အတုမရွိဗုဒၶျမတ္စြာဘုရား

အတုမရွိဗုဒၶျမတ္စြာဘုရား

Saturday, 9 July 2016

ပန္းေသ၊ပန္းညွိဳးေရာဂါနွင့္ဆက္စပ္ေနေသာအခ်က္မ်ား




<<< Zawgyi Version >>>

စိတ္ဓာတ္က်ျခင္း

စိတ္ဓာတ္က်ေနသူမွာ ပန္းေသပန္းညႈိးေရာဂါလုိ႔ေခၚတဲ့ Erectile Dysfunction (ED) ဆိုတာ ျဖစ္တတ္ပါတယ္။ စိတ္ဓာတ္က်ျခင္းေၾကာင့္ ကာမပိုင္းဆိုင္ရာ စိတ္အားထက္သန္မႈ ေလ်ာ့နည္းသြားၿပီး အမ်ိဳးသားေတြရဲ႕ လိင္မႈေရးရာ စြမ္းေဆာင္ႏိုင္မႈ က်လာနိုင္ပါတယ္။ ဒါ့အျပင္ စိတ္က်ေရာဂါမွာ အသံုးျပဳတဲ့ ေဆး၀ါးမ်ားကလည္း ကာမဆက္ဆံရာတြင္ ၿပီးေျမာက္ျခင္း (Orgasm) ကိုေႏွာင့္ေႏွးေစပါတယ္။

အရက္အလြန္အကၽြံေသာက္ျခင္း

အရက္အသင့္အတင့္ ေသာက္သံုးျခင္းက ႏွလံုးေရာဂါျဖစ္ပြားႏႈန္းကို ေလ်ာ့ခ်ေပးႏုိင္တယ္ ဆုိေပမယ့္ အလြန္အကၽြံ ေသာက္သံုးပါက ကာမဆႏၵၿပီးေျမာက္ျခင္းကို အေႏွာင့္အယွက္ျဖစ္ေစမွာ ျဖစ္ပါတယ္။

ေဆး၀ါးမ်ားသံုးစြဲျခင္း

ပန္းေသပန္းညႈိးေရာဂါကို ျဖစ္ေပၚေစတဲ့ အေၾကာင္းအရင္းမ်ားထဲမွာ အသံုးမ်ားတဲ့ ေဆး၀ါးေတြျဖစ္တဲ့ အကိုက္အခဲ ေပ်ာက္ေဆးႏွင့္ ေသြးတိုးက်ေဆးေတြ ပါ၀င္ပါတယ္။ ဒါ့အျပင္ အက္ဖက္တမင္း (Amphetamines)၊ ကိုကင္း (Coacine)ႏွင့္ ေဆးေျခာက္ စတဲ့မူးယစ္ေဆး၀ါးမ်ား သံုးစြဲျခင္းကလည္း အမ်ိဳးသားမ်ားရဲ႕ စြမ္းေဆာင္ရည္ကို နိမ့္က်ေစပါတယ္။

စိတ္ဖိစီးမႈမ်ားျခင္း၊ စိတ္ပူပန္ျခင္း

ပန္းေသပန္းညႈိးေရာဂါျဖစ္ေနတဲ့ အမ်ိဳးသားေတြကို စိတ္ပုိင္းဆုိင္ရာ ျပန္လည္သံုးသပ္မႈေတြျပဳလုပ္တဲ့ အခါမွာ စိတ္ဖိစီးမႈကလည္း အေၾကာင္းရင္းတစ္ရပ္ ျဖစ္ေနတာကို ေတြ႕ရပါတယ္။ ရက္ပိုင္းအတြင္း ႏွစ္ရက္ - သံုးရက္ေလာက္ ပန္းညႈိးတာကို ခံစားေနရၿပီဆုိရင္ေတာ့ စိတ္ဖိစီးမႈေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ ဒါ့ေၾကာင့္ စိတ္တည္ၿငိမ္ေအးၿငိမ္းမႈ ရရွိေအာင္ တရားထုိင္ျခင္း၊ သီးခ်င္းနားေထာင္ျခင္း၊ ကိုယ္လက္လႈပ္ရွားမႈ ျပဳလုပ္ျခင္း တို႔ကို ျပဳလုပ္သင့္ပါတယ္။

ေဒါသထြက္ျခင္း

ပန္းမညႈိးဖို႔က ေသြးေထာက္ပံ့မႈ အေပၚမွာလည္း မူတည္ေနပါတယ္။ ေဒါသထြက္ျခင္းက လိင္တံဆီသို႔ ေသြးေၾကာ ေထာက္ပံ့မႈ အားနည္းသြားၿပီး စိတ္သြားတိုင္း ကိုယ္မပါျဖစ္ေစပါတယ္။

