အတုမရွိဗုဒၶျမတ္စြာဘုရား

အတုမရွိဗုဒၶျမတ္စြာဘုရား

Thursday, 7 July 2016

အနမ္းမွကူးစက္နိုင္ေသာေရာဂါမ်ား




<<< Zawgyi Version >>>


စာတစ္ပုဒ္ ေရးထားတာရွိေပမယ့္ အမ်ားဖတ္စရာ အေနနဲ႔ေတာ့ မတင္လိုပါ။ လွ်ာမပါဘဲ ႏႈတ္ခမ္းခ်င္းနမ္းတာကို Light Kissing ေခၚတယ္။ ႏႈတ္ခမ္းခ်င္း နမ္းတာကုိ Lip kiss လို႔ ေျပာတာမ်ားတယ္။ တရားဝင္ ေခၚၾကတာက French kiss ျဖစ္ပါတယ္။ Deep Kissing လို႔သတ္မွတ္တယ္။ အထဲထိနက္တယ္။ ဒီနမ္းနည္းမွာ တေယာက္ရ့ဲ ႏႈတ္ခမ္းနဲ႔ ေနာက္တစ္ယာက္ရဲ႕ ႏႈတ္ခမ္း + လွ်ာနဲ႔ ထိေတြ႔မႈ လုပ္ၾကတယ္။ အျပန္အလွန္သေဘာ ရွိႏိုင္တယ္။ တေျဖးေျဖးခ်င္းနဲ႔ စိတ္လိုလက္ရ ရွိလာႏိုင္တယ္။

ေပါ့ေပါ့ပါးပါး နမ္းတာကေန
• ေရယံုနဲ႔ ဝဲ ကူးစက္ႏိုင္တယ္။ ထိစပ္တဲ့ေနရာမယ္ ေရာဂါမရွိသူမွာ အေပါက္အျပဲ အနာအဆာ ရွိမွသာ ကူးမွာပါ။
• တီဘီ (သလိပ္ထဲ ပိုးေတြ႔)၊ တုပ္ေကြး၊ အေအးမိျဖစ္ေနသူက နမ္းတာမခံပါနဲ႔။
• ျမင္သာတဲ့ မန္းရည္လို၊ ျပည္လို အနာရွိေနသူကို သြားမနမ္းပါနဲ႔။
• ေရယံု ဗိုင္းရပ္စ္ အမ်ိဳးအစား (၂)၊ အသဲေရာင္ (ဘီ) နဲ႔ ဆစ္ဖလစ္ေရာဂါေတြ ကူးႏိုင္တယ္။

သြားရည္ထဲကေန
• Mononucleosis (မိုႏိုႏူကလီယိုးဆစ္) ကို Kissing disease အနမ္းေရာဂါလို႔ေခၚတယ္။ (EBV) နဲ႔ (CMV) ဗိုင္းရပ္စ္ေတြကေန ကူးစက္တယ္။
• Streptococcus (စထြက္ပတိုေကားကပ္စ္) ဘက္တီးရီးယားေၾကာင့္ လည္ေခ်ာင္းနာေရာဂါ ကူးလာႏိုင္တယ္။
• Cold sores ေခၚတဲ့ ႏႈတ္ခမ္းေရယံုဟာ Herpes Simplex Virus-1 (HSV-1) ဗိုင္းရပ္စ္ကေန ကူးစက္တယ္။
• Hand-foot-mouth disease လက္-ေျခ-ပါးစပ္ ေရာဂါဆိုတာ Coxsackie virus ဗိုင္းရပ္စ္ကေန ကူးတယ္။
• HIV ပိုးဟာ သြားရည္ထဲမွာ ပါေနႏိုင္ေပမဲ့ အေရအတြက္ နည္းလို႔ မကူးဘူးလို႔ (ကေန႔အထိ) ေျပာႏိုင္တယ္။
• အသဲေရာင္ (ေအ)၊ (ဘီ) နဲ႔ (စီ) ေတြကေတာ့ နမ္းလို႔ကူးတယ္လို႔ ေျပာႏိုင္တဲ့ လူနာေတြ ေတြ႔ထားတယ္။
• Candida yeast infections မိႈပိုးဝင္ေနလို႔လဲ ျဖစ္ႏုိင္တယ္။ အထူးသျဖင့္ ပဋိဇီဝေဆး ေသာက္ေနခ်ိန္မွာ ျဖစ္တတ္တယ္။

