<<< Zawgyi Version >>>
Scrub ဆိုတာ အေပၚယံ အေရျပားကို ကြာေစတဲ့ ပစၥည္းတမ်ိဳး ျဖစ္ပါတယ္။ Scrub ထဲမွ ခပ္ၾကမ္းၾကမ္း သဲလို ပစၥည္းတမ်ိဳး ပါရတယ္။ ဒါမွ ပ်က္ဆီးေနတဲ့ အေပၚယံအေရျပားကို ကြာက်ေစမွာ ျဖစ္ပါတယ္။ လူ႔အေရျပားမွာ အေပၚယံ epidermis နဲ႔ ေအာက္လႊာ dermis ဆိုၿပီး ႏွစ္လႊာရွိတယ္။ အေရျပားသေဘာက ေန႔စဥ္နဲ႔အမွ် ပ်က္ဆီးေနတယ္။ ပ်က္ဆီးသမွ် အေပၚလႊာ(epidermis) က္ု ေအာက္လႊာ(dermis)က ဆဲလ္သစ္ေတြနဲ႔ အၿမဲျဖည့္ဆည္းေပးေနရတယ္။ ပံုမွန္အားျဖင့္ အေပၚလႊာက တလမွာ တခါအေ႐ျပားသစ္ ေျပာင္းလဲေလ့ရွိတယ္။
ဆဲလ္ေသေတြရွိတဲ့ အသားအေရက ၾကမ္းတမ္းေနတတ္တယ္။ ပတ္ဝန္းက်င္ ညစ္ညမ္းမႈဒဏ္ကို ခံရတဲ့အခါ အေပၚလႊာ ပ်က္ဆီးလာတာနဲ႔ ေအာက္လႊာက အသစ္အသစ္ေသာ ဆဲလ္ေတြက အၿမဲထုတ္ေပးေနတယ္။ Scrub ဆိုတာ ပ်က္ဆီးေနတဲ့ အေပၚယံဆဲလ္လႊာကို အျမန္ဆံုး ဖယ္ရွားေပးတာျဖစ္ပါတယ္။ ဆဲလ္သစ္ေတြ ရွိတဲ့မ်က္ႏွာဟာ အၿမဲ ႏုပ်ိဳခ်ာေမြ႕ေနတယ္။ အမဲစက္၊ အမာရြတ္ေတြကို ကင္းစင္ေစတယ္။
အိမ္သံုး scrub လုပ္နည္း
(၁) မုန္႔ဖုတ္ေဆာ္ဒါ
ေဆာ္ဒါက ဆဲလ္ေသေတြ ဖယ္ရွားရာမွာ အသံုးမ်ားဆံုး ပစၥည္းျဖစ္ပါတယ္။ ေန႔စဥ္ မ်က္ႏွာသစ္ရာမွာ မုန္႔ဖုတ္ေဆာ္ဒါ ထမင္းစားဇြန္း တဇြန္းစာေလာက္ လက္ဖဝါးထဲထည့္ၿပီး မ်က္ႏွာသစ္ဆပ္ျပာနဲ႔ သံုးရံုနဲ႔ ဆဲလ္ေတြကို ဖယ္ရွားေပးႏိုင္တယ္။ သံုးတဲ့အခါ လက္ဖဝါးကို စက္ဝိုင္းပံု ပြတ္တိုက္ေပးရမွာ ျဖစ္ပါတယ္။ သြားေတြမွာလည္း အစြန္းအထင္းေတြ၊ ဝါညစ္ေနတာေတြကို ဖယ္ရွားခ်င္တဲ့အခါ သြားတိုက္ေဆးထဲ ထည့္ၿပီး သံုးႏိုင္တယ္။
(၂) သၾကား
scrub လုပ္ရာမွာ အသံုးဝင္တယ္။ glycolic acidပါတယ္။ ဆဲလ္သစ္ေတြကို ပြားမ်ားေစၿပီး ဆဲလ္ေဟာင္းေတြကို ပ်ကိဆီးေစတယ္။ သၾကားခဲေလးေတြကို သံလြင္ဆီ၊ jojoba ဆီ (သို႔) ဗာဒံဆီတို႔နဲ႔ ေရာၿပီး မ်က္ႏွာကို ပြတ္ေပးရမွာ ျဖစ္ပါတယ္။ ၅မိနစ္ခန္႔ထားၿပီး ေရေႏြးနဲ႔မ်က္ႏွာ ျပန္သစ္ပါ။ အမဲစက္ကင္းစင္တဲ့မ်က္ႏွာမ်ိဳး ပိုင္ဆိုင္ႏိုင္မွာ ျဖစ္ပါတယ္။
(၃) ပင္လယ္ဆား
