အတုမရွိဗုဒၶျမတ္စြာဘုရား

အတုမရွိဗုဒၶျမတ္စြာဘုရား

Thursday, 14 July 2016

ဝက္ျခံမ်ားသူေတြမျဖစ္မေနလိုက္နာသင့္တဲ႕အခ်က္မ်ား




<<< Zawgyi Version >>>


မ်က္ႏွာမွာ ၀က္ၿခံရွိတဲ့ သူေတြကိုျမင္တုိင္း မိတ္ေဆြေတြကလည္း သိသမွ်ေဆး ညႊန္တတ္ၾကသလို ၀က္ၿခံရွိတဲ့ သူေတြကလည္း ေပ်ာက္လို ေပ်ာက္ျငား လုိက္သံုးရငး္နဲ႔ မေပ်ာက္ဘဲ ပိုမ်ားလာ တတ္ၾကပါတယ္။

တကယ္ကေတာ့ ေဆးတစ္ခုတည္း အားကိုးရံုႏွင့္မရပါဘူး။ ကိုယ္ကိုယ္တုိင္ လိုက္နာသင့္တဲ့ အခ်က္ေလးေတြရွိပါတယ္။ အဲဒီလို သတိျပဳ ဂရုစိုက္ရမယ့္ အခ်က္ေလးေတြကိုပါ လုိက္နာမွ အျမန္ သက္သာေပ်ာက္ကင္းမွာ ျဖစ္ပါတယ္။

၀က္ၿခံေပ်ာက္ဖုိ႔အတြက္ သတိျပဳ လုိက္နာသင့္တဲ့ အခ်က္ေလးေတြကေတာ့

ေျခာက္ေသြ႔ေအာင္ထားပါ

- ၀က္ၿခံျဖစ္တဲ့ ေနရာမွာ ေခၽြးစိုတာ၊ ေရစိုတာ မျဖစ္ေစဘဲ ေျခာက္ေသြ႔ေအာင္ ထားရပါမယ္။ အသာေလး တို႔ေပး၊ သုတ္ေပးၿပီး ေျခာက္ေသြ႔ေအာင္ ထားသင့္ပါတယ္။

အပူေရွာင္ပါ

- ေရေႏြးႏွင့္ မ်က္ႏွာသစ္တာ ေရွာင္ရပါမယ္။ ေလပူတိုက္တာ၊ မီးအပူဟပ္တာ၊ အပူရွိန္ႏွင့္ ထိေတြ႔ျခင္း မရွိေအာင္ ဂရုစိုက္ရပါမယ္။

ပိုးသတ္တဲ့ ဓာတုေဗဒပစၥည္းေတြ မသံုးပါႏွင့္

- ၀က္ၿခံမွာ ျပည္တည္ရင္ အရက္ျပန္ႏွင့္ ညွစ္တာ မလုပ္ရပါဘူး။ အရက္ျပန္လိုပဲ ဒက္ေတာ (Dettol)၊ အက္ဆက္ပ္ေတာ (Aseptol) တို႔လို ပိုးသတ္ေဆး ဓာတုေဗဒ ပစၥည္းေတြ မသံုးရပါဘူး။

ဆပ္ျပာေပ်ာ့ေ်ပ်ာ့သာသံုးပါ

- Medicated ေဆးဆပ္ျပာေတြ မသံုးရပါဘူး။ ဆပ္ျပာေပ်ာ့ေပ်ာ့ အႏုေလးေတြကိုပဲ သံုးရပါမယ္။ ဆပ္ျပာ အသံုးမ်ားျခင္းကို ေရွာင္ၾကဥ္ရပါမယ္။

ဒီေနရာေတြက ၀က္ၿခံကို လံုး၀မညွစ္ပါႏွင့္

- "ႏွာဖ်ား ေမးေအာက္ ၀က္ၿခံေပါက္၊ ၀မ္းေျမာက္၀မ္းသာ မရွိရာ" ဆိုတဲ့ အရပ္ထဲက ေျပာေနက် စကားေလးအတိုင္း ႏွာေခါင္းရယ္၊ အေပၚႏႈတ္ခမ္းရယ္၊ ႏွာေခါင္းႏွင့္ အေပၚႏႈတ္ခမ္း ၾကားေနရာေတြမွာ ၀က္ၿခံေပါက္ရင္ ကုတ္ဖဲ့ျခင္း၊ ဆိတ္ဆြျခင္း၊ ညွစ္ထုတ္ျခင္း လုံး၀မျပဳလုပ္ မိပါေစနဲ႔ကြယ္။ အဲဒီေနရာက ပိုး၀င္ရင္ ဦးေႏွာက္ထဲ တန္း၀င္ႏုိင္တာမို႔လုိ႔ အႏၱရာယ္ရွိတဲ့ ေနရာလို႔ သတိထားသင့္ပါတယ္။

