<< Zawgyi Version >>
<< Unicode Version >>
သင့်မျက်နှာမှာ ဆားဝက်ခြံနဲ့ မှဲ့ခြောက်တွေ ရှိလို့ စိတ်ညစ်နေပါသလား ၊ မျက်နှာသစ်ဆေးတွေ သုံးလည်း မပျောက်ဘဲ မိတ်ကပ်လူးတဲ့အခါရော သိသိသာသာ ဖြစ်နေပါသလား၊ အလွယ်ကူဆုံးနည်းလမ်းနဲ့ ဆားဝက်ခြံနဲ့ မှဲ့ခြောက်တွေ ပျောက်စေဖို့အတွက် ကူညီပေးပါ့မယ်၊ လွယ်ကူလျင်မြန်တဲ့ နည်းလေး ဖြစ်တာကြောင့် ဆားဝက်ခြံနဲ့ မှဲ့ခြောက်တွေရှိနေတာကို စိတ်ပူစရာမလိုတော့ပါဘူး၊ အမြန်ဆုံး ရှင်းလင်းလိုက်ရအောင် ...
အလွယ်ကူဆုံး ဆားဝက်ခြံသက်သာစေမယ့်နည်း
သံပုရာရည် နဲ့ Baking Soda တို့ကို ရောဖျော်ပြီး ခရင်အဖြစ်ပြုလုပ်ပါ။ ထို့နောက် ဆားဝက်ခြံရှိသောနေရာတွေကို လူးပေးပါ။ မိနစ် ၂၀ ခန့်ထားပြီး ရေအေးနဲ့ ဆေးပေးလိုက်ခြင်းဖြင့် ဆားဝက်ခြံတွေကို သိသိသာသာ ပျောက်ကင်းသက်သာစေမှာပါ ။
လွယ်ကူသည့် မှဲ့ခြောက်ဖယ်ရှားနည်း
သင့်မျက်နှာမှာ မှဲ့ခြောက်တွေ ရှိနေရင်တော့ တကယ်စမ်းလုပ်ကြည့်ပါ၊ ချွေးပေါက်တွေပွင့်သွားစေဖို့ ရေနွေးနွေးနဲ့ မျက်နှာသစ်ပေးပါ။ ပြီးရင် Baking Soda တစ်ဆ ၊ သွားတိုက်ဆေး တစ်ဆနှင့် ရေနှစ်ဆကို ပန်းကန်ပြားထဲမှာရောလိုက်ပါ။ မှဲ့ခြောက်များရှိသည့်နေရာကို သွားပွတ်တံအဟောင်း ဖြင့် ပွတ်တိုက်ပေးပါ။ ထပ်ပြီး သေသေချာချာပွတ်တိုက်ပေးပါ။ နေ့စဉ်ညအိပ်ရာမဝင်ခင်တိုင်း ပြုလုပ်ပေးပါက မှဲ့ခြောက်များသိသိသာသာ ပျောက်သွားမှာဖြစ်ပါတယ်။
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
0 comments:
Post a Comment