အ၀လြန္ျခင္း

ဘယ္အသက္အရြယ္မွာပဲ ျဖစ္ျဖစ္ က်န္းမာတဲ့ ကိုယ္အေလးခ်ိန္ရွိေအာင္ ထိန္းသိမ္းသင့္ပါတယ္။ အ၀လြန္ျခင္းေၾကာင့္ မိမိကိုယ္ကိုယ္ ယံုၾကည္မႈေပ်ာက္ဆံုးလာ႐ံု သာမက လိင္ကိစၥ စြမ္းေဆာင္ရည္ကိုပါ က်ဆင္းလာေစပါတယ္။ အ၀လြန္တဲ့ အမ်ိဳးသားေတြမွာ အမ်ိဳးသားေဟာ္မုန္း တက္စတိုစတီး႐ုန္းပမာဏ နည္းပါးလာတာေၾကာင့္ ပန္းေသပန္းညႈိး ျဖစ္နိုင္ပါတယ္။

႐ုပ္ရည္သြင္ျပင္

မိမိ၏႐ုည္ရည္သြင္ျပင္ႏွင့္ ပတ္သက္၍ ကိုယ့္ကိုယ္ကို ယံုၾကည္မႈရွိပါ။ မိမိ၏႐ုပ္ရည္သြင္ျပင္ အေပၚမွာ စိတ္ပူပန္မႈ ရွိျခင္းေၾကာင့္လည္း လိင္မႈကိစၥမွာ စြမ္းေဆာင္ရည္က်နိုင္ပါတယ္။

က်န္းမာေရး

အမ်ိဳးသားအဂၤါဆီကို သြားတဲ့ေသြးေၾကာေထာက္ပံ့မႈႏွင့္ အာ႐ံုေၾကာေထာက္ပံ့မႈကို ခ်ိဳ႕ယြင္းေစတဲ့ ဆီးခ်ိဳေရာဂါ၊ ေသြးတိုးေရာဂါရွိသူမ်ား၊ ေဆးလိပ္ေသာက္သူမ်ား၊ ေက်ာ႐ိုးမႀကီး ထိခိုက္ဒဏ္ရာရသူေတြမွာ ပန္းေသပန္းညႈိးေရာဂါ (ED) ျဖစ္ႏုိင္ပါတယ္။

ဘယ္လိုေျဖရွင္းႀကမလဲ

ဒီျပႆနာဟာ အမ်ိဳးသားေတြအတြက္ အေရးႀကီးတဲ့ ကိစၥတစ္ခုျဖစ္ပါတယ္။ ဒီလိုၾကံဳလာရင္ ရွက္ေနရံုနဲ႔ မၿပီးတဲ့အတြက္ ဆရာ၀န္နဲ႔ေသခ်ာ တိုင္ပင္ေဆြးေႏြးသင့္ပါတယ္။ ဒါမွသာျပႆနာရဲ႕ အရင္းအျမစ္ကို ေသခ်ာသိၿပီး လိုအပ္တဲ့ကုသမႈ ခံယူနိုင္မွာျဖစ္ပါတယ္။

<<< Unicode Version >>>

ပန်းသေပန်းညှိုးရောဂါနှင့် ဆက်စပ်နေသော အချက်များ

စိတ်ဓာတ်ကျခြင်း

စိတ်ဓာတ်ကျနေသူမှာ ပန်းသေပန်းညှိုးရောဂါလို့ခေါ်တဲ့ Erectile Dysfunction (ED) ဆိုတာ ဖြစ်တတ်ပါတယ်။ စိတ်ဓာတ်ကျခြင်းကြောင့် ကာမပိုင်းဆိုင်ရာ စိတ်အားထက်သန်မှု လျော့နည်းသွားပြီး အမျိုးသားတွေရဲ့ လိင်မှုရေးရာ စွမ်းဆောင်နိုင်မှု ကျလာနိုင်ပါတယ်။ ဒါ့အပြင် စိတ်ကျရောဂါမှာ အသုံးပြုတဲ့ ဆေးဝါးများကလည်း ကာမဆက်ဆံရာတွင် ပြီးမြောက်ခြင်း (Orgasm) ကိုနှောင့်နှေးစေပါတယ်။

အရက်အလွန်အကျွံသောက်ခြင်း

အရက်အသင့်အတင့် သောက်သုံးခြင်းက နှလုံးရောဂါဖြစ်ပွားနှုန်းကို လျော့ချပေးနိုင်တယ် ဆိုပေမယ့် အလွန်အကျွံ သောက်သုံးပါက ကာမဆန္ဒပြီးမြောက်ခြင်းကို အနှောင့်အယှက်ဖြစ်စေမှာ ဖြစ်ပါတယ်။

ဆေးဝါးများသုံးစွဲခြင်း

ပန်းသေပန်းညှိုးရောဂါကို ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းများထဲမှာ အသုံးများတဲ့ ဆေးဝါးတွေဖြစ်တဲ့ အကိုက်အခဲ ပျောက်ဆေးနှင့် သွေးတိုးကျဆေးတွေ ပါ၀င်ပါတယ်။ ဒါ့အပြင် အက်ဖက်တမင်း (Amphetamines)၊ ကိုကင်း (Coacine)နှင့် ဆေးခြောက် စတဲ့မူးယစ်ဆေးဝါးများ သုံးစွဲခြင်းကလည်း အမျိုးသားများရဲ့ စွမ်းဆောင်ရည်ကို နိမ့်ကျစေပါတယ်။