မိတ္ကပ္ႏွင္ ့မအိပ္ပါႏွင့္

- အျပင္သြားလို၊႔ ပြဲအခမ္းအနား သြားရလုိ႔ မိတ္ကပ္ လိမ္းရတယ္ဆုိရင္ မိတ္ကပ္ႏွင့္ မအိပ္မိပါေစႏွင့္။ ျပန္လာရင္ မိတ္ကပ္ ခ်က္ျခင္းဖ်က္ပစ္ပါ။ ရွင္မေတာင္ သနပ္ခါးတံုးကို ေက်ာက္ပ်ဥ္ သန္႔သန္႔မွာ ေရသန္႔သန္႔ႏွင့္ ေသြးလိမ္းၿပီး အေျခာက္ခံၿပီးမွ အိပ္စက္ အနားယူသင့္ပါတယ္။

အပူ၊ အစပ္၊ အဆီေတြ ေရွာင္ပါ

- ငရုတ္သီး၊ ငရုတ္ေကာင္း၊ ဂ်င္း၊ မဆလာ စတာေတြပါတဲ့ အပူအစပ္ အစားအစာေတြ၊ အခ်ိဳဓာတ္ လြန္ကဲတဲ့ အစားအစာေတြ၊ အဆီဓာတ္ လြန္ကဲတဲ့ အစားအစာေတြ၊ ၀က္ဆီ၊ အမဲဆီ၊ စားအုန္းဆီ စတဲ့ ဆီျပန္ဟင္းေတြ ေရွာင္ၾကဥ္ရပါမယ္။ ဟင္းသီးဟင္းရြက္ သစ္သီး၀လံကိုသာ မ်ာမ်ား စားေပးပါ။

ေလ့က်င့္ခန္းမွန္မွန္လုပ္ပါ

- ေန႔စဥ္ နာရီ၀က္၊ တစ္နာရီခန္႔ ကိုယ္လက္လႈပ္ရွား ေလ့က်င့္ခန္း မွန္မွန္ ျပဳလုပ္ေပးရပါမယ္။

၀က္ၿခံအတြက္ သံုးသင့္တဲ့ ေဆးမ်ား

- ၀က္ၿခံအတြက္ အခုအသံုးမ်ားေနတဲ့ စားေဆးက Vitamin A acid ကထုတ္တဲ့ Aecutane သို႔မဟုတ္ Roaccutane အမည္ရတဲ့ စားေဆးပါပဲ။ ဒါေပမယ့္ ဒီေဆးဟာ ကေလးကို ထိခိုက္ေစၿပီး ကိုယ္လက္အဂၤါမစံုလင္တဲ့ ကေလး ေမြးေစတတ္တာမို႔ ကိုယ္၀န္မရွိေအာင္ တားထားၿပီးမွ၊ ကိုယ္၀န္မယူေသးတာ ေသခ်ာမွ ဒီေဆး ေသာက္ရမွာပါ။

ဒါေၾကာင့္မို႔ အမ်ိဳးသမီးေတြ အေနႏွင့္ ဒီေဆး ေသာက္ေတာ့မယ္ဆိုရင္ ကိုယ္၀န္ရွိ၊ မရွိ စစ္ေဆးၿပီးမွ ကိုယ္၀န္မရွိတာ ေသခ်ာမွ၊ ကိုယ္၀န္မရွိေအာင္ တားထားၿပီးမွ ေသာက္သင့္ပါတယ္။ လိမ္းေဆးလည္း ဒီလုိပါပဲ။ အသံုးမ်ားေနတဲ့ ေဆးကေတာ့ အယ္လ္ဘိုင္အုိတင္ (Albiotin) ျဖစ္ပါတယ္။ စားေဆးက လိမ္းေဆးထက္ အာနိသင္ ပိုမိုထိေရာက္တာကို ေတြ႔ရပါတယ္။

