အတုမရှိဗုဒ္ဓမြတ်စွာဘုရား

အတုမရှိဗုဒ္ဓမြတ်စွာဘုရား

Saturday, 12 March 2016

အမျိုးသားနဲ့အမျိုးသမီးဆက်ဆံပါက



- ပျိုဖော်ဝင်အရွယ်တွင် ရာသီသွေး စတင်မပေါ်သေးသော်လည်း အမျိုးသားနဲ့ ဆက်ဆံမိပါက ကိုယ်ဝန်ရရှိနိုင်သည်။


- ရာသီသွေးဆင်းချိန်တွင် ဆက်ဆံပါကလည်း ကိုယ်ဝန်ရရှိနိုင်သည်။

- ပထမဦးဆုံးအကြိမ် ဆက်ဆံရုံဖြင့်လည်း ကိုယ်ဝန်ရရှိနိုင်သည်။

- အမျိုးသမီးများ၏ အင်္ဂါနှင့် အမျိုးသား၏ အင်္ဂါထိမိပြီး အမျိုးသမီးအင်္ဂါသို့ သုက်ရည်ဝင်သွားပါက ကိုယ်ဝန်ရရှိနိုင်သည်။

- အမျိုးသမီးတွင် ကိုယ်ဝန်ရှိကြောင်း ပထမဆုံးပြသော လက္ခဏာမှာ ရာသီသွေးမဆင်းခြင်း ဖြစ်သည်။ ဤသို့ဖြစ်ပါက ဆရာဝန်နှင့်ပြသရန် လိုအပ်ပါသည်။

- အသက် (၁၈) နှစ်မပြည့်မီ ကိုယ်ဝန်ဆောင်ခြင်းသည် မိခင်နှင့် သန္ဓေသား အတွက် အန္တရာယ်ပိုများသည်။

- အမျိုးသမီးများအနေဖြင့် သန္ဓေတားဆေး သောက်ခြင်း၊ အမျိုးသားများ အနေဖြင့် ကွန်ဒုံးသုံးခြင်းဖြင့် ကိုယ်ဝန်မရစေရန် တားဆီးနိုင်ပါသည်။ သို့သော် ကွန်ဒုံးကို စနစ်တကျမှန်ကန်စွာ အသုံးမပြုပါက ကိုယ်ဝန် ရရှိနိုင်သည့်အပြင် STI ရောဂါများလည်း ကူးစက်နိုင်ပါသည်။

Credit : Healthcare.com.mm 

Ref : ဘဝတွက်တာကျွမ်းကျင်စရာ စာအုပ်



အောင်မြင့်မြတ်(Myanmar Youths)

0 comments:

Post a Comment