စိတ်ဖိစီးမှုများခြင်း၊ စိတ်ပူပန်ခြင်း

ပန်းသေပန်းညှိုးရောဂါဖြစ်နေတဲ့ အမျိုးသားတွေကို စိတ်ပိုင်းဆိုင်ရာ ပြန်လည်သုံးသပ်မှုတွေပြုလုပ်တဲ့ အခါမှာ စိတ်ဖိစီးမှုကလည်း အကြောင်းရင်းတစ်ရပ် ဖြစ်နေတာကို တွေ့ရပါတယ်။ ရက်ပိုင်းအတွင်း နှစ်ရက် - သုံးရက်လောက် ပန်းညှိုးတာကို ခံစားနေရပြီဆိုရင်တော့ စိတ်ဖိစီးမှုကြောင့် ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် စိတ်တည်ငြိမ်အေးငြိမ်းမှု ရရှိအောင် တရားထိုင်ခြင်း၊ သီးချင်းနားထောင်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း တို့ကို ပြုလုပ်သင့်ပါတယ်။

ဒေါသထွက်ခြင်း

ပန်းမညှိုးဖို့က သွေးထောက်ပံ့မှု အပေါ်မှာလည်း မူတည်နေပါတယ်။ ဒေါသထွက်ခြင်းက လိင်တံဆီသို့ သွေးကြော ထောက်ပံ့မှု အားနည်းသွားပြီး စိတ်သွားတိုင်း ကိုယ်မပါဖြစ်စေပါတယ်။

အဝလွန်ခြင်း

ဘယ်အသက်အရွယ်မှာပဲ ဖြစ်ဖြစ် ကျန်းမာတဲ့ ကိုယ်အလေးချိန်ရှိအောင် ထိန်းသိမ်းသင့်ပါတယ်။ အဝလွန်ခြင်းကြောင့် မိမိကိုယ်ကိုယ် ယုံကြည်မှုပျောက်ဆုံးလာရုံ သာမက လိင်ကိစ္စ စွမ်းဆောင်ရည်ကိုပါ ကျဆင်းလာစေပါတယ်။ အဝလွန်တဲ့ အမျိုးသားတွေမှာ အမျိုးသားဟော်မုန်း တက်စတိုစတီးရုန်းပမာဏ နည်းပါးလာတာကြောင့် ပန်းသေပန်းညှိုး ဖြစ်နိုင်ပါတယ်။

ရုပ်ရည်သွင်ပြင်

မိမိ၏ရုည်ရည်သွင်ပြင်နှင့် ပတ်သက်၍ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ။ မိမိ၏ရုပ်ရည်သွင်ပြင် အပေါ်မှာ စိတ်ပူပန်မှု ရှိခြင်းကြောင့်လည်း လိင်မှုကိစ္စမှာ စွမ်းဆောင်ရည်ကျနိုင်ပါတယ်။

ကျန်းမာရေး

အမျိုးသားအင်္ဂါဆီကို သွားတဲ့သွေးကြောထောက်ပံ့မှုနှင့် အာရုံကြောထောက်ပံ့မှုကို ချို့ယွင်းစေတဲ့ ဆီးချိုရောဂါ၊ သွေးတိုးရောဂါရှိသူများ၊ ဆေးလိပ်သောက်သူများ၊ ကျောရိုးမကြီး ထိခိုက်ဒဏ်ရာရသူတွေမှာ ပန်းသေပန်းညှိုးရောဂါ (ED) ဖြစ်နိုင်ပါတယ်။

ဘယ်လိုဖြေရှင်းကြမလဲ

ဒီပြဿနာဟာ အမျိုးသားတွေအတွက် အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒီလိုကြုံလာရင် ရှက်နေရုံနဲ့ မပြီးတဲ့အတွက် ဆရာဝန်နဲ့သေချာ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဒါမှသာပြဿနာရဲ့ အရင်းအမြစ်ကို သေချာသိပြီး လိုအပ်တဲ့ကုသမှု ခံယူနိုင်မှာဖြစ်ပါတယ်။

Credit : drmyanmar.com



ကြ်န္ေတာ္သိ၊ကြ်န္ေတာ္တတ္၍ ေရးသားျခင္းမဟုတ္ပါခင္ဗ်ာ။ ကြ်န္ေတာ္ေလ့လာမိသမွ်ကို စာဖတ္သူမ်ားျပန္လည္ေလ့လာမိေစရန္ ျပန္လည္မွ်ေဝျခင္းသာျဖစ္ပါသည္။ ကြ်န္ေတာ့္ပို႕စ္တစ္ခုခ်င္းစီအတြက္ မူရင္းေရးသားသူမ်ားကို အထူးေက်းဇူးဥပကာရတင္ရွိပါတယ္ခင္ဗ်ာ။ ေအာင္ျမင့္ျမတ္(Myanmar Youths) Ph-09256480246

0 comments:

Post a Comment