<< Zawgyi Version >>
မနက်အိပ်ရာထတာနဲ့ ဗိုက်အမြဲဆာနေပြီး ထမင်းစားပြီးလည်း မတင်းတိမ်နိုင်ဘဲ မုန့်တွေအမြဲမပြတ် စားချင်နေခြင်း ၊ ညဘက်တွေမှာလည်း ဗိုက်အမြဲဆာပြီး သရေစာတွေ ရှာစားခြင်း ၊ အစားအသောက်ပုံတွေမြင်ရုံနဲ့ စားချင်စိတ်ဖြစ်လာခြင်း စတဲ့လက္ခဏာတွေ ဘာကြောင့်ဖြစ်ပေါ်ရသလဲဆိုတာ ဖတ်ကြည့်ကြရအောင်။
၁။ အိပ်ရေးမ၀ခြင်း
ညဘက် အိပ်ရေးမ၀တာဟာ သင့်ကို ပင်ပန်းနွမ်းနယ်စေရုံသာမက အချိန်ပြည့် ဆာလောင်နေစေပါတယ်။ အိပ်ရေးမ၀တဲ့သူတစ်ယောက်က ကယ်လိုရီများတဲ့အစားအစာတွေဖြစ်တဲ့ ရယ်ဒီမိတ်ထုပ်တွေ ၊ အချိုရည်တွေကို စားသောက်ချင်စိတ် နှစ်ဆပိုတိုးစေပါတယ်။ အိပ်ရေးမ၀ခြင်းက သင့်ခနာကိုယ်ရှိ အစာစားချင်စိတ်ကို ဖြစ်စေတဲ့ ဟော်မုန်းကို လှုံ့ဆော်ပေးတာကြောင့် သင့်ကို အ၀လွန်စေပါတယ်။ လေ့လာမှုတစ်ခုအရ တစ်ရက်ကို ငါးနာရီသာ အိပ်စက်အနားယူသူဟာ ရှစ်နာရီ အိပ်သူထက် အ၀လွန်မှု ရာခိုင်နှုန်း ငါးဆယ်ရာခိုင်နှုန်းပိုစေပါတယ်။ ဒါကြောင့် မလိုအပ်ဘဲ ၀ိတ်မတက်စေဖို့ အချိန်လုံလုံလောက်လောက် အိပ်စက်အနားယူဖို့ လိုအပ်ပါတယ်။
သင် မနက်ထတာနဲ့ မခံမရပ်နိုင်အောင် ဗိုက်တွေတအားဆာနေသလား။ မနေ့က ညနေစာ ဘာစားခဲ့သလဲဆိုတာ အမှတ်ရပါ။ တကယ်လို့ ပီဇာ ၊ ကြက်သွန်ဖြူပေါင်မုန့် ကတ်မုန့်တွေသာစားထားမယ်ဆိုရင် သင့်ခန္ဓာကိုယ်ထဲ သကြားဓာတ်ပမာဏကို အလွန်အမင်း တိုးစေရုံသာမက ပုံမှန်ထက်ပိုပြီး လျော့ကျစေပါတယ်။ ခနာကိုယ်ထဲ သကြားဓာတ်နည်းနေခြင်းက ဂလူးဂို့စ်ကို ပိုမိုတောင့်တစေတဲ့အတွက် အစာစားချင်စိတ်ကို လျင်လျင်မြန်မြန်ဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် ညနေစာကို ကစီဓာတ်များတဲ့ ပီဇာ ၊ ဆန်အညို ၊ ပေါင်မုန့် ၊ ပါစတာ စတဲ့ အစားအစာတွေထက် ပရိုတိန်းဓာတ်ပါတဲ့ အသား ၊ ငါး ၊ မြေပဲ စတာတွေ စားပေးဖို့ လိုပါတယ်။