ပင္လယ္ဆားထဲမွာ သတၱဳဓာတ္မ်ားစြာပါတယ္။ အေရျပားကို ႏုပ်ိဳၿပီး အစိုဓာတ္ကို ထိန္းတယ္။ အေ႐ျပား ေျခာက္ေသြ႕သူေတြအတြက္ အထူးေကာင္းမြန္တယ္။ ဆားကို လာဗင္ဒါဆီနဲ႔ အ႐င္ေရာပါ။ ၿပီးရင္ မိမိႏွစ္သက္ရာ ဗာဒံဆီ၊ သံလြင္ဆီ၊ jojoba ဆီ တမ်ိဳးမ်ိဳးနဲ႔ ထပ္ေရာပါ။ မ်က္ႏွာကို စက္ဝိုင္းပံု လိမ္းၿပီး ၅ မိနစ္ခန္႔ ထားပါ။ ၿပီးရင္ ေရေႏြးနဲ႔မ်က္ႏွာ ျပန္သစ္ပါ။
(၄) အုတ္ဂ်ံဳမႈန္႔
sensitive သိပ္ျဖစ္တဲ့ အေရျပားမွာ အုတ္ဂ်ံဳမႈန္႔ကိုသာ သံုးသင့္တယ္။ အုတ္ဂ်ံဳက သိပ္မၾကမ္းဘူး၊ ႏူးညံ့တယ္။ အေရျပားကို ေခ်ာေမြ႕ေစတယ္။ အစိုဓာတ္လည္း ထိန္းတယ္။ အုတ္ဂ်ံဳကို ပ်ားရည္(သို႔) kefir (သို႔) ဒိန္ခ်ဥ္ တမ်ိဳးမ်ိဳးနဲ႔ ေရာၿပီး မ်က္ႏွာကို ခပ္ဖြဖြ ပြတ္လိမ္းေပးပါ။ (၁၅)မိနစ္ခန္႔ထားၿပီး ထံုးစံအတိုင္း ၾကက္သီးေႏြးေရနဲ႔ ေဆးေၾကာပါ။ မၾကာခင္ သန္႔စင္ၾကည္လင္တဲ့ မ်က္ႏွာေလး ပိုင္ဆိုင္ႏိုင္မွာ ျဖစ္ပါတယ္။
Scrub လုပ္ရာမွာ အသံုးဝင္တဲ့ ပစၥည္းႏွစ္မ်ိဳးက Kefir နဲ႔ ပ်ားရည္ျဖစ္ပါတယ္။ Kefir ဆိုတာ ဒိန္ခ်ဥ္လို ႏု႔ိထြက္ ပစၥည္းကို အခ်ဥ္ေဖာက္ထားတာပါ။ ဒိန္ခ်ဥ္ထက္ ပိုေကာင္းတာက Kefir ထဲမွာ လက္တစ္အက္ဆစ္ ပါတယ္။ ဒိန္ခ်ဥ္နဲ႔ တူေပမယ့္ ဗက္တီးရီးယား ပါဝင္မႈက ပံုမွန္ထက္ အဆ(၄၀) ပိုမ်ားတယ္။ အာနိသင္က အစိုဓာတ္ထိန္းၿပီး အေရျပားကို ေခ်ာေမြ႕ႏူးညံ့ေစတယ္။
ပ်ားရည္က အသားအေရကို ၿပဳျပင္ေပးတယ္။ အထဲမွာ ဓာတုဓာတ္စံုလင္စြာ ပါတယ္။ ပိုးသတ္တဲ့ အာနိသင္ရွိလို႔ ဝက္ျခံအနာမွာ သံုးႏိုင္တယ္။ အမိုင္ႏိုအက္ဆစ္ ႀကြယ္ဝစြာပါလို႔ ဝက္ျခံအမာရြတ္ကို ကင္းစင္ေစတယ္။ အစိုဓာတ္ကိုလည္း ထိန္းေပးတယ္။ ပ်ားရည္ကို တျခား exfoliants (ဆဲလ္ေသဖယ္ရွားေပးတဲ့ ပစၥည္း) တမ်ိဳးမ်ိဳးနဲ႔ တြဲသံုးရင္ အာနိသင္ပိုေကာင္းတယ္။ အေရျပားကိုလည္း ႏူးညံ့ေစတာမို႔ အိမ္သံုး scrub လုပ္တဲ့အခါ ထည့္သံုးသင့္တယ္။
Credit : ေဒါက္တာ ေအးမင္းထူး
<<< Unicode Version >>>
Body scrub လုပ်နည်း
