အတုမရှိဗုဒ္ဓမြတ်စွာဘုရား

အတုမရှိဗုဒ္ဓမြတ်စွာဘုရား

Wednesday, 20 July 2016

ဆီးချို သွေးချိုသမားတွေအတွက် ကင်းပုံရွက်







ဆီးချိုသွေးချို  ရှိသူတွေအတွက် ကင်းပုံရွက်သာမက ကင်းပုံအခါးသီးဟာလည်း သင့်တော်ပါတယ်။

ဆီးချို သွေးချို ရောဂါရှိသူတွေ အနေနဲ့ ကင်းပုံအခါးသီးနှင့် ကင်းပုံရွက်ကို မကြာခဏ ကြော်ချက်စားပေး သင့်ပါတယ်။

ဒီမေးခွန်းရှင်အနေနှင့် ကင်းပုံရွက်ရဲ့ အာနိသင် အစွမ်းသတ္တိကို သိချင်တယ်ဆိုရင် တိုင်းရင်းဆေးကျမ်းများမှာ ကျွန်မ ဖတ်ရှုလေ့လော ထားရသလောက် ပြောပြပေးပါ့မယ်။

ကင်းပုံရွက် သတ္တုရည်ကို ဆီးချိုရောဂါမှာ အဓိကသုံးပါတယ်။

အဆုတ်ပြွန်ရောင်ခြင်း ၊ပန်းနာရောဂါများမှာလည်း သုံးပါတယ်။

သည်းခြေနှင့်ဆိုင်တဲ့ အဖျားရောဂါဖြစ်ခဲ့ရင် ကင်းပုံရွက်နှင့် နံနံစေ့ကို ဆတူယူပြီး ပြုတ်သောက်ပေးရင် ပျောက်ကင်းနိုင်တယ်လို့ ဆိုပါတယ်။

သန်ကျစေဖို့နှင့် ၀မ်းသက်စေဖို့ အတွက်လည်း သုံးပါတယ်။

နားကိုက်ရောဂါ ဖြစ်နေသူများအတွက် ကင်းပုံရွက်သတ္တုရည်ကို နှမ်းဆီ ဒါမှမဟုတ် ရေနဲ့ဖျော်ပြီး နားမှာခတ်ပေးရင် ပျောက်ကင်းစေတယ်လို့ ဆိုထားပါတယ်။

အရေပြားပေါ်မှာ ပေါက်တဲ့ အနာတွေကို ကင်းပုံရွက်ပြုတ်ရည် လိမ်းပေးခြင်းဖြင့် ပျောက်ကင်း သက်သာစေပါတယ်။

ရေယုန်ပေါက်ရင်လည်း ကင်းပုံရွက် သတ္တုရည်နှင့် ပွတ်လိမ်းပေးရမယ်လို့ ဆိုပါတယ်။

Credit : ကျန်းမာပျော်ရွှင်မီးအိမ်ရှင် (ဒေါက်တာနိုက်တင်ဂေးလ်နှင့်ဆွေးနွေးခန်း) အပိုင်း (၂) 



ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246

0 comments:

Post a Comment