Credit : က်န္းမာေပ်ာ္ရႊင္မီးအိမ္ရွင္ (ေဒါက္တာႏုိက္တင္ေဂးလ္ႏွင့္ေဆြးေႏြးခန္း) အပိုင္း (၂) 

<<< Unicode Version >>>

မျက်နှာမှာ ၀က်ခြံရှိတဲ့ သူတွေကိုမြင်တိုင်း မိတ်ဆွေတွေကလည်း သိသမျှဆေး ညွှန်တတ်ကြသလို ၀က်ခြံရှိတဲ့ သူတွေကလည်း ပျောက်လို ပျောက်ငြား လိုက်သုံးရငး်နဲ့ မပျောက်ဘဲ ပိုများလာ တတ်ကြပါတယ်။

တကယ်ကတော့ ဆေးတစ်ခုတည်း အားကိုးရုံနှင့်မရပါဘူး။ ကိုယ်ကိုယ်တိုင် လိုက်နာသင့်တဲ့ အချက်လေးတွေရှိပါတယ်။ အဲဒီလို သတိပြု ဂရုစိုက်ရမယ့် အချက်လေးတွေကိုပါ လိုက်နာမှ အမြန် သက်သာပျောက်ကင်းမှာ ဖြစ်ပါတယ်။

၀က်ခြံပျောက်ဖို့အတွက် သတိပြု လိုက်နာသင့်တဲ့ အချက်လေးတွေကတော့

ခြောက်သွေ့အောင်ထားပါ

- ၀က်ခြံဖြစ်တဲ့ နေရာမှာ ချွေးစိုတာ၊ ရေစိုတာ မဖြစ်စေဘဲ ခြောက်သွေ့အောင် ထားရပါမယ်။ အသာလေး တို့ပေး၊ သုတ်ပေးပြီး ခြောက်သွေ့အောင် ထားသင့်ပါတယ်။

အပူရှောင်ပါ

- ရေနွေးနှင့် မျက်နှာသစ်တာ ရှောင်ရပါမယ်။ လေပူတိုက်တာ၊ မီးအပူဟပ်တာ၊ အပူရှိန်နှင့် ထိတွေ့ခြင်း မရှိအောင် ဂရုစိုက်ရပါမယ်။

ပိုးသတ်တဲ့ ဓာတုဗေဒပစ္စည်းတွေ မသုံးပါနှင့်

- ၀က်ခြံမှာ ပြည်တည်ရင် အရက်ပြန်နှင့် ညှစ်တာ မလုပ်ရပါဘူး။ အရက်ပြန်လိုပဲ ဒက်တော (Dettol)၊ အက်ဆက်ပ်တော (Aseptol) တို့လို ပိုးသတ်ဆေး ဓာတုဗေဒ ပစ္စည်းတွေ မသုံးရပါဘူး။

ဆပ်ပြာေျပျာ့ေျပျာ့သာသုံးပါ

- Medicated ဆေးဆပ်ပြာတွေ မသုံးရပါဘူး။ ဆပ်ပြာပျော့ပျော့ အနုလေးတွေကိုပဲ သုံးရပါမယ်။ ဆပ်ပြာ အသုံးများခြင်းကို ရှောင်ကြဉ်ရပါမယ်။

ဒီနေရာတွေက ၀က်ခြံကို လုံးဝမညှစ်ပါနှင့်

- "နှာဖျား မေးအောက် ၀က်ခြံပေါက်၊ ၀မ်းမြောက်ဝမ်းသာ မရှိရာ" ဆိုတဲ့ အရပ်ထဲက ပြောနေကျ စကားလေးအတိုင်း နှာခေါင်းရယ်၊ အပေါ်နှုတ်ခမ်းရယ်၊ နှာခေါင်းနှင့် အပေါ်နှုတ်ခမ်း ကြားနေရာတွေမှာ ၀က်ခြံပေါက်ရင် ကုတ်ဖဲ့ခြင်း၊ ဆိတ်ဆွခြင်း၊ ညှစ်ထုတ်ခြင်း လုံးဝမပြုလုပ် မိပါစေနဲ့ကွယ်။ အဲဒီနေရာက ပိုးဝင်ရင် ဦးနှောက်ထဲ တန်းဝင်နိုင်တာမို့လို့ အန္တရာယ်ရှိတဲ့ နေရာလို့ သတိထားသင့်ပါတယ်။

