ကင်ဆာရောဂါကို ကာကွယ်ဖို့ ကျန်းမာရေးနဲ့ ကိုက်ညီအောင် ထိန်းသိမ်း ပြုပြင်ပြီး စားသောက်နေထိုင် ကြသူတွေ ရှိပေမယ့် လူ့ပတ်ဝန်းကျင်မှာရှိတဲ့ အစားအစာတွေထဲမှာ ကင်ဆာဖြစ်စေတဲ့ အစားအသောက်တွေ ပါဝင်နေတော့ စားသုံးသူတွေအနေနဲ့ အထူးသတိပြုရမယ့် အရာက အကိုင်းလမိုက် (ကင်ဆာရောဂါ ဖြစ်ပွားစေရန် လှုံဆော်ပေးသောဓာတ်) ဖြစ်ပါတယ်။
အာလူးကြွပ်ကြော်
==========
ဂျပန်လယ်ယာနှင့် သစ်တောအဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုအရ သုတေသန မြောက်မြားစွာထဲက အာလူးကြွပ်ကြော်မှာ အကိုင်းလမိုက်ဓာတ် အမြောက်အမြား ပါဝင်နေတာကို တွေ့ရပါတယ်။
အာလူးချောင်းကြော်
===========
အာလူးချောင်းကြော်မှာလည်း အကိုင်းလမိုက်များစွာ ပါဝင်ပါတယ်။ သုတေသန ပြုလုပ်ချက်တွေအရ အာလူးချောင်းကြော်မှာ ပါဝင်တဲ့ အကိုင်းလမိုက်ဟာ အာလူး အချပ်ကြော်ရဲ့ ၁ ဒသမ ၅ ဆ ရှိတယ်လို့ သိရပါတယ်။ အိမ်မှာကြော်တဲ့ အာလူးချောင်းကြော်ကလည်း စိတ်မချရပါဘူး။ အိမ်မှာပဲ ကြော်ကြော်၊ ဆိုင်မှာပဲ ကြော်ကြော် အကိုင်းလမိုက် တိုင်းထွာရရှိတာချင်း အတူတူပဲ ဖြစ်ပါတယ်။
အသင့်ဖျော်ကော်ဖီ
==========
အသင့်ဖျော် ကော်ဖီမစ်ထုပ်နဲ့ လှော်ပြီးသား လက်ဖက်ခြောက် တွေမှာ အကိုင်းလမိုက်ဓာတ် အမြောက်အမြား တွေ့ရှိ နိုင်တယ်။
ပိုင်ကိတ်(Pie Cake)
============
အသား သို့မဟုတ် အဆီကို အစာအဖြစ် ထည့်ထားတယ်။ ပြီးတော့ အပေါ်က ဂျုံမှုန့်ဖုံးအုပ် ထားတဲ့ ကိတ်မုန့်ကိုပိုင် လို့ ခေါ်တယ်။ ပိုင်ကိတ် ပြုလုပ်ရာမှာ ဂျုံမှုန့်ကို အပူချိန်မြင့်တဲ့ မီးဖိုမှာဖုတ်ပြီး ပြုလုပ်ရပါတယ်။ အဲဒီမုန့်တွေမှာလည်း အာလူးကြော်လို အကိုင်းလမိုက်ဓာတ် ပါဝင်တာ တွေ့ရပါတယ်။
အကင်များ
=======
အသားငါးတွေ မပုပ်သိုးအောင် ခဲပတ်၊ ဆီလီနီယမ် ပတ်ထားပြီး အစားအစာတွေကို ကင်ခြင်း၊ မီးဖုတ်ခြင်းကလည်း အကိုင်းလမိုက်ဓာတ် ပါဝင်လို့ ကင်ဆာဖြစ်စေ ပါတယ်။ ခဲဓာတ်၊ ဆီလီနီယမ်ဓာတ် တို့ကလည်း ခဲဆိပ်သင့်ပြီး ကင်ဆာ ဖြစ်စေနိုင်တယ်။ ဂျပန်နိုင်ငံမှာ ငါးအစားများသလို အကင်စားတာ၊ အစိမ်း အချဉ်ဖောက်ပြီး စားရာမှ အကိုင်းလမိုက် ပါဝင်မှုများလို့ အူမကြီးကင်ဆာ အဖြစ်များပါတယ်။
ကွမ်းသီး၊ ဆေးမှိုများ
===========
ကွမ်းသီးနဲ့ ဆေးရွက်ကြီး တွေမှာလည်း အာဖာတောက်ဆင် (ကင်ဆာရောဂါ ဖြစ်ပွားစေသည့်မှို) လို့ခေါ်တဲ့ မှိုတစ်မျိုး ပေါက်ပွားနေနိုင်လို့ မှိုမရှိတဲ့ ကွမ်းသီးနဲ့ ဆေးရွက်ကြီးထွက် ပစ္စည်းတွေကို သုံးသင့်ပါတယ်။ ကွမ်းစားခြင်းနဲ့ ဆေးလိပ်သောက်ခြင်းကို လုံးဝ မလုပ်ရင်တော့ ကင်ဆာရောဂါကနေ ကင်းဝေးနိုင်ပါတယ်။
မြေပဲလှော်၊ မြေပဲပြုတ်
============
မြေပဲမှာ အာဖာတောက်ဆင် မှို ကပ်ငြိပါဝင် နေလို့ မြေပဲလိတ်၊ မြေပဲလှော်၊ မြေပဲယိုနဲ့ နှမ်းပျစ်ယို တို့စားရင် အထူးသတိထား သင့်ပါတယ်။ အာဖာတောက်ဆင် က အသည်းရောင်ခြင်း၊ အသည်းမှာ အမာရွတ် ထင်ခြင်း၊
နာတာရှည် အသည်းရောင် ရောဂါ၊ အသည်းကြွပ် ခြင်းနဲ့ အသည်းကင်ဆာအထိ အဆင့်ဆင့် ပြောင်းလဲ ဖြစ်ပွား စေနိုင်တယ်။ ဒါကြောင့် မှိုမတက်တဲ့ မြေပဲနဲ့ နှမ်းကို စားသုံးသင့် ပါတယ်။
Credit : ဒေါက်တာလွင်သန့် (ဆေး-၂) / မြ၀တီနေ့စဉ် ၊ စာ(၁၂)
အောင်မြင့်မြတ်(Myanmar Youths)
0 comments:
Post a Comment