျက်စိနှင့်သင့်၏၊ ခံတွင်း၌ ပျံ့နှံ့ လွယ်၏၊ မောဟ နာ၊ နူနာ၊ ချမ်းဖျား တုန်ဖျားတို့ကို နိုင်၏ဟု ထပ်မံပြဆိုထားသည်။ ဆီးဖြူသီး သည် အလွန်ဆေးဖက်ဝင်သော အသီးမျိုးဖြစ်သည်၊ ဆောင်းဥတုတွင် ဆီးဖြူသီးကို နေ့စဉ် စားသုံးပေးခြင်းဖြင့် ကိုယ်တွင်းအောင်းသော အပူကိုနိုင်ပြီး လျှာ၊ နှုတ်ခမ်း၊ ပါးစပ်တွင် အနာထွက်ခြင်း၊ လေပူချောင်း ဆိုးခြင်း၊ ခံတွင်းပျက်ခြင်းများ ပျောက်ကင်းစေနိုင်သည့်အပြင် ဆီးပူခြင်း၊ ခါးနာခါးကိုက်ခြင်း၊ မီးယပ်ဖြူဆင်းခြင်း၊ အရေပြားအကွက်ထွက်ခြင်း၊ အသားပတ်ခြင်း၊ ကွဲအက်ခြင်းများပါ သက်သာပျောက်ကင်းစေနိုင်ပေသည်။
ရုက္ခဗေဒပညာအရ ဆီးဖြူသီးပင်သည် ကြစုမျိုးရင်းဝင်ဖြစ်ပြီး ရွက်ကြွေ ပင်လတ်မျိုးဖြစ်သည်၊ ပေ ၃၀ ခန်၌အထိမြင့်ပြီး ပင်စည်တွင် အညိုရောင် အပွေးအခေါက်များရှိသည်။ ကိုင်းဖြာသည်။ အရွက်သည် ဆူးပုပ်ရွက်နှင့် တူသော်လည်း ရွက်ပြားပို၍ ကြီးသည်။ အပွင့်သည် စိမ်းဝါရောင်၊ အဆုပ် လိုက်ပွင့်၍ မြန်မာလို ပြာသို၊ တပို့တွဲလများတွင် ပွင့်သည်။ အသီး သည် ပြောင်ချော၍ အဝါနုရောင်ရှိသည်။ မြန်မာနိုင်ငံ တစ်ဝန်လုံး တွင် ပေါက်ရောက်သည်။ အထူးသဖြင့် အထက်မြန်မာပြည်နှင့် သမအေးပိုင်း ဒေသတွင် အမြောက်အမြား ပေါက်ရောက်သည်၊
ဆီးဖြူသီးသည် အသီး၊ အရွက်၊ အခေါက်၊ အစေ့များ အားလုံးဆေးဖက်ဝင် သည်။ အထူးသဖြင့် အသီးကို အသက်ရှည်ဆေးအဖြစ် သတ်မှတ်ထားသည်။
အနောက်တိုင်းဆေးပညာတွင်လည်း ဗီတာမင်စီဓာတ် အကြွယ်ဝဆုံး အသီးအဖြစ် ဖော်ပြထားသည်။ ထူးခြားသော ဆေးဖက်ဝင်အသုံးပြုပုံများမှာ-
၁။ သွေးဝမ်းသွားလျှင် ဆီးဖြူသီး အစိမ်းကိုထောင်း အရည်ညှစ်ယူ၍ သံပရာ ရည်နှင့် ရော၍ သောက်လျှင် လျင်မြန်စွာ သက်သာစေနိုင်သည်။
၂။ ဆီးဖြူသီး အခြောက်ကို သွေး၍ သံပရာရည်နှင့် ရောစပ်ပြီး အရေပြား တွင် ပေါက်သော ပွေး၊ ဝဲ၊ ညှင်းများ ပေါ်တွင် လိမ်းလျှင် ပျောက်ကင်းစေနိုင် သည်။
၃။ ဆီးဖြူသီးခြောက်နှင့် ငါးရှဥ့်ကို ရောချက်စားပါက သွေးဝမ်းကိုက် ရောဂါကို သက်သာစေနိုင်သည်။
၎။ နှာခေါင်းသွေးလျှံလျှင် ဆီးဖြူသီးအစိုကို ကြိတ်၍ ငတ်ထိပ်အုံးပေးပါက သက်သာစေနိုင်သည်။
၅။ ဆီးဖြူသီးပင် အသီး၊ အရွက်၊ အခေါက် ပဉ္စငါးပါးကို ပြုတ်ပြီး ငုံပေးပါက သွားဖုံးရောင်၊ ရေစီးကမ်းပြိုနာ၊ လျှာနာ၊ ပါးစပ်နာများ ပျောက်ကင်းနိုင်သည်။
၆။ တောဆီးဖြူ သို့မဟုတ် တောင်ဆီးဖြူ၊ မြေဆီးဖြူ ပဉ္စငါးပါးကို ပြုတ် ၍ သောက်ပါက ဆီးချိုရောဂါကို သက်သာပျောက်ကင်းစေနိုင်သည်။
၇။ မီးလောင်၊ ရေနွေးပူလောင်သော အနာများပေါ်တွင် ဆီးဖြူသီးခြောက် ဆီးဖြူရွက်တို့ကို အကျွမ်းလှော်ပြီး အမှုန့်ဖြူးပေးလျှင် သက်သာစေနိုင်သည်။
၈၊ ဆီးဖြူသီးနှင့် ငါးပြေမ ရောချက်စားလျှင် ခံတွင်းပျက်နာကို ပျောက် ကင်းစေပြီး နှုတ်မြိန်စေနိုင်သည်။
၉။ ဆီးဖြူသီးခြောက်နှင့် ထန်းနို့ခြောက်ကို ရော၍ ပြာချပြီး အုန်းဆီနှင့် လိမ်းလျှင် အရေပြားတွင်ဖြစ်သော နှင်းခူနာကို သက်သာစေနိုင်သည်။
၁၀။ ဆီးဖြူသီးခြောက်ကို အမှုန့်ပြု၍ သိန္ဓောဆားနှင့် ရော၍ လျက်ပေးလျှင် အသံပျက်၊ အသံဝင်ရောဂါ ပျောက်စေနိုင်သည်။
၁၁။ ဆီးဖြူသီး၊ ရှောက်သီးနှင့် ထန်းလျှက်တို့ကို ဆားပုပ်အနည်းငယ်ထည့်၍ ယိုထိုးစားလျှင် အစာအိမ် လေထိုးလေအောင့် ရောဂါ ပျောက်ကင်းသည်။
၁၂။ ဆီးဖြူသီးကို ထောင်း၍ ဆန်ဆေးရည်နှင့်စိမ်ပြီး သောက်လျှင် ဆီးအောင့်၊ ဆီးကျောက်တည်ရောဂါ သက်သာပျောက်ကင်းစေနိုင်သည်။
credit - မြဝတီ
်
Monday, 25 January 2016
Home »
» ဆီးဖြူသီး၏ထူးခြားသောဆေးဖက်ဝင်အာနိသင်များ
0 comments:
Post a Comment