အနာရွတ်တွေက ကြည့်ရဆိုးပါတယ်။ အထူးသဖြင့် ဘောင်းဘီတိုတို ဝတ်တဲ့ ဆယ်ကျော်သက်လေးတွေ သတိထားပါ။ အနာရွတ် အသေးဆုံး ဖြစ်အောင် သို့မဟုတ် အနာရွတ် ပျောက်အောင် အောက်ပါအတိုင်း လိုက်နာပါ ....
၁။ အနာကို သန့်ရှင်းပါစေ
ကုတ်ခြစ်ဒဏ်ရာ အနာဖြစ်ဖြစ်ချင်း ရေအးအေးကိုသုံးပြီး အနာတစ်ဝိုက် ဆေးကြောသန့်စင်ပါ။
၂။ ပတ်တီး ပါးပါးလေး စီးပေးပါ။
အနာကို လေဝင်လေထွက် ကောင်းစေရန်နှင့် အစိုဓာတ်ရှိအောင် ပတ်တီး ပါးပါးပါးသာ အုပ်ပေးပါ။ ကသိကအောက် ဖြစ်စေတတ်တဲ့၊ ဒုက္ခပေးမယ့် အရာများ မထည့်ရ။ မကပ်ရ။
၃။ အနာဖေးကို မခွာပစ်ပါနှင့်။
အနာကျက်ခါနီးလျှင် အနာဖေး တက်လာပါလိမ့်မယ်။ ၄င်းကို မခွာချလိုက်ပါနှင့်။ အနာဖေးဆိုတာ အနာကျက်ရန် ခန္ဓာကိုယ်ရဲ့ သဘာဝတုံ့ပြန်မှု တစ်ခုသာဖြစ်တယ်။ အကယ်၍ အနာမကျက်မီ သွားခွာချလိုက်ပါက သွေးစိမ့်တဲ့နေရာမှ ပိုးဝင်ရောက်နိုင်ပါတယ်။ အနာရွတ်လည်း ပိုကြီးထွားစေနိုင်ပါတယ်။
Credit : ကျန်းမာရေးဗဟုသုတများ
0 comments:
Post a Comment