၁ - နေရောင်
နေရောင် အောက်မှာ အကာအကွယ်မပါဘဲ အလွန်အမင်းနေတဲ့အခါ ရေရှည်မှာ သင့်အရေပြားတွေဟာ ပုံမှန်ထက် အိုမင်းပျက်စီးလာပါတယ်။
၂ - မလုံလောက်
နေရောင် လုံလုံလောက်လောက် မရရင်လည်း ဗီတာမင်ဒီ ချို့တဲ့ပြီး ဖျော့တော့အိုမင်းတဲ့ပုံ ပေါက်စေပါတယ်။
၃ - ဆပ်ပြာအညံ့စား
နေ့စဉ် ကိုယ်အသားအရေနဲ့ နှစ်ကြိမ်လောက်ထိတွေ့ရမယ့် ပစ္စည်းကို ကောင်းတာရွေးသုံးသင့်ပါတယ်။ ကြုံတဲ့ ဆပ်ပြာနဲ့ တိုက်တာမျိုးလည်း မလုပ်သင့်ပါဘူး။
၎ - လှုပ်ရှားမှု
နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုက လုံလောက်အောင် မရှိတာပါ။ သွေးလည်ပတ်မှု နှေးကွေးပြီး အရေပြားတွေက အိုမင်းလာပါတယ်။
၅ - ဗီတာမင်
အစားအစာကို ကြွယ်ကြွယ်ဝဝမစားတာ ဖြစ်ပါတယ်။ ဗီတာမင်စုံလင်စွာ မရတော့ပါဘူး။
၆ - ပိုသောက်တာ
ဆေးလိပ်ကို ချင့်ချိန်မသောက်တာ၊ အရက်ကို ချင့်ချိန်မသောက်တာတွေကလည်း သင့်ကို သာမန်ထက် ပိုရင့်ရော်စေပါတယ်။
ကျွန်တော်သိ၊ကျွန်တော်တတ်၍ ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ ကျွန်တော်လေ့လာမိသမျှကို စာဖတ်သူများပြန်လည်လေ့လာမိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။ ကျွန်တော့်ပို့စ်တစ်ခုချင်းစီအတွက် မူရင်းရေးသားသူများကို အထူးကျေးဇူးဥပကာရတင်ရှိပါတယ်ခင်ဗျာ။ အောင်မြင့်မြတ်(Myanmar Youths) Ph-09256480246
0 comments:
Post a Comment