ညဘက် အသောက်များခြင်းက နောက်တစ်နေ့မနက်မှာ သင့်ကို ငြီးစီစီဖြစ်စေရုံသာမက ဆာလောင်မှုကိုပါ ဖြစ်စေပါတယ်။ အရက် ၊ ၀ိုင်တွေကို ခြေဖျက်ဖို့ အသည်းက အချိန်အများကြီးယူရပါတယ်။ အဲ့အတွက်ကြောင့် ဦးနှောက်က လိုအပ်တဲ့ ဂလူးဂို့စ်ကို အချိန်မှီမပို့ပေးနိုင်တာကြောင့် သင်မနက် နိုးနိုးချင်းမှာ ဂလူးဂို့စ်ကို အမြန်ဆုံးလိုအပ်နေကြောင်း ဗိုက်ဆာခြင်းဖြင့် သတိပေးနေတာပဲ ဖြစ်တယ်။
၎။ ရေကို လုံလုံလောက်လောက် မသောက်သုံးခြင်း
သင့်ခန္ဓာကိုယ်မှာ ရေဓာတ်ခန်းခြောက်နေမယ်ဆိုရင် ခနာကိုယ်ကဟော်မုန်းတစ်မျိုး ထုတ်လွှတ်ပေးမှုကြောင့် ရေသာမက အခြားသရေစာတွေကိုပါ အာသီသ ပြင်းပြစေပါလိမ့်မယ်။ လူ့ကိုယ်ခန္ဓာရဲ့ ၆၀ ရာခိုင်နှုန်းက ရေတွေနဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။ အကယ် ရေဓာတ်ခန်းခြောက်နေမယ်ဆိုရင် သင်က စိတ်ရောကိုယ်ပါ ပင်ပန်းခြင်း ၊ စိတ်အလိုမကျဖြစ်ခြင်းတို့ကို ခံစားလာရပြီး ဒီခံစားမှုတွေကတစ်ဆင့် သင့်ကို အစာစားဖို့ ပိုမို တွန်းအားပေးနေပါတယ်။
၅။ ထမင်းတနပ်မှာ ဟင်းအမယ်အများကြီးစားသုံးခြင်း
ထမင်းနပ်တနပ်မှာပဲ ဟင်းအမျိုးအမည် အများကြီးစားသုံးခြင်းက ထမင်းတစ်ပန်းကန်မက ပိုစားချင်စိတ်ကို ဖြစ်စေပါတယ်။ ဟင်းတစ်မျိုး နှစ်မျိုးတည်းနဲ့သာ စားမယ်ဆိုရင် သင့်ကို ငြီးငွေ့လာစေပြီး ပုံမှန်စားနေကျ ပမာဏကိုသာ စားသုံးစေပါလိမ့်မယ်။ ဒါပေမယ့် ဘူဖေးလိုမျိုး ဟင်းတွေ အများကြီးနဲ့သာဆိုရင် ဗိုက်ပြည့်နေရင်တောင်မှ ပိုပိုပြီး စားချင်နေစေပါလိမ့်မယ်။
၆။ အစားကို ကမန်းကတမ်း စားသုံးခြင်း
ထမင်းကို အချိန်ကောင်းကောင်းမပေးဘဲ ကမန်းကတမ်းစားလိုက်မယ်ဆိုရင် ဗိုက် အမြန်ပြည့်စေပေမယ့် ဦးနှောက်ကို သတင်းပို့ရာမှာတော့ အချိန်ယူရပါတယ်။ ဒါကြောင့်မို့လို့ အစာကို ဆက်တိုက်မစားဘဲ ထမင်းနပ် တစ်နပ်နဲ့ တစ်နပ်အကြားမှာ အချိန်ခြားပြီး စားသုံးသင့်ပါတယ်။
Credit - Buzz Feed
<< Unicode Version >>