မိတ်ကပ်နှင် ့မအိပ်ပါနှင့်

- အပြင်သွားလို၊့ ပွဲအခမ်းအနား သွားရလို့ မိတ်ကပ် လိမ်းရတယ်ဆိုရင် မိတ်ကပ်နှင့် မအိပ်မိပါစေနှင့်။ ပြန်လာရင် မိတ်ကပ် ချက်ခြင်းဖျက်ပစ်ပါ။ ရှင်မတောင် သနပ်ခါးတုံးကို ကျောက်ပျဉ် သန့်သန့်မှာ ရေသန့်သန့်နှင့် သွေးလိမ်းပြီး အခြောက်ခံပြီးမှ အိပ်စက် အနားယူသင့်ပါတယ်။

အပူ၊ အစပ်၊ အဆီတွေ ရှောင်ပါ

- ငရုတ်သီး၊ ငရုတ်ကောင်း၊ ဂျင်း၊ မဆလာ စတာတွေပါတဲ့ အပူအစပ် အစားအစာတွေ၊ အချိုဓာတ် လွန်ကဲတဲ့ အစားအစာတွေ၊ အဆီဓာတ် လွန်ကဲတဲ့ အစားအစာတွေ၊ ၀က်ဆီ၊ အမဲဆီ၊ စားအုန်းဆီ စတဲ့ ဆီပြန်ဟင်းတွေ ရှောင်ကြဉ်ရပါမယ်။ ဟင်းသီးဟင်းရွက် သစ်သီးဝလံကိုသာ မျာများ စားပေးပါ။

လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ

- နေ့စဉ် နာရီဝက်၊ တစ်နာရီခန့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း မှန်မှန် ပြုလုပ်ပေးရပါမယ်။

၀က်ခြံအတွက် သုံးသင့်တဲ့ ဆေးများ

- ၀က်ခြံအတွက် အခုအသုံးများနေတဲ့ စားဆေးက Vitamin A acid ကထုတ်တဲ့ Aecutane သို့မဟုတ် Roaccutane အမည်ရတဲ့ စားဆေးပါပဲ။ ဒါပေမယ့် ဒီဆေးဟာ ကလေးကို ထိခိုက်စေပြီး ကိုယ်လက်အင်္ဂါမစုံလင်တဲ့ ကလေး မွေးစေတတ်တာမို့ ကိုယ်ဝန်မရှိအောင် တားထားပြီးမှ၊ ကိုယ်ဝန်မယူသေးတာ သေချာမှ ဒီဆေး သောက်ရမှာပါ။

ဒါကြောင့်မို့ အမျိုးသမီးတွေ အနေနှင့် ဒီဆေး သောက်တော့မယ်ဆိုရင် ကိုယ်ဝန်ရှိ၊ မရှိ စစ်ဆေးပြီးမှ ကိုယ်ဝန်မရှိတာ သေချာမှ၊ ကိုယ်ဝန်မရှိအောင် တားထားပြီးမှ သောက်သင့်ပါတယ်။ လိမ်းဆေးလည်း ဒီလိုပါပဲ။ အသုံးများနေတဲ့ ဆေးကတော့ အယ်လ်ဘိုင်အိုတင် (Albiotin) ဖြစ်ပါတယ်။ စားဆေးက လိမ်းဆေးထက် အာနိသင် ပိုမိုထိရောက်တာကို တွေ့ရပါတယ်။

Credit : ကျန်းမာပျော်ရွှင်မီးအိမ်ရှင် (ဒေါက်တာနိုက်တင်ဂေးလ်နှင့်ဆွေးနွေးခန်း) အပိုင်း (၂) 



ကြ်န္ေတာ္သိ၊ကြ်န္ေတာ္တတ္၍ ေရးသားျခင္းမဟုတ္ပါခင္ဗ်ာ။ ကြ်န္ေတာ္ေလ့လာမိသမွ်ကို စာဖတ္သူမ်ားျပန္လည္ေလ့လာမိေစရန္ ျပန္လည္မွ်ေဝျခင္းသာျဖစ္ပါသည္။ ကြ်န္ေတာ့္ပို႕စ္တစ္ခုခ်င္းစီအတြက္ မူရင္းေရးသားသူမ်ားကို အထူးေက်းဇူးဥပကာရတင္ရွိပါတယ္ခင္ဗ်ာ။ ေအာင္ျမင့္ျမတ္(Myanmar Youths) Ph-09256480246

0 comments:

Post a Comment