ဓာတ်ဆားမှုန့်ဆိုတာ ဝမ်းပျက်ဝမ်းလျှောခြင်းနဲ့အကြောင်းအမျိုးမျိုးကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ ရေဓာတ်နဲ့ဓာတ်ဆားများ လျော့နည်းခြင်းအတွက် ရေနဲ့ ဖျော်သောက်တာပါ။ အခုလို အလွန်ပူပြင်းတဲ့အချိန်မှာ ချွေးထွက်လို့ဆုံးရှုံးသွားတဲ့ ရေနဲ့ဆားဓာတ်တွေ ပြန်လည်ဖြည့်တင်းဖို့ အကောင်းဆုံးပါပဲ။
မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံက ထုတ်လုပ်တဲ့ ဓာတ်ဆား၊ နိုင်ငံတကာမှ တင်သွင်းရောင်းချတဲ့ ဓာတ်ဆားမျိုးစုံအပြင် ဈေးကွက်ထဲမှာ ရိုးရိုးဓာတ်ဆားနဲ့ သစ်သီးစုံဓာတ်ဆားများ
အများအပြား ရောင်းချနေပြီး တမျိုးနဲ့တမျိုး အာနိသင် သိသာစွာ ကွာခြားခြင်း မရှိပါဘူး။ အရည်အသွေးပြည့်ဝပြီး ကြာရှည်အထားခံတာကတော့ မြန်မာနိုင်ငံဆေးဝါးစက်ရုံကထုတ်တဲ့ ဓာတ်ဆားပါပဲ။ ဓာတ်ဆားထုတ် ဝယ်တဲ့အခါ ပထမဆုံးကြည့်သင့်တာက သက်တမ်းကုန်ဆုံးရက်ပါ။ လတ်ဆတ်မှုရှိမရှိ လှုပ်ကြည့်ရပါမယ်။ ကပ်နေရင် (သို့) အထဲက ဓာတ်ဆားမှုန့် အရောင်ပြောင်းနေရင် လုံးဝမသောက်သင့်ပါဘူး။
ဓာတ်ဆားတစ်ထုပ်ကို ရေကျက်အေး (သို့) တစ်လီတာ ရေသန့်တစ်ဘူးနဲ့ဖျော်ရမှာပါ။ ရေနွေးနဲ့မဖျော်ရသလို ရေခဲသေတ္တာထဲက ရေအေးနဲ့လဲမဖျော်သင့်ပါဘူး။ ဓာတ်ပျယ်သွားတတ်ပါတယ်။
ဓာတ်ဆားထုတ်ကို အေးပြီးခြောက်သွေ့တဲ့နေရာမှာ ထားသိုရမှာဖြစ်ပြီး နေရောင်ခြည် တိုက်ရိုက်ထိတွေ့တဲ့နေရာတွေမှာ မထားသင့်ပါဘူး။ ဓာတ်ဆားရည်ကို ဖျော်ပြီး ၂၄ နာရီအတွင်း ကုန်အောင် သောက်သင့်ပါတယ်။
ပုံမှန်အားဖြင့် ဓာတ်ဆားကို တစ်ရက်အများဆုံး နှစ်ထုတ်ပဲ သောက်သင့်ပါတယ်။ နှစ်ထုတ်ထက် ပိုသောက်မိရင် ခန္ဓာကိုယ်က ပိုနေမဲ့ ဆားဓာတ်ကို မစွန့်ထုတ်နိုင်ပဲ သွေးတိုးရောဂါ ဖြစ်တတ်လို့ပါ။
ဓာတ်ဆားထုတ်ကို ဆီးချို၊ သွေးတိုးရှိသူတွေ ဆရာဝန်ညွှန်ကြားချက်နဲ့မှ သောက်သင့်ပါတယ်။
Credit-မိုမိုလေး
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
0 comments:
Post a Comment