မနက်အိပ်ရာထတာနဲ့ ဗိုက်အမြဲဆာနေပြီး ထမင်းစားပြီးလည်း မတင်းတိမ်နိုုင်ဘဲ မုန့်တွေအမြဲမပြတ် စားချင်နေခြင်း ၊ ညဘက်တွေမှာလည်း ဗိုက်အမြဲဆာပြီး သရေစာတွေ ရှာစားခြင်း ၊ အစားအသောက်ပုံတွေမြင်ရုံနဲ့ စားချင်စိတ်ဖြစ်လာခြင်း စတဲ့လက္ခဏာတွေ ဘာကြောင့်ဖြစ်ပေါ်ရသလဲဆိုုတာ ဖတ်ကြည့်ကြရအောင်။
၁။ အိပ်ရေးမဝခြင်း
ညဘက် အိပ်ရေးမဝတာဟာ သင့်ကိုု ပင်ပန်းနွမ်းနယ်စေရုုံသာမက အချိန်ပြည့် ဆာလောင်နေစေပါတယ်။ အိပ်ရေးမဝတဲ့သူတစ်ယောက်က ကယ်လိုရီများတဲ့အစားအစာတွေဖြစ်တဲ့ ရယ်ဒီမိတ်ထုုပ်တွေ ၊ အချိုရည်တွေကိုု စားသောက်ချင်စိတ် နှစ်ဆပိုုတိုုးစေပါတယ်။ အိပ်ရေးမဝခြင်းက သင့်ခနာကိုုယ်ရှိ အစာစားချင်စိတ်ကိုု ဖြစ်စေတဲ့ ဟော်မုုန်းကိုု လှုံ့ဆော်ပေးတာကြောင့် သင့်ကိုု အဝလွန်စေပါတယ်။ လေ့လာမှုတစ်ခုုအရ တစ်ရက်ကိုု ငါးနာရီသာ အိပ်စက်အနားယူသူဟာ ရှစ်နာရီ အိပ်သူထက် အဝလွန်မှု ရာခိုုင်နှုန်း ငါးဆယ်ရာခိုုင်နှုန်းပိုုစေပါတယ်။ ဒါကြောင့် မလိုုအပ်ဘဲ ၀ိတ်မတက်စေဖိုု့ အချိန်လုံုလုံုလောက်လောက် အိပ်စက်အနားယူဖိုု့ လိုုအပ်ပါတယ်။
၂။ ညနေဘက်မှာ ကစီဓာတ်များတဲ့ အစားအစာ အစားများခြင်း
သင် မနက်ထတာနဲ့ မခံမရပ်နိုုင်အောင် ဗိုုက်တွေတအားဆာနေသလား။ မနေ့က ညနေစာ ဘာစားခဲ့သလဲဆိုုတာ အမှတ်ရပါ။ တကယ်လိုု့ ပီဇာ ၊ ကြက်သွန်ဖြူပေါင်မုုန့် ကတ်မုုန့်တွေသာစားထားမယ်ဆိုုရင် သင့်ခန္ဓာကိုုယ်ထဲ သကြားဓာတ်ပမာဏကိုု အလွန်အမင်း တိုုးစေရုံုသာမက ပုံုမှန်ထက်ပိုုပြီး လျော့ကျစေပါတယ်။ ခနာကိုုယ်ထဲ သကြားဓာတ်နည်းနေခြင်းက ဂလူးဂိုု့စ်ကုုိ ပိုုမိုုတောင့်တစေတဲ့အတွက် အစာစားချင်စိတ်ကိုု လျင်လျင်မြန်မြန ်ဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် ညနေစာကိုု ကစီဓာတ်များတဲ့ ပီဇာ ၊ ဆန်အညို ၊ ပေါင်မုုန့် ၊ ပါစတာ စတဲ့ အစားအစာတွေထက် ပရိုုတိန်းဓာတ်ပါတဲ့ အသား ၊ ငါး ၊ မြေပဲ စတာတွေ စားပေးဖိုု့ လိုုပါတယ်။
၃။ သူငယ်ချင်းအပေါင်းအသင်းများနဲ့ ညထွက်လည်မှုများခြင်း