Scrub ဆိုတာ အပေါ်ယံ အရေပြားကို ကွာစေတဲ့ ပစ္စည်းတမျိုး ဖြစ်ပါတယ်။ Scrub ထဲမှ ခပ်ကြမ်းကြမ်း သဲလို ပစ္စည်းတမျိုး ပါရတယ်။ ဒါမှ ပျက်ဆီးနေတဲ့ အပေါ်ယံအရေပြားကို ကွာကျစေမှာ ဖြစ်ပါတယ်။ လူ့အရေပြားမှာ အပေါ်ယံ epidermis နဲ့ အောက်လွှာ dermis ဆိုပြီး နှစ်လွှာရှိတယ်။ အရေပြားသဘောက နေ့စဉ်နဲ့အမျှ ပျက်ဆီးနေတယ်။ ပျက်ဆီးသမျှ အပေါ်လွှာ(epidermis) က်ု အောက်လွှာ(dermis)က ဆဲလ်သစ်တွေနဲ့ အမြဲဖြည့်ဆည်းပေးနေရတယ်။ ပုံမှန်အားဖြင့် အပေါ်လွှာက တလမှာ တခါအရေပြားသစ် ပြောင်းလဲလေ့ရှိတယ်။
ဆဲလ်သေတွေရှိတဲ့ အသားအရေက ကြမ်းတမ်းနေတတ်တယ်။ ပတ်ဝန်းကျင် ညစ်ညမ်းမှုဒဏ်ကို ခံရတဲ့အခါ အပေါ်လွှာ ပျက်ဆီးလာတာနဲ့ အောက်လွှာက အသစ်အသစ်သော ဆဲလ်တွေက အမြဲထုတ်ပေးနေတယ်။ Scrub ဆိုတာ ပျက်ဆီးနေတဲ့ အပေါ်ယံဆဲလ်လွှာကို အမြန်ဆုံး ဖယ်ရှားပေးတာဖြစ်ပါတယ်။ ဆဲလ်သစ်တွေ ရှိတဲ့မျက်နှာဟာ အမြဲ နုပျိုချာမွေ့နေတယ်။ အမဲစက်၊ အမာရွတ်တွေကို ကင်းစင်စေတယ်။
အိမ်သုံး scrub လုပ်နည်း
(၁) မုန့်ဖုတ်ဆော်ဒါ
ဆော်ဒါက ဆဲလ်သေတွေ ဖယ်ရှားရာမှာ အသုံးများဆုံး ပစ္စည်းဖြစ်ပါတယ်။ နေ့စဉ် မျက်နှာသစ်ရာမှာ မုန့်ဖုတ်ဆော်ဒါ ထမင်းစားဇွန်း တဇွန်းစာလောက် လက်ဖဝါးထဲထည့်ပြီး မျက်နှာသစ်ဆပ်ပြာနဲ့ သုံးရုံနဲ့ ဆဲလ်တွေကို ဖယ်ရှားပေးနိုင်တယ်။ သုံးတဲ့အခါ လက်ဖဝါးကို စက်ဝိုင်းပုံ ပွတ်တိုက်ပေးရမှာ ဖြစ်ပါတယ်။ သွားတွေမှာလည်း အစွန်းအထင်းတွေ၊ ဝါညစ်နေတာတွေကို ဖယ်ရှားချင်တဲ့အခါ သွားတိုက်ဆေးထဲ ထည့်ပြီး သုံးနိုင်တယ်။
(၂) သကြား
scrub လုပ်ရာမှာ အသုံးဝင်တယ်။ glycolic acidပါတယ်။ ဆဲလ်သစ်တွေကို ပွားများစေပြီး ဆဲလ်ဟောင်းတွေကို ပျကိဆီးစေတယ်။ သကြားခဲလေးတွေကို သံလွင်ဆီ၊ jojoba ဆီ (သို့) ဗာဒံဆီတို့နဲ့ ရောပြီး မျက်နှာကို ပွတ်ပေးရမှာ ဖြစ်ပါတယ်။ ၅မိနစ်ခန့်ထားပြီး ရေနွေးနဲ့မျက်နှာ ပြန်သစ်ပါ။ အမဲစက်ကင်းစင်တဲ့မျက်နှာမျိုး ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
(၃) ပင်လယ်ဆား
ပင်လယ်ဆားထဲမှာ သတ္တုဓာတ်များစွာပါတယ်။ အရေပြားကို နုပျိုပြီး အစိုဓာတ်ကို ထိန်းတယ်။ အရေပြား ခြောက်သွေ့သူတွေအတွက် အထူးကောင်းမွန်တယ်။ ဆားကို လာဗင်ဒါဆီနဲ့ အရင်ရောပါ။ ပြီးရင် မိမိနှစ်သက်ရာ ဗာဒံဆီ၊ သံလွင်ဆီ၊ jojoba ဆီ တမျိုးမျိုးနဲ့ ထပ်ရောပါ။ မျက်နှာကို စက်ဝိုင်းပုံ လိမ်းပြီး ၅ မိနစ်ခန့် ထားပါ။ ပြီးရင် ရေနွေးနဲ့မျက်နှာ ပြန်သစ်ပါ။
