အတုမရှိဗုဒ္ဓမြတ်စွာဘုရား

အတုမရှိဗုဒ္ဓမြတ်စွာဘုရား

Monday, 16 May 2016

ဆီးအောင့်ထားခြင်း၏ကျန်းမာရေးအန္တရာယ်



မော်တော်ကားနဲ့ ခရီးရှည်သွားရာမှာ ဒါမှမဟုတ် ကြိုက်နှစ်သက်တဲ့ ဇာတ်လမ်းတွေ ကြည့်နေစဉ် ကောင်းခန်းရောက်ချိန်မှာ ဆီးသွားချင်နေပေမယ့်လည်း အောင့်ထားတတ်တဲ့အကျင့်က လူအတော်များများမှာ ရှိကြပါတယ်။ ဆီးသွားချင် စိတ်ရှိစဉ်မှာ ဆီးမသွားဘဲ အောင့်ထားတာကြောင့် သင့်အတွက် အောက်ပါ ကျန်းမာရေးအန္တရာယ်တွေ ရရှိနိုင်ပါတယ်။

၁။ ဆီးကျန်ခြင်း

ဆီးအိမ်ထဲမှ ဆီးတွေကို ကုန်စင်အောင် မပေါက်နိုင်ခဲ့ရင် ဆီးကျန်တယ်လို့ ခေါ်ပါတယ်။ ဆီးသွားချင်စိတ်ကို အောင့်ထားတာကြောင့် ဆီးအိတ်မှ ကြွက်သားတွေ အားနည်းသွားတဲ့အတွက် ဖြစ်ရတာပါ။ အသက်ကြီးလာလေ ပိုဆိုးလာလေ ဖြစ်နိုင်ပါတယ်။

၂။ ဆီးလမ်းကြောင်းအတွင်း ပိုးဝင်ခြင်း

ဆီးမသွားဘဲ အကြာကြီးအောင့်ထားတာကြောင့် ဆီးထဲမှာ ရှိနေတဲ့ ဘက်တီးရီးယားနဲ့ အဆိပ်အတောက်တွေကို စုဆောင်းထားသလို ဖြစ်လာကာ ဆီးလမ်းကြောင်း ပိုးဝင်နိုင်ခြေ မြင့်မားလာပါတယ်။

လူတစ်ယောက်နဲ့တစ်ယောက် ဆီးအောင့်နိုင်တဲ့ ပမာဏချင်း မတူညီကြပါ။ လူကြီးတစ်ယောက်က ပုံမှန်အားဖြင့် ခွက်နှစ်ခွက်စာ ဆီးကို အောင့်ထားနိုင်ပါတယ်။ တချို့လူတွေက ဆီးကို ၃-၆ နာရီကြား အောင့်ထားနိုင်ကြပြီး ကုန်တင် ကားမောင်းတဲ့အလုပ်လုပ်သလိုမျိုး လုပ်ရသူတွေက ဆီးကို တစ်နေကုန်အောင့်ထားနိုင်ကြပါတယ်။ ဆီးအိတ်ရဲ့ ဆံ့နိုင်တဲ့အရွယ်အစား၊ ရေဓာတ်ပြည့်ဝမှု၊ ရေသောက်တဲ့အခြေအနေ၊ လူရဲ့ ခံနိုင်ရည်အားပေါ် မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက် ဆီးအောင့်နိုင်တဲ့အချိန် ကွာခြားသွားပါတယ်။

ဆီးအောင့်ထားတဲ့အကျင့် စွဲသွားခဲ့ရင် ဆီးအိတ်ရောင်ရမ်းတာ နဲ့ ကျောက်ကပ် ကျောက်တည်တာ အပါအ၀င် တခြား ကျန်းမာရေးပြဿနာတွေလည်း ဖြစ်နိုင်ပါတယ်။

Credit : ဒေါက်တာခင်မိုးမိုး (Good Health Journal )



အောင်မြင့်မြတ်(Myanmar Youths)

0 comments:

Post a Comment