အိန္ဒိယနိုင်ငံမှ အသည်းနဲ့ ကျောက်ကပ် အထူးကုဆရာဝန်ကြီးတွေ မြန်မာနိုင်ငံ လာမယ်
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၊ အပိုလိုဆေးရုံက အသည်းနဲ့ကျာက်ကပ် အထူးကုဆရာဝန်ကြီးတွေ စက်တင်ဘာလ ဒုတိယအပါတ်မှာ မြန်မာနိုင်ငံကို လာရောက်ပြီး အခမဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဆောင်ပေးသွားမယ်လို့ သိရပါတယ်။
တွေ့ဆုံ ဆွေးနွေးမယ့် ဆရာဝန်တွေကတော့ အသည်းခွဲစိတ်ဆရာဝန်ကြီး Dr. Shishir Pareek နဲ့ ကျောက်ကပ်ခွဲစိတ် အထူးကု ဆရာဝန်ကြီး Dr (Prof). Sandeep Guleria တို့ပဲ ဖြစ်ပါတယ်။ မန္တလေးမြို့မှာ စက်တင်ဘာလ ၁၀ ရက်နေ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ပြီး ရန်ကုန်မှာ စက်တင်ဘာလ ၁၁ ရက်နေ့ တွေ့ဆုံ ဆွေးနွေးသွားမှာ ဖြစ်တာကြောင့် အသည်း၊ကျောက်ကပ် လူနာဟောင်း၊ လူနာသစ်တွေနဲ့ စိတ်ပါဝင်စားသူ ဘယ်သူမဆို တွေ့ဆုံပွဲကို အခမဲ့ လာရောက် ဆွေးနွေးနိုင်မှာပါ။
ဒါကြောင့် အသည်းနဲ့ ကျောက်ကပ်ရောဂါတွေနဲ့ ပတ်သတ်ပြီး တွေ့ဆုံမေးမြန်းလိုသူတွေအနေနဲ့ WeCare Health Care Services Co.,Ltd. အမှတ် ၇၃၊ အုန်းပင်လမ်း၊ ကြည့်မြင်တိုင်၊ ရန်ကုန်မြို့၊ ဖုန်းနံပါတ် 09 730 43351, 09 537 3256, 09 970 716 074 နဲ့ ဒေါက်တာအောင်ကျော်ဝင်း အမှတ် (၂၅) ၊ ၈၂လမ်း၊ ဘုရားကြီးတောင်ဘက်၊ ရေစင်ကွေ့ အနီး၊ မန္တလေးမြို့၊ ဖုန်းနံပါတ် 09 5120118 , 09 977339477 တို့ကို ဆက်သွယ် မေးမြန်း စာရင်းပေးသွင်းနိုင်ပြီ ဖြစ်ပါတယ်။
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
0 comments:
Post a Comment