(၄) အုတ်ဂျုံမှုန့်
sensitive သိပ်ဖြစ်တဲ့ အရေပြားမှာ အုတ်ဂျံုမှုန့်ကိုသာ သုံးသင့်တယ်။ အုတ်ဂျံုက သိပ်မကြမ်းဘူး၊ နူးညံ့တယ်။ အရေပြားကို ချောမွေ့စေတယ်။ အစိုဓာတ်လည်း ထိန်းတယ်။ အုတ်ဂျံုကို ပျားရည်(သို့) kefir (သို့) ဒိန်ချဉ် တမျိုးမျိုးနဲ့ ရောပြီး မျက်နှာကို ခပ်ဖွဖွ ပွတ်လိမ်းပေးပါ။ (၁၅)မိနစ်ခန့်ထားပြီး ထုံးစံအတိုင်း ကြက်သီးနွေးရေနဲ့ ဆေးကြောပါ။ မကြာခင် သန့်စင်ကြည်လင်တဲ့ မျက်နှာလေး ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
Scrub လုပ်ရာမှာ အသုံးဝင်တဲ့ ပစ္စည်းနှစ်မျိုးက Kefir နဲ့ ပျားရည်ဖြစ်ပါတယ်။ Kefir ဆိုတာ ဒိန်ချဉ်လို နို့ထွက် ပစ္စည်းကို အချဉ်ဖောက်ထားတာပါ။ ဒိန်ချဉ်ထက် ပိုကောင်းတာက Kefir ထဲမှာ လက်တစ်အက်ဆစ် ပါတယ်။ ဒိန်ချဉ်နဲ့ တူပေမယ့် ဗက်တီးရီးယား ပါဝင်မှုက ပုံမှန်ထက် အဆ(၄၀) ပိုများတယ်။ အာနိသင်က အစိုဓာတ်ထိန်းပြီး အရေပြားကို ချောမွေ့နူးညံ့စေတယ်။
ပျားရည်က အသားအရေကို ပြုပြင်ပေးတယ်။ အထဲမှာ ဓာတုဓာတ်စုံလင်စွာ ပါတယ်။ ပိုးသတ်တဲ့ အာနိသင်ရှိလို့ ဝက်ခြံအနာမှာ သုံးနိုင်တယ်။ အမိုင်နိုအက်ဆစ် ကြွယ်ဝစွာပါလို့ ဝက်ခြံအမာရွတ်ကို ကင်းစင်စေတယ်။ အစိုဓာတ်ကိုလည်း ထိန်းပေးတယ်။ ပျားရည်ကို တခြား exfoliants (ဆဲလ်သေဖယ်ရှားပေးတဲ့ ပစ္စည်း) တမျိုးမျိုးနဲ့ တွဲသုံးရင် အာနိသင်ပိုကောင်းတယ်။ အရေပြားကိုလည်း နူးညံ့စေတာမို့ အိမ်သုံး scrub လုပ်တဲ့အခါ ထည့်သုံးသင့်တယ်။
Credit : ဒေါက်တာ အေးမင်းထူး
ကြ်န္ေတာ္သိ၊ကြ်န္ေတာ္တတ္၍ ေရးသားျခင္းမဟုတ္ပါခင္ဗ်ာ။ ကြ်န္ေတာ္ေလ့လာမိသမွ်ကို စာဖတ္သူမ်ားျပန္လည္ေလ့လာမိေစရန္ ျပန္လည္မွ်ေဝျခင္းသာျဖစ္ပါသည္။ ကြ်န္ေတာ့္ပို႕စ္တစ္ခုခ်င္းစီအတြက္ မူရင္းေရးသားသူမ်ားကို အထူးေက်းဇူးဥပကာရတင္ရွိပါတယ္ခင္ဗ်ာ။ ေအာင္ျမင့္ျမတ္(Myanmar Youths) Ph-09256480246
0 comments:
Post a Comment