ညဘက် အသောက်များခြင်းက နောက်တစ်နေ့မနက်မှာ သင့်ကို ငြီးစီစီဖြစ်စေရုံုသာမက ဆာလောင်မှုကိုုပါ ဖြစ်စေပါတယ်။ အရက် ၊ ၀ိုုင်တွေကိုု ခြေဖျက်ဖိုု့ အသည်းက အချိန်အများကြီးယူရပါတယ်။ အဲ့အတွက်ကြောင့် ဦးနှောက်က လိုုအပ်တဲ့ ဂလူးဂိုု့စ်ကိုု အချိန်မှီမပိုု့ပေးနိုုင်တာကြောင့် သင်မနက် နိုုးနိုုးချင်းမှာ ဂလူးဂိုု့စ်ကိုု အမြန်ဆုံုးလိုုအပ်နေကြောင်း ဗိုုက်ဆာခြင်းဖြင့် သတိပေးနေတာပဲ ဖြစ်တယ်။
၄။ ရေကိုု လုံုလုံုလောက်လောက် မသောက်သုံုးခြင်း
သင့်ခန္ဓာကိုုယ်မှာ ရေဓာတ်ခန်းခြောက်နေမယ်ဆိုုရင် ခနာကိုုယ်ကဟော်မုုန်းတစ်မျိုး ထုုတ်လွှတ်ပေးမှုကြောင့် ရေသာမက အခြားသရေစာတွေကိုုပါ အာသီသ ပြင်းပြစေပါလိမ့်မယ်။ လူ့ကိုုယ်ခန္ဓာရဲ့ ၆၀ ရာခိုုင်နှုန်းက ရေတွေနဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။ အကယ် ရေဓာတ်ခန်းခြောက်နေမယ်ဆိုုရင် သင်က စိတ်ရောကိုုယ်ပါ ပင်ပန်းခြင်း ၊ စိတ်အလိုုမကျဖြစ်ခြင်းတုုိ့ကိုု ခံစားလာရပြီး ဒီခံစားမှုတွေကတစ်ဆင့် သင့်ကိုု အစာစားဖိုု့ ပိုုမိုု တွန်းအားပေးနေပါတယ်။
၅။ ထမင်းတနပ်မှာ ဟင်းအမယ်အများကြီးစားသုံုးခြင်း
ထမင်းနပ်တနပ်မှာပဲ ဟင်းအမျိုးအမည် အများကြီးစားသုံုးခြင်းက ထမင်းတစ်ပန်းကန်မက ပိုုစားချင်စိတ်ကိုု ဖြစ်စေပါတယ်။ ဟင်းတစ်မျိုး နှစ်မျိုးတည်းနဲ့သာ စားမယ်ဆိုုရင် သင့်ကိုု ငြီးငွေ့လာစေပြီး ပုံုမှန်စားနေကျ ပမာဏကိုုသာ စားသုံုးစေပါလိမ့်မယ်။ ဒါပေမယ့် ဘူဖေးလိုုမျိုး ဟင်းတွေ အများကြီးနဲ့သာဆိုုရင် ဗိုုက်ပြည့်နေရင်တောင်မှ ပိုုပိုုပြီး စားချင်နေစေပါလိမ့်မယ်။
၆။ အစားကိုု ကမန်းကတမ်း စားသုံုးခြင်း
ထမင်းကိုု အချိန်ကောင်းကောင်းမပေးဘဲ ကမန်းကတမ်းစားလိုုက်မယ်ဆိုုရင် ဗိုုက် အမြန်ပြည့်စေပေမယ့် ဦးနှောက်ကိုု သတင်းပိုု့ရာမှာတော့ အချိန်ယူရပါတယ်။ ဒါကြောင့်မိုု့လိုု့ အစာကိုု ဆက်တိုုက်မစားဘဲ ထမင်းနပ် တစ်နပ်နဲ့ တစ်နပ်အကြားမှာ အချိန်ခြားပြီး စားသုံုးသင့်ပါတယ်။
Credit - Buzz Feed
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
0 comments:
Post a Comment