French kiss ျပင္သစ္အနမ္းကေန
• အသည္းေရာင္ (ဘီ) ကူးစက္ဖို႔ အခြင့္အလမ္း အလြန္နည္းပါတယ္။ (ဘီ) သာမက (စီ) နဲ႔ (ဒီ) ေတြလဲ အတူတူဘဲ။ HIV လဲ ပါတယ္။ ရာႏွဳန္းျပည့္ မကူးစက္ပါလို႔ ဘယ္ဆရာဝန္ကမွ အာမမခံႏိုင္ပါ။
• သီအိုရီအရေတာ့ ကူးစက္လာႏိုင္တယ္လို႔ ေျပာႏိုင္တယ္။ ဗိုင္းရပ္စ္ပိုးေတြဟာ လူကိုယ္က အရည္ေတြ မွန္သမွ်ထဲမွာ ေနၾကတယ္။ သြားရည္လဲပါတယ္။
• ႏႈတ္ခမ္းနဲ႔ အနီးအနားမွာ အနာအဆာ ရွိေနရင္ေတာ့ ကူးစက္ဖို႔ အခြင့္အလမ္း ပိုမ်ားတယ္။

ဒါကိုလဲသိပါ -
• ကိုယ္နမ္းတဲ့သူကို အရင္လူေပါင္း ဘယ္ေလာက္က နမ္းထားသလဲ သိပါသလား။ တေယာက္ေယာက္ကို နမ္းတယ္ဆိုတာ ကိုယ္နမ္းလိုက္သူကို နမ္းဘူးသူေတြ အားလံုးကို နမ္းသလိုဘဲလို႔ ေျပာႏိုင္တယ္။
• အေဖာ္အေၾကာင္း ေကာင္းေကာင္းမသိရင္ အႏၲရာယ္နဲ႔ မကစားတာ ေကာင္းတယ္။
• ငယ္တံုးရြယ္တံုးမွာ French kiss ကို အေဖာ္ေတြ အမ်ားၾကီးနဲ႔ လုပ္ခဲ့သူဟာ ဦးေႏွာက္ေျမႇးေရာင္ ေရာဂါရေစဖို႔ ပိုျပီး နီးစပ္တယ္လို႔ သုေတသနတစ္ခုက ဆိုပါတယ္။
• နမ္းရာကေန ကူးစက္ေရာဂါ မရခ်င္ရင္ နမ္းတာကိုသာ ဆင္ျခင္ပါေလ။

Credit : ေဒါက္တာတင့္ေဆြ 


<<< Unicode Version >>>


စာတစ်ပုဒ် ရေးထားတာရှိပေမယ့် အများဖတ်စရာ အနေနဲ့တော့ မတင်လိုပါ။ လျှာမပါဘဲ နှုတ်ခမ်းချင်းနမ်းတာကို Light Kissing ခေါ်တယ်။ နှုတ်ခမ်းချင်း နမ်းတာကို Lip kiss လို့ ပြောတာများတယ်။ တရားဝင် ခေါ်ကြတာက French kiss ဖြစ်ပါတယ်။ Deep Kissing လို့သတ်မှတ်တယ်။ အထဲထိနက်တယ်။ ဒီနမ်းနည်းမှာ တယောက်ရဲ့ နှုတ်ခမ်းနဲ့ နောက်တစ်ယာက်ရဲ့ နှုတ်ခမ်း + လျှာနဲ့ ထိတွေ့မှု လုပ်ကြတယ်။ အပြန်အလှန်သဘော ရှိနိုင်တယ်။ တဖြေးဖြေးချင်းနဲ့ စိတ်လိုလက်ရ ရှိလာနိုင်တယ်။

ပေါ့ပေါ့ပါးပါး နမ်းတာကနေ
• ရေယုံနဲ့ ဝဲ ကူးစက်နိုင်တယ်။ ထိစပ်တဲ့နေရာမယ် ရောဂါမရှိသူမှာ အပေါက်အပြဲ အနာအဆာ ရှိမှသာ ကူးမှာပါ။
• တီဘီ (သလိပ်ထဲ ပိုးတွေ့)၊ တုပ်ကွေး၊ အအေးမိဖြစ်နေသူက နမ်းတာမခံပါနဲ့။
• မြင်သာတဲ့ မန်းရည်လို၊ ပြည်လို အနာရှိနေသူကို သွားမနမ်းပါနဲ့။
• ရေယုံ ဗိုင်းရပ်စ် အမျိုးအစား (၂)၊ အသဲရောင် (ဘီ) နဲ့ ဆစ်ဖလစ်ရောဂါတွေ ကူးနိုင်တယ်။

သွားရည်ထဲကနေ
• Mononucleosis (မိုနိုနူကလီယိုးဆစ်) ကို Kissing disease အနမ်းရောဂါလို့ခေါ်တယ်။ (EBV) နဲ့ (CMV) ဗိုင်းရပ်စ်တွေကနေ ကူးစက်တယ်။
• Streptococcus (စထွက်ပတိုကေားကပ်စ်) ဘက်တီးရီးယားကြောင့် လည်ချောင်းနာရောဂါ ကူးလာနိုင်တယ်။
• Cold sores ခေါ်တဲ့ နှုတ်ခမ်းရေယုံဟာ Herpes Simplex Virus-1 (HSV-1) ဗိုင်းရပ်စ်ကနေ ကူးစက်တယ်။
• Hand-foot-mouth disease လက်-ခြေ-ပါးစပ် ရောဂါဆိုတာ Coxsackie virus ဗိုင်းရပ်စ်ကနေ ကူးတယ်။
• HIV ပိုးဟာ သွားရည်ထဲမှာ ပါနေနိုင်ပေမဲ့ အရေအတွက် နည်းလို့ မကူးဘူးလို့ (ကနေ့အထိ) ပြောနိုင်တယ်။
• အသဲရောင် (အေ)၊ (ဘီ) နဲ့ (စီ) တွေကတော့ နမ်းလို့ကူးတယ်လို့ ပြောနိုင်တဲ့ လူနာတွေ တွေ့ထားတယ်။
• Candida yeast infections မှိုပိုးဝင်နေလို့လဲ ဖြစ်နိုင်တယ်။ အထူးသဖြင့် ပဋိဇီဝဆေး သောက်နေချိန်မှာ ဖြစ်တတ်တယ်။

French kiss ပြင်သစ်အနမ်းကနေ
• အသည်းရောင် (ဘီ) ကူးစက်ဖို့ အခွင့်အလမ်း အလွန်နည်းပါတယ်။ (ဘီ) သာမက (စီ) နဲ့ (ဒီ) တွေလဲ အတူတူဘဲ။ HIV လဲ ပါတယ်။ ရာနှုန်းပြည့် မကူးစက်ပါလို့ ဘယ်ဆရာဝန်ကမှ အာမမခံနိုင်ပါ။
• သီအိုရီအရတော့ ကူးစက်လာနိုင်တယ်လို့ ပြောနိုင်တယ်။ ဗိုင်းရပ်စ်ပိုးတွေဟာ လူကိုယ်က အရည်တွေ မှန်သမျှထဲမှာ နေကြတယ်။ သွားရည်လဲပါတယ်။
• နှုတ်ခမ်းနဲ့ အနီးအနားမှာ အနာအဆာ ရှိနေရင်တော့ ကူးစက်ဖို့ အခွင့်အလမ်း ပိုများတယ်။

ဒါကိုလဲသိပါ -
• ကိုယ်နမ်းတဲ့သူကို အရင်လူပေါင်း ဘယ်လောက်က နမ်းထားသလဲ သိပါသလား။ တယောက်ယောက်ကို နမ်းတယ်ဆိုတာ ကိုယ်နမ်းလိုက်သူကို နမ်းဘူးသူတွေ အားလုံးကို နမ်းသလိုဘဲလို့ ပြောနိုင်တယ်။
• အဖော်အကြောင်း ကောင်းကောင်းမသိရင် အန္တရာယ်နဲ့ မကစားတာ ကောင်းတယ်။
• ငယ်တုံးရွယ်တုံးမှာ French kiss ကို အဖော်တွေ အများကြီးနဲ့ လုပ်ခဲ့သူဟာ ဦးနှောက်မြှေးရောင် ရောဂါရစေဖို့ ပိုပြီး နီးစပ်တယ်လို့ သုတေသနတစ်ခုက ဆိုပါတယ်။
• နမ်းရာကနေ ကူးစက်ရောဂါ မရချင်ရင် နမ်းတာကိုသာ ဆင်ခြင်ပါလေ။

Credit : ဒေါက်တာတင့်ဆွေ 



ကြ်န္ေတာ္သိ၊ကြ်န္ေတာ္တတ္၍ ေရးသားျခင္းမဟုတ္ပါခင္ဗ်ာ။ ကြ်န္ေတာ္ေလ့လာမိသမွ်ကို စာဖတ္သူမ်ားျပန္လည္ေလ့လာမိေစရန္ ျပန္လည္မွ်ေဝျခင္းသာျဖစ္ပါသည္။ ကြ်န္ေတာ့္ပို႕စ္တစ္ခုခ်င္းစီအတြက္ မူရင္းေရးသားသူမ်ားကို အထူးေက်းဇူးဥပကာရတင္ရွိပါတယ္ခင္ဗ်ာ။ ေအာင္ျမင့္ျမတ္(Myanmar Youths) Ph-09256480246

0 comments:

Post a Comment